Tuesday, July 1, 2014

မြစ်ဆုံစီမံကိန်းပြန်လုပ်မည် မလုပ်မည်သည် မြန်မာအစိုးရနှင့်သာ ဆိုင်ကြောင်း CPI ပြော

(Kachin Waves)

မြစ်ဆုံစီမံကိန်းကြောင့်ပြောင်းရွှေ့ခံထားရသူများအား ယခုထိ အကူအညီများပေးနေသော်လည်း စီမံကိန်းအား ပြန်လည်အကောင်အထည်ဖော်နိုင်ရန် ရည်ရွည်ချက်ကြောင့်မဟုတ်ကြောင်း စီမံကိန်းပြန်လည်လုပ်နိုင် မလုပ်နိုင်မှာ မြန်မာအစိုးရသာ ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း CPI ကုမ္ပဏီမှ မြစ်ကြီးနားဆက်ဆံရေးရုံတာဝန်ခံမှ ဆိုသည်။

“ရေကာတာ ပြန်လုပ်ဖို့ဆိုတာ ဗမာပြည်က အစိုးရကပဲ ဆုံးဖြတ်နိုင်တယ်။ ကျွန်တော်တို့က စီဉ်းစားလို့လဲမရဘူး။ ဆုံးဖြတ်လို့လည်းမရဘူး။ ကျွန်တော်တို့က မြန်မာအစိုးရရဲ့ဆုံးဖြတ်ချက် ပြည်သူလူထုရဲ့ဆုံးဖြတ်ချက်ကိုလေးလေးစားစားလက်ခံမယ်။”ဟု CPI ကုမ္ပဏီမှ မြစ်ကြီးနားဆက်ဆံရေးရုံတာဝန်ခံမှ ဇွန်လ ၂၅ ရက်နေ့က အောင်မြင်သာကျေးရွာဒေသခံများအား ဆန်အိတ်လှူဒါန်းစဉ် ပြောဆိုခဲ့ သည်။

မိုးသည်းပြီး ဥရုချောင်းရေလျှံသဖြင့် ဖားကန့်မြို့ ရပ်ကွက်အချို့ ရေမြုပ်

(7 days)

မိုးသည်းထန်စွာ ရွာသွန်း ပြီး ဥရုချောင်းရေလျှံသဖြင့် ဖားကန့်မြို့ပေါ်ရှိ ရပ်ကွက်သုံးခု တွင် ဇွန်လ ၂၉ ရက် နံနက်မှ စတင်ကာ ရေကြီး နစ်မြုပ်မှုများ ကြုံတွေ့နေရကြောင်း သတင်း ရရှိသည်။

ဖားကန့်မြို့အထက်ပိုင်းရှိ ကန်စီးဒေသတွင် မိုးသည်းထန် စွာ ရွာသွန်းခဲ့သဖြင့် တောင်ကျ ချောင်းရေများ ဥရုချောင်းအတွင်း စီးဆင်းပြီး ချောင်းရေလျှံကာ ဖားကန့်မြို့ပေါ်ရှိ ရပ်ကွက်များ ဖြစ်သည့် ငှက်ပျောတော၊ မြို့မ နှင့် အေးသာယာရပ်ကွက်များ တွင် အိမ်ခြေတစ်ရာကျော် ရေနစ် မြုပ်နေကြောင်း ဖားကန့်မြို့မရဲ စခန်းနှင့် ဒေသခံများက ပြော သည်။

SSPP/SSA နှင့် တိုက်ပွဲဖြစ်ပွားမှု အစိုးရစစ်တပ်မှ ၈ ဦးကျဆုံး

(ဧရာဝတီ)

ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) ထိန်းချုပ် နယ်မြေအတွင်းမှာရှိတဲ့ တာ့ဖာဆောင် တံတား အနီးမှာ အစိုးရ စစ်တပ်နဲ့ ရှမ်းတပ်ဖွဲ့တွေ  ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရ စစ်တပ်ဘက်က ၈ ဦးကျဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရရှိ သွားတယ်လို့ SSPP/SSA က ပြောပါတယ်။

မိုးတွင်းကာလ ကချင် ဒုက္ခသည် စခန်းများတွင် စားနပ်ရိက္ခာ ပြတ်လပ်

(ဧရာဝတီ)

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ဘေးရှောင် ဒုက္ခသည် စခန်းများတွင် မိုးတွင်းကာလ စားနပ်ရိက္ခာ ပြတ်လပ် မှုနှင့် အမိုးအကာ မလုံလောက်မှု ပြဿနာများ ကြုံတွေ့နေရပြီး ဒုက္ခသည် ထောင်ပေါင်းများစွာ အခက်အခဲများ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။