Saturday, May 24, 2014

အပစ်ရပ်သဘောတူညီချက်၊ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခလမ်းဆုံ

(VOA)

ဦးစည်သူအောင်မြင့်။   ။ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ရန်ကုန် ငြိမ်းချမ်းရေး စင်တာမှာ အစိုးရ နဲ့ NCCT  ခေါ် တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စား လှယ် အဖွဲ့ တို့ တွေ့ဆုံဆွေးနွေး ပါတယ်။ ဆွေးနွေးပွဲ ထုံးစံအတိုင်း မေလ ၂၂ ရက်နေ့ညမှာ ငြိမ်းချမ်းရေး ညစာစားပွဲတစ်ခု လုပ်ပါတယ်။ ပုံမှန်အားဖြင့် အစိုးရဘက်က ၀န်ကြီးတွေ၊ စစ်ဗိုလ်ချုပ်တွေ၊ လွှတ်တော် အမတ်တွေ၊ ငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင်တွေ၊ သံတမန်တွေ၊ စီးပွားရေးသမားကြီးတွေ၊ ရန်ကုန်အခြေစိုက် နိုင်ငံတကာ အဖွဲ့အစည်းက တာဝန်ရှိသူတွေ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ စုံစုံညီညီ အုန်းအုန်းကျွက်ကျွက် တက်ရောက်လေ့ရှိပေမယ့် ဒီတစ်ခေါက်တော့ တက်ရောက်သူနည်းပြီး အတော်လေးကို ခြောက်သွေ့နေပါတယ်။ ဒါဟာ သဘာတူညီချက်တွေ ရဖို့ မနီးစပ်သေးဘူး၊ ငြိမ်းချမ်းရေးနဲ့ ဝေးနေဦးမယ်၊ ဒီထက်မက မကြာခင် ပဋိပက္ခတွေ ပြန်ပြီး ဖြစ်လာနိုင်တယ်ဆိုတဲ့ အရိပ်လက္ခဏာများလား ဆိုတာ ခုတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
 

မြန်မာတပ်ရုပ်ဖို့ ကချင်အဖွဲ့တွေ တောင်းဆို

(RFA)

ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်စခန်းတွေနားမှာချထားတဲ့ မြန်မာအစိုးရတပ်တွေအားလုံး ရုပ်သိမ်းပေးဖို့နဲ့  နိုင်ငံတကာကသတ်မှတ်ထားတဲ့ ပြည်တွင်းစစ်ပြေးဒုက္ခသည်များဆိုင်ရာအခွင့်အရေး ကို မြန်မာ့တပ်မတော်ကလေးစားလိုက်နာဖို့ ကချင်အရပ်ဖက်အဖွဲ့ အစည်း ၁၇ ဖွဲ့ က တောင်းဆိုလိုက် ပါတယ်။

မေလ ၂၀ ကနေ ၂၂ ရက်နေ့ ထိ မိုင်ဂျာယန်မြို့မှာပြုလုပ်ခဲ့တဲ့အစည်းအဝေးအပြီး အခုလိုကြေညာ ချက်ထုတ် တောင်းဆိုလိုက်တာပါ။ ပြီးခဲ့တဲ့ ဧပြီလဆန်းကစပြီးဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့  ကချင်ပြည်နယ်က စစ်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည်ဦးရေ ၄ ထောင်ကျော်တိုးလာခဲ့တယ်လို့  ဆိုပါတယ်။

တတိယအကြိမ် တိုင်းရင်းသား ညီလာခံ ကျင်းပရန် စီစဉ်

(Irrawaddy)

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ချူပ်ဆိုရေး အတွက် တိုင်းရင်းသားပေါင်းစုံ ပါဝင်မည့် တတိယ အကြိမ်မြောက် တိုင်းရင်းသား ထိပ်သီး ညီလာခံ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

“အပစ်အခတ် ရပ်စဲရေး အတွက် တကယ်တမ်း စာချုပ်လက်မှတ် ရေးထိုးမယ့် သူတွေက ကျနော်တို့ တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးက ထိပ်သီး ခေါင်းဆောင်တွေပါ။ ဒီမှာ အစိုးရနဲ့ ဆွေးနွေးမှု အပြီးမှာ ရလဒ်တွေကို ဒီလို ထိပ်သီး ခေါင်း ဆောင်တွေကို ဆွေးနွေးဖို့က ကျနော်တို့ တာဝန် ဖြစ်တယ်၊ အဲဒီလို သူတို့ကို ထိပ်သီး အစည်းအဝေးတွေ ခေါ်ယူပြီး NCCT အနေနဲ့ အကျေအလည် ဆွေးနွေးနိုင်မှ ရပါမယ်၊ အဲဒီခေါင်းဆောင်တွေက အိုကေ အဆင်ပြေလောက်ပြီ ဆိုရင်တော့ အလား အလာ ကောင်းနိုင်တာပေါ့”ဟု တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) တာဝန်ရှိသူတဦး ဖြစ်သည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ငြိမ်းချမ်းရေးနည်း မအောင်မြင်ပါက လက်နက်ကိုင် နည်းလမ်း ပြန်သုံးမည်ဟု RCSS ပြော

(Irrawaddy)

ပြည်တွင်း ငြိမ်းချမ်းရေး အတွက် နိုင်ငံရေး ပြဿနာများကို ငြိမ်းချမ်းသော နည်လမ်းဖြင့် ကြိုးပမ်းမှု မအောင်မြင်ပါက လက်နက် ကိုင် နည်းလမ်းကို ပြန်လည် ကျင့်သုံးသွားမည်ဟု ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) က ဆိုသည်။

အဆိုပါ ပြောဆိုချက်ကို ယခုနှစ် မေလ ၂၁ ရက်တွင် ကျရောက်သည့် ၅၆ နှစ်မြောက် ရှမ်းပြည် အမျိုးသား တော်လှန်ရေးနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း ဖြစ်သည်။

Thursday, May 22, 2014

အပစ်ရပ်မူကြမ်းပါ ညှိနှိုင်းရခက်သည့် စကားလုံးများကို ပထမနေ့တွင်ပင် ဆွေးနွေးအောင်မြင်ဟုဆို

မဇ္ဈိမသတင်းဌာန 
 
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ အပစ်ရပ်မူကြမ်း တစ်ခုတည်းအတွက် ဒုတိယအကြိမ် ဆွေးနွေးမှုတွင် ယခင်ညှိနှိုင်းရခက်သည့် ဖက်ဒရယ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်စသော စကားလုံးများကို ဆွေးနွေးမှုအဆင်ပြေလာပြီဟု တိုင်းရင်းသား ခေါင်းဆောင်များက ပြောသည်။

မေ ၂၁ ရက်တွင် ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန၌ အပစ်ရပ်မူကြမ်းတစ်ခုတည်းအတွက် ဆွေးနွေးပွဲပြီးနောက် သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

လိုင်ဇာညီလာခံကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ ထပ်မံတွေ့ဆုံနိုင်ရေး အစိုးရမှ ခွင့်ပြုကူညီပေးရန် NCCT မေတ္တာရပ်ခံ

(Eleven Media Group)



လိုင်ဇာညီလာခံကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ ထပ်မံတွေ့ဆုံနိုင်ရေး အစိုးရမှ ခွင့်ပြုပေးရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ မေတ္တာရပ်ခံထားကြောင်း မေ ၂၁ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center တွင်ပြုလုပ်သော အစိုးရနှင့် NCCT တို့၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ စာချုပ်မူကြမ်းရေးဆွဲရေး ညှိနှိုင်းမှု ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် NCCT ခေါင်းဆောင်များက ပြောကြားသည်။

Wednesday, May 21, 2014

တအာင်းတပ်မတော်(TNLA)၊ KIA(တပ်မတော်)၊ MNDAA(ကိုးကန့်တပ်မတော်)တို့ နှင့် အစိုးရတပ်တိုက်ပွဲဖြစ်ပွား

(ရွှေဟင်္သာသတင်းဌာန)

မေလ (၂၀)ရက်နေ့ က မူဆယ်မြို့ နယ်၊ မုံးကိုး မြို့နယ်ခွဲ ၊ကောင်းမူး လိုင်ကျေးရွာ အနီးတွင တအာင်း တပ်မတော် (TNLA)ကချင် တပ်မတော (KIA)MNDAA (ကိုးကန့် တပ်မတော်) ပူးပေါင်း တပ်နှင့် အစိုးရတပ် တို့ သည် နံနက် ၆း၀၀ နာရီ တကြိမ် နှင့် ၇း၀၀ တစ်ကြိမ် တိုက်ပွဲ (၂) ကြိမ် ဖြစ်ပွား ခဲ့ပြီး အစိုးရ ဘက်မှ ထိခိုက် ကျဆုံးမှုရှိ သော် လည်း စာရင်း အတိကျ မသိ ရသေး ကြောင်း (TNLA) အထွေထွေ အတွင်းရေး မှူး ဗိုလ်မှူးကြီး တာဘုန်းကျော် က ပြောပါသည်။
 
တိုက်ပွဲက ၁၉၊ ၂၀ နေ့တိုင်းဆိုသလိုဖြစ်နေတယ်။ ကျနော်တို့ (၃) ဖွဲ့ပူးပေါင်းလှုပ်ရှားတာ အစိုးရတပ်တွေက မကြိုက်ဘူးလေး အစိုးရတပ်က ကျနော်တို့ ရှိတဲ့နေရာကို လက်နက်ကြီးတွေနဲ့ ပစ်သွင်းနေတယ် ဒါပေမယ့် ကျနော် တို့က ဘာမှ ပြန်မလုပ်ပါဘူး။ ဒီအခြေနေတိုင်း ဆိုရင် စစ်ရေးတင်းမာမယ့် အနေထားတော့ ရှိတယ်ဟု ပြောပါသည်။

ဘိန်းဖမ်းဆီးမှု စစ်ဆင်ရေး အတွင်း အစိုးရ စစ်တပ်နှင့် TNLA တိုက်ပွဲဖြစ်

(ဧရာဝတီ)

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ပန်းဆေးဒေသ ဝါလိုင်းကျေးရွာမှ ဝါလိုင်း ပြည်သူ့စစ်သည် တဦး၏ နေအိမ်တွင် မေလ ၁၉ ရက်က ဘိန်းဖမ်းဆီးမှု စစ်ဆင်ရေး ဆောင်ရွက်သည့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) နှင့် အစိုးရ စစ်တပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“တိုက်ပွဲကတော့ တပ်ချင်း ထိပ်တိုက် တွေ့တာကနေ ဖြစ်တာပါ။ ကျနော်တို့ဘက်က အသေအပျောက် မရှိဘူး။ အစိုးရဘက်က တယောက် သေတယ်လို့ ကြားပါတယ်။ အခုရက်ပိုင်း အစိုးရနဲ့ ကျနော်တို့တပ် နေ့စဉ် တိုက်ပွဲတွေ ပြန်ဖြစ် နေပါတယ်” ဟု TNLA ဒု ပြန်ကြားရေးမှူး ပန်လက ဧရာဝတီကို ပြောသည်။

ဂီတဖြင့် ဖျော်ဖြေ၍ ရသည့် အလှူငွေဖြင့် စစ်ဘေး ဒုက္ခသည် စခန်းများသို့ သွားရောက် လှူဒါန်းမည်

(ဧရာဝတီ)

ဂီတဖြင့် လိုက်လံ အလှူခံကာ ရရှိလာသည့် ငွေးကြေးများဖြင့် အရေးပေါ် အကူအညီ လိုအပ်လျက်ရှိသည့် ဒုက္ခသည် စခန်းများသို့ ဇွန်လတွင် သွားရောက်လှူဒါန်းသွားမည်ဟု The Action Times Foundation မှ ဥက္ကဋ္ဌ ဦးဝင်းမော်က ဧရာဝတီကို ပြောသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းများတွင် မိုးတွင်းကာလ ကျရောက်ချိန် ဖြစ်သောကြောင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိနေခြင်းကြောင့် ၎င်းနေရာများသို့ အဓိက သွားရောက်၍ လှူဒါန်းသွား မည်ဟု သိရသည်။

တိုက်ပွဲများ ချက်ချင်းရပ်ဆိုင်းရေး အရေးပေါ်ဆွေးနွေးရန် အရပ်ဘက်အဖွဲ့အစည်း ၇၀ ကျော်တောင်းဆို

(Mizzima)

အစိုးရ စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်များအကြား ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်ဆိုင်းကာ အရေးပေါ် တွေ့ဆုံဆွေးနွေးမှုများလုပ်ရန် အပါအဝင် အချက် ၁ဝချက်ပါသော တောင်းဆိုကြေငြာချက်တစ်စောင်ကို အရပ်ဘက်အဖွဲ့အစည်း ၇၃ဖွဲ့က မေလ ၂၁ရက်က ထုတ်ပြန်လိုက်သည်။

စစ်ပွဲများ ထပ်မံဖြစ်ပေါ်လာခြင်းမရှိစေရန် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အဓိကဦးဆောင်နေသူများဖြစ်သည့် နိုင်ငံတော် သမ္မတ၊ ကာကွယ်ရေးဦးစီးချူပ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့က တာဝန်ယူဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြသည်။

ရှမ်းမြောက်ပိုင်း အစိုးရစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲ ထပ်မံဖြစ်ပွားနေ

မဇ္ဈိမသတင်းဌာန 
 
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးမြို့နယ်ခွဲအတွင်း အစိုးရ စစ်တပ်နှင့် တိုင်းရင်းသား ပူးပေါင်းတပ်ဖွဲ့တို့ မေလ၂ဝ ရက် နံနက်ပိုင်းက တိုက်ပွဲ ထပ်မံ ဖြစ်ပွားနေသည်ဟု တအောန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA မှ အတွင်းရေးမှူး ဗိုလ်မှူးကြီး မိုင်းဘုန်းကျော်က ပြောသည်။

မုံးကိုးမြို့နယ်ခွဲ ကောင်းမူးလိုင်ကျေးရွာအတွင်း အစိုးရ၏ တပ်မ ၈၈ လက်အောက်ခံ တပ်ဖွဲ့များ လှုပ်ရှားလာသဖြင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ တအောန်းတပ်မတော် TNLA နှင့် MNDAA (ကိုးကန့်တပ်မတော်)တို့ ပူးပေါင်း တပ်ဖွဲ့တို့နှင့်  မေလ ၂ဝ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အပစ်ရပ်စာချုပ်အတွင်း ကြိုတင်ချည်နှောင်သည့် စကားများ မသုံးသင့်ဟု ၈၈ ကိုဂျင်မီပြော

ကန္တာရ၀တီတိုင်း(မ်) 
 
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ရေးဆွဲရာတွင် စာချုပ်အတွင်း ကြိုတင်ချည်နှောင်သည့် စကားလုံးများကို နှစ်ဖက်လုံး မသုံးသင့်ဟု ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ပြန်ကြားရေးတာဝန်ခံ ကိုဂျင်မီက ပြောသည်။

“ဒီအချိန်မှာ ကြိုတင်ချည်နှောင်တဲ့ စကားလုံး အသုံးအနှုန်းတွေကို နှစ်ဘက်စလုံးက ရှောင်ကျဉ်သင့်တယ်။ ဒီစကားလုံးတွေက ပြဿနာ ဖြစ်လာနိုင်တယ်” ဟု ကိုဂျင်မီက ပြောသည်။

Tuesday, May 20, 2014

ကချင်နဲ့ ရှမ်းတိုင်းရင်းသားများဟာ အတူတကွ ဖိနှိပ်ခံရသူများ သာ ဖြစ်ကြောင်း KIA ဗိုလ်ချုပ်ဂွန်မော် ပြော

(ကချင်သတင်းဌာန)

ကချင်ပြည်နယ်မှာ ရှမ်းတိုင်း ရင်း သားများနဲ့ ကချင် တိုင်းရင်းသားများက အတူတူနေ ထိုင်ခဲ့ကြပါတယ်။ ရှမ်းပြည်နယ် မှာသော် လည်းကောင်း၊ တရုတ်ပြည် မှာသော် လည်းကောင်း၊ ထိုင်းနိုင်ငံသော်လည်းကောင်း၊ အိန္ဒိယနိုင်ငံ မှာသော် လည်းကောင်း အတူတကွနေ ထိုင်ခဲ့ကြပါတယ်။ တကယ်တော့ ကျွန်တော် တို့ရဲ့ လက်နက် ကိုင်တော် လှန်ရေး ဟာ အစ ကတည်းက ပေါ်ပေါက် လာတာမဟုတ်ပါဘူး။ ဗြိသိသျှလက်အောက် ကနေ လွတ်လပ်ရေး ရဖို့ ဆွေးနွေးမှုတွေ အကြိမ်ကြိမ် လုပ်ခဲ့တယ်။ တောင်းဆိုမှုတွေရှိခဲ့တယ်။ အဲ့ဒီနောက် ပိုင်းမှာ မြန်မာနိုင်ငံ ဟာ လွတ်လပ်ရေးရခဲ့ပါတယ်။ လွတ်လပ်ရေး ရပြီးနောက်ပိုင်း မှာ ယခင် ဗိုလ်ချုပ်အောင် ဆန်းနဲ့ တိုင်းရင်း သားခေါင်းဆောင် များ အတူ တကွ သဘောတူထား တာကတော့ နိုင်ငံ ကို ပြည်ထောင်စုနိုင်ငံ အဖြစ်ဖွဲ့စည်း မယ်။ တန်းတူ အတူတကွနေ ထိုင်မယ်လို့ ကတိ ထားခဲ့ကြပါ တယ်။ အခု ကျနော်တို့ KIO က ပင်လုံအကြောင်းကို ခဏခဏပြောတာကို ရှင်းပြချင်ပါတယ်။

အစိုးရနှင့် ကေအိုင်အိုတို့ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေး အဖွဲ့ဖွဲ့ရာတွင် နှစ်ဖက်ဘက်မလိုက်ရန် လိုအပ်

(Mizzima)

အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေး အဖွဲ့ဖွဲ့ရာတွင် နှစ်ဦးနှစ်ဖက်ဘက်မလိုက်ရန် အဓိကလိုအပ်သည်ဟု ငြိမ်းချမ်းရေး စောင့်ကြည့်ရေးအဖွဲ့များက ပြောဆိုလိုက်သည်။

အစိုးရနှင့် ကေအိုင်အိုတို့သည် မေလ ၁၃ ရက်တွင် မြစ်ကြီးနားမြို့၌ တွေ့ဆုံဆွေး နွေးပွဲအပြီး ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့ရန် သဘောတူလိုက်သည်။ ယင်းအဖွဲ့ကို နှစ်ဖက်ကိုယ်စားလှယ် ငါးဦးစီဖြင့် မေလ ၂၁ ရက်တွင် တရားဝင်ဖွဲ့စည်းပြီး အခြေခံ မူ(၅)ချက်နှင့် စည်းကမ်း ၁၈ ချက်ကို ရေး ဆွဲမည်ဖြစ်သည်။

NCCT ခေါင်းဆောင် နိုင်ဟံသာရဲ့ မေ ၁၅ မြစ်ကြီးနား လူထုအစည်းဝေး မိန့်ခွန်း

(ကချင်သတင်းဌာန)

ကျနော်တို့ နိုင်ငံမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံ ရှိတဲ့ ထဲမှာ ဘာကြောင့် လူမျိုးတိုင်း လက်နက် ကိုင် တော်လှန်ရ သလဲဆိုတာက စဉ်းစား သုံးသပ်စရာဖြစ် ပါတယ်။ တစ်ဖွဲ့၊ နှစ်ဖွဲ့တည်း မဟုတ်ပဲ လူမျိုးတိုင်းလိုလို ထတော် လှန်နေရတယ် ဆိုတာ ကတော့ အာဏာရ ထားတဲ့ အစိုးရရဲ့ အားနည်း ချက်၊ မှားယွင်းချက်ပဲ လို့ ကျနော်ကတော့ အဲ့လိုပြောလို ပါတယ်။ ပြည်ထောင် စုမြန်မာနိုင်ငံဟာ သမိုင်းကြောင်း အရ သူ့မြေနဲ့ သူဧရိယာနဲ့ သူ့လူမျိုးနဲ့ နေထိုင်လာတဲ့ ဧရိယာကြီး ပဲဖြစ်ပါ တယ်။ တောင်ပိုင်းမှာ မွန်နိုင်ငံဖြစ်သလို၊ အနောက်ပိုင်းမှာ ရခိုင်နိုင်ငံ၊ အရှေ့မြောက်ပိုင်းမှာဆိုရင်လည်း ရှမ်းနိုင်ငံ၊ အလယ်ပိုင်းမှာပဲ ဗမာနိုင်ငံကြီးဖြစ်သလို ကချင်တို့၊ ချင်းတို့၊ ၀တို့ ဆိုရင်လည်း သူတို့နယ်မြေကို သူတို့ပဲကိုယ်ပိုင် အမြဲတမ်း ကိုယ်ပိုင်အုပ်ချုပ်လာခဲ့တာကို တွေ့ရပါတယ်။ ပဒေသရာဇ်ခေတ်မှာ အာဏာကြီးတဲ့ တပ်အင်အားကြီးတဲ့ သူကတော့ နယ်မြေသိမ်းလိုက်လုပ်ခဲ့ပါပြီ။ အဲ့ဒီနောက်မှာ အင်္ဂလိပ်တွေအားလုံးကို သိမ်းလိုက်တဲ့ အချိန်မှာ မြန်မာနိုင်ငံတွင်းရှိလူမျိုးအားလုံးဟာ အင်္ဂလိပ်ရဲ့ ကျွန်ဖြစ်၊ ဂျပန်ရဲ့ကျွန်တွေ ဖြစ်ခဲ့ကြတယ်။

ပူးတွဲစောင့်ကြည့်ရေး (Joint Monitoring) ပိုပြီးအောင်မြင်နိုင်ဖို့ လူထုပါဝင်မှုလို

(ကချင်သတင်းဌာန)

မြန်မာ အစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား သဘောတူထားပေမဲ့ မဖွဲ့စည်းနိုင်သေးတဲ့ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ’ (Joint Monitoring Committee) အား ထပ်မံဖွဲ့စည်းရန် နှစ်ဘက်ကိုယ်စားလှယ်များ မေ ၁၃ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဆွေးနွေးပွဲ တွင် သဘောတူခဲ့တယ်။ ဒီအကြောင်း KIO ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော် အား မြစ်ကြီးနား KNG ကချင်သတင်းဌာန သတင်းထောက် ဂျိန်းဖော့လာ မေးမြန်းထားပါတယ်။

မေး။    ။ အခုသဘောတူထားတဲ့ ‘ပူးတွဲစောင့်ကြည့်ရေး ကော်မတီ’ (Joint Monitoring Committee) ဟာ လက်တွေ့မှာ ဘယ်လောက်ထိ အကျိုးရှိမလဲ

ဝါလိုင်းပြည်သူ့စစ်ထံ မူးယစ်ဆေးဝါး ဖမ်းဆီးချိန်တွင် TNLA နှင့် မြန်မာစစ်တပ် တိုက်ပွဲဖြစ်ပွါး


၁၉ ရက် မေလ ၂၀၁၄ ခုနှစ်

နမ့်ခမ်းမြို့နယ်၊ ပန်ဆေးဒေသ၊ ၀ါလိုင်းကျေးရွာတွင် ၁၉ရက် မေလ ၀၂း၀၀ နာရီချိန်တွင် ၀ါလိုင်းကျေးရွာ၊ ၀ါလိုက်ပြည်သူ့စစ် နေအိမ်အား သတင်း အရ တအာင်း တပ်မတော်မှ မူးယစ်ဆေးဝါး ၀င်ရောက်ဖမ်းဆီးခဲ့သည်။ အဆိုပါနေအိမ်တွင် ဘိမ်းစိမ်း (၂၀)ပိဿာ ရာမဆေးပြား (၁၀)ထုတ် (၂၀၀၀)ပြားနှင့် သေနတ် M-22(၄) လက်၊  M-20 ပစ္စတို(၂)လက်   ၀င်ရောက်ဖမ်းဆီး ရမိသည်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးထက်စစ်ပွဲကလှိုင်

စာရေးသူ ဘာတေးလင့်တနာ(Bertil Lintner)၏ More war than peace in Myanmarကို ဘာသာပြန်ဆိုသည်။
...

 
သေနတ်တင် ရဟတ်ယာဉ်များ က စစ်မြေပြင်ထက် ဝေဟင်တစ်ခွင် ပျံဝဲနေကြသည်။ ဒုက္ခသည်နှင့် နေရပ် စွန့်ခွာ ထွက်ပြေးနေရသူ (အိုင်ဒီပီ) ၁၀ဝဝ၀ဝ ခန့်အဖို့ ညနက်တွင် ထိုးဖောက် မြည်ဟိန်းလာသော ဗုံးသံ၊ အမြောက်သံ များကိုသာ အဆက်မပြတ် ကြားနေရသည်။ စစ် ဆေးရုံများမှာ ဒဏ်ရာရ အစိုးရစစ်သားများဖြင့် တင်းကျမ်း ပြည့်နေသည်။ တံတားများ၊ ဆက်သွယ်ရေး လိုင်းများနှင့် အခြား အခြေခံအရေးကြီး အဆောက်အအုံ များမှာ စစ်၏ အပျက်အစီးများထဲတွင် လဲလျောင်းနေကြ သည်။

Monday, May 19, 2014

တပ်သားသစ် စုဆောင်းရန် ဖမ်းဆီးထားသူ တချို့ KIA ပြန်လွှတ်

(ဧရာဝတီ)

ကချင် လွတ်လပ်ရေး တပ်မတော် (KIA) က တပ်သားသစ် စုဆောင်းရေး အတွက် ဖမ်းဆီး ထားသော ဒေသခံ တိုင်းရင်း သား တချို့ ကို ပြန် လွှတ်ပေး လိုက်ပြီး ဖမ်းဆီး ခံရသူ တချို့လည်း KIA စခန်းမှ ထွက်ပြေး လွတ်မြောက် လာကြကြောင်း သိရှိရ သည်။

KIA က မေလ ၃ ရက်နေ့ နောက် ပိုင်း တပ်သားသစ် စုဆောင်းရေး အတွက် ဒေသခံ တိုင်းရင်း သား တချို့ကို ဖမ်းဆီးခဲ့ ကြောင်း ၊ ဖမ်းဆီးခံရ သူများ သည် မြစ်ဆုံ အနီးရှိ တန်ဖဲရွာနှင့် အနီးနားကျေးရွာ များမှ ဖြစ်ပြီး ဖမ်းဆီးခံ ထား ရသည့် ရွာသား ၁၈ ဦးကို KIA က မေလ၁၆ ရက်နေ့ တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း၊ ဖမ်းဆီးခံထား ရသော ရွာသား ၃ ဦးမှာ KIA စခန်း များမှ ထွက်ပြေး လွတ်မြောက် လာကြောင်း သိရှိရသည်။