Friday, July 25, 2014

စစ်မှန်သော ငြိမ်းချမ်းရေး အတွက် UNFC မူဝါဒဖြင့် ဆက်ဆွေးနွေးမည်ဟု ကချင် ခေါင်းဆောင် ပြော

(ဧရာဝတီ)

တိုင်းရင်း သားပေါင်းစုံ လိုလားနေ သည့် စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိရန် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင် စီ(UNFC) ၏ မူဝါဒဖြင့်သာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့(KIO) ဥက္ကဌ ဦးဇောင်း ဟရား က ယနေ့ ပြောဆိုလိုက်သည်။

ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ပထမဆုံးနေ့ အဖြစ် ကျင်းပနေသည့် တတိယအကြိမ် တိုင်းရင်းသား ညီလာခံတွင် ယင်းသို့ ထုတ် ဖော် ပြောကြားလိုက်ခြင်းဖြစ်ပြီး UNFC ၏ မူဝါဒကို ယခုထက် ပိုပြီး လူအများ လက်ခံနိုင်ရေး ဆောင်ရွက်ရန် လိုအပ်သည်ဟုလည်း ၎င်းက ပြောဆိုသည်။

Thursday, July 24, 2014

လိုင်ဇာ တတိယအကြိမ် တိုင်းရင်းသား ညီလာခံ “၀” နှင့် မိုင်းလား အဖွဲ့ မတက်နိုင်

(ဧရာဝတီ)

ကချင်ပြည် နယ် လိုင်ဇာမြို့ တွင် ၅ ရက်ကြာ ကျင်းပမည့် တတိယ အကြိမ် တိုင်းရင်း သား ညီလာခံကို “ဝ” နှင့် မိုင်းလား အဖွဲ့ တို့ကို ဖိတ်ကြား ထားသော် လည်း တက်ရောက်နိုင် မည် မဟုတ်ကြောင်း သိရ သည်။

ညီလာခံကို ဇူလိုင် ၂၄ မှ ၂၉ ရက်အထိ ကျင်းပရန်စီစဉ်ထားပြီး ဇူလိုင် ၂၄ မှ ၂၆ ရက်အထိကို တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) ကိုယ်စားလှယ်များက အဖွဲ့ဝင် တိုင်းရင်းသား ခေါင်းဆောင်များနှင့် ၃ ရက်ကြာဆွေးနွေးပြီး ဇူလိုင် ၂၈၊ ၂၉ ရက် တွင် NCCT အဖွဲ့တွင် မပါဝင်သေးသော တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဆက်လက် ဆွေးနွေးမည် ဖြစ်ကြောင်း NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ က ပြောသည်။

ကချင်ဒေသတွင် ကျောက်စိမ်းတူးမည့် လုပ်ငန်းရှင်များ လုံခြုံရေးစိုးရိမ်

(DVB)

ကချင်ပြည်နယ် တွင်းက ကျောက် စိမ်း တူးဖော်ရေး လုပ်ငန်းတွေ ကို လာမယ့် စက်တင် ဘာလမှာ စတင် တူးဖော်ခွင့် ပြု လိုက်ပြီဖြစ်ပေ မယ့် ကျောက်မျက် လုပ်ငန်းရှင်တွေ က လုံခြုံရေး အတွက် စိုးရိမ်နေကြ ပါတယ်။ 

ကချင် ဒေသတွင်းတိုက်ပွဲတွေနဲ့ မတည်ငြိမ်မှုတွေကြောင့် လွန်ခဲ့တဲ့ ၂ နှစ်က ရပ်နားခဲ့တဲ့ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေကို လာမယ့် စက်တင်ဘာ ၁ ရက်နေ့ကစပြီး ခွင့်ပြုလိုက်ပြီလို့ သတ္ထုတွင်း ၀န်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

မြန်မာ့တပ်မတော် တအာင်းကျေးရွာ အနီးဝန်းကျင်သို့ လက်နက်ကြီးများ ဆက်လက်တိုက်ခိုက်နေ

၂၃ ရက် ဇူလိုင်လ ၂၀၁၄ ခုနှစ်
 
တအာင်းဒေသ၊ နမ့်ခမ်းမြို့နယ်၊ လွယ်ဟွမ်ကျေးရွာနှင့် နမ့်ဆရီး ကျေးရွာ တို့၌ ယနေ့ ညနေ ၁၄း၀၀ နာရီ အချိန်ခန့်တွင် မြန်မာ့တပ်မတော် နမ့်ခမ်း အခြေစိုက် တပ်စခန်း(စခန်းသစ်) သည် မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းမှမရှိသော တအာင်းရွာ လွယ်ဟွမ်ကျေးရွာဘက်သို့ လက်နက်ကြီး (၂) လုံး နှင့် နမ့်ဆရီးရွာဘက်သို့ လက်နက်ကြီး(၂) လုံး ပစ်ခတ်ခဲ့သည်။

NCCT အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေး လိုင်ဇာ၌ ယနေ့စတင်မည်

(Eleven Media Group)



တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေးကို ယနေ့ (ဇူ လိုင် ၂၄ ရက်)တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)ဌာနချုပ် တည်ရှိရာ လိုင်ဇာဒေသ၌ စတင်ပြုလုပ်မည် ဖြစ်သည်။

Wednesday, July 23, 2014

လိုင်ဇာမြို့လက်နက်ကိုင် အဖွဲ့ ထိပ်သီး ညီလာခံကြီးတွင် UN နှင့် တရုတ်ကို ဖိတ်ကြားထား

(ကချင်သတင်းဌာန)

ဇူလိုင်၂၄ ကြာသာ ပတေးနေ့ မှ စ၍ သုံးရက်ကြာ လိုင်ဇာမြို့တွင် ကျင်းပ မည့် တိုင်းရင်း သား တော်လှန်ရေးအဖွဲ့များ၏ ထိပ်သီး ညီလာခံကြီးသို့ ကုလသမဂ္ဂ နှင့် အိမ်နီးချင်း တရုတ်နိုင်ငံမှ တာဝန်ရှိ ပုဂ္ဂိုလ်များ ကို ‘လေ့လာသူ’ အဖြစ် ဖိတ်ကြား ထားကြောင်း သိရပါ သည်။

မကြာသေးခင်က အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြားဆွေးနွေးမှုတွင်လည်း လေ့လာသူအဖြစ် ပါဝင်ခဲ့သော ကုလသမဂ္ဂ ၏ မြန်နိုင်ငံဆိုင်ရာအထူးအကြံပေးတာဝန်ခံ Mr. Vijay Nambiar နှင့် ဒုတာဝန်ခံ Mrs. Mariann Hagen၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ အရာရှိများကိုလည်း ဖိတ်ခေါ်ထားခြင်းဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးတော်ဆောင် PCG အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာ ပြောသည်။

ဗန်းမော်ရှိ ဒုက္ခ သည် စခန်းများ သို့ သွားရောက်လေ့ လာနေ သည့် ကုလ အထူးကိုယ် စားလှယ်၏ ယာဉ်တန်း တောင်ပြို မှုကြောင့် မြစ်ကြီးနား- ဗန်းမော် လမ်းပိုင်း တွင် ပိတ်မိ



(Eleven Media Group)

ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် ဇူလိုင် ၂၂ ရက်က မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းတွင် တောင်ပြိုမှုဖြစ်ပွားခဲ့ရာ ဗန်းမော်ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်လေ့လာနေသော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စရန်းလ်ဟီးလီ၏ ယာဉ်တန်းလမ်းတွင် ပိတ်မိနေကြောင်း သတင်းရရှိသည်။


တောင်ပြိုကျမှု ဖြစ်ပွားသည့်နေရာမှာ ဒေါ့ဖုန်းယန်မြို့နယ် အတွင်းရှိ ခလတောင်ပေါ် လမ်းကြောင်းတွင်ဖြစ်ပြီး နေရာလေးနေရာတွင် တောင်ပြိုမှုဖြစ်ပွားခဲ့ရာ ယင်းလမ်းပိုင်းရှိ နှစ်မိုင်နီးပါးမှာ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရနိုင်သေးကြောင်း မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းမှ ကားသမားများ၏ ပြောပြချက်အရ သိရသည်။

ကချင်ပြည်နယ် အတွင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရေကြီး ကာ မြေပြို သဖြင့် ဂျေယန်း ဒုက္ခသည် စခန်းတွင် လေးနှစ်အရွယ် ကလေးတစ်ဦး အပါအ၀င် ငါးဦးသေဆုံး



(Eleven Media Group)

ကချင်ပြည်နယ်အတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးရှိ ဂျေယန်းဒုက္ခသည်စခန်းတွင် ရေကြီး၍ မြေပြိုမှု ဖြစ်ပွားခဲ့ရာ ဇူလိုင် ၂၂ ရက်က လေးနှစ်အရွယ် ကလေးတစ်ဦး အပါအ၀င် လူငါးဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။


ဇူလိုင် ၂၀ ရက်မှစတင်ကာ မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ဇူလိုင် ၂၂ ရက် နံနက် ၇ နာရီတွင် ချောင်းအနီး တောင်ကုန်းအောက်ခြေတွင် ဆောက်ထားသည့် ဒုက္ခသည်စခန်းတွင် မြေပြိုကျသဖြင့် အိမ်ထောင်စုနှစ်ခု ပေါင်းနေထိုင်သည့် တဲအိမ်တစ်ခုပါသွားကာ လူငါးယောက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း လိုင်ဇာဒုက္ခသည်စခန်းများ စောင့်ရှောက်ဆိုင်ရာ ဥက္ကဋ္ဌ ဦးဒွဲဘီဆားက အတည်ပြုပြောကြားသည်။

Tuesday, July 22, 2014

မိုးသည်းထန်ခြင်းကြောင့် ဂျေးယန့် ဒုက္ခသည်စခန်း မြေပြို၍ လူ ၅ ဦးသေဆုံး

(ကချင်သတင်းဌာန)

ကချင် လွတ်မြောက်ရေး အဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ အနီးရှိ ဂျေယန့် (Je Yang) ဒုက္ခသည် စခန်းတွင် ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၈ နာရီကျော် တွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူ ၅ ဦး သေဆုံးခဲ့ သည်ဟု ဒုက္ခသည် စခန်း တာဝန်ရှိ သူများက ပြောသည်။

ယမန်နေ့ည သန်းခေါင်ယံမှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လိုင်ဇာမြို့မှ ၇ မိုင်ခန့်ရှိ ဂျေယန့် ဒုက္ခသည် စခန်း ၆ အေ ရပ်ကွက်မှ နေအိမ်တလုံးပေါ် မြေပြို၍ နံနက်ထမင်းစားနေသော မိသားစု နှစ်စုမှ လူ ၅ ဦးလုံး သေဆုံးခဲ့ခြင်း ဖြစ်သည်။

တိုင်းရင်းသားထိပ်သီးအစည်းအဝေး တက်ရောက်မည့် ခေါင်းဆောင် ၅ဝကျော် လိုင်ဇာရောက်ပြီ

(Mizzima)

ကချင် လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ ဌာနချုပ်တွင် ကျင်းပမည့် တိုင်းရင်းသားခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ခေါင်းဆောင် ၅ဝ ကျော်သည် ဇူလိုင်လ ၂၁ ရက်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့သို့ ရောက်ရှိနေပြီဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ ဦးလမိုင်ဂွမ်ဂျာက မဇ္ဈိမကို ပြောသည်။

“ ကျွန်တော်တို့ အားလုံးက ၅၂ ဦးရှိတယ်။ မြစ်ကြီးနားကနေ ၁ နာရီမှာ ထွက်လာတာ ဒီမှာ ၅ နာရီလောက်မှာ လိုင်ဇာရောက်တယ်။ အခက်အခဲဘာမှ မရှိဘူး။ ညနေပိုင်း ပဒန်ခန်းမမှာ ကေအိုင်အိုက ဥက္ကဋ္ဌနဲ့ ကော်မတီဝင်တွေနဲ့ တစ်ဦးချင်း မိတ်ဆက်တယ်။ ဒီလောက်ပဲ”ဟု ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

မြစ်ကြီးနားတွင် မိုးသည်းထန်မှုကြောင့် Asia Wings လေယာဉ် လှည့်ပြန်ရ

(DVB)

မန္တလေးမြို့ကနေ မြစ်ကြီးနားမြို့ကို သွားတဲ့ ခရီးသည်တင်လေ ယာဉ်တစီး ရာသီဥတု အခြေ အနေကြောင့် မြစ်ကြီးနား ကို ရောက်ပြီးကာမှ  မဆင်းသက်နိုင်ဘဲ မန္တလေးကို လှည့်ပြန်ခဲ့ရပါတယ်။

Asia Wings လေယာဉ်၊ ခရီးစဉ်အမှတ် YJ 201 ဟာ မန္တလေး ကနေ မြစ်ကြီးနားကို ဒီမနက် ၁၀ နာရီ ၀န်းကျင်လောက်က ထွက်ခွာ တာဖြစ်ပြီး မြစ်ကြီး နားလေယာဉ်ကွင်းပေါ် မှာ မို မိုးသည်းထန်တဲ့ အတွက် လေယာဉ် မဆင်းသက်နိုင်ဘဲ မန္တလေးလေ ယာဉ် ကွင်းကို ပြန် လည် မောင်းနှင်ဆင်းသက်ခဲ့ရတယ်လို့ လေယာဉ်ပေါ်လိုက်ပါလာတဲ့ ဒီဗွီဘီသတင်းထောက်တွေက ပြောပါတယ်။

မြန်မာပြည် မြောက်ပိုင်းမှာ စစ်ပွဲတွေ ထပ်ဖြစ်လာနိုင်လား

(ဧရာဝတီ)
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ် တပ်ဖွဲ့တွေနဲ့ အစိုးရစစ်တပ် အကြား တိုက်ပွဲတွေ နေ့စဉ် ရက်ဆက် ဖြစ်နေပါတယ်။ ဒါ့အပြင် အဲဒီဒေသတွေမှာ လတ်တလောနှစ်ဖက် တပ်တွေအကြား စစ်ပြင်မှု အရှိန်မြင့် လာနေတာကြောင့် ဒီအခြေ အနေတွေ ဟာ ဒေသခံပြည်သူတွေအတွက် စိုးရိမ်ထိတ် လန့်စရာ ဖြစ်နေပါတယ်။

တိုက်ပွဲတွေဖြစ်နေ တဲ့ ရှမ်းပြည် နယ်မြောက် ပိုင်းက မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်၊ ကျောက်မဲ၊ မိုးကုတ်၊ နမ့်ဆန်၊ မိုးမိတ်စ တဲ့ဒေသတွေရဲ့ ရှေ့တန်းနေရာတွေမှာ အစိုးရစစ်တပ်က လက်နက် ခဲယမ်းနဲ့ စစ်သည်အင်အားတွေ ထပ်မံတိုးချဲ့ဖြန့်ချပြီး စစ်ပြင်ဆင်မှုတွေလုပ်လာတဲ့အတွက် မဟာမိတ်တပ်ဖွဲ့တွေ ဘက်က လည်း ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ တိုင်းရင်းသား လက်နက် ကိုင် ခေါင်းဆောင်တွေ နဲ့ ဒေသခံတွေ က ပြောပါတယ်။

အစိုးရစစ်တပ်နှင့် TNLA တိုက်ပွဲများကြောင့် ဒေသခံ နှစ်ဦးသေဆုံး

(ဧရာဝတီ)

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန်ပူးကျေးရွာ တွင် မြန်မာ အစိုးရတပ်နှင့် ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ဇူလိုင် ၁၉ ရက်က တိုက်ပွဲများ ထပ်မံ ဖြစ်ပွားပြီး ဒေသခံ ၂ ဦး သေဆုံးပြီး ၅ ဦးခန့် ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

TNLA အထွေထွေ အတွင်းရေးမှူး တာဘုန်းကျော်က “နေအိမ် ၁၀ လုံးလောက်တော့ ပျက်စီးသွားတယ်။ ဒဏ်ရာရတဲ့ ပြည်သူတွေကိုလည်း ကျနော်တို့ အနေနဲ့ တတ်နိုင်သလောက် ကူညီသွားမှာပါ။ ကျနော်တို့ အနေနဲ့ကတော့ ရွာတွေထဲမှာ ရွာနဲ့နီးတဲ့ နေရာမှာ တိုက်ပွဲမဖြစ်ဖို့ အမြဲရှောင်ပါတယ်။ ရွာကိုထိတဲ့ လက်နက်ကြီးတွေကလည်း အစိုးရတပ်က သုံးတဲ့ ပစ္စည်းတွေပါ” ဟု ဧရာဝတီကို ပြောသည်။

ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်တပ်မတော်နှင့် ပြည်တွင်းငြိမ်းချမ်းရေး (နိဂုံးပိုင်း)

(Mizzima)
Written by  အောင်ဒင် 

တိုင်းရင်းသားလူမျိုးစုများအားလုံး တန်းတူညီမျှမှုနဲ့ ဖွဲ့စည်းတည်ထောင်မည့် ပြည်ထောင်စုနိုင်ငံသစ်မှာ ပြည်ထောင်စုအစိုးရက ပြည်နယ်အားလုံးကို အတိုင်းအတာတစ်ခုအထိ အာဏာတွေ ခွဲဝေအပ်နှင်းသင့်ပါတယ်။ ပြည်နယ်လွှတ်တော်များကို ပြည်နယ်တွင်း လွတ်လပ်သန့်ရှင်းစွာကျင်းပတဲ့ ရွေးကောက်ပွဲများက ရွေးချယ်တင်မြှောက်ခံရတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းပြီး ပြည်နယ်ဆိုင်ရာ ဥပဒေပြု အာဏာတွေ၊ အခွန်အကောက် ကောက်ခံခွင့်အာဏာတွေ အပြည့်အ၀ရှိသင့်ပါတယ်။ ပြည်နယ်ဝန်ကြီးချုပ် ကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲက ရွေးချယ်တင်မြှောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ် အစိုးရအဖွဲ့ကို ပြည်နယ်လွှတ်တော်ရဲ့ သဘောတူညီမှုနဲ့ ဖွဲ့စည်းအုပ်ချုပ်သင့်ပါတယ်။ ပြည်နယ်အစိုးရများ မှာ ပြည်နယ်ဆိုင်ရာ အုပ်ချုပ်ရေးအာဏာတွေ အပြည့်အ၀ရှိသင့်ပြီး အဲဒီအာဏာတွေထဲမှာ ပြည်နယ်လုံခြုံ ရေးအတွက် ပြည်နယ်အဆင့် ရဲတပ်ဖွဲ့နဲ့ ပြည်နယ်စောင့်တပ်ဖွဲ့များ၊ ပြည်နယ်တရားစီရင်ရေးစနစ်အတွက် ပြည်နယ် အဆင့်တရားရုံးများ၊ ပြည်နယ်အဆင့် အကျဉ်းထောင်များ တည်ထောင်အုပ်ချုပ်ခွင့် အာဏာများ ပါဝင်သင့်ပါတယ်။ ပြည်နယ်တရားသူကြီးချုပ်နဲ့ ပြည်နယ်တရားသူကြီးများကိုလည်း ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်လွှတ်တော်ရဲ့ သဘောတူညီမှုနဲ့ ခန့်အပ်တာဝန်ပေးပြီး ပြည်နယ်တရားစီရင်ရေး စီမံခန့်ခွဲသင့်ပါ တယ်။

ခက်ခဲလှတဲ့ ဖက်ဒရယ်အရေးနဲ့ ဒီမိုကရေစီအရေး

(KIC)

(မောင်ကျော်စွာ)

(၂၀၁၄ခုနှစ်၊ ဇူလိုင် ၂၀ရက်)

“တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးစာချုပ်” လက်မှတ်ရေးထိုးနိုင်ဖို့အရေးသည် ခက်ခဲလှသည်။ လွယ်လွယ်နှင့် ဖြစ်မြောက်လာ လိမ့်မည်မဟုတ်ပါ။ အပစ်အခတ်ရပ်စဲရေးစာချုပ်၌ ဤမျှခက်ခဲနေလျှင် အပစ်ရပ်ပြီးနောက် တဆင့်တက် ဆွေးနွေးကြမည်ဆို သော “နိုင်ငံရေးဆွေးနွေးပွဲ”၌ဆိုလျှင် ဆိုဖွယ်ရာမရှိပြီ။

ကုလအထူးကိုယ်စားလှယ် ကချင်ပြည်နယ်သွားရောက်စုံစမ်း

(VOA)

အသစ်ခန့် အပ်လိုက် တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် Ms Yang Hee Lee (ယန်ဟီလီ) ဟာ ဒီကနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို သွားရောက်ခဲ့ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ကချင်ပြည်နယ်တွင်း တရားဥပဒေ စိုးမိုးမှု၊ ကလေးစစ်သားအသုံးပြုမှုနဲ့ ငြိမ်းချမ်းရေးမှာ အမျိုးသမီးများပါဝင်မှု အကြောင်းအရာတွေကို ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံစဉ် မေးမြန်းခဲ့ပါတယ်။ ဒါ့အပြင် စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေကိုလည်း ဆက်လက်သွားရောက်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ အပြည့်အစုံကို ကိုစည်သူက ဆက်သွယ်မေးမြန်းထားပါတယ်။

Monday, July 21, 2014

ကုလအထူးကိုယ်စားလှယ် ဝိုင်းမော်နှင့် ဗန်းမော်ရှိ ကချင်ဒုက္ခသည်များနှင့် တွေ့ဆုံ

(Mizzima)

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ (Ms.Yanghee Lee)သည် ကချင်ပြည်နယ်၊ ဝိုင်းမော်နှင့် ဗန်းမော်က ဒုက္ခသည်စခန်းများကို ဇူလိုင်လ ၂၁ရက်က သွားရောက်ကာ ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။

"ခုဝိုင်းမော်ဘက်က ဒုက္ခသည်တွေဆီသွားနေပါတယ်။ ပြီးတော့ ဗန်းမော်ကို ဆက်သွားနေပါတယ်။ အဲဒီမှာလည်း IDP တွေဆီသွားပါမယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ(ရန်ကုန်)မှ သတင်းနှင့် ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက မဇ္ဈိမကို ပြောသည်။

အပစ်ရပ်ဆွေးနွေးရန် တိုင်းရင်းသားခေါင်းဆောင်များ လိုင်ဇာရောက်

(DVB)

တနိုင်ငံ လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးနိုင်ဖို့နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့  တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့တွေက  ထိပ်သီးခေါင်းဆောင်တွေ ဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဌာနချုပ်  လိုင်ဇာကို ဒီကနေ့ ရောက်ရှိကြပြီဖြစ်ပါတယ်။

အစိုးရနဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ရေးနဲ့ ပတ်သက်လို့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဖွဲ့စည်းထားတဲ့  တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေး ညှိနှိုင်းရေးအဖွဲ့ (အန်စီစီ တီ) အဖွဲ့ ၀င် ခေါင်းဆောင်တွေ ဟာ လာမယ့် ဇူလိုင်လ  ၂၄ ကနေ ၂၆ ရက်နေ့အထိ  လိုင်ဇာ မှာ တွေ့ဆုံဆွေးနွေးကြ ဖို့ ရှိနေတာပါ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ လိုင်ဇာညီလာခံ တက်ရောက် ရန် ထွက်ခွာ

(ကချင်သတင်းဌာန)

ကချင် လွတ်မြောက်ရေး အဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီး ညီလာခံသို့ တက်ရောက်ရန် လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှ ခေါင်းဆောင် များ အသီးသီး ထွက်ခွာလာကြပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်အပတ်မှစ၍ ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ကချင်ပြည်နယ် မြစ်ကြီးနားလမ်း နှင့် အချို့က တရုတ်ပြည်လမ်းဖက်မှ လိုင်ဇာသို့ လာနေကြခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် KIO သတင်းရပ်ကွက်မှ သိရပါသည်။

“စစ်ရေး ဆိုတာက နိုင်ငံရေး ပြဿနာ မဖြေရှင်းနိုင်လို့ ပါလာတာပါ”

(ဧရာဝတီ)

TNLA ၏ ပြန်ကြားရေး ဒုတာဝန်ခံ တာပန်လ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
လက်ရှိတွင် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ် မတော် (TNLA) နှင့် အစိုးရ တပ်မတော် အကြား တိုက် ပွဲများ ဆက်လက် ဖြစ်ပွားနေသည့်အပေါ် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ (UPWC) နှင့် TNLA တို့ တွေ့ဆုံညှိနှိုင်းမှု တစုံတရာ လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ TNLA နှင့် UPWC တို့သည် ၂၀၁၃ ခုနှစ်၊ ဇူလိုင်နှင့် အောက်တိုဘာလတို့တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ ပလောင် (TNLA) နယ်မြေ ဒေသများအတွင်း တိုက်ပွဲများ ဆက်လက် မဖြစ်ပွားစေရေးအတွက် နှစ်ဖက် ညှိနှိုင်းလုပ်ဆောင်ရန်နှင့် နောက်တကြိမ် တွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံးကျင်းပရန်၊ ယင်းတွေ့ဆုံ ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရန်နှင့် အားလုံးပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနိုင်ရန် နှစ်ဖက်ခေါင်းဆောင်များက နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့သည်ဟု ဆိုသည်။

တိုင်းရင်းသားဒေသမှာ တိုက်ပွဲများလျှော့ကျပြီဟု ဦးအောင်မင်းပြော

(သျှမ်းသံတော်ဆင့်)

တနင်္ဂနွေနေ့ ဂျူလိုင်လ ၂၀ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒု-ဥက္ကဌ ဦးအောင်မင်းက လွှတ်တော် ကိုယ်စားလှယ်များအား ဖိတ်ခေါ်ပြီး တည်ဆောက်နေသော ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်များကို ရှင်းပြ ပြောဆိုခဲ့သည် ဟု ဆိုပါသည်။
“ လိုင်ဇာမှာဆွေးနွေးပြီးရင်တော့ ဒီ ၂၀၁၄ မှာ တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်နိုင်မယ်။ ၂၀၁၅ မှာ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမယ် - လို့ဦးအောင်မင်းကပြောတယ်။ လက်ရှိအနေအထားမှာ အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားတပ်ဖွဲ့တို့အကြား ပစ်ခတ်မှုလျော့ကျ လာ တယ်လို့လည်းပြောတယ်။ အရင်က တပတ်မှာ တိုက်ပွဲပေါင်း အကြိမ် ၄၀၀ ကျော်တယ်။ အခု ၄ လ ပတ်အစည်းအဝေးအရ ကချင်တိုက်ပွဲမှာ ၄ လ အတွင်း အကြိမ် ၂၀၀ ဘဲရှိတော့တယ်။ ဟိုတုန်းကနဲ့ ယှဉ်ရင် ၃.၅ % ဘဲ ရှိတော့တယ် လို့ - ဦးအောင်မင်းကပြော သွားတယ်” ဟု အစည်းအဝေးတက်ရောက်သည့် ပြည်သူ့လွှတ်တော်အမတ်တဦးက ပြောသည်။

နမ်းခမ်းမြို့နယ် မန်ပူးရွာ တအန်းတပ်မတော်နှင့် မြန်မာစစ်တပ်တိုက်ပွဲဖြစ်စဉ်အကျဉ်း

၂၀ ရက် ဇူလိုင်လ ၂၀၁၄ ခုနှစ်

 

လွန်ခဲ့သည် ၁၇ ရက်နေ့ကတည်းကပင် တအန်းတပ်မတော် တပ်မဟာ (၁)သည် နမ်းခမ်းမန်ပူးရွာသို့ ရောက်ရှိပြီးလူထုစည်းရုံးရေး၊မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက်ကျေးရွာလူထုများနှင့်တွေ့ဆုံရန်စီစဉ်ထား သည်။

သို့သော် ရွာသားအများစုမှာ တောင်ယာ လယ်ယာ မီးသွေးဖုတ်စသည့် လုပ်ငန်းဂွင်တွင် ရောက်ရှိ နေကြ သည့်အတွက် ရွာသားများစုံလင်အောင် စုစည်းလှုံ့ဆော်စောင့်ရင်း ရွာတွင် ယာယီအခြေချထားနေခိုက် ယမန်နေ့ညတွင် မြန်မာစစ်တပ်သည် မိုင်းဝီးလမ်းကြောင်းမှ တက်လာပြီး ပစ်ခတ်တိုက်ခဲ့သည်။

လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ ညီလာခံ တက်ဖို့ မြစ်ကြီးနား ရောက်

(RFA)

ကချင် လွတ်မြောက်ရေး အဖွဲ့ ကေအိုင်အို ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့ မှာ ဒီလ ၂၄ ရက်နေ့ ကနေ ၂၆ ရက်နေ့ အထိ သုံးရက်ကြာ ကျင်းပမယ့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေရဲ့ ညီလာခံ ကို တက်ရောက် ဖို့အတွက် လက်နက်ကိုင် အဖွဲ့ ကိုယ်စား လှယ်တွေ ဟာ မြစ်ကြီးနားမြို့ ကို ရောက်ရှိနေ ပါတယ်။
ဒီတစ်ကြိမ် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့တွေရဲ့ ညီလာခံဟာ အရေးကြီးတဲ့ အကြောင်း မြစ်ကြီးနားမြို့ အခြေစိုက် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ PCG က ဦးဆန်းအောင် က အခုလို ပြောပါတယ်။

Sunday, July 20, 2014

ငြိမ်းချမ်းရေးဖြစ်စဉ် တိုင်းရင်းသားအမတ်တွေကို ရှင်းလင်းတင်ပြ

(DVB)

မြန်မာ ငြိမ်းချမ်းရေး စင်တာနဲ့ တိုက်ပွဲဖြစ် ပွားနေ တဲ့ပြည်နယ်တွေ က လွှတ်တော် အမတ်တွေ ပထမဆုံး အကြိမ် တွေ့ဆုံပြီး ငြိမ်းချမ်းရေးဖြစ် စဉ်တွေ ကို ရှင်းလင်း ဆွေးနွေး ခဲ့ကြပါတယ်။

ဇူလိုင် ၂၀ ရက် က နေပြည်တော် ရွှေဧည့်သည် ဟိုတယ်မှာ ပြုလုပ် ခဲ့တဲ့ ဆွေးနွေးပွဲကို ငြိမ်းချမ်းရေး စင်တာ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင် တက်ရောက်ခဲ့ပြီး တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် ၄၀ လောက် တက်ရောက်ဆွေးနွေး ခဲ့ကြတယ် လို့ ငြိမ်းချမ်းရေးစင်တာက အထူးအကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။ ဆွေးနွေးပွဲလုပ်ရတဲ့ အဓိက အကြောင်းအရင်းကိုလည်း သူက ခုလို ရှင်းပြပါတယ်။

မန္တလေးတိုင်းဒေသကြီး မိုးကုတ်နယ်တွင် တအန်းတပ်မတော်နှင့် မြန်မာစစ်တပ် တိုက်ပွဲဖြစ်ပွား

၂၀ ရက် ဇူလိုင်လ ၂၀၁၄ ခုနှစ်

မန္တလေး တိုင်းဒေသကြီး မိုးကုတ်မြို့နယ် ရွှေညောင် ပင်ရွာနှင့် ဆိုင်းလိန်ရွာ အကြားတွင် တအန်းတပ်မတော် တပ်မဟာ (၂ )နှင့် မြန်မာစစ်တပ် ခလရ တပ်ရင်း (၇၁)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

မြန်မာစစ်တပ်မှာ တပ်ရင်းမှူးဗိုလ်မှူး စိုးအောင် ဦးဆောင်သော ခလရ (၇၁)ဖြစ်ပြီး တအန်းဘက်တွင် TNLA တပ်မဟာ (၂ ) အောက်ရှိ တပ်ရင်း (၅၂၇)တို့ဖြစ်သည်။

မန်ပူးရွာတွင်း ခလရ ၁၄၄ မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ရွာသားတစ်ဦး သေဆုံးပြီး (၂ )ဦးပြင်းထန်စွာ ဒဏ်ရာရ

၂၀ ရက် ဇူလိုင်လ ၂၀၁၄ ခုနှစ် 

ယမန်နေ့ညတွင် မန်ပူးကျေးရွာအနီး TNLA တပ်မတော် တပ်မဟာ (၁)နှင့် တိုက်ပွဲဖြစ်စဉ်အတွင်း မန်တပ်ရွာ အခြေစိုက် ခလရ ၁၄၄ မှ ပစ်ခတ်လိုက်သော လက်နက်ကြီးများသည် ရွာအတွင်းသို့ ကျရောက်ပြီး လူနေအိမ် ၁ အိမ်ပျက်စီး၍ အိမ်ထဲတွင် ရှိနေသော မိသားစုဝင်များဖြစ်သည့် တားကူန်းအေးကွဲ့ အသက် (၅၀)ခန့် သေဆုံးပြီး ၎င်း၏ဇနီး ယာမားအေးကွဲ့ နှင့် မိုင်းအိုက်ညမ်းထူန်း တို့ ဒဏ်ရာ ပြင်းထန်စွာ ရကြသည့်အတွက် နမ်းခမ်းဆေးရုံသို့ တင်ထားရသည်။ 

မြန်မာ့စစ်တပ်မှ တအန်းတပ်မတော်အား ပြင်းထန်စွာ ထိုးစစ်ဆင် နောက်ဆက်တွဲသတင်း

20 July 2014 post by TNLA 
ယနေ့ ဇူလိုင် (၂၀) နံနက် ၀၅း၃၀ ခန့်တွင် မြန်မာစစ်တပ်မှ တအန်းတပ်မတော် တပ်မဟာ(၁)အား ထပ်မံ တိုက်ခိုက်နေသည်။

တိုက်ပွဲမှာ ၀၅း၃၀ မှ ၀၆း၃၀ အထိ တစ်နာရီကျော် အပြန်အလှန် ပစ်ခတ်ကြပြီး တိုက်ပွဲငြိမ်သက်သွားခဲ့သည်။

ထိုနောက် ၀၈း၀၀ အချိန်အတွင် မြန်မာတပ်မှ ထိုးစစ်တိုးမြှင့်ပြီး ပစ်ခတ်မှုများ ပြန်လုပ်လာနေသည့်အတွက် ဤသတင်းထုတ်ပြန်နေသည့်အချိန်အထိ သေနတ်သံများ ကြားရနေဆဲဖြစ်သည်။

တရုတ်နယ်စပ် နမ်းခမ်းနယ်တွင် မြန်မာစစ်တပ်မှ တအန်းတပ်မတော်အား ၀င်ရောက်တိုက်ခိုက်

နမ်းခမ်းမြို့နယ် မန်ပူးရွာတွင် တအန်းတပ်မတော် တပ်မဟာအမှတ် (၁)မှ လူထုတွေ့ဆုံပွဲနှင့် နယ်မြေစိုးမိုးရေး ၀င်ရောက် လှုပ်ရှားနေစဉ် ယနေ့ည ၈း၃၀တွင် မိုင်းဝီးနယ်မှ တတ်လာသည့် မြန်မာစစ်တပ်မှ လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 

တအန်းတပ်မတော် တပ်မဟာအမှတ် (၁)သည် လွန်ခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့ကတည်းကပင် မန်ပူးရွာတွင် လာရောက်ပြီး ကျေးရွာလူထုများနှင့် တွေ့ဆုံပြီး နယ်မြေစိုးမိုးရေး၊ ကျေးရွာအုပ်စုအတွင်း မူးယစ်ကင်းစင်ရေး လှုပ်ရှားမှုးများ ဖော်ဆောင်နေခဲ့ပြီး မြန်မာစစ်တပ်မှ မန်ပူးရွာနှင့် မဝေးသော မိုင်းဝီးကျေးရွာတွင် စစ်ကြောင်းတစ်ကြောင်း၊ ပန်ဆေးကျော်မြင့် တောင်ကုန်းတွင် စစ်ကြောင်းတစ်ကြောင်း လာရောက် ယာယီအခြေစိုက်နေပြီး ယခုညတွင် တအန်းတပ်မတော်အား ၀င်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မန်ပူးရွာအနီးတွင် မြန်မာ့စစ်တပ် ခလရ တပ်ရင်းအမှတ် (၁၄၄)လည်း အခြေစိုက် တပ်ရင်း စခန်းတည် ရှိထားသည်။ 

NCCT အဖွဲ့ဝင် လက်နက်ကိုင် ထိပ်သီး အစည်းအဝေးသို့ CNF တက်ရောက်မည်

ခိုနူမ်းထုန် သတင်းဌာန

ယခုလ ဇူလိုင် ၂၄ ရက်နေ့မှ စတင်ကျင်းပမည့် Nation Wide Cease fire Coordination Team (NCCT) အဖွဲ့ဝင် လက်နက်ကိုင် ထိပ်သီး အစည်းအဝေးသို့ ချင်း အမျိုးသားတပ်ဦး ( CNF) မှ ထိပ်သီးခေါင်းဆောင် (၅) ဦး တက်ရောက် ကြမည်ဟု သိရသည်။

ကေအိုင်အို ( KIO) ဗဟိုဌာနချုပ် လိုင်ဇာတွင် ကျင်းပမည့် အဆိုပါ အစည်းအဝေးသို့ ချင်းအမျိုးသားတပ်ဦး အလှည့် ကျ ဥက္ကဌ ဒေါက်တာဇလှေထန်း အပါအ၀င် အထွေထွေအတွင်းရေးမှူးချုပ် ပူး ဇင်ကျုံး၊ အဓိပတိကောင်စီဝင်များ ဖြစ် သည့် ပူး ထန်ယဲန် နှင့် ပူး ထန်းနိန်ကီး၊ နိုင်ငံခြားရေးအတွင်းရေးမှူး ဆလိုင်း တလာဟဲတို့ တက်ရောက်ကြမည် ဖြစ် သည်။