Friday, August 29, 2014

အစိုးရစစ်တပ်၏ ပြည်သူ့ အပေါ်နှိပ်စက်ခြင်း

(Jinghpawkasa)

မိုးမိတ် မြို့နယ်၊ မန်ရှီကျေးရွာမှ အသက် (၃၈) နှစ် ရှိဦးအိုက်ဇက်အား အစိုးရ စစ်တပ်၊ တပ်မ (၇၇) မှ ဖမ်းဆီးနှိပ် စက်ခဲ့ကြောင့် သိရသည်။

ကချင် ကျောက်စိမ်းမှော်လမ်း အစိုးရတပ်များ လုံခြုံရေးယူရန် KIO ကို အသိပေး

(KNG)

ကချင်ပြည် နယ် ဖားကန့်ကျောက် စိမ်းမှော်ကို လာမည့် အပတ် စက်တင် ဘာ လဆန်း ၁ ရက် တနင်္လာနေ့ မှ ပြန်လည် ဖွင့်လှစ် မည်ဖြစ်သောကြောင့် ဖားကန့် လမ်းကြောင်း လုံခြုံရေး အတွက် အစိုးရ တပ် စစ်ကြောင်းလှုပ်ရှား မှုများ ရှိလာ မည်ကို  ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) အား ကြိုတင် အသိပေးထားကြောင်း သိရသည်။

နှစ်ဘက် ပူးတွဲ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးကော်မတီ ၀င်များ သြဂုတ် ၁၂ ရက်နေ့ မြစ်ကြီးနားမှာတွေ့ဆုံချိန် လမ်မကြီးတလျှောက် ဘယ်ညာ အထဲသို့ ၃ မိုင် မှ ၅ မိုင်အကွာအဝေး ထိ အစိုးရတပ်များ လုံခြုံရေးယူရန် ပြောခဲ့သည်။

Tuesday, August 26, 2014

UNFC ပထမအကြိမ် ညီလာခံ ချင်းမိုင်မြို့မှာ ကျင်းပ

(RFA)

တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေး အဖွဲ့ ၁၂ ဖွဲ့ပူးပေါင်းဖွဲ့စည်း ထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ပထမဆုံး အကြိမ်ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ ကျင်းပပါတယ်။

ဒီညီလာခံမှာ UNFC အလုပ်အမှုဆောင်အဖွဲ့ကနေ ၃ နှစ်ခွဲကြာဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းအကောင် အထည်ဖော်မှုတွေကို သုံးသပ်တင်ပြပြီး ရှေ့လုပ်ငန်း စဉ်တွေ ချမှတ်နိုင်ဖို့၊ ငြိမ်းချမ်းရေးကိစ္စ အပစ်အခတ်ရပ်စဲရေးကိစ္စနဲ့ နိုင်ငံရေးဆွေးနွေး ပွဲတွေအတွက် ဘယ်လိုပြင်ဆင်ကြမလဲ ဆိုတာတွေ ဆွေးနွေးသွားဖို့ရှိကြောင်း၊ လုပ်ငန်းတွေ ပိုပြီးထိထိရောက်ရောက်ရှိအောင်၊ ပိုပြီးတော့ စည်းစည်းရုံးရုံးနဲ့ ပါဝင်နိုင်အောင် နည်းလမ်း ရှာတာဖြစ်တယ်လို့ UNFC ညီလာခံ ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။

မဖြေရှင်းနိုင်သေးတဲ့ မြန်မာ့ငြိမ်းချမ်းရေး

(VOA)

ဒီတပတ် မြန်မာ့ မျက်မှောက်ရေး ရာ သုံးသပ်ချက် အစီအစဉ်မှာ  မကြာသေး မှီက ပြီးဆုံး သွားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ၊ ပါတီစုံ ကိုယ်စားလှယ်တွေနဲ့ အစိုးရ ကိုယ်စား လှယ်တွေ တွေ့ဆုံတဲ့ ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေး အလားအလာနဲ့ ပတ်သက်ပြီး အားတက်သရော သဘောတူညီချက်တွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ လက်တွေ့ဖြစ်နိုင်တဲ့ အားတက်စရာတွေလား။ မှားယွင်းတဲ့ မျှော်လင့်ချက်တွေလား ဆိုတာကို သိရှိနိုင်ဖို့ တိုင်းရင်းသားအင်အားစုတွေရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ နိုင်ဟံသာနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

သွားရင် လာရင် သတိထား…

(Kachin Waves)

“ပိုက်ဆံအိတ်လုသွားပြီ… ပိုက်ဆံအိတ်ပါသွားပြီ…”

မိန်းကလေးတစ်ယောက်၏ အလန့်တကြား အော်သံကြောင့် ဧကရီမိုး ဆေးခန်းရှေ့တွင် ဆေးခန်းပြရန် စောင့်ဆိုင်းနေသူများ အသံလာရာ ကားလမ်းဘက်သို့ အလိုအလျေက် ထကြည့်၊ ပြေးကြည့် ပြီးသား ဖြစ်သွားသည်။

ငြိမ်းချမ်းရေး အောင်မြင်ချိန်တွင် နယ်ခြားစောင့်တပ်အဖြစ်သာ ချန်လှပ်ခံရမည်ကို စိုးရိမ်

(Mizzima)

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်း များကြား ဆွေးနွေးနေ သည့် နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီမှု အောင်မြင်ပါက နယ်ခြားစောင့် တပ်များကို မူလ အတိုင်း ချန်လှပ်မထားစေလိုဟု ကရင်ပြည် နယ်၊ နယ်ခြားစောင့်တပ် (Border Guard Force) ဗဟိုအကြံပေးနှင့် ကွပ်ကွဲရေး အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူ က မဇ္ဈိမကို ပြောသည်။

နယ်ခြားစောင့်တပ်အဖြစ် စတင်ပြောင်းလဲရန် အစိုးရနှင့် ဆွေးနွေးခဲ့စဉ်ကပင် ယင်းအချက်ကို ပြောဆိုထားသည်ဟု မဇ္ဈိမကို ပြောသည်။ သို့သော် မည်သို့ ပြောင်းလဲသတ်မှတ်မှုကို လိုလားသနည်းဆိုသည်ကိုမူ မသိရှိရသေးပေ။

မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးများမှ မြစ်ဆုံတန်ဖရဲ ကျေးရွာသို့ တက်မည်ဆို သောကြောင့် ဒေသခံများစိုးရိမ်

(Kachin Waves)

မြစ်ကြီးနားမြို့ တန်ဖဲကျေး ရွာ(မြစ်ဆုံ) တွင် ပြန်လည်နေထိုင် သည့်သူ များအား မြို့နယ်အုပ်ချုပ်ရေးမှူးမှ လာရောက်စစ်ဆေး မည်ဟု ဒေသခံများ ကြားသိရသဖြင့် စိုးရိမ်လျက်ရှိကြောင်း သတင်းရရှိသည်။

အရင်နှစ်တွင်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးတို့အဖွဲ့မှတက်လာပြီး တန်ဖဲကျေးရွာနေ ဒေသခံ ၂၂ ဦးအား ကားဖြင့်မြို့နယ်အုပ်ချုပ်ရေးရုံးသို့ခေါ်ဆောင်ခဲ့ပြီး ခံဝန်ကတိဖြင့်ပြန်လည်လွတ်လာခဲ့ကြောင်းဒေသခံ ဦးဇောင်လွမ်ကပြောသည်။

Monday, August 25, 2014

ဖားကန့်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ အိမ်ခြေ ၃၀၀ ကျော်ရေလွှမ်း

(Irrawaddy)

ကချင်ပြည်နယ် ဖားကန့်မြို့ တွင် ယခု ရက်ပိုင်း အတွင်း မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် အိမ်ခြေ ၃၀၀ ကျော် ရေလွှမ်းမိုး ခံနေ ရကြောင်း သိရသည်။

အဆိုပါ ရေလွှမ်းမိုးမှုခံနေရသည့် ရပ်ကွက်များမှာ ငှက်ပျောတော၊ မြို့မ၊ အေးမြသာယာနှင့် မရှီကထောင် တို့ဖြစ်ကြောင်း၊ ရေလွှမ်း မိုးမှုသည် ကျောက်တူးဖော်သည့် ကုမ္ပဏီများ၏ စွန့်ပစ်ပစ္စည်းများ စည်းကမ်းမဲ့ စွန့်ပစ်ခြင်းကြောင့် ချောင်းများ ပိတ်ဆို့မှုဖြစ်ပေါ် နေ ကြောင်းလည်း ဖားကန့် ဒေသခံ ကိုလှဆန်းက ဧရာဝတီသို့ ပြောသည်။

ရ၀မ်ကထောင်ကျေးရွာတွင် မူးယစ်ဆေးဝါးအသိပညာ ဟောပြောပွဲကျင်းပ။

(Kachin Waves)

ဝိုင်းမော်မြို့ နယ် မိုင်းနားကျေးရွာအုပ်စု လ၀မ်ကထောင်ကျေးရွာတွင် မူးယစ်ဆေးဝါး အသိပညာ အမြင်ဖွင့် ဟောပြောပွဲ နှင့် မူးယစ်ဆေးဝါး သုံးစွဲမှုကို တိုက်ဖျက်သည့် ဆိုင်းပုဒ်များထောင်ခြင်းကို ယနေ့ သြဂုတ်လ(၁၅) ရက်နေ့တွင် ကျင်းပပြုလုပ် ခဲ့ သည်။

ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကော်မတီအတွင်းရေးမှူး ဦးလမုန်လရွယ်က “ ဆိုင်းပုဒ်တွေထောင်တယ် ဟောပြောပွဲတွေ လုပ်ပြီး ဒီနေ့ကနေ ဒီ မူးယစ်ဆေးဝါးကို လုံးဝပပျောက်အောင်တိုက်ဖျက်နေပြီဆိုတဲ့ အသံကို ထုတ်ဖော်ပြီး တိုက်ဖျက်သွားမယ်” ဟုပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ တိုးတက်မှုရှိသော်လည်း တိကျခိုင်မျာသည့် ထုတ်ပြန်ချက်များမရှိသေးဟု ဗိုလ်ချုပ်ဂွမ်မော်ပြော

ဇွဲမာန် - Flower News Journal အတွဲ(၁၀)၊ အမှတ် (၃၃)။


ငြိမ်းချမ်းရေးဆွေးနွေးပွဲရလဒ် အနေဖြင့် တိုးတက်မှုရှိသော်လည်း တိကျခိုင်မာစွာ ထုတ် ပြန်ရမည့်အချက် မရှိသေးကြောင်း တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)မှ ဒုတိယအဖွဲ့ခေါင်းဆောင်(၂) ဗိုလ်ချုပ်ဂွမ်မော်ကပြော သည်။
ယင်းက ''လက်ရှိအချိန်အထိတော့ တိကျ ခိုင်မာတဲ့ ထုတ်ပြန်ချက်တွေ မရှိသေးပေမယ့် ဆွေးနွေး ပွဲရလဒ်တွေကတော့ တိုးတက်လာနေတယ်လို့ထင်ပါ တယ်''ဟု ပြောသည်။

ဖားကန့်မြို့တွင် သြဂုတ်လအတွင်း စံချိန်တင်ရေကြီး

(Eleven Media Group)



ဖားကန့်မြို့နှင့် အနီးတစ်ဝိုက် ကျေးရွာ ရပ်ကွက်များမှာ တစ်နှစ်မှမဖြစ်ပေါ်ဖူးသော စံချိန် တင်ရေကြီးမှု ဖြစ်ပေါ်နေကြောင်း သတင်းရသည်။

ဖားကန့်ဒေသ ဥရုမြစ်ဖျားပိုင်းတွင် သြဂုတ် ၂၃ ရက် မိုးသည်းထန်စွာ ရွာသွန်းနေပြီးနောက် သြဂုတ် ၂၄ ရက် နံနက်စောစောပိုင်းမှ တဖြည်းဖြည်းမြင့်တက်လာကြောင်း ဒေသခံများက ဆိုသည်။ ဖားကန့်မြို့တွင် မြို့မရပ်ကွက်၊ ငှက်ပျောတောရပ်ကွက်၊ အေးမြသာယာရပ်ကွက်၊ မရှိကထောင်ရပ်ကွက်၊ မော်ဝမ်းရပ်ကွက်များမှ အိမ်ခြေသုံးရာကျော်နှင့် လုံးခင်းကျေးရွာ၊ ဆန်ခါကျေးရွာ၊ နမ့်မဖြစ်ကျေးရွာများမှ လူနေအိမ်များ ရေနစ်မြုပ်ခဲ့ကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

မိုးသည်းထန်စွာရွာမှုကြောင့် ဖားကန့်မြို့ ရေလွှမ်း

(Jinghpawkasa)