Saturday, June 14, 2014

ရှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) ဒေသမှ တိုက်ပွဲ အခြေအနေများ

(ရွှေဟင်္သာသတင်းဌာန)

ယနေ့ဇွန်လ (၁၄)ရက်နေ့ ညနေ (၃)နာရီ (၄၅)မိနစ် တွင် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ရင်း (၇၁၇) တပ်ဖွဲ့နှင့် အစိုးရစစ်ကြောင်း တကြောင်းသည် မိုးမိတ်မြို့နယ် ပန်စကျေး(ပင်ရှာစေး)ရွာတွင် ညနေ (၄)နာရီ (၃၀)မိနစ်အထိ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု TNLA ပြန်ကြားရေးမှ သတင်းထုတ်ပြန်ထားပါသည်။
ထိခိုက်ကျဆုံးမှု အခြေအနေ မသိရသေးသော်လည်း ယင်းတိုက်ပွဲတွင် အစိုးရတပ်ဖက်မှ လက်ဦးပြီး ပစ်ခတ်ခဲ့ သည် ဟု ဆိုပါသည်။

Friday, June 13, 2014

ရှမ်းပြည်မြောက်ပိုင်း၌ ဆက်လက် တိုက်ပွဲဖြစ်ပွားနေ

(ရွှေဟင်္သာသတင်းဌာန)

ယနေ့နံက် (၇)နာရီ (၁၅)မိနစ် အချိန်တွင် တိုင်းရင်းသား ပူးပေါင်း စစ်ကြောင်းအဖွဲ့ (၃)ဖွဲ့သည် အစိုးရ တာမိုးညဲ အ ခြေစိုက် ခလရ(၂၉၀) စစ်ကြောင်း နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ကွတ်ခိုင်မြို့နယ်၊ မန်ဖျက်အုပ်စု၊ မန်ဟောန်ကျေး ရွာအနီးတွင်မနက် (၈)နာရီ (၂၀) မိနစ် အထိ တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု တအာင်း လွတ်မြောက် ရေးတပ်မတော် (TNLA) ၏ ပြန်ကြားရေး အဖွဲ့မှ သတင်းထုတ်ပြန် ထားပါသည်။

ယင်းတိုက်ပွဲတွင် အစိုးရ တပ်ဖွဲ့ဖက်မှ တဦးကျဆုံးပြီး နှစ်ဦးဒါဏ်ရာ ရခဲ့သည်ဟု (TNLA) ဖက်မှဆိုသော်လည်း သီးခြား အတည်ပြု ချက်မရသေးပေ။ 

စစ်သဘောတရား နဲ့ မြန်မာ့နိုင်ငံရေး

(VOA)

အရပ်သားတပိုင်းအစိုးရ ဖွဲ့စည်းပြီးမကြာမီ ကချင်ပြည်နယ်မှာ အစိုးရတပ်တွေနဲ့ ကချင်လွတ်မြောက်ရေး တပ် ပြန်လည်တိုက် ခိုက်ပါတယ်။ ဒီအတောအတွင်း ဥရောပနိုင်ငံများအဖွဲ့၊ အမေရိကန် နဲ့ Australia ဟာ မြန်မာနဲ့ စစ်ရေး ဆက်သွယ် မှုတွေကို ပြန်လည်မြှင့် တင်ဖို့ စီစဉ်လာ ကြပါတယ်။ ကာကွယ်ရေးဌာနက ဆောင်ရွက်နေတဲ့ လူမှုစီးပွားရေး လုပ်ငန်းမှာ ပြည်သူတွေ အကြံပေးနိုင်ဖို့ အတွက် ကာကွယ်ရေး ဆပ်ကော်မတီ ဖွဲ့စည်းကြောင်းကြေညာပြီး ကျော်ညွှန့်ဆိုသူကို ဆက်သွယ်ဖို့ တယ်လီဖုန်း၊ Fax နံပတ်နဲ့ အီးမေးလ်တို့ကို ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ထုတ် အစိုးရသတင်းစာတွေမှာ မထင်မရှား ဖော်ပြပါတယ်။

KBC အထွေထွေအတွင်းရေးမှူး Rev. Samson ၏ ကိုယ်ရေးအချက်လက် ရဲများ စုံစမ်း

(ကချင်သတင်းဌာန)

မြစ်ကြီးနား — ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဦးဆောင်း၍ မြစ်ကြီးနားမြို့တွင် ကချင်ဒေသတိုက်ပွဲ (၃) နှစ်ပြည့် အထိန်းအမှတ် လူထုဆန္ဒပြပွဲတစ်ရပ် ပြုလုပ်ပြီး မကြာမီ KBC အထွထွေအတွင်းရေးမှူး Rev. Dr. Samson ၏ ကိုယ်ရေးအချက်လက်များကို အစိုးရရဲများက စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

ဇွန်လ (၉) ရက်နေ့ မနက်ပိုင်း ကချင်ပြည်နယ်မြို့တော်၌ လူထုဆန္ဒပြပွဲ အစီအစဉ်လုပ်ပြီး မွန်းလွဲပိုင်းတွင် ရဲများသည် Rev. Dr. Samson နှင့်ပတ်သက်သည့် ကိုယ်ရေးအချက်လက်များကို အစိုးရ ရပ်ကွက်အုပ်ချုပ်ရေးရုံး (ရရက) နှစ်နေရာသို့ လာရောက်စုံစမ်းခဲ့ကြောင်း KBC သတင်းဌာနမှ တာဝန်ခံ ဆရာ Lama Yaw ပြောပါသည်။

Wednesday, June 11, 2014

ကုမ္ပဏီမှ လယ်ယာသိမ်းဆည်းမှုကြောင့် တောင်သူများ အခက်ကြုံ

(Kachin Waves)

မြစ်ကြီးနားမြို့မလိခ နန်းကွေ့ကျေးရွာရှိ ဒေသခံပြည်သူများ၏ လယ်ယာမြေများ
အား ပုဂ္ဂလိက လုပ်ငန်းရှင်ဖြစ် သူ ဦးအောင်ရွှေမှ ဖျက်ဆီး သိမ်းဆည်းလိုက်မှုကြောင့် ဒေသခံများမှ လုပ်ကိုင်စားသောက်ဖို့ အခက်အခဲများစွာ ကြုံတွေ့နေကြောင်းသတင်းရရှိသည်။

“ ငွေရေးကြေးရေး အခက်အခဲများစွာ ရှိပါတယ်။ တစ်ချို့ဆိုရင် ကလေးတွေကိုကျောင်းမထားနိုင်တော့
ဘူး။” ဟု လယ်သမားဦးယောဘွမ်မှ ပြောသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေ

(ရွှေဟင်္သာသတင်းဌာန)

ယနေ့နံနက် (၇)နာရီခန့်တွင် ရှမ်းပြည်မြောက်ပိုင်း တွင်လှုပ်ရှားနေသော ဖယ်ဒရယ် ပြည်ထောင်စု တပ်မတော် (FUA) တပ်ဖွဲ့များနှင့် အစိုးရ တပ်မ(၇၇) လှုပ်ရှား စစ်ကြောင်းများ သည် ရှမ်းပြည်မြောက်ပိုင်း မုံးပေါ် နှင့် မုံးကိုးကြားရှိ ဟောဝါးမာန်ပိန်း (လွယ်ကန်) ကျေးရွာအနီး၌ တနာရီကျော်ကြာ တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု တအာင်း အမျိုးသား လွတ် မြောက်ရေး တပ်မတော်( TNLA)၏ ပြန်ကြားရေးမှ ဆိုပါသည်။ 

“ ဒီဒေသမှာ အစိုးရ တပ်မ(၇၇) စစ်ကြောင်းရယ်၊ ဒေသခံ လောက်ကိုင် ဒကစ တပ်ရယ်နဲ့ အေ၇ှ့မြေက်ပိုင်း တပ်တွေက အဆက်မပြတ် လှုပ်ရှားနေ တာလေ။ တိုက် ပွဲကတော့ ဖြစ်မှာဘဲ။ ဆက်ဖြစ်ဖို့လ်း ရှိနေတယ်။ အခုတိုက်ပွဲ မှာတော့ ထိ ခိုက်ကျဆုံးမှု မသိရသေးပါဘူး” ဟု ဆိုပါသည်။

ဤတိုက်ပွဲတွင် (FUA)တပ်ဖွဲ့များ ဖက်မှ ကချင်လွတ်လပ်ရေး တပ်မတော်(KIA) မှ တပ်ရင်း (၃၆) စစ်ကြောင်းများ၊  TNLA တပ်ဖွဲ့မှ စစ်ကြောင်းများ၊ မြန်မာပြည် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) (ကိုးကန့်) စစ်ကြောင်းများ ပါသည်ဟု ဆိုပါသည်။ 

ဖားကန့် တပိုင်တနိုင်ကျောက်တူးသမားများ ဇွန် ၁၂ နောက်ဆုံးထားပြီး အလုပ်ရပ်ဆိုင်းရမည်

(Kachin Waves)

ကချင်ပြည်နယ်ဖားကန့်မှော်တွင် လုပ်ကိုင်နေသည့် တပိုင်တနိုင်ကျောက် တူးသမားများအား ဇွန် ၁၂ ရက်နေ့ နောက်ဆုံး ထားပြီး ကျောက်တူးမှုများအား ရုတ်သိမ်းပေးရန် လုံးခင်းကျောက်မျက် ရုံးမှ ကြေငြာဆိုင်းဘုတ်နှင့် စာများ လိုက်ကပ်ထားသည့် အတွက် ကျောက်တူးသမားများ အခက်တွေ့နေ ကြောင်း သတင်းရရှိသည်။ 

မိုးတွင်းဖြစ်သည့်အတွက် သဘာဝဘေးအန္တရာယ်ကြောင့် ယာယီရပ်စဲထားရန် ဟု ဖားကန့်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးနှင့် ကြီးကြပ်မှုကော်မတီမှ ထုတ်ပြန်ထားခြင်းဖြစ်သည်။

Tuesday, June 10, 2014

၃ နှစ်ကြာ ကချင်စစ်ပွဲကြားက အတိဒုက္ခရောက်ကြရသူများ

(VOA)

ကချင် လွတ်လပ်ရေး တပ်ဖွဲ့ KIA နဲ့ မြန်မာ စစ်တပ်တို့ကြား အပစ်အခတ် ရပ်စဲရေး ပျက်ပြားပြီး တိုက် ပွဲတွေ ပြန်ဖြစ်ခဲ့ တာဟာ ၃နှစ်ပြည့်တဲ့ အချိန်မှာ စစ်ပွဲတွေ က ထွက်ပြေး တိမ်းရှောင် နေရ သူပေါင်း ၁ သိန်း ကျော်အထိ ရှိသွားပါပြီ။ ဒုက္ခသည်အများစု ဟာ နေထိုင်ရေးအခက်အခဲနဲ့ ရင်ဆိုင်နေရသလို ကလေးတွေပညာရေးအတွက်လည်း ပူပန်နေကြရပါတယ်။ နေရပ်မပြန်နိုင်သေးတဲ့ ကချင်ဒုက္ခသည်တွေကတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိရေးကို အထူး လိုလားနေကြပါတယ်။ တကျော့ပြန် ပြန်လည်ဖြစ်ပွားတဲ့ ကချင်စစ်ပွဲ ၃ နှစ် ပြည့်ချိန်မှာ ဒုက္ခသည်တွေ ရင်ဆိုင်ရတဲ့အခက်အခဲနဲ့ လိုလားချက်တွေကို ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က စုစည်းတင်ပြထားပါတယ်။
 

ကချင်ဒေသ လူ့အခွင့်အရေး ချို့ဖေါက်မှုတွေအရေးယူဖို့ AHRC တိုက်တွန်း

(RFA)

အစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာ တိုင်းရင်း သားတွေ ပျောက်ဆုံးတာတွေ၊ တပ်သားက ကျူးလွန်တဲ့ အမှုကို တိုင်တန်းတဲ့အခါ တပ်ပြေးဖြစ်တယ်ဆိုပြီး အရေးမယူတာတွေကို  အမြန်ဆုံး အရေးယူဆောင် ရွက်ပေးဖို့  AHRC  အာရှလူ့အခွင့်အရေးကော်မရှင်က မနေ့က တိုက်တွန်းလိုက်ပါတယ်။

ကချင်ပြည်နယ်က တိုက်ပွဲတွေကြောင့်  စစ်ဘေးရှောင် စခန်းမှာ နေထိုင်နေသူ နှစ်ဦးဟာ အစိုးရတပ်တွေလှုပ် ရှားနေတဲ့ ဒေသတ၀ိုက်ကနေ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ လကတည်းက ပျောက်ဆုံးနေတာလို့ AHRC   ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

မြစ်ကြီးနား ကျောက်မျက်အချောထည်ဈေး ဇွန် ၁၄ ရက်တွင် ဖွင့်လှစ်မည်

(Mizzima)

ကချင်ပြည်နယ်မှ ကျောက်မျက်အချောထည် ရောင်းဝယ်ရေးစင်တာကို ၂၀၁၄ ခုနှစ် ဇွန်လ ၁၄ ရက်တွင် ဖွင့်ပွဲပြုလုပ်ကာ စတင်ဖွင့်လှစ်သွားမည် ဖြစ်သည်ဟု ကချင်ပြည်နယ် ကျောက်မျက်လုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးသောင်းကြည်က မဇ်္ဈိမကို ပြောသည်။

ယခင်က ဆောင်ရွက်ခွင့်မရခဲ့သည့် ကချင်ပြည်နယ်ထွက် ကျောက်မျက်ကုန်ကြမ်း(အရိုင်းတုံး)များ မြစ်ကြီး နားမြို့သို့ သယ်ယူခွင့်ကို သတ္တုတွင်းဝန်ကြီးဌာနအနေဖြင့် ခွင့်ပြုလိုက်ပြီးဖြစ်ရာ ကျောက်မျက် အချောထည် ရောင်းဝယ်ရေးစင်တာအတွက် ကုန်ကြမ်းလိုအပ်ချက် အခက်အခဲ မရှိနိုင်တော့ဟု ဇွန်လ ၉ ရက်က မဇ်္ဈိမ ၏ မေးမြန်းမှုကို ဖြေကြားသည်။

Monday, June 9, 2014

ကချင်စစ်ပွဲသုံးနှစ်ပြည့် အစာရှောင်ဆုတောင်းပွဲကျင်းပ

(Kachin Waves)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တွင် ယနေ့ နံနက် (၆) နာရီ အချိန်မှစတင်ပြီး ကချင်ပြည်သူလူထုနှင့် စစ်ဘေးဒုက္ခသည်များ စစ်ပွဲသုံးနှစ်ပြည့် အစာရှောင်ဆုတောင်းခြင်း နှင့် လမ်းလျှောက်ခြင်းအစီအစဉ် ပြုလုပ်ခဲ့ကြောင်းသတင်း ရရှိသည်။

အဆိုပါ လမ်းလျှောက်ခြင်းအား မြစ်ကြီးနားမြို့ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် (KBC)ရုံး မှစတင်ပြီး မနောကွင်းအတွင်း လူထုစုဝေးကာ နောင်နန်း ကျမ်းစာကျောင်း ရှိ အေဒီ ၂၀၀၀ ဂျူဗလီဟောတွင်ဆုတောင်း ဝတ်ပြုခြင်းအခမ်းအနားပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

ကချင်တွင် သုံးနှစ်အတွင်း တိုက်ပွဲ ၂၅၀၀ ကြိမ်ခန့်ဖြစ်ပွား

(Kachin Waves)

ကချင်ပြည်နယ်တွင်း အစိုးရနှင့် KIA,တို့ကြား တိုက်ပွဲ သုံးနှစ်သာ ကာလအတွင်း တိုက်ပွဲပေါင်း (၂၅၀၀) ကြိမ် ခန့်ဖြစ်ပွားခဲ့ပြီး ၂၀၁၂ ဒီဇင်ဘာ နှင့် ၂၀၁၃ ဇန်န၀ါရီတွင် ဖြစ်သည့် တိုက်ပွဲသည် အပြင်းထန်း ဆုံး ဖြစ်ကြောင်း ကေအိုင်အေ ဗိုလ်မှူးကြီး တစ်ဦး မှဆိုသည်။

တိုက်ပွဲ သုံးနှစ်သာ တိုက်ပွဲ အပြင်းထန် ဆုံးဖြစ်သည့် နေရာများမှာ ကေအိုင်ဗဟိုဌာနချုပ်လိုင်ဇာအနီး တစ်ဝိုက်၊ ကေအိုင်အေ တပ်မဟာ (၃) နှင့် တပ်မဟာ (၄) တို့တွင် ဖြစ်ကြောင်းလည်းဆိုသည်။

ကချင် စစ်ဘေးဒုက္ခသည် သုံးဦး ဖောက်ခွဲမှုဖြင့် ထောင်ဒဏ် ချမှတ်ခံရ

(Irrawaddy)

မြစ်ကြီးနားမြို့ ရွှေစက် ရပ်ကွက် နှစ်ခြင်း ခရစ်ယာန် စစ်ရှောင် ဒုက္ခ္ခ္ခ္ခသည် စခန်းတွင် ခိုလှုံနေထိုင်သည့် ဒုက္ခ္ခ္ခ္ခသည် သုံးဦးကို ဖောက် ခွဲ မှုဖြင့် မြစ်ကြီးနား ခရိုင်ရုံးက ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း သိရသည်။

ထောင်ဒဏ် ချခံရသူများမှာ ဦးဘရန်ရုန် ထောင်ဒဏ် ၁၄ နှစ် ၊ ဦးလဖိုင်ဂန် ထောင်ဒဏ် ၁၃ နှစ် နှင့် ဦးလရိန် ထောင်ဒဏ် ၃ နှစ် စသည်ဖြင့် မေ ၅ ရက်က အသီးသီး ပြစ်ဒဏ် ချမှတ်ခံရခြင်း ဖြစ်သည်ဟု အဆိုပါ အမှုကိုလိုက်ပေးနေသည့် ရှေ့နေ ဦးမာခါးက ဧရာဝတီသို့ ပြော သည်။

Sunday, June 8, 2014

ကချင်ပြည်နယ်အတွင်း စစ်ပွဲများ ပြန်လည်ဖြစ်ပွားခြင်း သုံးနှစ်ပြည့်အဖြစ် ပြည်တွင်းစစ် ရပ်တန့်ရန် လှုပ်ရှားမှုများ ရန်ကုန်မြို့၌ ပြုလုပ်

(Eleven Media Group)



ကချင် တစ်ကျော့ပြန် စစ်ပွဲ သုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် မေ ၇ ရက်၌ ငြိမ်းချမ်းရေးလိုလားသူ လူငယ်များက စစ်ပွဲများအမြန်ပြီးဆုံးရန်အတွက် ငြိမ်းချမ်းရေး ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြသည်။


အဆိုပါ ငြိမ်းချမ်းရေးဆုတောင်းပွဲကို ငြိမ်းချမ်းရေးလိုလားသူ လူငယ်၁ဝဝခန့်နှင့် အခြားလူမှုအဖွဲ့အစည်းများမှ ငြိမ်းချမ်းရေးလိုလားသူများက ပါဝင်ခဲ့ကြပြီး မေ ၇ ရက် နေ့နံနက် ၈ နာရီမှ ၉ နာရီအထိ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံဘေး၌ စတင်ပြုလုပ်ခဲ့သည်။

ရှမ်းမြောက် တပ်တွေ နေရာရွှေ့ပေးဖို့ အစိုးရစစ်တပ် ရာဇသံပေး

(Irrawaddy)

ရှမ်းပြည် တပ်မတော် မြောက် ပိုင်း(SSPP/SSA) ထိန်းချုပ် နယ်မြေထဲမှာ ရှိတဲ့ တာ့ဖာဆောင် တံ တား အနီး က တပ်တွေကို နေ ရာရွှေ့ပြောင်းပေး ဖို့ အစိုးရ စစ်တပ်က ရာဇသံ ပေးလာတဲ့ အတွက် နှစ်ဘက် တပ်တွေ အကြား စစ်ရေး တင်းမာ မှုတွေ ရှိလာတယ် လို့ သိရ ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် အတွင်းက ကျေးသီးမြို့နယ်နဲ့ SSPP/SSA ဌာနချုပ်ဟောင်း ဆင်းကျော့ ဒေသ အကြားမှာ ဆက်သွယ်ထားတဲ့ တာ့ဖာဆောင် တံတားအနီးက ရှမ်းတပ်တွေကို အစိုးရ စစ်ကြောင်း လှည့်လည်ရေး အတွက် နေရာ ရွှေ့ပြောင်း ပေးဖို့ ခြေလျင် တပ်ရင်း(ခလရ) ၂၄၇ က လာရောက်ပြောဆိုရာမှ တင်းမာမှုတွေ ဖြစ်ပွားနေတာလို့ SSPP/SSA က ပြောပါတယ်။

ကွတ်ခိုင်တွင် စစ်တပ်က ဗိုလ်မှူးသေဆုံးခြင်းသည် နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီးဖြင့် ပစ်လိုက်ခြင်းကြောင့်ဟု TNLA ထုတ်ပြန်

(Mizzima)

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့ အခြေစိုက် တပ်ရင်း ၂၄၁ မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူး ကျော်ထင်အောင် ကျဆုံးမှုသည် နှစ်ဖက် ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲကြောင့် ဖြစ်သည်ဟု ပလောင်(တအာန်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA )က ရှင်းလင်းချက် ထုတ်ပြန်လိုက်သည်။

“သတင်းတွေက အမျိုးမျိုးထွက်နေတယ်။ တချို့က ကေအိုင်အေက စနိုက်ဘာနဲ့ ချောင်းပစ်တယ်။ တချို့က တပ်ရင်းမှူးရဲ့ မိသားစု သုံးဦးအပါအဝင် ကျဆုံးသွားတယ်ဆိုပြီး သတင်းတွေ ထွက်နေတယ်။ အဲဒီမှာကျွန်တော်တို့ ချောင်းပစ်တာ မဟုတ်ဘူး။ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်တယ်။ သေဆုံးတဲ့ထဲမှာ မိသားစု မပါဘူးဆိုပြီး ရှင်းအောင် ထုတ်ပြန်ရတာပါ”ဟု TNLA ၏ ပြန်ကြားရေးဌာန၏ တာဝန်ခံ မိုင်းအိုက်ကျော်က မဇ္ဈိမကို ပြောသည်။

၂၄၁ တပ်ရင်းမှူး(ယာယီ) တိုက်ပွဲတွင်ကျဆုံးခြင်းနှင့်ပတ်သက်သည့် ရှင်းလင်းချက်...

(Lachid Kachin)

၎ ရက် ဇွန်လ ၂၀၁၄ ခုနှစ် ကွတ်ခိုင်မြို့နယ်. ကွတ်ခိုင်နှင့် တာမိုးညဲ အကြား ဖြတ်သန်းသွား လာလှုပ်ရှားနေသည့် TNLA တအာင်းတပ်မတော် ဗျူဟာ အမှတ်(၅) နှင့် MNDAA ကိုးကန့်တပ်မတော် တပ်ဖွဲ့ဝင်များကို စစ်ကြောင်း သုံးကြောင်းဖြင့် ပိတ်ဆို့ချေမှုန်း ရန် မြန်မာအစိုးရ တပ်ဖက်က ပြင်ဆင်ခဲ့ပါသည်။

ထိုမြန်မာစစ်ကြောင်းများတွင် တပ်မ ၈၈ လက်အောက်ခံတပ်ရင်းနှင့် စကခ ၁၆ လက်အောက်ခံတပ်ရင်းများ(၂၄၁)အပါအ၀င် စစ်ကြောင်းသုံးကြောင်းကို အဓိကဦးဆောင်သည့် စစ်ကြောင်းမှူးမှာ နယ်မြေခံ ၂၄၁ တပ်ရင်းမှူး ဗိုလ်မှူးကျော်ထင်အောင် ဖြစ်သည်။