Saturday, August 9, 2014

“သောင်းကျန်းသူ”ဆိုတာ ဘယ်သူ့ကို ခေါ်သင့်သလဲ

(သျှမ်းသံတော်ဆင့်)

“သောင်းကျန်းသူ အမြစ်ပြတ်ချေမှုန်းရေး” ဆိုတဲ့ စာအုပ်ကို စစ်ဦးစီးတက္ကသိုလ်သင်တန်းသားတွေ အတွက် ရေးသားခဲ့ပါတယ်။ စာမျက်နှာ ၅၀၊ အခန်း ၄ ခန်း၊ အပိုဒ် ၁၄၇ ပိုဒ် ပါရှိပါတယ်။ စိတ်ဝင်စား စရာကောင်းတဲ့ စာအုပ်တအုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်နှစ်ခုနှစ်မှာ ရေးသားတယ်ဆိုတာတော့ ဖော်ပြ မထားပါဘူး။ ဒီ “သောင်းကျန်းသူ အမြစ်ပြတ်ချေမှုန်းရေး” စာအုပ်ကို လွန်ခဲ့တဲ့ ၂ နှစ်လောက်က တိုက်ပွဲတခုမှာ သျှမ်းပြည်တပ်မတော် SSA က သိမ်းဆည်းရရှိခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

Friday, August 8, 2014

KIA, တပ်ရင်း (၆) ဖါးကန့် ဒေသ တွင် တိုက်ပွဲ ဖြစ်

(Lachid Kachin)

ဒီနေ့  မွန်းလွဲပိုင်း (၂း၃၀) နာရီခန့် က ဖားကန့်  မှာ အခြေစိုက်ထားတဲ့ တပ်မ (၆၆) လက်အောက်ခံတပ်တွေ စစ်ကြောင်း နဲ့ တကွ လှုပ်ရှားလာနေတဲ့ အတွက် KIA တပ်ရင်း ( ၆ ) တပ်ဖွဲ့ ဝင်တွေ နဲ့ ထိတွေ့ တိုက်ပွဲဖြစ် ပွားကြောင်းသိရတယ် ။ KIA တပ်ရင်း (၆ ) နယ်မြေ ထဲမှာ ရှိတဲ့ ( Nam Jan Hku ) လို့ ခေါ်တဲ့ နေရာမှာ တိုက်ပွဲဖြစ်တာပါ ။ အသေးစိတ် ကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ် ။ 


ရှမ်း/ မြောက် KIA နှင့်တိုက်ပွဲ၌ ဗမာစစ်တပ် စစ်ကြောင်းမှူး အပါအ၀င် (၄) ဦး ထိခိုက်

(Myutsawkasa) (Lachid Kachin)
(7.8.2014 )ရက် နေ့ ရှမ်း ပြည်နယ်ေ မြာက်ပိုင်း KIA, တပ်မဟာ
(၄)၏ တပ်ရင်း (၃၆) နယ်မြေ မုံးကိုးမြို့ နယ်ခွဲ အတွင်းရှိ နမ့်တောင်း 
မှ ဘန်ဆိုင်းကျေးရွာ ဘက်သို့ ထိုး စစ်ဆင်ကျူး ကျော် ၀င်ရောက်
လှုပ်ရှားလာသော အစိုးရတပ် ခမရ (၃၁ရ ) တပ်ရင်း စစ်ကြောင်း 
အား KIA, တပ်ဖွဲ့ ဝင်များ မှ (၇.၈.၂၀၁၄) ရက်နေ့ နံနက် (၅း၀၀) 
အချိန် အသင့်စောင့်ကြို ၍ မိုင်း ပဒေသာ ဖြင့် တိုက်ခိုက်ဟန့် တား
ခဲ့ရာ စစ်ကြောင်း ယာဉ်တန်း မှ ယာဉ်တစ်စီး ဆွဲမိုင်း ထိမှန်ကာ 
မီးလောင် ပျက်ဆီးသွားခဲ့ကြောင်းသိရှိရပါသည် ။