Saturday, June 21, 2014

ဆက်လက်ဖြစ်ပွားနေသော ပလောင်တိုက်ပွဲများ

(ရွှေဟင်္သာသတင်းဌာန)

ယနေ့ဇွန်လ၂၁ ရက်နေ့ နံက် (၄) နာရီခွဲတွင်  တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်ရင်း (၄၇၈) တပ်ဖွဲ့နှင့် တပ်မ (၈၈) တပ်ဖွဲ့တို့သည် ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၊ မာန်အောင်ကျေး ရွာအနီးတွင် နံက် (၅) နာရီ (၁၅)မိနစ်အထိ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း TNLA ပြန်ကြားရေးက ဆိုပါသည်။ 
 
ယင်းတိုက်ပွဲတွင်အစိုးရတပ်ဖွဲ့ ဖက်မှ (၅) ဦး ကျဆုံးသည်ဟု TNLA တို့မှ ဆိုထားသော်လည်း သီးခြား အတည်ပြုချက် မရသေးပေ။ တိုက်ပွဲသည် မာန်ေ အာင် ကျေးရွာ ပတ်ဝန်းကျင်တွင် အခြေချနေသည့် TNLA တပ်ဖွဲ့များအား အစိုးရစစ် ကြောင်းမှ အလစ်ဝင် တိုက်ခဲ့ခြင်း ဖြစ်ပါသည်။ 

ကချင်ပြည်နယ် NLD ပါတီဥက္ကဌ အစိုးရအဖွဲ့မှ ဖမ်းဆီး

(Kachin Waves)

ကချင်ပြည်နယ် NLD ပါတီဥက္ကဌ ဦးS ကူးမားအား ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် နယ်မြေခံရဲတပ်ဖွဲ့များက (ပ)အမှတ် ၁၀၁/၂၀၁၄ ဥပဒေပုဒ်မ (၁၈)ဖြင့် ဇွန် ၂၀ နေ့ နံနက် ၉း၃၀ အချိန်တွင် ၄င်း၏နေအိမ်မှဖမ်းဆီးခေါ် ဆောင်သွားကြောင်းသတင်းရရှိသည်။

ပြီးခဲ့သည့် ဇွန် ၁၄ ရက်နေ့တွင်မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲအား ခွင့်ပြုမိန့်မရပဲ ကျင်းပခဲ့သည့်အတွက်မြစ်ကြီးနားမြို့ အမှတ်(၂) ရဲစခန်းမှူး ရဲအုပ်အေးကျော်က ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခဲ့သည့်အတွက် ဖမ်းဆီးခေါ်ဆောင် သွားခြင်း ဖြစ်သည်။
“ ဥပဒေအကြံပြုချက် နှင့် အညီဆက်လက်ဆောင်ရွက်သွားမှာပါ ” ဟု ရဲအုပ်အေးကျော်ကပြောသည်။

တပ်မ(၆၆) မှ ရေမဆေးကျောက်ရှာသူများဖမ်းဆီးပြီး ငွေကြေးဖြင့် ပြန်လည် ရွေးယူခိုင်း

(Kachin Waves)
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကထန်မှော်တွင် အစိုးရစစ်တပ် တပ်မ(၆၆)မှ ရေမဆေးကျောက် ရှာသူ နှင့် တပိုင်တနိုင်ကျောက် တူးဖော်သူများအား လိုက်လံဖမ်း ဆီးပြီး ငွေကြေးဖြင့် ပြန်လည်ရွေး ယူခိုင်းကြောင်းသတင်း ရရှိသည်။

“ လူတစ်ယောက်ကို ၅၀၀၀ ကျပ် စက်ပစ္စည်းဆိုရင် ၅၀၀၀၀ ကျပ် နဲ့ ရွေးခိုင်းတယ်။” ဟု ကထန်မှော်ရှိ ကျောက်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

Friday, June 20, 2014

တနိုင်းဒေသရှိ ပယင်းမှော်များ ပိတ်ထားဆဲ

(Kachin Waves)

ကချင်ပြည်နယ် တနိုင်းမြို့ နယ်ရှိ ပယင်းမှော်များကို လွန်ခဲ့သည့် ဧပြီလ (၅)ရက်နေ့ တွင် ကေအိုင်အေ တပ်မဟာ(၂) လက်အောက်ရှိ တပ်ရင်း (၁၄)နှင့် အစိုးရစစ်တပ် တပ်မ(၆၆) လက်အောက်ခံတပ်ရင်းတို့ စစ်ရေးတင်းမှာမှုဖြစ်ပွားခဲ့သည့် အချိန်မှယခုအချိန်ထိ ပိတ်ထားကြောင်းသိရသည်။

ကေအိုင်အေမှ ဒုဗိုလ်မှူးကြီးက “ ကျွန်တော်သိတာက မှော်တွေ အခုထိပိတ်ထားတယ် ဒါပေမဲ့ တစ်ချို့  လူတွေကလည်း သူတို့ လမ်းကြောင်းနဲ့ သူတို့ ခိုးဝင်ပြီး တူးနေတဲ့သူတွေလည်း ရှိမယ် လို့ထင်တယ် ” ဟုပြောသည်။

တအာင်းတပ်မတော်(TNLA) နှင့် မြန်မာ့တပ်မတော် တိုက်ပွဲဖြစ်ပွါး မြန်မာ့တပ်မတော် (၃) ဦးကျဆုံး

၁၉ ရက် ဇွန်လ ၂၀၁၄ ခုနှစ်

တအာင်းဒေသ၊ နမ့်ဆန်မြို့နယ်၊ မန်လုံး ကျေးရွာအုပ်စု၊ မန်လုံး ကျေးရွာနှင့် တာလက် ကျေးရွာကြားတွင် ယနေ့ ဇွန်လ ၁၉ ရက် ညနေ (၁၆း၂၀) နာရီ အချိန်တွင် တအာင်းတပ်မတော် (TNLA)ဗျူဟာ(၂) ကွပ်ကဲမှု လက်အောက်ရှိ တပ်ရင်း(၅၂၇) နှင့် မြန်မာ့တပ်မတော် တပ်မ(၇၇) တို့ နှစ်ဘက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။

Thursday, June 19, 2014

အစိုးရတပ်ရဲ့  လိင်အကြမ်းဖက်မှု မှတ်တမ်းများ

(VOA)

အစိုးရ စစ်တပ်ဟာ မုဒိမ်းကျင့်ဖို့ လေ့ကျင့် တဲ့နေရာ ဖြစ်တယ် School for Rape ဆိုတဲ့ Besty Apple ရဲ့  အစိုးရအစီရင်ခံစာ (၁၉၉၈) ခုနှစ်က ထွက်လာပါတယ်။ ဒီအကြောင်းကို မုဒိမ်းတပ်မတော်အမည်နဲ့ DVB က အသံလွှင့်ခဲ့ဖူးပါတယ်။ နောက် (၁၅) နှစ်ကြာတော့ မုဒိမ်းမှုကျူးလွန်တဲ့ အစိုးရတပ်ရင်းတွေအကြောင်း မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ် the Women’s League of Burma က Same Impunity, Same Pattern ဆိုတဲ့ အစီရင်ခံစာကို ဇန်နဝါရီလက ထုတ်ဝေခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲတဲ့ နေရာတွေမှာတောင် အစိုးရတပ်ဟာ မုဒိမ်းမှုကျူးလွန်နေတုန်းပဲလို့ မေလထုတ် ကရင်လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တအာင်းဒေသတွင် နေ့စဉ် ရက်ဆက် တိုက်ပွဲဖြစ်ပွားနေ

(ရွှေဟင်္သာသတင်းဌာန)

ယနေ့ ဇွန်လ (၁၈)ရက်နေ့ နေ့လည် (၁၂)နာရီခွဲ နီးပါး အချိန်တွင် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ဗျူဟာ(၂) ကွပ်ကဲမှုလက်အောက်ရှိ တပ်ရင်း(၅၂၇)တပ်ဖွဲ့နှင့် တပ်မ(၇၇) စစ်ကြောင်း တို့သည် ရှမ်းပြည် မြောက်ပိုင်း ကျောက် မဲမြို့နယ်၊လွယ်ဆာ ကျေးရွာနှင့် မင်းကုန်း ကျေးရွာ ကြားတွင် တနာ ရီကျော် ရင်ဆိုင်တိုက်ပွဲ ဖြစ် ပွားခဲ့သည်ဟု TNLA ပြန်ကြား ရေးမှ ထုတ်ပြန်ထား ပါသည်။ 
 
ထိခိုက်ကျဆုံးမှု မသိရသေး သော်လည်း တအာင်း ဒေသတွင် (၅)ရက် ဆက်တိုက် တိုက်ပွဲ ဖြစ်ပွား နေခဲ့ပါသည်။ တ အာင်း ဒေသတွင် တပ်မ(၇၇) စစ်ကြောင်း များ အပြင် တပ်မ (၈၈) စစ်ကြောင်းများပါ တိုးလာနေသည်ဟု KIA တပ် မ ဟာ (၄) သတင်းမှ ဆိုပါသည်။

မြစ်ကြီးနားမြို့နယ် NLD ဥက္ကဋ္ဌ ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ခံရ

(RFA)

ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ က မြစ်ကြီးနားမြို့မှာ ကျင်းပခဲ့တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူ ထုဟောပြောပွဲ ဟာ ခွင့်ပြုချက် မရှိဘဲ ကျင်းပခဲ့ တာဆိုပြီး မြစ်ကြီး နား မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအက်စ်ကူးမားကို အမှတ် ၂ ရဲစခန်းက တရားမ၀င် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ အမှုဖွင့် လိုက်ပါတယ်။

အမှုဖွင့်ထားတဲ့အကြောင်းကို မြစ်ကြီးနားမြို့ အမှတ် ၂ ရဲစခန်းမှူး ဦးအေးကျော်က အခုလိုပြောပါ တယ်။

"၂၄ ရက်နေ့က သူတို့ဟောပြောပွဲကို ခွင့်ပြုချက်မရပဲ လုပ်သွားလို့ ဥပဒေနဲ့အညီ အမှုဖွင့်အရေးယူ ဆောင် ရွက်ထားတာရှိပါတယ်၊ ပုဒ်မ ၁၈ နဲ့ပါ"

တိုက်ပွဲကြောင့် KIA တပ်မဟာ (၃) မှ ဂွန်ငူယာန် ရှေ့တန်းစခန်း တခုဆုတ်ခွာရ

(ရွှေဟင်္သာသတင်းဌာန)

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ (၃) လက်အောက်ခံ ဗန်းမော်ခရိုင် အူလန်ပါ တိုက်နယ်ရှိ တပ်ရင်း (၂၇)၏ ရှေ့တန်း စခန်း တခု ဖြစ်သည့်ုဂွန်ငူယာန် (Gawk Ngu Yang Post ) စခန်းသည် အစိုးရ တပ်မ (၈၈) စစ် ကြောင်း များ၏ (၂)ကြိမ်တိုင် ပြင်းထန်စွာ တိုက်ခိုက်မှုကြောင့် ဇွန်လ (၁၇) ရက် နေ့ ည(၉)နာရီတွင် ဆုတ်ခွာ ခဲ့ရ ကြောင်း KIA စစ်ရုံးချုပ် သတင်းမှ ဆိုပါ သည်။

အဆိုပါ စခန်းအား ဇွန်လ(၁၇)ရက်နေ့ နေ့လည်ပိုင်းတွင် တကြိမ်နှင့် ညနေ (၆)နာရီမှ ည(၈)နာရီခွဲ အထိ တကြိမ် လက်နက်ကြီး အင်အား သုံးပြီး KIA နှင့် ပြင်းပြန်းထန်ထန် အပြန်အလှန် တိုက်ခဲ့ ပြီးမှ ဆုတ်ခွာခဲ့ခြင်း ဖြစ်သည်ဟု KIA ဖက်က ဆိုပါ သည်။

Wednesday, June 18, 2014

KIA တပ်မဟာ(၄) တွင် တိုက်ပွဲဆက်ဖြစ်

(Lachid Kachin)

ဇွန်လ (၁၆) ရက် မနက် (၁၀း၃၀) နာရီခန့် က ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ(၄) တပ်ရင်း (၂) နယ်မြေ ကောင်းဆာ ဒေသ သို့ ဝင်ရောက်လာသော အစိုးရတပ် ခလရ( ၂၁၅ ) ခလရ (၂၁ရ ) ပူးပေါင်းစစ်ကြောင်း အား မိမိ ကေအိုင်အေ တပ်ဖွဲ့ ဝင်များ မှ ဟန့် တား တိုက်ခိုက်ရာ မှ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။

အပြစ်မဲ့ ကလေး(၅)ယောက်ဖခင် ကချင်အမျိုးသားအား အစိုးရတပ် ခမရ (၃၁၈) မှ ပစ်သတ်

(EEDY)

ကေအိုင်အေ တပ်ရင်း(၁၂) နယ်မြေ မုန်ဒိန်ပါ ကျေးရွာ ရပ်ကွက် (၃) တွင် နေထိုင်သူ ကလေး(၅)ယောက် ဖခင်တစ်ဦးဖြစ်သူ ဦးအင်ဗျန် ဂမ်ရှောင် အသက်(၄၄)နှစ် အား ဇွန်လ(၁၆)ရက် မနက် (၅း၀၀)နာရီ အချိန်ခန့် တွင် ၄င်းတို့ မိသားစုများ စစ်ဘေးရှောင် ခိုလှုံနေရာ မန်ဂျယ် ဒုက္ခသည် စခန်း မှ မိမိအိမ်ရှိရာ မုန်ဒိန်ပါကျေးရွာသို့  ဆိုင်ကယ်စီး၍ ပြန်လာရာ လမ်းတစ်ဝက် အရောက်တွင် မြန်မာအစိုးရတပ် ခမရ (၃၁၈) တပ်ဖွဲ့ ဝင်များ နှင့် ပက်ပင်းတိုးကာ စစ်ဆေးမေးမြန်းမှု မရှိဘဲ ပစ်သတ်လိုက်ကြောင်း မုန်ဒိန်ပါကျေးရွာ ဒေသခံများ မှ သတင်းပေးပို့ သည် ။ ယခုအခါ ပစ်သတ်ခံရသူ ၏ ဇနီး နှင့် သားသမီး (၅)ယောက် မှာ မန်ဂျယ် ဒုက္ခသည် စခန်းတွင် ခိုလှုံနေဆဲဖြစ်ပြီး အလွန်အမင်း ၀မ်းနည်းပူဆွေးသောက ရောက်နေကြောင်း ထပ်မံသိရသည်။

KIA,တပ်ရင်း (၂၇)၏ ရှေ့တန်းစခန်းတခုအားဆုတ်ခွာပေးရ

(Lachid Kachin)

၁၇.၆.၂၀၁၄ ရက်နေ့ ညနေ (၈း၃၀) အချိန် ခန့်တွင် KIA,တပ်မဟာ(၃) လက်အောက်ခံ KIA, တပ်ရင်း (၂၇)၏ ရှေ့တန်း လုံခြုံေ၇း စခန်း တခု အား
မြန်မာ အစိုးရ စစ်တပ် တပ်မ (၈၈) လက်အောက်ခံ တပ်များ မှ ထိုးစစ်ဆင်
သိမ်းပိုက် လိုက်ကြောင်းသိရှိရပါသည်။
KIA, တပ်ရင်း (၂၇) အူလန်ပါ တိုက်နယ် ၏ ဂွန်ငူယာန် (Gawk Ngu Yang Post ) ရှေ့တန်းလုံခြုံရေး စခန်းအား မြန်မာ အစိုးရ စစ်တပ် တပ်မ(၈၈) လက်အောက်ခံ တပ်များ မှ (၁၇.၆.၂၀၁၄)ရက်နေ့ နေ့ ခင်းပိုင်း၌ စစ်အင် အား အလုံးအရင်း ဖြင့် လာရောက် ထိုးစစ်ဆင် တိုက်ခိုက် ခြင်း ကြောင့် တိုက်ပွဲ အပြင်း အထန် ဖြစ် ပွား ခဲ့ ကြောင်း သိရှိရ ပါသည်။ 

Monday, June 16, 2014

အစိုးရစစ်တပ် ထိုးစစ်ကြောင့် SSPP/SSA ၏ ရှေ့တန်းတပ်စခန်း ဆုတ်ခွာရ

(Irrawaddy)

ရှမ်းပြည် တပ်မတော်မြောက်ပိုင်း (SSPP/SSA) နဲ့ အစိုးရ စစ်တပ်တို့ ရှမ်းပြည် နယ်တောင်ပိုင်း မိုင်းရှူး မြို့ နယ်ထဲမှာ ၂ ရက် ကြာ ဆက်တိုက် တိုက် ပွဲဖြစ်ပွားခဲ့ ပြီး တဲ့နောက် SSPP/SSAက ရှေ့တန်း စခန်းတခု ကို ဆုတ်ခွာ ပေးလိုက် ရတယ်လို့ သိရှိရပါတယ်။

မိုင်းရှူးမြို့နယ် အတွင်းက ဖိုးဖွားတောင်ပေါ်မှာရှိတဲ့ SSPP/SSA ရဲ့ တပ်မ ၉၁၈ လက်အောက်ခံ တပ်ရင်း ၇၆၂ ယာယီ ရှေ့တန်း စခန်းကို ဖယ်ရှားပေးဖို့ အစိုးရစစ်တပ်၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် (ရလခ) လက်အောက်ခံ ခြေမြန် တပ်ရင်း(ခမရ) ၁၅၁ က ဇွန်လ ၁၁ ရက်နေ့ကစပြီး ဖိအားပေးတိုက်ခိုက်ခဲ့တဲ့အတွက်ရှေ့တန်းစခန်းကို ဆုတ်ခွာ ပေးလိုက် တာ ဖြစ်တယ်လို့ SSPP/SSA ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလ က ပြောပါတယ်။

ကွတ်ခိုင်မှာ TNLA နဲ့ အစိုးရစစ်တပ်တိုက်ပွဲပြင်းထန် ဒေသခံများထွက်ပြေး

(Irrawaddy)

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းမှာ အစိုးရစစ်တပ်နဲ့ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြားနေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေလျက်ရှိပြီး ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေရွာလုံးကျွတ် ထွက်ပြေးနေရပါတယ်။ ဇွန်လ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကွတ်ခိုင်မြို့နယ်က နှစ်ဘက်တိုက်ပွဲတွေ ကြားမှာ အစိုးရစစ်တပ်က လုံကန် ပလောင် (တအာင်း) ကျေးရွာအတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်လို့ အိမ်တအိမ်ပျက်စီးခဲ့ပြီး ရွာသားတွေအားလုံး ဘေးလွတ်ရာကို ထွက်ပြေးပုန်းရှောင်နေကြရတယ်လို့ TNLA ပြန်ကြားရေး ဌာနက သတင်းထုတ်ပြန် ပါတယ်။ ဒီလအတွင်းမှာ အစိုးရစစ်တပ်တွေက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်အင်အားတွေပိုမိုဖြည့်တင်းလာပြီး TNLA လှုပ်ရှားမှုရှိနေတဲ့ မူဆယ်၊ နမ့်ခမ်း၊ မိုးမိတ်၊ ကွတ်ခိုင်၊ မန်တုံနဲ့ နမ့်ဆန် မြို့နယ်ထဲက နေရာတွေကို ထိုးစစ်ဆင်မှုတွေရှိနေသလို တိုက်ပွဲတွေအနီးက ကျေးရွာတွေနဲ့ ရွာသားတွေမှာလည်း ထိခိုက်မှုတွေရှိနေပါတယ်။ TNLA တပ်ဖွဲ့ဟာ အစိုးရ နဲ့ အပစ်အခတ် ရပ်စဲရေး မလုပ်နိုင်သေးပါဘူး။

ကုလလူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးကို ကချင်ဒုက္ခသည်များက ပြန်လည်ချထားရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်တောင်းဆို

(Mizzima)

ကချင်ပြည်နယ် ဝိုင်းမော်မြို့ရှိ စစ်ပြေးဒုက္ခသည် စခန်းများကို ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူး Kyung-Wha Kang နှင့် အဖွဲ့ သွားရောက်ခဲ့ပြီး ဒုက္ခသည်များကငြိမ်းချမ်းရေး ရရှိပြီး နေရပ်ပြန်ပါက မိုင်းရှင်းလင်းပေးရန် အပါအဝင် ပြန်လည်ချထားရေး လုပ်ငန်းများ ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်ဟု ဝိုင်းမော်မြို့နယ် မုန်နာဇွပ် ဒုက္ခသည်စခန်းက တာဝန်ခံ ဆရာနော်လာက မဇ္ဈိမကို ပြောသည်။
“သူတို့က ကျွန်တော်တို့ လိုအပ်ချက်ဘာတွေရှိလဲ။ ငြိမ်းချမ်းရေးရပြီး ကိုယ့်ဒေသကိုပြန်ရင် ဘာတွေ လိုအပ်မလဲ၊ ပညာရေးနဲ့ ပတ်သက်လို့ ကျေနပ်မှု ရှိလား၊ ကျွန်တော်တို့က ပညာရေးနဲ့ ပတ်သက်လို့ ကျောင်းတော့ တက်နိုင်တယ်။ ဒါပေမဲ့ တဝင်းထဲမှာဘဲ IDP(ရွေ့ပြောင်းဒုက္ခသည်များ)နဲ့ IDP မဟုတ်တဲ့ ကလေးတွေ ခွဲပြီး  သင်နေတော့ ကလေးတွေ စိတ်မချမ်းသာဖြစ်တယ်။ ကျွန်တော်တို့ ပြန်နိုင်ဖို့က နိုင်ငံရေးမှာ အခြေခံတဲ့အတွက် ဖက်ဒရယ်ရမှ ပြန်လို့ရနိုင်မယ်”ဟု ဆရာနော်လာက ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း တွင် ရက်ဆက် တိုက်ပြွဲဖစ်နေ

(ရွှေဟင်္သာသတင်းဌာန)

ယမာန်နေ့ နေ့လည် တနာရီခွဲတွင် တအာင်း အမျိုးသာ လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ရင်း (၁၀၁) တပ် ဖွဲ့ နှင့် အစိုးရ အမှတ် (၁၆) စစ်ဆင်ရေး ကွပ်ကဲမှု  ဌာနချုပ်( စကခ) လက်အောက်ခံ ခလရ(၂၄၁) ၊ ခလရ (၂၄၂) နှင့် ခလရ (၄၁) စစ်ကြောင်း တို့သည် ရှမ်းပြည်မြောက် ပိုင်း ကွတ် ခိုင်မြို့နယ် လုံ ကမ် ကျေးရွာနှင့် တုန်ပန်းကျေးရွာ ကြားနှစ်ကြိမ်တိုင် တိုက်ပွဲဖြစ် ခဲ့ကြသည်ဟု TNLA ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားပါသည်။ 

တိုက်ပွဲသည် နေ့လည် တနာရီခွဲမှ ညနေ (၃)နာရီ ထိ တကြိမ်ဖြစ် ပွားပြီး၊ ညနေ(၄)နာရီခွဲ ညနေ (၅)နာရီ (၄၀)မိနစ် တွင် တကြိမ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ဤတိုက်ပွဲနှင့် ပါတ်သက်ပြီး အစိုးရ တပ်ဖွဲ့ဖက်မှ တစုံတရာ ထုတ် ဖေါ်ပြောကြားခြင်း မရှိသေးပေ။