Friday, August 1, 2014

ခိုင်မာသည့်ကတိက၀တ် မရရှိပါက အပစ်ရပ်စဲရေးလုပ်သော်လည်း အချည်းနှီးသာဖြစ်မည်ဟု KIO ဥက္ကဋ္ဌ ပြောကြား

(Eleven Media Group)



ခိုင်မာ သည့် ကတိကဝတ် မရရှိပါက အပစ်အခတ် ရပ်စဲရေး လုပ်သော်လည်း အ ချည်းနှီး သာဖြစ်မည်ဟု ကချင်လွတ်မြောက် ရေး အဖွဲ့(KIO) ဥက္ကဌ ဦးဇောင်းဟရား က ပြောကြားသည်။


ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ဇူလိုင် ၃၁ ရက်ကပြုလုပ်သည့် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဆွေးနွေးပွဲတွင် အလှည့်ကျသဘာပတိအဖြစ်ဆောင်ရွက်စဉ် မိန့်ခွန်းပြောကြားရာ၌ KIO ဥက္ကဌက ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ ခေါင်းဆောင်များ ၏ လိုင်ဇာဆွေးနွေးပွဲ သဘောတူညီ ၊ထုတ်ပြန် ကြေငြာ ချက် (၃၁.၇.၂၀၁၄) Laiza

လိုင်ဇာ ထိပ်သီးအစည်းဝေးမှ အခြေခံမူ (၁၀)ချက် ချမှတ်ခဲ့

(ကချင်သတင်းဌာန)
ဒီမိုကရေ စီရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင် ဖွဲ့စည်းရေး ဟူသော အခြေခံမူ (၁၀) ချက် စွဲကိုင်ထားရန် ချမှတ်ခဲ့သည်ဟု NCCT ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ပြောသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာထိပ်သီးအစည်းအဝေးတွင် ဇူလိုင်လ ၂၅ မှ ၂၉ ရက်နေ့ထိ လေးရက်ကြာ ဆွေးနွေးမှုတွင်တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ NCCT ၏ အခြေခံ မူများများနှင့် လုပ်ငန်းပိုင်းဆိုင်ရာများ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

လိုင်ဇာ၌ အပစ်ရပ်ရေး ဆွေးနွေးနေစဉ် ရှမ်း/ မြောက် KIA,တပ်ရင်း (၈)ဒေသတွင် တိုက်ပွဲ ပြင်းထန်

(Lachid Kachin)


KIO, ဌာနချုပ် ၊ လိုင်ဇာ ၌ တိုင်းရင်းသား လက်နက်ကိုင်
တော်လှန်ရေးအဖွဲ့၏ ခေါင်းဆောင်များ တပြည်လုံး အတိုင်း
အတာ အပစ်ရပ် နိုင်ရေးအတွက် ဆွေးနွေး နေစဉ် ရှမ်းပြည်
နယ် မြောက်ပိုင်း KIA, တပ်မဟာ (၄) လက် အောက်ခံ
တပ်ရင်း (၈) ဒေသတွင် တိုက်ပွဲ များ အပြင်း အထန် ဆက်
လက် ဖြစ်ပွားနေကြောင်း သိရှိရပါသည်။

Tuesday, July 29, 2014

ဟိုပင်မြို့နယ် မူးယစ်ဆေး ဖမ်းဆီးမှု ဆေးသမား ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

(RFA)

ကချင်ပြည်နယ် ဟိုပင်မြို့အရှေ့မြောက်ဘက် တစ်မိုင်လောက်ဝေးတဲ့ လယ်ကွက်တွေထဲမှာ မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲသူတွေကို တပ်မ ၆၆ လက်အောက်ခံတပ်တွေက ဒီနေ့မနက်က ဝင်ရောက်ပစ်ခတ်ဖမ်းဆီးရာမှာ တစ်ဦးသေပြီး တစ်ဦးဒဏ်ရာရရှိသွားတယ်လို့ မြို့ခံတွေကပြောပါတယ်။

အဲ့ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဟိုပင်မြို့နယ်ခွဲရဲ့ NLD ပါတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းက အခုလိုပြောပြပါတယ်။

ကျောက်စိမ်း ကျောက်မျက်ရတနာ အဆင့်မြင့် ဈေးကို ဒီဇင်ဘာတွင် အပြီးဆောက်မည်

(Mizzima)

မန္တလေးတိုင်း ဒေသကြီး ဆင်ရွာမြင်းမှူး ဒေသတွင် တည်ဆောက်လျက် ရှိသော အဆင့်မြင့် ကျောက်မျက် ရတနာ ဈေးကို ၂ဝ၁၄ ဒီဇင်ဘာလတွင် အပြီး တည်ဆောက်မည်ဟု သစ်တောနှင့် သတ္ထု ဝန်ကြီး ဌာနဝန်ကြီး ဦးသန်းစိုးမြင့်က ကတိပေး ပြောကြား လိုက်သည်။

ကျောက်စိမ်း ကျောက်မျက် ရတနာ အဆင့်မြင့် ဈေးကို  ၂ဝ၁၅ ခုနှစ် အတွင်း ဖွင့်လှစ်ခြင်း မပြုနိုင်တော့ဟု ပြင်ပတွင် သတင်းများ ထွက်ပေါ် ခဲ့ခြင်း၊ တည်ဆောက်မှု စီမံကိန်းများ အကောင် အထည်ဖော်မှုပိုင်း ဆိုင်ရာ လိုအပ်ချက်များ ရှိသည်ဟု သတင်းများ ထွက်ပေါ် လာခြင်းကြောင့် ဝန်ကြီးက တုန့်ပြန် ပြောဆို လိုက်ခြင်း ဖြစ်သည်။

လိုင်ဇာထိပ်သီးအစည်းအဝေး တတိယနေ့ ကုလနှင့် တရုတ်တက်ရောက်

(ကချင်သတင်းဌာန)

တိုင်းရင်း သားခေါင်းဆောင် များ၏ တတိ ယနေ့ လိုင်ဇာ ထိပ်သီး အစည်းအဝေး သို့ ကုလ သမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ နမ်ဘီ ယားနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ သည်ဟု ကချင် လွတ်မြောက်ရေး အဖွဲ့ KIO ၏ အရပ်ဘက် အရာရှိ ဦးဒွဲပီဆာ က ပြောသည်။

ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီမှ ပြန်လည် ပြု လုပ်သော အစည်းအဝေးတွင် မစ္စတာ နမ်ဘီယားနှင့် တရုတ်ကိုယ်စားလှယ် ယခင်က မစ္စတာ ဝမ်ယိန်ဖန်း (Mr Wang Yingfan) ၏ လက်ထောက် မစ္စတာ တန်ယင် (မြန်မာအမည် ဦးထွန်းလွင်) တို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်ဟု သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂျေယန့်ဒုက္ခသည်စခန်းမှ အိမ်ခြေ ၁၂၃ လုံး ပြောင်းရွှေ့ရန် စီစဉ်နေ

(ကချင်သတင်းဌာန)

မိုးသည်း ထန်စွာ ရွာသွန်း မှုကြောင့် မြေပြိုမှုဖြစ် ပွားခဲ့သော လိုင်ဇာမြို့ အနီးရှိ ဂျေယန့် (Je Yang) ဒုက္ခသည် စခန်းမှ တောင်ခြေ တွင် နေအိမ် တည်ဆောက်၍ နေထိုင်နေသော အိမ်ခြေ ၁၂၃ လုံးမှ လူဦးရေ ၄၀၀ ကျော်ကို ပြောင်းရွှေ့ရန် စီစဉ်နေသည်ဟု ဒုက္ခသည်စခန်း တာဝန်ခံ ဆလန်ကဘား ဆိုင်းဘွမ်ဝိုင်းဒူက ပြောသည်။

“ကျနော်တို့ စစ်ပြေးဒုက္ခသည်တွေကို အရင်တောင်စောင်းနေရာကနေ လုံခြုံတဲ့ နေရာကို အထက်အမိန့်အရ ပြောင်းရွှေ့ထားတယ်။ မြေပြိုလာမှာစိုးလို့ စခန်းက ခန်းမမှာပြောင်းရွှေ့ထားတယ်။ သူတို့အတွက် ပြောင်းဖို့ နေရာအတိအကျတော့ မသိသေးဘူး”ဟု ဆလန်ကဘား ဆိုင်းဘွမ်ဝိုင်းဒူက ပြောသည်။

UNFC ၏ မူဝါဒသာ တိုင်းရင်းသား ညီညွတ်ရေးအတွက် တစ်ခုတည်းသော နည်းလမ်းဟု KIO ဥက္ကဋ္ဌပြော

(The Voice Weekly)

ပြည်တွင်း ငြိမ်းချမ်းရေးနှင့် တစ်နိုင်ငံ လုံး အပစ်အခတ် ရပ်စဲရေး ကို ဖော်ဆောင်ကြ ရာတွင် ညီညွတ်သော တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNF...C) ၏ မူဝါဒသာလျှင် တိုင်းရင်းသား ညီညွတ်ရေးကို ဖော်ဆောင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဦးဇောင်းဟရားက ပြောဆိုလိုက်သည်။

ကချင်ပြည်နယ်ရှိ KIO ဌာနချုပ် တည်ရှိရာ လိုင်ဇာတွင် ဇူလိုင်လ ၂၅ ရက်နေ့၌ စတင်ကျင်းပသော တတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံ အဖွင့်မိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် ကူညီမည်ဟု တရုတ်နှင့် ကုလကိုယ်စားလှယ်များ NCCT ထိပ်သီးအစည်းအဝေးတွင် ပြောကြား

(Eleven Media Group)



ကချင်ပြည် နယ် လိုင်ဇာမြို့ တွင်ပြုလုပ် လျက်ရှိသော NCCT ထိပ်သီး အစည်းအဝေး သို့ ဇူလိုင် ၂၈ ရက် တတိ ယမြောက်နေ့ တွင် ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် Mr.Vijay Nambair နှင့် တရုတ်နိုင်ငံ ၏ အာရှရေးရာ အထူး သံတမန်အဖွဲ့မှ Mr.Wang Yingfan ၏ကိုယ်စား Mr.Tand Ying လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြသည်။


ထိုသို့တက်ရောက်စဉ် မြန်မာနိုင်ငံ၏ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး သဘောတူညီချက်လက်မှတ်ရေးထိုးနိုင်ရန်အတွက် အတတ်နိုင်ဆုံးကူညီမည်ဟု ၎င်းတို့က မိတ်ဆက်စကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ကြသည်။

Monday, July 28, 2014

ကွဲလွဲချက်များကို တိုင်းရင်းသား ညီလာခံတွင် အသေးစိတ် ဆွေးနွေးမည်

(ဧရာဝတီ)

အပစ် အခတ် ရပ်စဲရေး မူကြမ်း အခန်း (၅) ပါ နိုင်ငံရေးဆွေးနွေး ပွဲ ဆိုင်ရာ အာမခံချက်များ အခန်း တွင် အစိုးရနှင့် တိုင်းရင်းသားများ အကြား ကွဲလွဲချက်များ ရှိနေသောကြောင့် တိုင်းရင်း သား ညီလာခံတွင် တိကျစွာ အသေး စိတ် ဆွေးနွေးရန်ရှိကြောင်း သိရသည်။