Saturday, July 12, 2014

အစိုးရတပ် ဖမ်းဆီးထားသော အရာရှိနှစ်ဦးအား လွှတ်ပေးရန် KIO တောင်းဆို

(ကချင်သတင်းဌာန)

အစိုးရ တပ်များ လက်ရှိ ဖမ်းဆီးထား သည့် ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) တပ်ရင်း (၆) မှ အရာ ရှိနှစ်ဦးအား ပြန်လည် အပ်နှံပေးရန် လိုင်ဇာ ဗဟိုဌာန ချုပ်မှ တရားဝင် တောင်းဆို ထားကြောင်း သိရပါ သည်။

ဇူလိုင် ၅ ရက် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနာတွင် ပြုလုပ်ခဲ့သည့် အစိုးရတပ်နှင့် KIA နှစ်ဖက်ကိုယ်စားလှယ်များ ပါဝင်သော ‘ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးကော်မတီ’ ၏ လစဉ်အစည်းဝေးတွင် အဖမ်းခံ KIA အရာရှိနှစ်ဦးအား ပြန်လည် အပ်နှံပေးရန် တင်ပြခဲ့ကြောင်း KIA ဘက်မှ ကော်မတီဝင်တစ်ဦးဖြစ်သော ဒုဗိုလ်မှူးကြီး နော်ဘို က ပြောပါသည်။

ကားမိုင်း-တနိုင်းလမ်း ပြေးဆွဲနေသူ ဦးလရော်အား အစိုးရတပ် ဖမ်းဆီး

(ကချင်သတင်းဌာန)

ကားမိုင်း-တနိုင်း လမ်း လိုင်းဆွဲနေသည့် ကားသမား ဦးလရော် (Slg. La Raw) အား ဇူလိုင် လဆန်း (၈) ရက်၊ အင်္ဂါနေ့တွင် ၄င်း၏နေအိမ် တည်ရှိရာ ကားမိုင်းမြို့ နယ်ခွဲ မြစိမ်းရောင် ရပ်ကွက်မှ အစိုးရတပ်များ ဖမ်းဆီး သွားကြောင်း ဒေသခံများမှ သိရသည်။

အသက် ၄၀ ကျော် သား/သမ္မီး (၄) ယောက်၏ဖခင် ဦးလရော်အား ကားမိုင်း အစိုးရစစ်တပ် ဗျူဟာကုန်းမှ တပ်ဖွဲ့ဝင်များ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံတဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။