Saturday, July 19, 2014

KIA,တပ်ရင်း (၆)ဖားကန့် ဒေသ တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွား

(Lachid Kachin)

KIA,တပ်မဟာ(၂) လက်အောက်ခံ၊ KIA,တပ်ရင်း(၆)ဒေသဖြစ် သော 
ကချင် ပြည်နယ် ဖားကန့် ကျောက်စိမ်းမော် တွင်တိုက်ပွဲများ ဖြစ်ပွားမှု 
(၁)နှစ်ကျော်ကြာရပ်တန့် နေ ခဲ့သော ဖားကန့် ဒေသ တွင် ဇူလိုင် 
(၁၆)ရက် မနေ့ က မနက်ပိုင်း ( ၉း၀၀)နာရီခန့် တွင် ဥရု ဆိုင်းတောင် 
- ဂွေခါ ကျေးရွာ အနီးတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး အစိုးရတပ်
ဘက် မှ ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်းသတင်းရရှိပါသည်။

Friday, July 18, 2014

ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်တပ်မတော်နှင့် ပြည်တွင်းငြိမ်းချမ်းရေး (အပိုင်း - ၄)

(Mizzima) Written by  အောင်ဒင်

အမေရိကန်ပြည်ထောင်စု၏ ပြည်ထောင်စုတပ်မတော်နှင့် ပြည်စောင့်တပ်ဖွဲ့များ

အမေရိကန်ပြည်ထောင်စုရဲ့ ပြည်ထောင်စုတပ်မတော်ကို ကြည်းတပ် (The Army)၊ ရေတပ် (The Navy)၊ လေတပ် (The Air Force)၊ မရိန်းတပ် (The Marine Corps)၊ ပြည်စောင့်တပ် (National Guard) များနဲ့ ဖွဲ့စည်းထားပြီး ၎င်းတပ်ဖွဲ့များအားလုံးဟာ အရပ်သားအစိုးရအုပ်ချုပ်ရေးအောက်မှာ လုံးဝ တည်ရှိပါတယ်။ ပြည်ထောင်စုတပ်မတော် (သို့မဟုတ်) လက်နက်ကိုင် တပ်ဖွဲ့များအားလုံးရဲ့စစ်ဦးစီးချုပ် (Comman-der- in - Chief) ဟာ နိုင်ငံတော်သမ္မတ ဖြစ်ပါတယ်။

သြဂုတ် သို့မဟုတ် စက်တင်ဘာတွင် တစ်နိုင်ငံလုံး အပစ်ရပ်ရေး လက်မှတ်ရေးထိုးနိုင်မည်ဟု ဆိုပြန်

(Mizzima)

လိုင်ဇာမြို့တွင် ဇူလိုင် နောက်ဆုံးပတ်၌ ကျင်းပမည့် တိုင်းရင်းသားခေါင်းဆောင်များ အစည်းအဝေးပြီးလျှင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် ရန်ကုန်မြို့တွင် ထပ်မံညှိနှိုင်းရန်ရှိနေပြီး ကျန်ရှိနေသည့်အချက် ၃၁ ချက်ကို ဆွေးနွေးပြီးပါက တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်ရပ်စဲရေး သဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ပြီဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက လွှတ်တော်တွင် မီဒီယာများကို ပြောသည်။

“လိုင်ဇာမှာ အချက်တွေ ဆွေးနွေးပြီးခါမှ ကျွန်တော်တို့နဲ့ ဆွေးနွေးဖို့ရှိပါတယ်။ ကျွန်တော်တို့ပါမယ်။ လွှတ်တော် ဦးသိန်းဇော်တို့ ဦးစီးတဲ့အဖွဲ့ပါမယ်။ တပ်မတော်က ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းဦးစီးတဲ့ အဖွဲ့တွေ ပါမယ်။ ရန်ကုန်မှာ ဆွေးနွေးပွဲကို လုပ်နိုင်တယ်ဆိုရင်တော့ သြဂုတ်လကုန်နဲ့ စက်တင်ဘာလလောက်တော့ ထိုးဖြစ်မှာပေါ့”ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဆိုသည်။

Thursday, July 17, 2014

ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်တပ်မတော်နှင့် ပြည်တွင်းငြိမ်းချမ်းရေး (၁) (၂) (၃)

(အောင်ဒင်) (Mizzima)

လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကအမေရိကန်ပြည်ထောင်စုက ထင်ရှားတဲ့ အထက်လွှတ်တော်အမတ် ကြီး မစ်ခ်ျမက် ကော်နယ်လ် (Senator Mitch Mc Connell) က စစ်အစိုးရခေတ် မြန်မာနိုင်ငံရဲ့ အဓိက ထုတ်ကုန်သုံးမျိုးဟာ မူးယစ်ဆေးဝါး၊ ဒုက္ခသည်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်တယ်လို့ မှတ်ချက်ပေး ခဲ့ဖူးပါတယ်။အဲဒီလို မှတ်ချက်ပေးရလောက်အောင်ကိုလည်း မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘိန်းနဲ့ မူးယစ် ဆေးဝါးအများဆုံး စိုက်ပျိုး၊ ထုတ်လုပ်၊ ဖြန့်ဖြူးရာနိုင်ငံတစ်ခု ဖြစ်ခဲ့ပါတယ်။ ပြည်တွင်းစစ်ကြောင့် မိမိတို့နေ ထိုင်ရာ အိုးအိမ်၊ ဒေသများကိုစွန့်ခွာပြီး၊ ဒါမှမဟုတ် မောင်းထုတ်ခံရပြီး တောထဲတောင်ထဲမှာ၊ နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ထွက်ပြေးခိုလှုံရသူ ဒုက္ခသည်အများဆုံးရှိတဲ့နိုင်ငံ ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေးအယူ အဆ ကွဲလွဲမှု၊ အာဏာရှင်စနစ်ကို လက်မခံ၊ ဆန့်ကျင်မှုကြောင့် အာဏာရှင်များက ဖမ်းဆီးနှိပ်စက်ပြီး အကျဉ်းချခံကြရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အများဆုံးရှိရာနိုင်ငံ ဖြစ်ခဲ့ပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးအတွက် ဘာတွေအကြံပြုနိုင်

(VOA)

ဒီတပတ် မြန်မာ့ မျက်မှောက်ရေးရာ ဆွေးနွေးခန်း အစီအစဉ်မှာ အမေရိ ကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီကို ရောက်ရှိလာတဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကောင်စီ အထူးအကြံပေး ပုဂ္ဂိုလ် ဒေါက်တာဒေါ်ရင်ရင်နွယ် နဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကိစ္စတွေ ကို ဦးကျော်ဇံသာ နဲ့ တွေ့ဆုံဆွေးနွေး တင်ပြထားပါ တယ်။

ဦးကျော်ဇံသာ ။ ။ ဆရာမက မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးကောင်စီ အထူးအကြံပေးပုဂ္ဂိုလ် ဖြစ်တယ်ဆိုတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ မေးပါရစေ။ ဆရာမကိုယ်တိုင် ကုလသမဂ္ဂရဲ့  တာဝန်ရှိတဲ့ပုဂ္ဂိုလ်တဦးအနေနဲ့ တရုတ်ပြည်လို နိုင်ငံမျိုးမှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့တယ်။ နောက်တခါ အာဖရိကနိုင်ငံတွေလည်း အများကြီး လှည့်လည်ခဲ့တယ်။ တရုတ်တို့၊ အာဖရိကနိုင်ငံတို့ဟာ နိုင်ငံတကာမှာ လူ့အခွင့်အရေးတို့နဲ့ ပတ်သက်ပြီး အများဆုံး ဝေဖန်ခံရတဲ့နိုင်ငံတွေ ဖြစ်ပါတယ်။ အခုတခါ ဆရာမ မြန်မာနိုင်ငံကို ရောက်လာတော့လည်း ရခိုင်မှာဖြစ်တဲ့ လူမျိုးရေး၊ ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခ စုံစမ်းရေးအဖွဲ့မှာ ဆရာမကိုယ်တိုင်ပါတယ်။ အဲဒီအဖွဲ့မှာ ဆရာမ တွေ့ရတဲ့ ရခိုင်က ဆရာမရဲ့  သုံးသပ်ချက်တွေနဲ့ ကုလသမဂ္ဂက ရခိုင်အရေးအပေါ် သုံးသပ်ချက်တွေ ဘာကြောင့် ကွာဟနေရသလဲလို့ ပြောနိုင်ပါသလဲ။

လိုင်ဇာထိပ်သီး စည်းဝေးတက်ရောက်မည့် KNU ကိုယ်စားလှယ် ၅ ဦး ရွေးချယ်

(ကချင်သတင်းဌာန)

တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်း များ၏ ထိပ်သီး အစည်းအဝေး သို့ တက်ရောက် မည့် ကရင် အမျိုးသား အစည်းအရုံး KNU ကိုယ်စား လှယ် ၅ ဦး တက်ရောက် ရန် ရွေးချယ် လိုက်သည်ဟု KNU ၏ စည်း ရုံးရေးနှင့် ပြန်ကြားရေး တာ ဝန်ခံ ပဒိုစောလှထွန်း က ပြော သည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဒုတိယ မူကြမ်းအပေါ် ဆွေးနွေး သုံးသပ်ရန် ဇူလိုင်လ ၁၄ ရက်မှ ၁၆ ရက်နေ့ထိ သုံးရက်ကြာ ကရင်ပြည်နယ် ဘာအံခရိုင် KNU ဗဟိုဌာနချုပ် တပ်မဟာ ၇ နယ်မြေ လောခီးလာတွင် ကျင်းပသော KNU ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးတွင် ၄င်းတို့ ငါးဦးအား ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

Wednesday, July 16, 2014

ရှမ်းမြောက်ပိုင်း အစိုးရနှင့် KIA တိုက်ပွဲပြန်ဖြစ်

(ကချင်သတင်းဌာန)

ရှမ်းပြည်မြောက် ပိုင်း ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ KIA တပ်မဟာ (၄) နယ်မြေ မုန်ကိုးဒေသ နှစ်နေရာ တွင် ပြီးခဲ့သည် ၂ ရက်မှ တိုက်ပွဲများပြန် လည်ဖြစ် ပွားနေကြောင်း သိရသည်။

ဇူလိုင်လ ၁၄ ရက်နေ့ ယမန်နေ့တွင် ပန်ဆိုင်း (ကြူကုတ်) မှ မုန်ကိုးဒေသသို့ တက်လာသော အစိုးရစစ်ကြောင်းအား ခလွမ် အလွန် ကောင်းဂွေ၊ ခကျန်ခ နေရာတွင် KIA တပ်ရင်း ၃၆ က အချိန်တိုပစ်ခတ်ခဲ့သည်ဟု မုန်ကိုးဒေသခံ KIA အရာရှိတဦး KNG ကချင်သတင်းဌာန သို့ အတည်ပြုပြောဆိုသည်။

Tuesday, July 15, 2014

မြန်မာစစ်တပ်များ အချင်းချင်း ပစ်ခတ်မှုကြောင့် (၂၀)ဦးထက်မနည်း ဒဏ်ရာရ

(Lachid Kachin) (Myutsawkasa)

ယခုရက်ပိုင်း မြန်မာစစ်တပ်၏ စစ်ရေးလှုပ်ရှားမှု


ပြီးခဲ့သည့် ၂၀၁၄၊ဇွန်လိုင် (၁၁)ရက်နေ့ က ရှမ်းပြည်မြောက်ပိုင်း KIA တပ်ရင်း 
(၃၈)နယ်မြေ ပန်ဆတ် နှင့် ခီးလာပါ ကျေးရွာ အကြား KIA တပ်ရင်း(၃၈)တပ်ဖွဲ့ 
ဝင်များ နှင့် အင်အား (၁၀၀)ကျော်ဖြင့် စစ်ကြောင်းထိုး တက်လာသော မြန်မာ
စစ်တပ် တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွား ခဲ့ရာ အစိုးရတပ် မှ ထိခိုက်ကျဆုံးမှု များ
ခဲ့ပြီး စစ်ကူရန် ထပ်မံတက်လာသော စစ်ကြောင်း နှင့် ၄င်းတို့ တပ်အချင်းချင်း 
မှားယွင်း ပစ်ခတ်မှုကြောင့် အနဲဆုံး (၂၀) ဦးထက်မနည်း ထိခိုက်သွားကြောင်း သိရသည်။

Monday, July 14, 2014

အပစ်အခတ်ရပ်ပြီး တိုင်းရင်းသားများ၏ ပြဿနာများ ဖြေရှင်းရန် သမ္မတ ဦးသိန်းစိန်၏ သဘောထားကို MPC တင်ပြ

(ကချင်သတင်းဌာန)

တိုင်းရင်းသားများ၏ အခြေခံ ပြဿနာအား အကောင်းဆုံး ဖြေရှင်းရန် သမ္မတ ဦးသိန်းစိန်က ဆန္ဒ ရှိနေကြောင်း မြန် မာငြိမ်းချမ်းရေး စင်တာ MPC က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ယမန်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံတင်ပြခဲ့သည်ဟု NCCT ၏ ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ပြောသည်။

သမ္မတ  ဦးသိန်းစိန်နှင့် MPC အဖွဲ့ဝင်တို့ ရန်ကုန်မြို့တွင် ဇူလိုင် ၁၂ ရက်နေ့က တွေ့ဆုံခဲ့ပြီး သမ္မတ ဦးသိန်းစိန်က တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲနိုင်ရေး လက်မှတ်ထိုးပြီးနောက် တိုင်းရင်းသားများ၏ အခြေခံ ပြဿနာကို ဖြေရှင်ရန် ဆန္ဒရှိနေသည်ဟု MPC က လာရောက် ရှင်းပြခဲ့ခြင်း ဖြစ်သည်။

NCCT ထိပ်သီး ညီလာခံ လိုင်ဇာမှာပြုလုပ်ဖို့ ပြင်ဆင်နေ

(ကချင်သတင်းဌာန)

တိုင်းရင်း သား လက်နက် ကိုင်တော် လှန်ရေး အဖွဲ့များ၏ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး အဖွဲ့ (NCCT) ထိပ်သီး ညီလာခံကို ယခု လနောက်ဆုံး အပတ်လောက်မှာ ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ဗဟို ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့၌ ပြုလုပ် သွားကြရန် ပြင်ဆင်နေကြောင်း သိရပါသည်။

အကြမ်းအားဖြင့် ဇူလိုင်လ (၂၄-၂၅) ရက်အတွင်း သတ်မှတ်ထားကြကြောင်းနှင့် ဆွေးနွေးပွဲတက်ရောက် ကြမည့် အဖွဲ့ဝင်များ၏ အမည်စရင်းများ ကောက်ခံလျှက်ရှိနေကြောင်း လိုင်ဇာမှ KIO အရာရှိများ ပြောပါသည်။

Sunday, July 13, 2014

ကျောက်စိမ်း တူးဖော်ရေး ပြန်စမည်

(Irrawaddy)

ကမ္ဘာပေါ်တွင် ကျောက်စိမ်း အများဆုံး ထုတ်လုပ်ပေးနေ သည့် နေ ရာဖြစ်သော မြန် မာနိုင်ငံမြောက် ပိုင်းတွင် ကျောက် မျက် တူးဖော်ရေး ကုမ္ပဏီ များ မကြာမီ လုပ်ငန်း များ စတင်နိုင်တော့ မည်ဟု သိရသည်။ လက်နက်ကိုင် ပဋိပက္ခများကြောင့် ၂ နှစ်ကြာ ရပ်ဆိုင်းထားရခြင်း ဖြစ်သည်။

သယံဇာတ အရင်းအမြစ် ကြွယ်ဝသည့် ကချင်ပြည်နယ်တွင် စက်တင်ဘာလ ၁ ရက်နေ့မှ စတင်၍ အသေးစားနှင့် အကြီးစား တူးဖော်ရေး လုပ်ငန်းများ ပြန်လည် စတင်နိုင်မည်ဟု သတ္တုတွင်း ၀န်ကြီးဌာနက ဇူလိုင်လ ၈ ရက်နေ့ တွင် ထုတ်ပြန်ကြေညာခဲ့သည်။