Friday, May 30, 2014

မြစ်ကြီးနား၌ ပြင်းအား အဆင့် ၆ နီးပါးရှိ ငလျင် လှုပ်သော်လည်း အပျက်အစီး မရှိ

(Mizzima)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ မေလ ၃ဝ ရက် နံနက်တွင် ပြင်းအား ရက်စ်ချက်တာစကေး ၅.၉ ရှိသည့် ငလျင် လှုပ်ခတ်ခဲ့သော်လည်း အပျက်အစီး မရှိဟု မြစ်ကြီးနား ဒေသခံများ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် ကချင်ပြည်နယ် ရဲစခန်းတို့က မဇ္ဈိမကို အတည်ပြု ပြောသည်။

“မနက်ကတော့ လှုပ်တယ်လေ၊ ကျွန်တော်တို့ ဆီကိုတော့ အပျက်အစီး သတင်း ဘာသတင်းမှ မတက်လာသေးဘူး” ဟု ကချင် ပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနှင့် လုံခြုံရေး ဌာနမှ အရာရှိ တစ်ဦးက မဇ္ဈိမသတင်းဌာနသို့ မေလ ၃ဝ ရက်ညနေ (၄) နာရီ ခွဲတွင် ပြောကြားခဲ့သည်။

အစိုးရနှင့် KIO ‘ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့’ ဖွဲ့စည်း

(ကချင်သတင်းဌာန)

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှစ်ဘက်ကိုယ်စားလှယ်များ ပါဝင်သော ‘ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့’ ကို ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် မေ ၂၈ ဗုဒ္ဓဟူးနေ့က ဖွဲ့စည်းလိုက်သည်။

၎င်းအဖွဲ့တွင် တစ်ဖွဲ့မှ လူ ၅ ဦးစီ အညီအမျှပါဝင်ပြီး အစိုးရဘက်မှ ကချင်ပြည်နယ်အစိုးရ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင် ဦးဆောင်၍ KIO ဘက်ကို မဟာဗျူဟာလေ့လာရေးဌာန ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ဇော်တောင် ဦးဆောင်သည်။

ကချင်ပြည်နယ် မန်စီမြို့နယ် မန်ဝိန်းကြီးကျေးရွာရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ရေးအခက်အခဲများ ရှိသည့်အပြင် ငှက်ဖျားနှင့် ၀မ်းရောဂါများ ကူးစက်ပြန့်ပွားနေ

(Eleven Media Group)

ကချင်ပြည်နယ် မန်စီမြို့နယ် မန်ဝိန်းကြီးကျေးရွာရှိ ဒုက္ခသည်စခန်းများသို့ လာရောက်ခိုလှုံသူဦးရေ နှစ်ထောင်ကျော် တိုးလာပြီး နေထိုင်ရေး အခက်အခဲများ ရှိနေသည့်အပြင် ငှက်ဖျားရောဂါနှင့် ၀မ်းပျက်ဝမ်းလျှော ရောဂါများ ကူးစက်ပြန့်ပွားနေကြောင်း ကယ်ဆယ်ရေးစခန်းရှိ တာဝန်ရှိသူများနှင့် လာရောက်ခိုလှုံသူများထံမှ စုံစမ်းသိရှိရသည်။

လက်ရှိတွင် ကချင်ပြည်နယ်၊ ဗန်းမော် ခရိုင်၊ မန်စီမြို့နယ်၊ မန်ဝိန်းကြီးကျေးရွာတွင် စစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်း ငါးခုရှိနေပြီး လာရောက်ခိုလှုံသူ ၆၀၀၀ ကျော်ရှိနေကြောင်း KPC ဒုက္ခသည်စခန်းမှ တာဝန်ခံဖြစ်သူ ဦးဇော်လတ်ထံမှ သိရသည်။

KIAတပ်ရင်း(၃၆) ဒေသ "ပန်စပ်"အနီးတွင်တိုက်ပွဲဖြစ်

(Lachid Kachin) (Myu tsaw ka sa)

၂၀၁၄၊မေလ၊၂၈ရက်နေ့နံနက်၈နာရီခန့် တွင်ရှမ်းမြောက် KIA တပ်မဟာ (၄)လက်အောက်ခံတပ်ရင်း(၃၆)နယ်မြေဖြစ်သော မုန်ယာ နမ်ဆမ် မှပန်စပ်သို့ တက်လာသော မြန်မာစစ်တပ် အင်အား၁၀၀ ဝန်းဝန်းကျင်ခန့် နှင့်KIA ရင်း(၃၆) တို့ တိုက်ပွဲဖြစ်ကြောင်းသိရသည်။ 
KIAတို့ မှလမ်းတွင်ပျောက်ကျားစနစ် ဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး
မိမိတို့ ဘက်မှထိခိုက်ကျဆုံးမှုမရှိကြောင်းနှင့်မြန်မာစစ် တပ်ဘက်မှအထိအ
ခိုက်ကျဆုံးမှုအသေးစိတ်ကိုမသိရသေးကြောင်းသတင်းရှိသည်။

Thursday, May 29, 2014

စစ်ပွဲကြာရှည်နေရင် ဒုက္ခသည်များအတွက် ပိုပြီး ခက်ခဲလာနိုင်ကြောင်း ဦးဒွဲပီဆာဆို

(Kachin Waves)


စစ်ပွဲထပ်ကြာနေပြီး အပြင်က အကူအညီများ မကူညီနိုင်တော့သည့် အချိန်တွေ ဒုက္ခသည်များအတွက် အခက်အခဲ များစွာ ရှိလာမည်ဖြစ်ကြောင်း ကေအိုင်အို စစ်ဘေးဒုက္ခသည် ကယ်ဆယ်ရေးကော်မတီ ဥက္ကဌ ဦးဒွဲပီဆာမှ ဆိုသည်။

“နောက်နှစ်လောက် ဆိုရင် ငွေးရေးကြေးရေးမပြောနဲ့ ထမင်းချက်ဖို့ ထင်းတောင် အရမ်းခက်လာမယ်။ ထင် ယူစရာနေရာတွေ ပြောင်ကုန်ပြီ။ ဒီမှာက လယ်ယာလုပ်စားဖို့ မြေမရှိဘူး။ ၀င်ငွေရှာစရာ နေရာမရှိဘူး။ ဒါကြောင့် အခြားအကူအညီ မလာတော့ရင် ဒုက္ခရောက်လာနိုင်တယ်။”ဟု ဦးဒွဲပီဆာမှဆိုသည်။

Wednesday, May 28, 2014

အစိုးရနှင့် ကေအိုင်အိုတို့ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ အတည်ပြု ဖွဲ့စည်းပြီး တစ်လတစ်ကြိမ် တွေ့ဆုံမည်

(Mizzima)

အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)တို့  နှစ်ဖက်သဘောတူဖွဲ့စည်းမည့် ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့တွင် တဖက် ငါးဦးစီပါဝင်သော နှစ်ဖက် အဖွဲ့များကို မေလ ၂၈ ရက်က ဖွဲ့စည်းလိုက်ပြီဟု ကချင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီးရုံးမှ ဒုရဲအုပ် ထွန်းမင်းအောင်က မဇ္ဈိမကို ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မေလ ၁၃ရက်က ကေအိုင်အိုနှင့် အစိုးရအဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြစဉ်က အဆိုပါအဖွဲ့ကို ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကာ မေလ ၂၁ ရက်တွင် အပြီးသတ်ဖွဲ့ ရန် စီစဉ်ခဲ့သော်လည်း မဖြစ်မြောက်ခဲ့သည့်အတွက် ယခုအချိန်မှ ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်သည်။

Tuesday, May 27, 2014

ပဋိပက္ခ ဖြေရှင်းရေး အဖွဲ့ဝင်များ ကေအိုင်အိုဘက်က ရွေးချယ်ပြီးစီး

(Mizzima)

အစိုးရနှင့် ကေအိုင်အိုတို့ နှစ်ဖက်သဘောတူဖွဲ့စည်းမည့် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့တွင် ကေအိုင်အိုဘက်မှ ပါဝင်မည့်အဖွဲ့ဝင် ငါးဦးကို ရွေးချယ်ပြီးဖြစ်သည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုးတော် ဆောင်အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့ရန် မေလ ၁၃ ရက် ဆွေးနွေးပွဲအပြီးတွင် သဘောတူခဲ့သည်။ ယင်းအဖွဲ့ကို နှစ်ဖက် ကိုယ်စားလှယ် ငါးဦးစီဖြင့် မေလ ၂၁ ရက်တွင် တရားဝင်ဖွဲ့စည်းပြီး အခြေခံမှုငါးချက်နှင့် စည်းကမ်း ၁၈ ချက်ကို ရေးဆွဲမည်ဖြစ်သည်။

တကျော့ပြန် စစ်ပွဲ ကန့်ကွက်သံများ...

(Kachin Duwa)

ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲ ရပ်ဖို့ တောင်း ဆိုတဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်း တွေပါ။ သူတို့ အားလုံး မြန်မာနိုင်ငံသားများ ဖြစ်ကြပါတယ်။ ဒါနဲ့ နွားနို့ သမ္မတ က ပြည်သူ တောင်းဆိုသံ နားထောင် တယ် ဆိုလား.. ဒီနေရာမှာ တော့ ငြိမ်နေတယ်နော်.. 

1. ကချင်ငြိမ်းချမ်းရေးကွန်ရက်
2. ကချင်အမျိုးသမီးများ ငြိမ်းချမ်းရေးကွန်ရက်
3. ဗေဒါအင်စတီကျူ (BAYDA Institute)
4. ဗေဒါအဖွဲ့များ
5. Green Myanmar Environment and Social Network
6. စစ်ကိုင်းဒေသလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် (SRFDN)
7. Civil and Political Rights Campaign Group

မူဆယ်မှ ကချင် စစ်ပြေးဒုက္ခသည် ၁ဝဝ ကျော် မိမိနေရပ်သို့ ပြန်

(Mizzima)

ေKIA နှင့် အစိုးရတပ်တို့အကြား ဧပြီလက တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဝိုင်းဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ မူဆယ်မြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ကချင်စစ်ပြေးဒုက္ခသည် ၅ဝဝထဲမှ ၁ဝဝကျော်ကို နေရပ်သို့ ပြန်လည်နေထိုင်ရန် စီစဉ်ပေးနေပြီဟု ဒုက္ခသည်များကို လာရောက်ခေါ်ယူသူ ဝိုင်းဆိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလဘန်ကျော်အောင်က မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဝိန်းဆိုင်မြို့နယ်အတွင်းရှိ ဝိန်းဆိုင်၊ ဘန်ကမ်း၊ ဟိုပန်၊ ခါနန်၊ ဘန်ကမ်း စသည့် ကျေးရွာများမှ အိမ်ထောင်စု ၄၃ စုမှ စစ်ပြေး ဒုက္ခသည် ပေါင်း ၁ဝဝ ကျော်ကို မေလ ၂၆ ရက်တွင် မိမိနေရပ်သို့ ပြန်နိုင်ရေးအတွက် ကားများ စီစဉ်ပေးနေသည် ဦးလဘန် ဂျော်အောင်က ပြောသည်။

အစိုးရနှင့် NCCT အကြား ဒုတိယမူကြမ်း ရရှိခဲ့သော်လည်း ဖယ်ဒရယ်အပါဝင် အရေးကြီးအချက်များ ညှိနှိုင်းရန် ကျန်ရှိနေသေး

နိရဉ္စရာ သတင်းဌာန 
 
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးဆိုင်ရာ တိုင်းရင်းသား ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့သည် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးအတွက် ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲတွင် ဒုတိယမူကြမ်းတစောင် ရရှိပြီး ဖယ်ဒရယ်အပါအဝင် အရေးကြီး အချက်အချို့ ညှိနှိုင်းရန် ကျန်ရှိနေသေးကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြားတွင် အပစ်ရပ်မူကြမ်းတစ်ခုတည်းရရှိရန်အတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို မေလ ၂၁ရက်နေ့မှ ၂၃ရက်နေ့အထိ ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC) တွင် နှစ်ဘက်ခေါင်းဆောင်များ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

Sunday, May 25, 2014

ငြိမ်းချမ်းရေး စစ်တမ်း (၆)

(Aung Htoo)

ဖယ်ဒရယ်၏ အနှစ်သာရအနေဖြင့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံ သော ပြည်ထောင်စုဟူသည်အား အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် ထည့်သွင်းရန်မြန်မာတပ်မတော်က လက်ခံ လိုက် ပြီ ဖြစ်ကြောင်း ၂၀၁၄ ခုနှစ် မေလ ၂၂ ရက်တွင် သတင်းများ ထွက်ပေါ်[1] လာသည်။ ယင်းကို သုံးသပ်ရန်လိုပါ မည်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို လက်ခံလျှင် လက်ခံသည်၊ လက်မခံလျှင်လည်း လက်မခံနိုင်ပါ ဟု ရိုးရိုးပြောရုံသာ ဖြစ်သင့်သည်။ ဖက်ဒရယ်၏ အနှစ် သာရ ဟူသည်ကို ယူသော်လည်း၊ ဖက်ဒရယ် ဝေါဟာရ အတိ အကျကို မသုံး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် သွားရန် လုပ်ငန်းစဉ်ကို သဘောတူညီချက်မရပါက ယင်းမှာ လိမ်ဆင်ကြီးသာဖြစ်ပါမည်။