Friday, August 15, 2014

တိုက်ပွဲရှောင်ရွာသားများကို အစိုးရတပ်မမှူး တောင်းပန်

(DVB)

ကချင်ပြည်နယ် ဖားကန့်ဒေသ မှာ ပစ်ခတ် မှုတွေ ဖြစ်ပွားပြီး တဲ့နောက် ဘေးလွတ်ရာ တိမ်းရှောင်လာတဲ့ ရွာသားတွေကို အစိုးရတပ် က လာရောက် တောင်းပန်ပြီး စားနပ်ရိက္ခာတွေပါ ကူညီခဲ့ပါတယ်။ 

ဖားကန့်မြို့နယ်နဲ့ ကာမိုင်းမြို့နယ်ခွဲကြားက ကဘော်မှော်ရွာဘက်မှာ လွန်ခဲ့တဲ့ ရက်ပိုင်းက အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အေ)တို့ကြား ပစ်ခတ်မှုတွေကြောင့် ထိတ်လန့်ပြီး နမ့်ယားရွာဘက် ထွက်ပြေးလာတဲ့ ရွာသားတွေကို အစိုးရတပ် တပ်မ ၆၆ တပ်မမှူး ဗိုလ်မှူးချုပ် ၀င်းကိုချိန် ကိုယ်တိုင်လာရောက် တောင်းပန်သွားတယ်လို့ ဖားကန့်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဒါရှီလာဆိုင်းက ဒီဗွီဘီကို ပြောပါတယ်။

ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ (မူကြမ်း) နှင့်ပတ်သက်၍ ခရစ်ယာန်အသင်းတော်များ၏ သဘောထားရပ်တည်ချက်

အစိုးရနှင့် KIA ဖားကန့်လမ်း ဆဘော်မှော်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွား

(ကချင်သတင်းဌာန)

အစိုးရတပ်ဖွဲ့ များနှင့် ကချင် လွတ်မြောက်ရေးတပ်ဖွဲ့ KIA တို့ကြား KIA တပ်ရင်း ၆ နယ်မြေ ကချင်ပြည်နယ် ဖားကန့်-ကားမိုင်းလမ်းရှိ ဆဘော်မှော် (Sabaw Maw) တွင် သြဂုတ်လ ၈ နှင့် ၁၀ ရက်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အစိုးရတပ်များက အဖိုးတန်ရတနာများဖြစ်သော ကျောက်နီ သို့မဟုတ် ပတ္တမြား ထွက်ရှိနေသော အဆိုပါ ဆဘော်မှော်သို့ ထိုးစစ်ဆင်လာသောကြောင့် အပြန်အလှန် တိုက်ခိုက်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများ KNG ကချင်သတင်းဌာနသို့ ပြောသည်။

Tuesday, August 12, 2014

ကချင်ပြည်နယ် ဖားကန့်မှာ တိုက်ပွဲတွေပြန်ဖြစ်

(RFA)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့နယ်ခွဲ ကပ်မှော်ဇွပ်ကျေးရွာအုပ်စု စပေါ်ကျေးရွာနားမှာ အစိုးရတပ်မ ၆၆ လက်အောက်ခံတပ်နဲ့ ကချင် လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ တပ်ရင်း ၆ တပ်တွေအကြား ဒီလ ၈ ရက်နေ့က တစ်ကြိမ်၊ ၁၀ရက်နေ့က တစ်ကြိမ် တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကေ အိုင်အေ တပ်ရင်း ၆ တာဝန်ခံ ဗိုလ်မှူးတန်ဆန့်က အခုလို ပြောပါတယ်။

စစ်ပွဲများရှိ နေခြင်းနှင့် အာမခံချက်မရှိ ခြင်းတို့ကြောင့် ကျောက်စိမ်း ပြန်တူးခွင့် စတင်ရန် လုပ်ငန်းရှင်များ စိုးရိမ်

(Mizzima)

အစိုးနှင့် ကချင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများပြန် လည်ဖြစ်ပေါ်မှုနှင့် လုံခြုံရေးအာမခံချက် မရှိခြင်းကြောင့် ယခုနှစ်မိုးကုန်တွင်ကျောက် စိမ်း ပြန်လည်တူးဖော်ရန် စိုးရိမ်နေရ ကြောင်း ကျောက်မျက်လုပ်ငန်းရှင်များက မဇ္ဈိမကို ပြောသည်။

အစိုးရက လက်နက်ကိုင်အဖွဲ့အစည်း များနှင့် ငြိမ်းချမ်းရေးပြန်လည်တည်ဆောက် နိုင်ပြီဖြစ်ခြင်းကြောင့် ယခုနှစ် စက်တင်ဘာ မှစတင်ကာ ကျောက်မျက်တူးဖော်ခွင့်ကို ပြန်လည်ခွင့်ပြုသည်ဟု ပြောဆိုသော်လည်း တိုက်ပွဲများဆက်လက်ရှိနေမှုအပေါ် လုပ် ငန်းရှင်များက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

နန်းကွေ့ဒေသခံများ (၂)နာရီအတွင်း မူးယစ် သုံးစွဲရောင်းဝယ်သူ အယောက် (၁၀) အားဖမ်းမိ

(Kachin Waves)

မြစ်ကြီးနားမြို့နယ် နန်းကွေ့ကျေးရွာ ဒေသခံ မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှသြဂုတ်လ ၁၂ နေ့ နံနက်ပိုင်းတွင် မူးယစ် ရောင်းဝယ် သုံးစွဲသူများအား လိုက်ဖမ်းရာ အချိန် ၂ နာရီအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူ အသက် (၈) နှစ်အရွယ် ကလေးနှစ်ယောက် အပါအ၀င် မူးယစ်ဆေးဝါးသုံးစွဲသူ ရဲဝန်ထမ်းတစ်ဦး ကေအိုင်အေ စစ်သားတစ် ဦး နှင့် အခြားမူးယစ်သုံးစွဲသူ (၇) ဦးအားဖမ်းမိထားကြောင်းသတင်းရရှိသည်။

မြန်မာငြိမ်းချမ်းရေးစင်တာနှင့် တိုင်းရင်းသားခေါင်းဆောင်များ အကြိုညှိနှိုင်း

(DVB)

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် တတိယမူကြမ်းကို အချောသတ်ဖို့အတွက် မြန်မာငြိမ်းချမ်းရေးစင်တာ (အမ်ပီစီ) က တာဝန်ရှိသူတွေဟာ ထိုင်းနိုင်ငံ ချင်းမိုင်မှာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ညှိနှိုင်းနေပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ အစိုးရအကြား တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် တတိယမူကြမ်းကို လာမယ့် သြဂုတ် ၁၅နဲ့ ၁၆ ရက်တွေမှာ ရန်ကုန်မှာ ဆွေးနွေးဖို့ ရှိပြီး အဲဒီအတွက် ကြိုတင် ညှိနှိုင်းနေတာ ဖြစ်ပါတယ်။

Monday, August 11, 2014

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် NCCT တို့ မဲဆောက်တွင် တွေ့ဆုံ

(ကချင်သတင်းဌာ န)

ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UWPC နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ NCCT တို့ ပြန်လည်တွေ့ဆုံဆွေးနွေးရန် ကြိုတင်ပြင်ဆင်သော ဆွေးနွေးမှုကို ယနေ့ သြဂုတ်လ ၉ ရက်နေ့ ထိုင်း-မြန်မာနယ်စပ် တစ်နေရာတွင် ကျင်းပနေသည်။

“ကျနော်တို့ လိုင်ဇာစည်းဝေးမှာ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ အကြံပြုချက်တွေကို မူတည်ပြီးတော့ ဒုတိယမူကြမ်းမှာ ပြင်ဆင်ဖြည့်စွက်မယ်။ တကြိမ်ထဲမှာဘဲ ဇူလိုင်လ ၁၃ ရက်နေ့မှာ ကျနော်တို့ကို အကြောင်း ကြားထားတဲ့အချက်တွေ ရှိတယ်။ ဦးအောင်မင်းတို့ မြစ်ကြီးနားမှာလာပြီး ကျနော်တို့ကိုတချို့အချက်တွေ ပြန်ပေးထားတာ ရှိတယ်။ ဒီခေါင်းစဉ် ၃ ခုအပေါ်မှာ ဆွေးနွေးပြီးတော့ ဒုတိယမူကြမ်းမှာ ဖြည့်စွက်မှုလုပ်မယ်” ဟု NCCT ၏ ဒုတိယ ခေါင်းဆောင် ဗိုလ်ချုပ် ဂွန်မော်က ပြောသည်။