Friday, June 27, 2014

မန်ဝင်း ရွာသားများကိုယ်တိုင် မူးယစ်ဆေးသမားများအား ဖမ်းဆီးကာ ပညာပေး

(ကချင်သတင်းဌာန)

ဇွန်လ ၂၃ ရက် က ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရှိ မန်ဝင်းရွာသား များသည် မိမိရွာ အတွင်း မူးယစ်ဝါး သုံးစွဲသူ အယောက် ၄၀ ကျော်ကို ဖမ်းဆီးကာ ပညာပေးခြင်း အစီအစဉ် တရပ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

တစ်ရက် အတွင်း ၄င်း တို့ ဖမ်းမိထား ကြသော ဆေးသမား များအား မူးယစ်ဆေးဝါး ဆက်လက် မသုံးစွဲအောင် နှုတ်က ပတ်တော်ဟောပြောခြင်းနှင့်အတူ တချို့ ကို ကြိမ်ဒဏ်ပေးကာ အားလုံးကိုပြန် လွတ်ပေးကြောင်း ရပ်ကွက် အသင်းတော်လူကြီး ဦးဇော်ဆိုင်း KNG ကချင် သတင်းဌာန သို့ ပြောသည်။

မြစ်ဆုံစီမံကိန်း ထာဝရရပ်ဆိုင်းရေးအဓိက လှုပ်ရှားသူ အောင်မြင်သာဒေသခံနှစ်ဦးအား CPI မှ ဆန်ထောက်ပံ့ခြင်းရပ်ဆိုင်း

(Kachin Waves)

မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခံထားရသည့် အောင်မြင်သာစံပြကျေးရွာသစ်ရှိ ဒေသခံများ အား ဇွန် ၂၅ တွင် CPI ကုပ္မဏီမှ ဆန်အိတ်များပေးအပ်ထောက်ပံ့သော်လည်း မြစ်ဆုံစီမံကိန်းရပ်ဆိုင်းရေးအတွက် အဓိကပါဝင်လှုပ်ရှားသူ နှစ်ဦးဖြစ်သော ဒေါ်ဂျာခေါင် နှင့် ဒေါ်လုရာ တို့အား CPIမှ ဆန်အိတ်ထောက်ပံ့ခြင်းမှ ချန်လှပ်ထားခြင်းခံရကြောင်းသတင်းရရှိသည်။

“ သူတို့အမြင် ဒီမြစ်ဆုံစီမံကိန်း ရပ်ဆိုင်းဖို့ဆန့်ကျင်တဲ့နေရာမှာ ကျွန်မတို့နှစ်ယောက်က စည်းရုံးရေးခေါင်း ဆောင်လိုဖြစ်နေပြီ။ ဒါကြောင့်နေမှာပေါ့။” ဟုဒေါ်ဂျာခေါင်ကပြောသည်။

Wednesday, June 25, 2014

မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ ( KIA ,TNLA ,MNDAA ) မှ မြန်မာအစိုးရတပ် (မုံးယ) တပ်စခန်း အား ၀င်ရောက်တိုက်ခိုက်

24 June 2014 post by TNLA

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့နယ်ခွဲ၊ မုံးယကျေးရွာအုပ်စု ယနေ့ ဇွန်လ ၂၄ ရက် နံနက် (၀၄း၃၀) မှ (၀၆း၀၀) နာရီထိ တစ်နာရီခွဲကြာ တအာင်းတပ်မတော်(TNLA) ၊ KIA တပ်ရင်း ၊ MNDAA(ကိုးကန့်တပ်မတော်)တို့ ပူးပေါင်းတပ်ဖွဲ့သည် မုံးယကျေးရွာ အနီးရှိ မြန်မာအစိုးရ တပ်စခန်အား ၀င်ရောက်တိုက်ခိုက်ခဲ့သည်။

TNLA နှင့် ဖြစ်ပွားသော မုန့်ယာ တိုက်ပွဲ၌ အစိုးရတပ်မှ (၆)ဦးကျ

(Lachid Kachin)

ရှမ်းပြည်နယ်မြောက်ပိုင်း KIA, တပ်မဟာ (၄)လက်အောက်ခံ KIA, တပ်ရင်း (၃၆)
အုပ်ချု ပ်နယ်မြေ အတွင်းရှိ မုန့်ယား - နမ့်မွေချောင်းတံတား တွင် (၂၄.၆.၂၀၁၄)ရက်နေ့ နံနက် အစောပိုင်း၌ TNLA နှင့် မြန်မာ အစိုးရ
စစ်တပ် တို့ တိုက်ပွဲ ဖြစ်ပွားကြောင်း သတင်းရရှိပါသည်။

မန်ဝင်း ဒေသအတွင်း အစိုးရတပ် နှင့် KIA တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

(ကချင်သတင်းဌာန)

ကချင်ပြည်နယ်တောင်ပိုင်း မန်ဝင်း (Manwing) ဒေသအတွင်း အစိုးရတပ် နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား နေ့စဉ်လိုလို အချိန်တို ပစ်ခတ်တိုက်ခိုက်မှုများ တစ်ပတ်ခန့် ရှိနေပြီဖြစ်ကြောင်းသိရသည်။

TNLA မှ မုန့်ယား တံတား ရှိ တပ်မ (၁၁)အားတိုက်ခိုက်

(Lachid Kachin)

ရှမ်းပြည်နယ်မြောက်ပိုင်း KIA, တပ်မဟာ (၄)လက်အောက်ခံ KIA, တပ်ရင်း (၃၆)အုပ်ချု နယ်မြေ အတွင်းရှိ မုန့်ယား - နမ့်မွေချောင်းတံတား တွင် ယနေ့ 
နံနက် (၂၄.၆.၂၀၁၄)ရက်နေ့ နံနက် အစောပိုင်း၌ TNLA နှင့် မြန်မာ အစိုးရ 
စစ်တပ် (တပ်မ-၁၁) တို့ တိုက်ပွဲ ဖြစ်ပွားကြောင်း သတင်းရရှိပါသည်။

Tuesday, June 24, 2014

အစိုးရ စစ်တပ်နှင့် TNLA တိုက်ပွဲကြောင့် ဒေသခံ ၂၀၀၀ နီးပါး တိမ်းရှောင်ရ

(Irrawaddy)

အစိုးရ စစ်တပ်နှင့် ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့သည် ဇွန်လ ၂၁ ရက်မှ ယနေ့အထိ ရှမ်းပြည် နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၊ မာန်အောင်ရွာ အနီး၌ တိုက်ပွဲ ဖြစ်ပွားသဖြင့် ဒေသခံ ၂၀၀၀ နီးပါး ထွက်ပြေး တိမ်းရှောင်နေရ သည်ဟု သိရသည်။

တိုက်ပွဲကြောင့် ထွက်ပြေးနေရသည့် ကျေးရွာများမှ ဒေသခံ ပြည်သူများသည် အဆိုပါ အရပ်၌ ဒုက္ခသည် စခန်းများ မရှိသဖြင့် နမ့်ခမ်းမြို့ပေါ်ရှိ နီးစပ်ရာ ဆွေမျိုးများထံ ခိုလှုံနေရသည်ဟုလည်း ဒေသခံများက ပြောသည်။

ဇွန်လအတွင်း အစိုးရစစ်တပ်နှင့် တိုက်ပွဲပေါင်း (၁၆)ကြိမ်ဖြစ်ပွားဟု TNLA ပြောဆို

(KIC)

ရှမ်းပြည် နယ်မြောက် ပိုင်းရှိ တအာင်း (ပလောင်)ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF) လက်အောက် ခံ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် မြန်မာ အစိုးရ စစ်တပ် အကြား ယခု ဇွန်လ ၂၃ ရက်နေ့ အထိ တိုက် ပွဲပေါင်း ၁၆ကြိမ် ဖြစ် ပွား ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေး ဌာန၏ တိုက်ပွဲ မှတ်တမ်း အရ သိရသည်။