Saturday, August 23, 2014

“တပ်ပိုင်းဆိုင်ရာဘက်က ညှိရတာ အခက်ခဲဆုံးပါပဲ”

(ဧရာဝတီ)

တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့ ရန်ကုန်မြို့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့နဲ့ ပူးပေါင်း ဖွဲ့စည်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနိုင်းရေး အဖွဲ့ (NCCT) တို့ အခုလ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့ အထိ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

နှစ်ဘက်သဘောတူညီချက် ရရှိဖို့အတွက် အခန်း (၇) ခန်းပါတဲ့ ဒုတိယ မူကြမ်း (Single Text) ကို အဆုံးသပ်နိုင်ရေး နှစ်ဖက် ဆွေးနွေး ခဲ့ကြတာဖြစ်ပါတယ်။ ဆွေးနွေးချက်တွေထဲက အများစု သဘောတူညီမှု ရရှိခဲ့ပေမယ့် သဘောတူ လက်မှတ်ထိုးနိုင်ရေး အတွက် အရေးပါတဲ့ အချက်တချို့ကျန်ရှိနေသေးပြီး စက်တင်ဘာလဆန်းပိုင်းမှာ ပြန်ဆွေးနွေးဖို့ ရှိနေပါတယ်။

“ဖက်ဒရယ်”စကား သတိထား”

(KIC)

၂၀၀၈ အခြေခံဥပဒေ တည်မြဲနေသမျှ “ဖက်ဒရယ်ပြည်ထောင်စု” မည်သို့မျှ မတည်ဆောက်နိုင်ပါ။ ထို့အပြင် တန်းတူရေးနှင့် ဒီမိုကရေစီအခွင့်အရေးများကို ဖိနှိပ်ကန့်သတ်ချုပ်ချယ်ထားသည့် “တည်ဆဲဥပဒေများ”ကိုလည်း ဖျက်သိမ်းပစ်ရလိမ့်မည်။

ဤအချက် ၂ရပ်မှာ “ဖက်ဒရယ်ပြည်ထောင်စု”တည်ဆောက်ရေးအတွက် အခြေခံလိုအပ်ချက်ပင် ဖြစ်ပါသည်။ ယင်းသို့ အခြေခံ အချက်များမရှိဘဲ “ဖက်ဒရယ်ပြည်ထောင်စု” တည်ဆောက်ရေးကို သဘောတူသည်/လက်ခံသည် စသဖြင့် ရေးသားပြောဆိုနေ မှုများသည် အခြေအမြစ်မဲ့ ပြောဆိုနေမှုများ/ လှည့်ဖြားမှုများပင် ဖြစ်နေလိမ့်မည်။

Wednesday, August 20, 2014

အပစ်ရပ်ဖို့ ဘာလိုသေးလဲ

(Mizzima)

အစိုးရနဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ်တစ်ခု လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းလာလိုက်တာ အောင်မြင်မှုရလုနီးပြီလို့ ဆိုပါတယ်။ နှစ်ဖက် ထုတ်ပြန်ချက်တွေအရ အချက်ပေါင်း ၁၂၀ ကျော်ပါတဲ့ အပစ်ရပ် စာချုပ်မူကြမ်းကို ညှိတာ၊ ခုဆို လေးချက်လောက်ပဲ ကျန်ပါတော့တယ်။ ဘယ်အချက်တွေ ကျန်နေသေးတာလဲ၊ တစ်တိုင်း ပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် ဘယ်အချိန် လက်မှတ်ထိုးနိုင်မှာလဲ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီးကိုရော ဘယ်အချိန် စနိုင်မှာလဲဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

တစ်နိုင်ငံလုံးအပစ်ရပ် စာချုပ်ကို လက်မှတ်မထိုးမီ ပြည်သူအား ချပြရန် ဗိုလ်ချုပ်ဂွန်မော်ပြော...

(7day)

တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေး သဘော တူညီချက် စာချုပ်ကို လက်မှတ်မရေး ထိုးမီ ပြည်သူလူထု အပါအဝင် နိုင်ငံရေး ပါတီများနှင့် အဖွဲ့အစည်း အသီး သီးအား ချပြရန် လိုအပ်ကြောင်း NCCT ဒုတိယ အဖွဲ့ခေါင်းဆောင် (၂) ဗိုလ်ချုပ် ဂွန်မော်ကပြောကြား သည်။

သြဂုတ် ၁၈ ရက် ကပြုလုပ်ခဲ့ သော ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီ(UPWC) တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲ ရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT နှင့် နိုင်ငံ ရေးပါတီများ ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက် ၍ သုံးပွင့် ဆိုင်တွေ့ဆုံပွဲတွင် ဗိုလ် ချုပ်ဂွန်မော်က အဖွင့်မိတ်ဆက် စကားပြောကြားရာ၌ ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ် သည်။

မြစ်ကြီးနားမှ ဖားကန့်သို့ မိုင် ၁၀၀ သာ ကွာဝေးသော်လည်း အနည်းဆုံး ၁၀ နာရီအထက် မောင်းနှင်နေရပြီး ခရီးသည်များ ခရီးစရိတ်များနှင့် ကုန်တင်ခများ မြင့်တက်နေ

(Eleven Media Group)



မြစ်ကြီးနားမှ ဖားကန့် သို့ မိုင် ၁၀၀ သာ ကွာဝေးသော် လည်း အနည်းဆုံး ဆယ်နာရီ အထက် မောင်းနှင်နေရပြီး ခရီးသည်များ အတွက် ခရီးစရိတ်များ၊ ကုန်တင်ခများ လည်း မြင့်တက်နေကြောင်း သိရသည်။

ဖားကန့်ဒေသခံ ခရီးသည် ဦးစိန်လှမောင်က “မိုင် ၁၀၀ ဆိုတာ ဝေးတဲ့ခရီးတစ်ခု မဟုတ်ဘူး။ ကားခချည်းပဲ သုံးသောင်းကျတယ်။ လမ်းမကောင်းတော့ ကုန်ဈေးနှုန်းလည်း အဆမတန်တက်တယ်။ ဖားကန့်မှာ ထမင်းတစ်ခါစား နှစ်ထောင်ငါးရာ အနည်းဆုံးပဲ။ ဖားကန့်ဒေသကထွက်တဲ့ ကျောက်စိမ်းကြောင့် ကျပ်ဘီလျံချီပြီး နှစ်စဉ်ရနေတဲ့ ဒေသမှာ လမ်းကောင်းကောင်းတော့ ဖြစ်သင့်နေတာ ကြာပါပြီ” ဟု ဝေဖန်သည်။

Tuesday, August 19, 2014

ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံ

(Irrawaddy)

ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေနဲ့ ရန်ကုန်မြို့ ကို ရောက်နေတဲ့ လက်နက် ကိုင် တိုင်းရင်း သား ခေါင်းဆောင် တချို့နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ တက္ကသိုလ် ရိပ်သာလမ်းက နေအိမ်မှာ တွေ့ဆုံခဲ့ကြကြောင်း သိရပါတယ်။

သြဂုတ်လ ၁၈ ရက် ညနေပိုင်းက တွေ့ဆုံခဲ့ကြတာဖြစ်ပြီး လက်ရှိအစိုးရနဲ့ ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပါအဝင် လွှတ် တော်တွင်း အခြေအနေနဲ့ အပစ်အခတ်ရပ်စဲပြီး အရေးကြီးကာလတွေမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာနိုင်ရေးတို့ ဆွေးနွေးဖြစ် ခဲ့တယ်လို့ နှစ်ဖက်တွေ့ဆုံသူတွေနဲ့ နီးစပ်သူက ပြောပါတယ်။

တောင်ယာခုတ်နေသူတစ်ဦးအား တောဝက်တစ်ကောင်ဝင်ရောက်တိုက်ခိုက်

(Kachin waves)

ဝိုင်းမော်မြို့ နယ် ၀ါရှောင်ကျေး ရွာ တွင် တောင်ယာခုတ် နေသော ဦးလွမ်းခမ်း အား တောဝက် တစ်ကောင် က ရုတ်တရက် ၀င်ရောက် တိုက်ခိုက် ခဲ့သောကြောင့်ြ ပည်သူ့ ဆေးရုံ တွင်ဆေး ကုသမူ ခံယူခဲ့ရကြောင်း သတင်ရရှိသည်။

၂၀၁၄သြော်ဂုတ်လ ၁၄ရက် နေ့လည်နှစ်နာရီခွဲလောက်တွင် သူတောင်ယာ ခုတ်နေစဉ် ပိဿငါးဆယ် လောက်ရှိသော တောဝက်တစ်ကောင်က ရုတ်တရက်ပြေးဝင်လာပြီး ချွှန်ထက်နေသာအစွယ်ဖြင့် ဦးလွမ်းခမ်းကိုထိုးခဲ့ပြီး ပါးစပ်ဖြင့်သူ ၏လက်ကိုကိုက်သောကြောင့် လက်သူကြွယ်မှအကြော ပျက်သွားကြောင်း သူကပြောပြသည်။

ဖက်ဒရယ်ပြည်ထောင်စုမှသည် စစ်မှန်သော ငြိမ်းချမ်းရေးဆီသို့

(Mizzima)

လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက လက်ရှိအစိုးရနှင့် လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းများအကြား ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့်ပတ်သက်ပြီး ဘုံသဘော တူညီချက်တချို့ ရရှိထားပြီဆိုသည့် သတင်းကို ကားခဲ့ကြရသည်။ မင်္ဂလာရှိသော သတင်းအဖြစ် လူတိုင်း လက်ခံကြရပါသည်။

သို့သော် မည်ကဲ့သို့သော ဖက်ဒရယ်ပြည်ထောင်စုပုံစံ ဖြစ်မည်လဲဆိုသည်ကတော့ ဆက်လက်ဆွေးနွေးညှိနှိုင်းကြရဦးမည့်သဘော ရှိနေသေးသည်။ မည်သို့ပင်ဖြစ်စေ ယခင်နှစ်ပေါင်း ၅၀ ကျော်ကတည်းက ဖက်ဒရယ်ဆိုသည်မှာ ခွဲထွက်ရေး အယူအဆသာဖြစ်သည်ဟု အစိုးရအမျိုမျိုးအဆက်ဆက် မှားယွင်းစွာ ၀ါဒဖြန့်ချိလာခဲ့သည့် ခေတ်တစ်ခေတ်သည်မူ နိဂုံးချုပ်သွားလေပြီဟုတော့ ပြောလို့ရပါသည်။ တိုင်းရင်းသားလူမျိုးစုများမှာမူ မည်ကဲ့သို့သော လူမျိုးစုဆိုင်ရာ မူလအခွင့်အရေးများ ရရှိနိုင်မည်၊ မရနိုင်မည်ဆိုသည်ကမူ သည်းကွဲစွာ မသိနိုင်ကြသေး။ ဒီနေရာတွင် စားပွဲဝိုင်းဖြေရှင်းနည်း ယဉ်ကျေးမှုတစ်ခု အောင်မြင်စပြုသည်ကိုလည်း သတိပြုကြရမည်ရှိပြန်ပါသည်။ 

ဖားကန့် လုံခြုံရေး စိတ်မချရသေး

(ဧရာဝတီ)

လတ်တလော ငြိမ်း ချမ်းရေးဆွေးနွေး ပွဲများ က ကောင်းသတင်းများ သယ်ယူ လာသော် လည်း အစိုး ရနှင့် လက်နက်ကိုင် တပ်များ အကြား တိုက်ပွဲများ ဆက်ဖြစ်နေသောကြောင့် နောက် လမှ စတင်၍ ပြန်လည် လုပ်ကိုင်သွား မည့်  ကျောက်စိမ်း တူးဖော် သည့် လုပ်ငန်းများက ကချင်ပြည် နယ် ဖားကန့်မြို့ လုံခြုံရေး အခြေအနေကို စိုးရိမ်နေကြ သည်။

အစိုးရနှင့် ကေအိုင်အေ တပ်တို့ အကြား ၁၇ နှစ် ကြာ သက်တမ်းရှိ အပစ်အခတ်ရပ်စဲရေး စာချုပ်ပျက်ပြယ်သွားကာ ပဋိပက္ခများ ပြန်လည်စတင်ခဲ့သည့် ၂၀၁၂ ခုနှစ် ၀န်းကျင်မှ စတင်၍ ကျောက်စိမ်းအမြောက်အများ ထွက်ရှိသည့် ဖားကန့် တောင်ကုန်းများရှိ ကျောက်စိမ်း တူးဖော်သည့် လုပ်ငန်းများ ရပ်နားသွားခဲ့သည်။ လွန်ခဲ့သည့် ၂ နှစ်တာ ကာလအတွင်း လူအနည်းငယ်သာလျှင် အနည်းအကျဉ်း တူးဖော်ခွင့်ရခဲ့ကြသည်။

ဖားကန့်ဒေသတွင်ကျောက်တူးနေစဉ် မြေပြိုမှုများကြောင့် အပတ်စဉ်လူသေဆုံးမှုများဖြစ်ပေါ်

(Eleven Media Group)



ရွှေ့ပြောင်း လုပ်သား နှစ် သိန်းကျော် ရှိပြီး မြန်မာနိုင်ငံ ၏ အဓိကကျောက် စိမ်းထွက်ရှိရာ ဖားကန့်ဒေ သတွင် ကျောက်တူး စဉ် မြေပြိုခြင်းကြောင့် လူသေဆုံး မှုနှင့် ဒဏ်ရာရှိမှုများ အပတ် စဉ်ဖြစ်ပေါ်နေကြောင်း ရဲစခန်း မှတ်တမ်း များ၊ ဒေသခံ နာရေးအသင်းမှ ကူညီနေသူများ ၏ ပြောကြားချက် အရ သိရသည်။

Monday, August 18, 2014

တနိုင်ငံလုံး သေနတ်သံတွေ တကယ် တိတ်တော့မလား

(ဧရာဝတီ)

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ ကျော်ဖြစ် ပွားနေတဲ့ ကမ္ဘာ့သက်တမ်း အရှည်ကြာ ဆုံး ပြည်တွင်းစစ်ပွဲကြီး ကို အဆုံးသတ်ဖို့ တိုင်းရင်းသား လက်နက် ကိုင် တပ်ဖွဲ့တွေနဲ့ အစိုးရတို့အကြား ဆွေးနွေးမှုတွေက တိုးတက်မှု တွေရှိ လာပေမယ့် အပစ် အခတ် ရပ်စဲရေး လက်မှတ်ထိုးမယ့် လက်နက်ကိုင် အဖွဲ့အရေအတွက်၊  အပစ် ရပ်စဲပြီး ကြားကာလမှာ ပုံမှန် ရပ်တည် နိုင်ရေး၊ အပစ်ရပ်ပြီးနောက် တပ်သားစုဆောင်းရေး ၊ နိုင်ငံရေး ဆွေးနွေးမှု ပုံစံ တွေနဲ့ ပတ်သက်လို့  တိုင်းရင်းသားတွေနဲ့ အစိုးရ ကြားမှာ သဘောတူညီမှုတစုံတရာ မရရှိသေးပါဘူး။

မြန်မာ့တပ်မတော် တပ်မ(၈၈)မှ ရွာသားနှစ်ဦးအား ပစ်ခတ်

(Lachid Kachin)

၁၈ရက်သြဂုတ်လ ၂၀၁၄ ခုနှစ်

တအာင်းဒေသ၊ နမ့်ခမ်းမြို့နယ်၊ ကောင်း ၀ိုင်းကျေးရွာနှင့် မန်စပ်ကျေးရွာကြားတွင် ယနေ့ သြဂုတ်လ ၁၈ ရက်နေ့ တအာင်းတပ်မတော် တပ်မဟာ(၁) လက်အောက်ခံ တပ်ရင်း(၁၁၂)၊ နှင့် မြန်မာ့ တပ်မတော် တပ်မ(၈၈) တို့ နှစ်ဘက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးမှု အပြီးတွင် နမ့်ခမ်းမြို့ သို့ အလည်သွား သော အွယ်လော ရွာသား (၂) ဦးအား လမ်းပေါ်တွင် ပစ်ခတ်ခဲ့ရာ ညီနိုင်ဂျားမှာ သေဆုံးသွားပြီး ယိုင်ထွန်းသန်းမှာ ဒဏ်ရာပြင်းထန်စွာ ရရှိသဖြင့် မူဆယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးဝါးကုသ ခံယူလျက်ရှိသည်။

တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား မြန်မာ့တပ်မတော် (၂) ဦးကျဆုံး

၁၈ ရက် သြဂုတ်လ ၂၀၁၄ ခုနှစ်
တအာင်းဒေသ၊ ကျောက်မဲမြို့နယ်၊ လွယ်အန်နှင့် ကုန်းဆာကျေးရွာကြားတွင် သြဂုတ်လ ၁၇ ရက်နေ့ ည ၂၀း၀၀ နာရီ အချိန်မှ ၂၀း၃၀ နာရီအချိန်ထိ တအာင်းတပ်မတော် တပ်မဟာ(၃) လက်အောက်ခံ တပ်ရင်း(၇၁၇)၊ နှင့် မြန်မာ့တပ်မတော် တပ်မ(၇၇) တို့ နှစ်ဘက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။

တနိုင်ငံလုံး အပစ်ရပ် စာချုပ် ရေးဆွဲမှု ဆက်လက် ညှိနှိုင်းရဦးမည်

(ဧရာဝတီ)

အစိုးရနှင့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့များ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ စာချုပ်ရေး ဆွဲရာတွင် ကွဲလွဲချက် ၄ ချက် နှင့် ညှိနှိုင်း ရမည့် အချက်တချို့ ကျန် ရှိနေကြောင်း နှစ် ဘက် ခေါင်းဆောင်များ က ထုတ်ဖော် ပြောကြားသည်။

အစိုးရ ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ(UPWC)နှင့် တိုင်းရင်းသားများ ဘက်မှ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) တို့ သြဂုတ် ၁၇ ရက် ဆွေးနွေးပွဲ နောက်ဆုံးရက် အပြီးတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ထိုကျန်ရှိနေသည့်အချက် များကို လာမည့် စက်တင်ဘာလတွင် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်သည်ဟုလည်း ဆိုသည်။

အပစ်ရပ်စာချုပ် လက်မှတ်ထိုးပြီး ၅ ရက်အတွင်း အသက်ဝင်ရန် သဘောတူ

(ဧရာဝတီ)

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ် ရေးထိုးပြီးရင် နှစ်ဖက်တပ်ဖွဲ့တွေအကြား အပစ်ရပ်ရေး ၂၄ နာရီအတွင်း အကြောင်းကြားဖို့နဲ့ ၅ ရက်အတွင်း အသက်ဝင် အတည်ဖြစ်ဖို့ UPWC နဲ့ NCCT တို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဒုတိယမူကြမ်း အပြီးသတ်နိုင်ရေး အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော် မတီ (UPWC) နဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) မှာ သြဂုတ် ၁၅ ရက်၊ ၁၆ ရက် ၂ ရက် ဆွေးနွေးပြီး သဘောတူခဲ့ကြတာ ဖြစ် တယ် လို့ နှစ်ဖက် ခေါင်းဆောင်တွေက ပြောပါတယ်။

ဖားကန့်ကျောက်စိမ်းမှော် ပြန်ဖွင့်ချိန် နှစ်ဖက်တပ် ထိတွေ့တိုက်ခိုက်မှုမရှိစေရန် KIO အား အစိုးရညှိနိုင်း

(ကချင်သတင်းဌာန)

ဖားကန့်ကျောက် စိမ်းမှော် ပြန်လည် ဖွင့်လှစ် သည့်အခါ၊ နှစ်ဖက် တပ်ဖွဲ့များအကြား ထိတွေ့တိုက်ခိုက် မှုများကို ရှောင်ရှားပေး ရန်အတွက် မြန်မာ အစိုးရက ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အား ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

နှစ်ဖက်ကိုယ်စားလှယ်များပါဝင်သော ပူးတွဲပဋိပက္ခညှိနှိုင်းဖြေရှင်းရေးကော်မတီ၏ သြဂုတ်လ ၁၂ ရက်၊ အင်္ဂါနေ့က ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင်ပြုလုပ်သောအစည်းအဝေးတွင် ထိုအကြောင်းအရာကို အစိုးရ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်က ဆွေးနွေးတင်ပြလာခြင်းဖြစ်သည်။