Saturday, June 7, 2014

ကာချုပ် လိုလားသည့် အပစ်ရပ်လက်မှတ်ထိုးရေး ဆွေးနွေးပွဲများပေါ်မူတည်ဟု အင်န်စီစီတီ ဆို

မဇ္ဈိမသတင်းဌာန 
 
ကရင်အမျိုးသားအစည်းအရုံး (KNU)ဥက္ကဋ္ဌ ဖဒိုမူတူးဆေးဖိုးနှင့် တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောခဲ့သည့် လာမည့် သြဂုတ် ၁ ရက်တွင် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် လက်မှတ်ရေးထိုးရေးကိစ္စ ဖြစ်မဖြစ်ဆိုသည်မှာ အစိုးရ၊ တိုင်းရင်းသားတို့၏ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ဆွေးနွေးပွဲများပေါ်တွင်သာမူတည်မည်ဟု အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ဇွန် ၅ ရက်တွင် မဇ္ဈိမကို သုံးသပ်ပြောဆိုသည်။

Friday, June 6, 2014

ကွတ်ခိုင်တွင် စစ်တပ်ဗိုလ်မှူးတဦး ကျဆုံးမှု TNLA လက်ချက်ဟု ၀န်ခံ

(Irrawaddy)

ရှမ်းပြည် နယ်၊ ကွတ်ခိုင် မြို့နယ်၊ တာမိုးညဲ မြို့နယ်ခွဲ အတွင်း ပစ်ခတ် မှုကြောင့် ကွတ်ခိုင်မြို့ အခြေစိုက် အမှတ် ၂၄၁ ခြေလျင် တပ်ရင်းမှ ယာယီ တပ်ရင်းမှုး ဗိုလ်မှူးကျော်ထင်အောင် ကျဆုံးမှု သည် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၏ လက်ချက် ဖြစ်ကြောင်း TNLA ပြန်ကြားရေး ဒုတာဝန်ခံ တာပန်လက ပြောသည်။

ဇွန်လ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ပစ်ခတ်မှုကြောင့် ဗိုလ်မှူးကျော်ထင်အောင် ကျဆုံးသွားရခြင်းဖြစ်ပြီး TNLA ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုအတွင်း ကျဆုံးခြင်းဖြစ်ကြောင်း ပြောဆိုသည်။

စနိုက်ပါဖြင့် ချောင်းပစ်ခံရ၍ ခလရ (၂၄၁) ယာယီ တပ်ရင်းမှူး ကျဆုံးဟု တပ်မတော်မှ အတည်ပြု

(Mizzima)

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲ မြို့နယ်ခွဲ တာမိုးညဲ - မော်ဟန် ကျေးရွာ ကြား၌ ဇွန်လ (၄) ရက်နေ့တွင် ကျဆုံးသွားသည့် တပ်မတော်အရာရှိ ဗိုလ်မှူး ကျော်ထင်အောင်သည် စနိုက်ပါသေနတ်ဖြင့် ပတ်ခတ်ခံရခြင်းဖြစ်သည်ဟု ၎င်းနှင့် တစ်ပတ်စဉ်ထဲဆင်း သူ တပ်မတော်အရာရှိတစ်ဦးက မဇ္ဈိမကို အတည်ပြု ပြောကြားခဲ့သည်။

တပ်မတော် ပြန်တမ်းဝင် အမှတ် ကြည်း - ၃၁၄၄၃ ဗိုလ်မှူး ကျော်ထင်အောင်သည် ၊ ဗိုလ်သင်တန်း အပတ်စဉ် (၄၁) မှ ဖြစ်ကာ လက်ရှိ၌ သန္နီမြို့အခြေစိုက် စစ်ဆင်မှု ကွပ်ကဲရေး ဌာနချုပ် စကခ (၁၆) လက်အောက်ခံ ခလရ (၂၄၁) တွင် ယာယီ တပ်ရင်းမှူးအဖြစ် ကျဆုံးချိန် အထိ တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။

KIA ၏ ပစ်ခတ်မှုကြောင့် တပ်မတော်မှ တပ်ရင်းမှူးတစ်ဦး ကျဆုံး

(The Voice Weekly)
တပ်မတော်နှင့် တိုင်း ရင်းသား လက်နက် ကိုင် အချို့အကြား တိုက်ပွဲများ ဖြစ်ပွားနေ ဆဲ ဖြစ်သော ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် တာမိုးညဲ မြို့နယ်ခွဲ အတွင်း ရှေ့တန်း စစ်ကြောင်းမှ ပြန် လာသော မော်တော်ယာဉ် တစ်စီးကို KIA အဖွဲ့က ပစ်ခတ်တိုက် ခိုက်သဖြင့် တပ်ရင်းမှူး တစ်ဦး ကျဆုံးခဲ့ကြောင်း အစိုးရနှင့် တပ် မတော် အသိုင်း အဝိုင်း ထံမှ စုံစမ်းသိရှိရသည်။
တပ်ရင်းမှူး ကျော်ထင်အောင် (စုံစမ်းဆဲ) သည် နောက်တန်းသို့ မိသားစု အပါအဝင် အခြားတပ်မတော်သား ငါးဦးတို့နှင့်အတူ ပြန်လာရာ လမ်းခရီး၌ ပြောက်ကျား ယူနီဖောင်းဝတ် လက်နက်ကိုင်များ တောင်ကုန်းတစ်ခုပေါ်မှာ ဆင်းလာသည်နှင့် တိုးမိကြောင်း၊ ယင်းကြောင့် အတူပါလာသည့် တပ်သားများနှင့်အတူ ရပ်တန့် နေရာယူစဉ် အခြား တောင်ကုန်းတစ်ခုမှ သေနတ်ကျည် ထိမှန်ပြီး နေရာတွင်ပင် ကျဆုံးခဲ့ခြင်း ဖြစ်ကြောင်း အစိုးရနှင့် တပ်မတော် အသိုင်းအဝိုင်းက အတည်ပြု ပြောကြားသည်။

နိုင်ငံရေး ဆွေးနွေးမှုမရှိပဲ ကချင် အပစ်ရပ်ဖို့ မလွယ်

(VOA)

မြန်မာနိုင်ငံ မှာ စစ်မှန်တဲ့ အပစ်အခတ် ရပ်စဲရေးရရှိဖို့ ဆိုရင် နိုင်ငံရေးဆွေးနွေး ပွဲတွေ ကို လုပ်ဆောင်မှ သာ ဖြစ်နိုင်မယ်လို့ ကချင် ဒီမိုကရက် တစ်ပါတီ ဥက္ကဋ္ဌ ဦး Gum Grawng Aung Kham က ပြောပါ တယ်။ နိုင်ငံရေးဆွေးနွေး မှုတွေ လုပ်ဆောင်မယ်ဆိုရင် လည်း လက်ရှိဖြစ်ပေါ်နေ တဲ့ တိုက်ပွဲတွေ ကို လျော့ချဖို့ လိုအပ်ပြီး နှစ်ဖက် ယုံကြည်မှုရှိဖို့ လိုအပ်တယ်လို့ ဗွီအိုအေ မြန်မာပိုင်း ဌာနမှာ ပြုလုပ်တဲ့ သီးခြား တွေ့ဆုံ မေးမြန်းခန်းအတွင်းသူက အဲဒီလို ပြောကြား လိုက်တာပါ။ အပြည့်အစုံကိုတော့ တွေ့ဆုံမေးမြန်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
 

နှစ်နှစ်ကြာရပ်ထားသည့် ကျောက်စိမ်းတူးဖော်ခွင့်ကို ညွှန်ကြားချက်ရမှ လုပ်ကွက်သက်တမ်း တိုးပေးမည်

(Mizzima)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ရပ်နားထားသည့် ကျောက်စိမ်းတူးဖော်ခြင်းလုပ်ငန်းများကို ပြည်ထောင် စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်ရရှိမှသာလျှင် သတ္တုတွင်းဝန်ကြီးဌာနက ပြန်လည်ခွင့်ပြုပေးသွားမည်ဟု သတ္တုတွင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန်းထွန်းအောင်က ဇွန် ၄ ရက် အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး၌ ပြောကြားလိုက်သည်။

လုံးခင်း၊ ဖားကန့်နယ်မြေများတွင် KIO / KIA လက်နက်ကိုင်များနှင့် ပဋိပက္ခများပြန်လည်ဖြစ်ပွားခဲ့ပြီး ၂၀၁၂ ခုနှစ်၊ မေလကုန်တွင် ကျောက်စိမ်းတူးဖော်ခြင်းလုပ်ငန်းများကိုရပ်နားခဲ့ရသည်။ လုပ်ငန်း ရှင်များ အား စတင်ရပ်နားထားသည့်ကာလအတွက် သက်တမ်းတိုးမြှင့်ခြင်းလုပ်ငန်းများကို သမ္မတရုံးအမိန့်ကြော် ငြာစာဖြင့် ဆောင်ရွက်ပေးမည်ဖြစ်သည်။

ကွတ်ခိုင်-တာမိုးညဲ လမ်းပိုင်း၌ ဖြစ်ပွားသော ပစ်ခတ်တိုက်ခိုက်မှုတွင် တပ်မတော်မှ တပ်ရင်းမှူးတစ်ဦး ကျဆုံး



(Eleven Media Group)

အစိုးရနှင့် ကေအိုင်အိုတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိနေစဉ်မှာပင် ချောင်းမြောင်းပစ်ခတ်ခံရမှုကြောင့် တပ်မတော်မှ ဗိုလ်မှူးအဆင့်ရှိ ယာယီတပ်ရင်းမှူး တစ်ဦး ဇွန် ၄ ရက် ညနေပိုင်းက ကျ ဆုံးခဲ့ကြောင်း သိရသည်။

ကျဆုံးခဲ့သည့် တပ်မတော်မှ အရာရှိမှာ ဗိုလ်မှူးကျော်ထင်အောင် ဖြစ်ပြီး ကွတ်ခိုင်မြို့အခြေစိုက် အမှတ် ၂၄၁ ခြေလျင်တပ်ရင်းမှ ယာယီတပ်ရင်းမှူးတစ်ဦးဖြစ်ကာ ဗိုလ်မှူးကျော်ထင်အောင် ကျဆုံးခဲ့ရမှုနှင့်ပတ်သက်၍ ကေအိုင်အေ (ကချင်လွတ်မြောက်ရေးတပ်မတော်) မှ ချောင်းမြောင်းပစ်ခတ်ခြင်းဖြစ်သည်ဟု ပြောဆိုလျက်ရှိသည်။

Thursday, June 5, 2014

ကချင်ဒုက္ခသည်သုံးဦးကို ဖောက်ခွဲမှုဖြင့် ထောင်ဒဏ် ၁၄ နှစ်အထိ အမိန့်ချ

(Mizzima)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရွှေစက်ကျေးရွာ စစ်ပြေးဒုက္ခသည်စခန်းမှ ဒုက္ခသည် သုံးဦးကို ဖောက်ခွဲမှု ၆ မှုဖြင့် ထောင်ဒဏ် ၃ နှစ်မှ ၁၄ နှစ်အထိ ထပ်ဆင့် အမိန့်ချမှတ်လိုက်သည်ဟု ရှေ့နေ ဦးဂျီမာခါးက ပြောသည်။

မြစ်ကြီးနားမြို့ ခရိုင်ရုံးနှစ်ခုမှ တရားသူကြီး ဒေါ်နီနီအေးနှင့် တရားသူကြီး ဦးနေလင်းတို့က ဦးဘရန်ရုန်ကို ထောင်ဒဏ် ၁၄ နှစ်၊ ဦးလဖိုင်ဂမ်ကို ၁၃ နှစ်၊ ဦးလရိန်ကို ၃ နှစ်စီ ဇွန်လ ၅ ရက်က အသီးသီးချမှတ်ခဲ့သည်။

မြစ်ကြီးနား မြို့ပေါ် ကျောင်းများတွင် ငွေးကြေးမတတ်နိုင်သည့် အတွက် ကျောင်းမတက်နိုင်သူရှိ

(Kachin Waves)

ကချင်ပြည်နယ်မြစ်ကြီးနားမြို့ရှိ အချို့ကျောင်းများတွင် ကျောင်းအပ်ရာတွင် အခက်အခဲများစွာရှိသည့် အတွက် ကျောင်းမတတ်နိုင်သည့် ကျောင်းသူ ကျောင်းသားများ ရှိနေကြောင်း သတင်းရရှိသည်။

“ကျွန်မသား ကျောင်းသုံးကျောင်းမှာ အပ်တယ်။ အပ်လို့မရဘူး။ အခုက စိတ်ဓာတ်ကျပြီး အစိုးရကျောင်းမတက်ခိုင်းတော့ဘူး။ တရုတ်ကျောင်းပဲ တက်ခိုင်းတော့မယ်။ သားလည်း မတတ်ချင်တော့ဘူး။”ဟု သူငယ်တန်း ကျောင်းသား တစ်ဦး၏မိခင် ဒေါ်ဂျာဖန်မှဆိုသည်။

မြစ်ကြီးနား-ဖားကန့်လမ်း၏ ကြေးအကြီးဆုံး ရှဒေါင်ဂိတ်

(Kachin Waves)

တနိုင်း ပယင်းမှော်မှ ပစ္စည်းသိမ်းပြီးပြန်လာ သည့် ပြည်သူများအား ရှဒေါင်ဂိတ်များမှ တာဝန်ရှိသူများမှ ဂိတ်တွင် စစ်ဆေးကာ ပိုက်ဆံတောင်း ယူပြီး မြစ်ကြီးနား သို့ ခရီးဆက် ခိုင်းခဲ့ပြီးနောက် မှ ဆိုင်ကယ်ဖြင့် ပြန် လိုက်ကာ မြစ်ကြီးနား သွားသည့် လမ်းလယ် တွင် ငွေကြေးထပ် မံတောင်းဆိုခဲ့ကြောင်း သိရသည်။

KIA,Dung (2 hte 36) Ginra Ni Hta Gasat Poi Byin, Myen Hpyen Dap ni Si Hkala Ai Ni Law

(Myutsawkasa) (Lachid Kachin)

Jung 4, 2014 ya shani hta lahta Sam Mung KIA Masat (4) Dap Ba npu Dap Dung (36) ginra Hpai kawng, Hka Lum, Mung Gu de na Bang Sai de yu wa ai Myen tai hpyen hpung Hk-M-Y-(323, 507), Tat-M-(88) na pawng hpawn hpyen hpung n-gun (400) grupyin hpe tinang KIA Dap Dung (36) na MHH Kung (5) na hpyen hpung ni Bawm (2) lang hkap dem bun dat ai kaw nna lahkawng maga laja lana gasat poi byin ai lam shiga na chye lu ai.

KIA တပ်ရင်း (၃၆)ဒေသတွင် တိုက်ပွဲ ပြင်းထန်

(Lachid Kachin)

ရှမ်းပြည်နယ်မြောက်ပိုင်း KIA, တပ်မဟာ (၄) လက်အောက်ခံ KIA, တပ်ရင်း
(၃၆) ဒေသ အတွင်းသို့ ထိုးစစ်ဆင်ကျူးကျော် ၀င်ရောက်လာသော မြန်မာ 
အစိုးရ စစ်တပ် နှင့် KIA, တပ်ရင်း (၃၆)တပ်တို့ တိုက်ပွဲ ဖြစ်ပွား ကြောင်း သတင်း
ရရှိပါသည်။

Wednesday, June 4, 2014

မတရားအသင်းပုဒ်မနှင့် ဖမ်းဆီးခံထားရသည့် ကချင်ဒုက္ခသည်သုံးဦးကို ဖောက်ခွဲမှုဖြင့် ထပ်မံအမိန့်ချမည်

(Mizzima)

မတရားအသင်းနှင့် ဆက်သွယ်မှု၊ ဖောက်ခွဲမှုတို့ဖြင့် ထောင်ကျခံနေရသူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ရွှေစက်ကျေးရွာ စစ်ပြေးဒုက္ခသည်စခန်းမှ စစ်ပြေးဒုက္ခသည် ဦးဘရန်ရုန်၊ ဦးလဖိုင်ဂမ်နှင့် ဦးလရိန်တို့ သုံးဦးကို ဖောက်ခွဲမှု ၆ မှုဖြင့် မြစ်ကြီးနားခရိုင် တရားရုံး ၂ခုတွင် ထပ်မံ အမိန့်ချမှတ်မည်ဟု ရှေ့နေဦးဂျီမာခါးက ပြောသည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်က ဦးဘရန်ရုန်းက ဖောက်ခွဲမှု ၄မှု၊ ဦးလဖိုင်ဂမ်က ဖောက်ခွဲမှု ၃မှုနှင့် ဦးလရိန်က ဖောက်ခွဲမှု ၁မှုတို့ဖြင့် စွဲဆိုထားမှုအပေါ် ရှေ့နေများက အပြီးသတ် လျှောက်လဲချက်ပေးခဲ့ပြီးနောက် လာမည့် ဇွန် ၅ ရက်တွင် မြစ်ကြီးနားခရိုင် တရားရုံး ၂ခုက သုံးကြိမ်မြောက် အမိန့်ချမှတ်မည် ဖြစ်သည်။

UWSA ထိန်းချုပ်နယ်မြေအနီး စစ်အင်အား နှင့် သံချပ်ကာကားများထပ်မံရောက်ရှိ

(သျှမ်းသံတော်ဆင့်)

UWSA ထိန်းချုပ်နယ်မြေ အနီး မြန်မာ အစိုးရ တပ်မတော် စစ်သည် အင်အားများနှင့် သံချပ်ကာ ကားများ မေ လနှောင်းပိုင်း၌ အင်အားဖြည့် တင်းရောက်ရှိ ထားကြောင်း ဒေသ အတွင်း စစ်ရေးစောင့်ကြည့် လေ့ လာသူများ ကပြော သည်။

၂၀၁၄ မေလ အတွင်း တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) မှတဆင့် သံချပ်ကာကားများနှင့် စစ်ယာဉ်တန်းများ - သံလွင်အနောက်ခြမ်း ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့နယ်ခွဲ၊ မိုင်းရှူးမြို့နယ် မိုင်းစံ မြို့နယ်ခွဲဘက်သို့လည်းကောင်း၊ ကျိုင်းတုံအခြေစိုက် တြိဂံတိုင်းစစ်ဌာနချုပ် မှ တိုက်ပွဲဝင် သံချပ်ကာ ကားများ နှင့် စစ်အင်အားများ မက်မန်းမြို့နယ်ဘက်သို့လည်းကောင်း ပို့ဆောင်ထားသည်ဟု မျက်မြင်များကပြောသည်။

တပ်မတော်နှင့် တအာင်း (ပလောင်) တပ်များ နှစ်ရက်အတွင်း တိုက်ပွဲသုံးကြိမ်ဖြစ်ပွား

(Eleven Media Group)



အစိုးရတပ်မတော်နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား နှစ်ရက်အတွင်း တိုက်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့ကြောင်း TNLA သတင်းထုတ်ပြန်မှုအရ သိရသည်။


တပ်မတော် တပ်မ (၇၇)နှင့် TNLA တို့သည် ဇွန် ၂ ရက်က ကျောက်မဲမြို့နယ်၊ ပါလိုင်ကျေးရွာအနီးတွင် ညနေ ၄ နာရီခွဲခန့်က တစ်ကြိမ်၊ ည ၉ နာရီခန့်က တစ်ကြိမ် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Tuesday, June 3, 2014

အစိုးရ၏ စစ်တပ်က ထိုးစစ်ကြောင့် တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေရသည်ဟု TNLA ဆို

(Mizzima)

ရှမ်းပြည်နယ် မြောက်ပိုင်း နမ်ခမ်းမြို့နယ်အတွင်း အစိုးရစစ်တပ်နှင့် တအာန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)တို့ ဇွန်လ ၃ရက် နံနက် ၈ နာရီ ၄ဝ မိနစ်မှ ၉ နာရီ ၁၅ မိနစ်အထိ နာရီဝက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု TNLA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ မိုင်းအိုက်ကျော်က မဇ္ဈိမကို ပြောသည်။

“တိုက်ပွဲက နာရီဝက်လောက်ကြာသွားပြီ ပြင်းထန်မယ့် အခြေအနေရှိတယ်။ အဲဒီအနားတဝိုက်မှာက နမ့်စိမ့်ဘက်မှာ ကျွန်တော်တို့ တပ်တွေ နယ်မြေစိုးမိုးရေး လှုပ်ရှားသွားလာတာ ရှိတယ်။ အဲမှာ တပ်မ ၈၈က ထိုးစစ်ဆင်လာတော့ တိုက်ပွဲဖြစ်တာဘဲ”ဟု မိုင်းအိုက်ကျော်က ပြောသည်။

စစ်တပ်ရဲ့ လက်နက် စွန့်ခိုင်းတဲ့ မူဝါဒ အပစ်မရပ်နိုင်တဲ့ အကျပ်အတည်း ဆီသို့ ဦးတည်

(ဧရာဝတီ)

အစိုးရနဲ့ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့တွေကြားမှာ အပစ် ရပ်ရေး ဆွေးနွေး လျက်ရှိရာမှာ အစိုးရ စစ်တပ် က အပစ်ရပ် ရေး ဆိုင်ရာ စာချုပ် မှာ လက်မှတ် ထိုးပြီး တာနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံး လက်နက်ဖြုတ်ရေး (Disarmament)  ဆို တဲ့ ဆိုတဲ့ မူဝါဒ ကို ထည့်သွင်းဖို့ ကြိုးစားလာ တာကြောင့်  အပစ် ရပ်ရေး အတား အဆီး ဖြစ်လာ မယ် လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ပြောပါတယ်။

နိုင်ငံတကာ ပဋိပက္ခ ဖြေရှင်းရေး ဆွေးနွေးမှုတွေမှာ ကျင့်သုံးလေ့ရှိတဲ့ DDR (Disarmament ၊ Demobilization ၊ Reintegration)  ဆိုတဲ့ လက်နက်ဖြုတ်သိမ်းရေး ၊ စစ်မှုထမ်းအဖြစ်မှ နုတ်ထွက်ခွင့်ပြုခြင်းနဲ့ အရပ်သားတွေအဖြစ် ပြန်လည် ပေါင်းစည်းရေး မူဝါဒကို အစိုးရစစ်တပ်က အပစ်ရပ်ရေး စာချုပ်မှာ ထည့်သွင်းဖို့ လုပ်လာပြီး တိုင်းရင်းသား လက်နက်ကိုင် တွေအနေနဲ့ အာမခံချက် တစုံတရာမရှိဘဲ လက်နက်ဖြုတ်သိမ်းဖို့ ဆိုတာ မဖြစ်နိုင်တာမို့ အပစ်ရပ်ရေး ဆွေးနွေးပွဲ ဆက်လက် ကြာမြင့်ဦးမယ့် အခြေအနေဆီကို ဦးတည်နေပါတယ်။

Monday, June 2, 2014

ကေအိုင်အိုထိန်းချုပ်နယ်မြေ အတွင်း ကျောင်းများဖွင့်နိုင်သော် လည်း အဆောက် အဦးနှင့် ဆရာ၊ ဆရာမ လိုအပ်နေသေး

(Mizzima)

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နေရာအတွင်းရှိ ကျောင်းများ ဖွင့်လှစ်နေပြီ ဖြစ်သော်လည်း တစ်ချို့ စစ်ပြေးဒုက္ခသည်စခန်းများတွင် ကျောင်းအဆောက်အဦများ ဆောက်လုပ်ရန် လိုအပ်နေပြီး ကျောင်းဆရာ၊ ဆရာမများ လိုအပ်နေဆဲ ဖြစ်သည်ဟု KIO ဗဟိုဌာနချုပ်၏ ပညာရေးဌာနမှ အထွေထွေအတွင်းရေးမှူး ဆလန်ကမ္ဘားယော်ဆောင်း(Yaw Sau)က မဇ္ဈိမကို ပြောသည်။

ဇွန်လ ၂ ရက်က စတင်၍ ကျောင်းများ စတင်ဖွင့်လှစ်နေပြီ ဖြစ်ပြီး KIOက လိုအပ်နေသည့် လုပ်အားပေး ဆရာ၊ ဆရာမ ၁၆ဝကို နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် KBC ၊ ကက်သလိပ်အသင်းတော် အပါအဝင် အခြား ခရစ်ယာန်ဂိုဏ်းပေါင်းစုံသို့ တောင်းခံခဲ့ရာ လက်ရှိ ၈၅ ဦး လက်ခံရရှိနေပြီ ဖြစ်ပြီး နောက်ထပ် လုပ်အားပေးဆရာ၊ ဆရာမ ၂၅ ဦး လိုအပ်နေသေးသည်။

အစိုးရ နှင့် KIA ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့ တရားဝင် ဖွဲ့စည်း

(Irrawaddy)

အစိုးရ စစ် တပ်နှင့် ကချင် လွတ် လပ်ရေး တပ်မတော် (KIA) တို့အကြား တိုက်ပွဲ များ ထပ်မံ မဖြစ် ပွားရေး တားဆီးနိုင် ရန် အတွက် ပဋိပက္ခ ညှိနှိုင်းဖြေ ရှင်းရေး အဖွဲ့ ကို တရားဝင် ဖွဲ့စည်း လိုက်ပြီ ဖြစ်သည်။

အဆိုပါ အဖွဲ့တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်သော စစ်ဘက် ဆိုင်ရာ အရာရှိများနှင့် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) မှ ဗိုလ်မှူးကြီး ဇော်တောင် ဦးဆောင်သည့် အရာရှိများ ပါဝင်သော တဖက်လျှင် အဖွဲ့ဝင် ၅ ဦးစီဖြင့် မေလ ၂၈ ရက်က ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ကချင် တစ်ကြော့ပြန်စစ် ၃နှစ်မြောက်နေ့တွင် စစ်ပွဲများချက်ခြင်းရပ် Global Campaign ပြုလုပ်မည်

- မဇ္ဈိမသတင်းဌာန 
 
ကချင် တစ်ကြော့ပြန်စစ် ၃ နှစ်ပြည့်သည့် မေ ၉ ရက်တွင် ပြည်တွင်း၊ ပြည်ပရှိ ကချင် တိုင်းရင်းသားများ နေထိုင်ရာ မြို့များတွင် Global Campaign အဖြစ် စစ်ပွဲများ ချက်ခြင်းရပ်ရန် အဖွဲ့အစည်းများ လက်မှတ်ထိုးထားသော တောင်းဆိုချက်ကို သက်ဆိုင်ရာ နိုင်ငံအစိုးရများထံ ပေးပို့သွားရန် စီစဉ်ထားသည်ဟု ကချင်ငြိမ်ချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာက မဇ္ဈိမ ကိုပြောသည်။

မြန်မာနိုင်ငံတွင် မြစ်ကြီးနား၊ ဗန်းမော်၊ မန္တလေး၊ ရန်ကုန် စသည့်မြို့များနှင့် မလေးရှား၊ ထိုင်း၊ ဂျပန်၊ အင်္ဂလန်၊ အမေရိကန်၊ သြစတေးလျနိုင်ငံတို့တွင် ပြုလုပ်ရန် စီစဉ်ထားပြီး ဖြစ်ကာ ဒိန်းမတ်နှင့် နယ်သာလန် နိုင်ငံများရှိ အဖွဲ့အစည်းများမှာ ညှိနှိုင်းထားဆဲဖြစ်သည်။

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ ချင်းမိုင်တက္ကသိုလ်တွင် ဆွေးနွေး

မဇ္ဈိမသတင်းဌာန 
 
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုတွင် အဓိက အခက်အခဲများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်တွင် မေလ ၃ဝ ရက်က ဆွေးနွေးခဲ့သည်။

“ပြည်ထောင်စု ငြိမ်းချမ်းရေး အခွင့်အရေးနှင့် အခက်အခက်များ”ဟူသော ခေါင်းစဉ်ဖြင့် မြန်မာငြိမ်းချမ်းရေး စင်တာ (MPC) မှ ဦးညိုအုန်းမြင့်၊ NCCTမှ အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျှန်မုန်းဆာခေါင်း၊ ဥရောပ-မြန်မာရုံး(EBO)၏ ဒါရိုက်တာ ဦးဟန်ညောင်ဝေ၊ ရှမ်းသံတော်ဆင့် အယ်ဒီတာလည်းဖြစ်၊ ငြိမ်းချမ်းရေးဆိုင်ရာ သုသေတနဌာန၏ ဒါရိုက်တာ ဦးခွန်ဆိုင်းနှင့် ကုသမဂ္ဂ၏ ငြိမ်းချမ်းရေးလုပ်ငန်းများ ပါဝင်လုပ်ဆောင်နေသူ Mr Hannes Siebert တို့က ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

Sunday, June 1, 2014

KIA, DAP DUNG (36) GINRA KAW GASAT POI BYIN, MYEN SI HKALA LAM NGA

(Lachid Kachin) (Myutsawkasa)

May 29, 2014 ya shani 7:00pm ten ram hta lahta Sam Mung KIA Masat (4) Dap Ba npu Dap Dung (36) ginra Mung Ya, Na Sang kaw Myen Dap Nu Tat-M-(88) kata na mying nchye shi ai hpyen hpung n-gun (100) daram hte tinang KIA Dap Dung (36) ni gasat poi byin ai lam shiga na chye lu ai.

Ndai gasat poi hta Myen dap maga na Du (1), Tsa Zen "Sergeant" (1) hkala nna marai (2) si ai lam shiga na chye lu ai. Tinang KIA dap maga na gaw hpa nra ai lam shiga na chye lu ai.
MYEN HPYEN N-GUN JINGHPAW MUNG DE MATUT MANOI DU NGA

ဒေသခံ လင်မယားအား အစိုးရ စစ်ကြောင်း ပစ်ခတ် တိုက်ခိုက် ဇနီး ဖြစ်သူ သေဆုံး

သျှမ်းသံတော်ဆင့်သတင်း 
 
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း မြို့နယ် နောင်ခန် ဒေသခံ လင်မယား အား မြန်မာ စစ်တပ် တပ်မ ၈၈ လက်အောက်ခံ စစ်ကြောင်း တကြောင်းက လက်နက် ကြီးငယ်ဖြင့် ပစ်ခတ်သောကြောင့် ဇနီးဖြစ်သူ သေဆုံး ခဲ့ရကြောင်း ရွှေလီချိုင့်ဝှမ်း သတင်း ရပ်ကွက်က ပြောသည်။

မေလ ၂၉ ရက် မွန်းလွဲ ၂ နာရီခန့်က နမ့်ခမ်းမြို့နယ်  နမ့်ဇန့်ရွာမှ ရွာသားလင်မယား  ဦးအားရှင် နှင့် နန်းထေး တို့ဆိုင်ကယ်ဖြင့် နမ့်ခမ်းမြို့သို့သွားစဉ် ကောင်းဝိန်းရွာအနီး၌ ၎င်းတို့နှစ်ဦး အား မြန်မာအစိုးရ တပ်မ ၈၈ လက်အောက်ခံ ခလရ ၁၀ မှ အင်အား ၂၇ ယောက်ရှိ စစ်ကြောင်း တစ်ကြောင်းက လက်ပစ်ဗုံးတလုံး နှင့် သေနတ် ၁၀ ချက်ကျော် ပစ်ခတ်ခဲ့သည်ဟု နောင်ခန်ဒေသခံ များကပြော သည်။