Saturday, May 17, 2014

ကျန်ရှိနေသေးသည့် ကျေးရွာများတွင် သန်းခေါင်စာရင်း ကောက်ယူခွင့်ပြုရေး KIA စီစဉ်

(ဧရာဝတီ)

ကချင်ပြည် နယ် KIO/ KIA ထိန်းချူပ် ရာ နယ်မြေများ တွင် အစိုးရက သန်းခေါင် စာရင်း ကောက်ယူ မှုနှင့် ပတ်သက်ပြီး လက်ခံ ဆောင်ရွက် ရန် ကချင် လွတ်လပ်ရေး တပ် မတော် (KIA) က စီစဉ်နေကြောင်း သိရသည်။

“သန်းခေါင် စာရင်း ကောက်ယူ ဖို့ အတွက် ဦးခင်ရီဘက်က KIO ဗဟို ကော်မတီဝင်တွေ ကို တင်ပြချင်တယ် ပြောတယ်၊ ဒီအတွက် ကျနော့်ကို လိပ်မူပြီး စာပို့ထားတယ်၊ ကျနော်က တင်ပြပေးသွားမယ်၊ ဒီတော့ ၈ ပတ် အတွင်း လုပ်ဆောင်နိုင်ဖို့က ဗဟိုကော်မတီဝင်တွေက ဆုံးဖြတ်ပါလိမ့်မယ်” ဟု KIA ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်က ဧရာဝတီကို ပြောသည်။

ကချင်နဲ့ ရှမ်းပြည်နယ် အတွင်းက ဒုက္ခသည်တွေ အရေး ကုလ စိုးရိမ်

(VOA)

မြန်မာနိုင်ငံအတွင်းက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာ လွန်ခဲ့တဲ့ သီတင်းပတ်တွေ အတွင်း ပြန်လည် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဒေသခံ တိုင်းရင်းသားတွေအတွက် လုံခြုံရေးအခြေအနေ အလွန်အမင်း စိုးရိမ်စရာကောင်းတဲ့ အနေအထားမှာ ရှိနေပြီး နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေ ထောင်နဲ့ချီ ရှိနေတဲ့အခြေအနေတွေအပေါ် စိုးရိမ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ OCHA က ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
 

Friday, May 16, 2014

တပ်မ (၁၁) မှ အမျိုးသမီးများကို မိုင်းရှင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား

(Jinghpawkasa)

ကေအိုင်အိုအစိုးရ ရှမ်းပြည် အခြေစိုက် ကေအိုင်အေ တပ်မဟာ (၄) အုပ်ချုပ်နယ်မြေသို့ ဗမာအစိုးရ တပ်မ (၁၁) သည် စစ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသောကြောင့် နေ့စဉ်ရက်ဆက် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိပါသည်။ ကေအိုင်အေ တပ်ရင်း (၃၈) သေဒဖြစ်သော မုံကူနယ် ထိန်ရခက် Htingra Hkyet ဘက်သို့ မေလ (၁၆) ရက်နေ့ မနက် (၉း၀၀) နာရီအချိန်တွင် ဗမာစစ်တပ်မှ ထိုးစစ်ဆင် ၀င်ရောက်လာပြီး ကျေးရွာရှိ အမျိုးသမီးများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။ အမျိုးသမီးများကို ဤသို့ခေါ်ဆောင်သွားပြီး ကေအိုအေ တပ်ရင်း (၃၈) သို့ ထိုးစစ်ဆင်ရာ စစ်ကြောင်းရှေ့တွင် မိုင်းရှင်း အဖြစ်ခေါ်ဆောင်သွားတာဖြစ်ကြောင်း၊ ယခုအချိန် ရှေ့တန်းမှ မိုင်းပေါက်ကွဲ သံများ အကြိမ်ကြိမ်ကြားနေရသောကြောင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော အမျိုးသမီးများ၏ မိသားစုများနျှင့် သေဒခံပြည်သူများ စိုးရိမ်လျက်ရှိကြောင်း သိရှိရပါသည်။ 

ြ ပြီးခဲ့တဲ့ အပါတ်က လွယ်လတ်ခ်ကျေးရွာမှ ဖမ်းဆီးခေါ်ဆောင် သွားသော ကျေးရွာသား များကိုလည်း ယခုအချိန်ထိ လွတ်ပေးခြင်းမရှိသေးကြောင်း စုံစမ်းသိရှိရပါသည်။

ကချင်နှင့် စစ်ရှိန်လျော့ရေး ဆွေးနွေး သော်လည်း ပလောင်နှင့် တိုက်ပွဲ ရက်ဆက် ဖြစ်ပွားနေ

(ရွှေဟင်္သာသတင်းဌာန)



ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္နီ မြိုနယ်၊ နမ့်ဆလပ် ရွာအနီးတွင် မြန်မာ့ တပ်မတော် ခမရ (၄၅) နှင့်တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် MNDAA (ကိုးကန့် တပ်မတော်) ပူးပေါင်း အဖွဲတို့ ယနေ့၌ နှစ်ဖက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ခဲ့ပြီး TNLA မှတစ်ဦး ဒဏ်ရာ ရခဲ့သလို အစိုးရ တပ်မှလည်း အထိအခိုက် ရှိခဲ့ကြောင်း TNLA အဖွဲ့ အထွေထွေ အတွင်း ရေးမှူးက ပြောသည်။

“ကျနော် တို့ကလည်း အဲဒီ နမ့်ဆလပ်ရွာ တောတွင်းမှာ လှုပ်ရှား နေတယ်၊ သူတို့က နမ့်ဆလပ် ဘက်ကနေ ဖြတ်တက် လာတယ်၊ လမ်းမှာ တွေ့ပြီး နှစ်ဖက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ကြတယ်။ နာရီ ၀က်လောက်တိုက်ပွဲ ဖြစ်သွားတယ်” ဟု တာဘုန်းကျော်က ပြောသည်။

သဘောတူညီချက်ထိန်းသိမ်းမှု အားနည်းခြင်းကြောင့် တိုက်ပွဲများပြန်ဖြစ်ဟုဆို

(Mizzima)

အစိုးရနှင့် ကေအိုင်အိုတို့ ယခင် သဘောတူညီထားသည့် အချက်များကို ထိန်းသိမ်းရန် အားနည်းသောကြောင့် လက်ရှိအချိန်တွင် တိုက်ပွဲများ ပြန် လည် ဖြစ်ပွားနေခြင်းဖြစ်သည်ဟု ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က မေ ၁၅ ရက်တွင် ပြောကြားလိုက်သည်။

ဗိုလ်ချုပ်ဂွန်မော်က မေ ၁၅ ရက်တွင် မြစ်ကြီးနားမြို့ ကေအိုင်အိုအလုပ်အဖွဲ့ရုံး၌ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် အစိုးရနှင့် ကေအိုင်အေ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားလိုက်ခြင်းဖြစ်သည်။

အစိုးရနှင့် ဖက်ဒရယ် စနစ် အဓိက ဆွေးနွေးမည်ဟု တိုင်းရင်းသားများ ပြော

(ဧရာဝတီ)

အစိုး ရနှင့် ထပ်မံ တွေ့ဆုံ ဆွေးနွေး ပွဲတွင် ဖက်ဒရယ် စနစ်နှင့် ပတ် သက်ပြီး အဓိက ဆွေးနွေး ညှိုနှိုင်းမှု များ ပြုလုပ် သွားရန် စီစဉ် ထားကြောင်း တနိုင်ငံ လုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိုနှိုင်းရေး အဖွဲ့(NCCT)က ပြောသည်။

လာမည့် မေ၂၁ ရက်တွင် အစိုးရနှင့် တွေ့ဆုံမည် ဖြစ်ပြီး ဆွေးနွေး တင်ပြမည့် ဖက်ဒရယ် စနစ်နှင့် ပတ်သက်၍ လက်ရှိတွင် တပ် မတော်ဘက်မှ သဘောတူ လက်ခံနိုင်ခြင်း မရှိသေးသည့်အတွက် တိုင်းရင်းသားများ လက်ခံထားသည့် ဖက်ဒရယ်မူ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမျှရေး စသည့် အချက်များကို အသေးစိတ် ဆွေးနွေးရန် ရည်ရွယ်ထားကြောင်းဟု NCCT ၏ အပစ်အခတ် ရပ် စဲရေး မူကြမ်း ရေးဆွဲရေး အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

Thursday, May 15, 2014

ကေအိုင်အိုနှင့် ကချင်လူထုတွေ့ဆုံ

(Mizzima)

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုနှင့် ကချင်ပြည်နယ်မြစ်ကြီးနားမြို့အပါအဝင် အနီးရှိ မြို့များမှ လူထု တွေ့ဆုံပွဲကို မြစ်ကြီးနားမြို့ မနောကွင်းအတွင်း မေ ၁၅ ရက် နံနက် ၈နာရီခန့်က တွေ့ဆုံခဲ့ပြီး အဆိုပါ ပွဲသို့ ပရိသတ် ထောင်နှင့်ချီ၍ တက်ရောက်ခဲ့သည်။

လူထု တွေ့ဆုံပွဲတွင် ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က တက်ရောက်လာသော လူထုကို လက်ရှိ နိုင်ငံရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်များ၊ အခြားတိုင်းရင်းသားများ စစ်သားအဖြစ် စုဆောင်း ခံရသည့် ကိစ္စများကို ရှင်းလင်းပြောပြခဲ့သည်။

TNLA တအန်းတပ်ဖွဲ့နှင့် ကိုးကန့်တပ်ဖွဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် တာမိုးညဲအခြေစိုက် ခလရ ၂၉၀ မြန်မာတပ် အများအပြားထိခိုက်ကျဆုံး

၁၅ ရက် မေလလ ၂၀၁၄ ခုနှစ်

တအန်းဒေ သ၊ မန္တလေး-လားရှိုး- မူဆယ် ပြည်ထောင်စု ကားလမ်း မကြီး အရှေ့ဖက
်ရှိ ကွတ် ခိုင်မြို့နယ်၊ တာမိုးညဲမြို့ နယ်ခွဲရှိ မြန်မာ စစ်တပ် ခလရ ၂၉၀ ၏ တပ်စခန်း ကို ထိုဒေသတွင် အခြေ စိုက်ပြောက် ကျား လှုပ်ရှားနေ သည့် TNLA ဗျူဟာ (၅) လက်အောက်ခံ တအာင်း ပြောက်ကျား တပ် (၃၃၅ )နှင့် MNDAA တပ်ရင်း (၃) ပူးပေါင်း စစ်ကြောင်းမှ မေလ ၁၄ ရက်နေ့ည ၂၃း၁၅ နာရီ အချိန်မှ ၂၄း၀၀ နာရီခန့်ထိ ၀င်ရောက် တိုက်ခိုက်ရာ မြန်မာ တပ်ဖွဲ့များ အများအပြား ထိခိုက်ကျဆုံး ခဲ့ကြသည်။

ကချင်လူငယ်များ မြစ်ကြီးနားမှထွက်ခွာမည့် KIO ကိုယ်စားလှယ်များကို ထောက်ခံ ဆန္ဒဖော်ထုတ်

(ကချင်သတင်းဌာန)

 မေ ၁၃ ရက် မြန်မာ အစိုးရ ပြည်ထောင် စု ငြိမ်း ချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော် မတီနဲ့ ဆွေးနွေးပြီး မေ ၁၅ ယနေ့ နေရပ် လိုင်ဇာ ဗဟိုဌာနချုပ် သို့ ပြန်လာမည့် KIO ကိုယ်စားလှယ်အဖွဲ့ကို မြစ်ကြီးနား နဲ့ ၀ိုင်းမော်မှ ကချင်လူငယ် ရာပေါင်းများစွာ ထောက်ခံ ဆန္ဒပြပွဲ ကျင်းပနေပုံ။

အစိုးရနှင့် KIO သို့ ကချင်လူငယ်များ တင်ပြသည့် ဘုံဆန္ဒ အသံ

(ကချင်သတင်းဌာန)
၂၀၁၄ မေ ၁၅ မြစ်ကြီးနားပြည်သူများနှင့် KIO ကိုယ်စားလှယ် ဆွေးနွေးပွဲ (Public Consultation) သို့ တင်ပြသည့် မြစ်ကြီးနား၊ ၀ိုင်းမော်မြို့ပေါ်ရှိ ကချင်လူငယ်များ၏ ဘုံအသံ

KIO Hte Myen Asuya Dat Kasa Ni Myitkyina Kaw Bawng Ban Nga Ai Ten KIA Masat (4) Dap Ba Ginra De Myen Hpyen N-gun Manu Mana Bai Jat Wa

(Myutsawkasa)

May 14, 2014 ya shani hta lahta Sam Mung KIA Masat (4) Dap Ba npu Dap Dung (2) ginra Sai Hkau kaw Myen tai hpyen Hk-L-Y-(241) n-gun (60) ram wa du nga, Nam Sa Pa kaw mying nchye shi ai Myen tai hpyen n-gun (50) grupyin ram wa du nga sai lam shiga na chye lu ai.

May 14, 2014 ya shani 8:00pm ten ram hta lahta Sam Mung KIA Masat (4) Dap Ba npu Dap Dung (36) ginra Swi Bup kaw Myen tai hpyen dap Hk-L-Y-(45) dap dung up "Taik Yin Mho" woi awn let n-gun (60) jan ram wa du nga, 2 (IC) "Tau dap dung up" woi awn ai n-gun (50) grupyin ni Bang Hka kaw wa du nga sai lam shiga na chye lu ai.

တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေ၍ ကချင်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ၌ မြေမြှုပ်မိုင်းများ ဆက်လက်အသုံးပြုနေ



(Eleven Media Group)

ကချင်နှင့်ရှမ်းပြည်နယ် (မြောက်ပိုင်း)သည် မြန်မာနိုင်ငံ၌ မြေမြှပ်မိုင်းထောင်မှု အများဆုံးဒေသများဖြစ်ပြီး ဆက်တိုက်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နှစ်ဖက်စလုံးတွင် လက်ရှိအချိန်အထိ မြေမြှပ်မိုင်းများ အသုံးပြုလျက်ရှိနေသေးကြောင်း ယူနီဆက် (မြန်မာ)မှ ထုတ်ပြန်ချက်အရ သိရသည်။

မြစ်ကြီးနား တွေ့ဆုံပွဲ ပူးတွဲထုတ်ပြန်ချက်


Wednesday, May 14, 2014

“သမ္မတကြီးပြောသလို ဒို့တိုင်းရင်းသားတွေကလည်း ခွဲထွက်ရေးကို မတောင်းဆိုပါဘူး”

(ကချင်သတင်းဌာန)

မေ ၁၃ 

ကချင်ပြည် နယ်မြို့တော် မြစ်ကြီးနား တွင် ပြုလုပ်ခဲ့ တဲ့ မြန်မာ အစိုးရ ပြည်ထောင် စု ငြိမ်းချမ်းဖော်ဆောင်ရေး လုပ်ငန်းကော် မတီနဲ့ KIO ကိုယ်စားလှယ် အဖွဲ့ ဆွေးနွေးပွဲ သို့ လေ့လာသူ အဖြစ် တက်ရောက် ခဲ့သော တိုင်းရင်း သားတော် လှန်ရေး အဖွဲ့တွေ ရဲ့ တစ်နိုင်ငံ လုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ NCCT တာဝန်ခံ ဦးနိုင်ဟံသာ ကို မြစ်ကြီးနား KNG ကချင် သတင်းဌာန သတင်းထောက် ဂျိန်းဖော့လာ မှ မေးမြန်း ထားတယ်။

မေး။ ဒီအစည်း အဝေးမှာ NCCT ကို ဖိတ်တဲ့အပေါ် ဆရာ့ အမြင်လေးပြော ပါအုံး။

ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းရေးကို UPWC နှင့် KIO တို့ သဘောတူ

(Eleven Media Group)



အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ တတိယအကြိမ် မြစ်ကြီးနားဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဟန့်တားစေနိုင်သည့် ဖြစ်စဉ်ဖြစ်ရပ်များ ထပ်မံမဖြစ်ပွားရေးကို ဦးစားပေးဆွေးနွေးခဲ့ကြပြီး ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းရေးကိုလည်း သဘောတူခဲ့ကြောင်း သိရသည်။

ကျွန်တော်တို့က ဌာနေသားတွေကို စုဆောင်းရေးလုပ်တာပါ

(ကချင်သတင်းဌာန)

KIO/KIA တွေ တပ်သားသစ် စုဆောင်းမှုနဲ့ ပတ်သက်ပြီး ရှမ်း တိုင်းရင်းသား အချို့ မနောကွင်းရှေ့တွင် ယနေ့ ညနေ ၃ နာရီ နှင့် ၄ နာရီကြား တွင် ဆန္ဒ ထုတ်ဖော်မှုပြု လုပ်ခဲ့ပါတယ်။ ဆန္ဒ ထုတ်ဖော်တဲ့ ရှမ်း တိုင်းရင်းသား များကို ဗိုလ်ချုပ် ဂွန်မော်မှ ဖိတ်ခေါ်တွေ့ဆုံခဲ့ပါတယ်။ ဒီအကြောင်းအရာ နဲ့ပတ်သက်ပြီး ဗိုလ်ချုပ် ဂွန်မော်နဲ့ မြစ်ကြီးနား KNG ကချင်သတင်း ဌာန သတင်းထောက် ဂျိန်းဖော့လာ မေးခွန်း အချို့ကို မေးမြန်း ထားပါတယ်။

မေး။  ဗိုလ်ချုပ် ဘာကြောင့် ဒီဆန္ဒပြတဲ့သူတွေ ကို ခေါ်ယူတွေ့ဆုံပြီး ပြန်လွှတ်ပေးဖို့ စီစဉ်တာလား။

Tuesday, May 13, 2014

မြစ်ကြီးနား ဆွေးနွေးပွဲအပြီး ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့ရန် သဘောတူ

(Mizzima)

အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့တို့ ဆွေးနွေးပွဲအပြီးတွင် ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ကို ဖွဲ့စည်းရန် သဘောတူညီလိုက်သည်ဟု နှစ်ဖက်အဖွဲ့၏ မေလ ၁၃ရက် ညနေက ထုတ်ပြန်လိုက်သည့် ပူးတွဲကြေငြာချက်တွင် ဖော်ပြထားသည်။

အဖွဲ့နှစ်ဖွဲ့၏ ပူးတွဲကြေငြာချက် အချက်ငါးချက်တွင် ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့ ဖွဲ့ရန်အပြင်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေသည့် ဖြစ်ရပ်များ ထပ်မံမဖြစ်ပွားစေရန် ဦးစားပေးဆွေးနွေးခဲ့ကြောင်းနှင့် နောက်တစ်ကြိမ် အစည်းအဝေး ထပ်မံကျင်းပရန် ညှိနှိုင်းဆောင်ရွက်ရန်လည်း သဘောတူခဲ့သည်ဟု ပါဝင်သည်။

မိုးရာသီ နီးကပ်လာ၍ ကချင်စစ်ရှောင်ဒုက္ခသည်များ အမိုးအကာလိုအပ်

(ဧရာဝတီ)

မိုးရာသီ နီးကပ် လာပြီဖြစ်၍ ကချင်ပြည် နယ်နှင့် ရှမ်းပြည်နယ် တွင် ဖြစ်ပွားနေ သည့် စစ်ပွဲ များကြောင့် တိမ်းရှောင် ထွက်ပြေး နေ သည့် ထောင် ချီသော စစ်ရှောင် ဒုက္ခသည် များ အတွက် အမိုး အကာနှင့် မိုးလုံလေလုံ တဲများ လို အပ်နေကြောင်း သိရှိရ သည်။

KIO နဲ့ မြန်မာအစိုးရကြား ပဋိပက္ခ ညှိနှိုင်းအဖြေရှာရေး သဘောတူ

(VOA)

အစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ဒီကနေ့ ညနေမှာ ပြီးဆုံးခဲ့ပြီး သဘောတူညီချက် ၅ ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီသဘောတူညီချက်မှာ နှစ်ဘက်တိုက်ခိုက်တာတွေ လျော့ချရေးအတွက် ပထမအဆင့်အနေနဲ့ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းဖို့ ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
 

ကေအိုင်အိုနှင့် အစိုးရ အချက် ၅ ချက် ဆွေးနွေးသဘောတူ

(DVB)

အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း အဖွဲ့နဲ့ ကချင် လွတ်လပ်ရေး တပ် မတော် (ကေအိုင်အေ) တို့ အကြား ဒီကနေ့ တွေ့ ဆုံဆွေးနွေး ရာမှာ အချက် ၅ ချက် ကို သဘော တူညီခဲ့ ပါတယ်။

ဒီကနေ့ ဆွေးနွေး ပွဲမှာ အဓိက အချက် ၂ ချက်ဖြစ် တဲ့ ၂၀၁၃ အောက်တို ဘာနောက် ပိုင်း မှာ ဖြစ်ပေါ် ခဲ့တဲ့ အခြေ အနေတွေ နဲ့ ပြီးခဲ့တဲ့နှစ် က နှစ်ဖက် အကြား သဘော တူညီထားတဲ့ အချက်တွေ ကို ပြန် လည်ဆွေးနွေးခဲ့ ပါတယ်။

ပူးတွဲအပစ်အခတ်စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရန် ဝန်ကြီး ဦးအောင်မင်း တိုက်တွန်း

မြစ်ကြီးနား၊ မဇ္ဈိမ။             ။ အစိုး ရ ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီ (UWPC) နှင့် ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) တို့ တွေ့ ဆုံဆွေးနွေးရာ တွင် နှစ်ဖက် ပူး တွဲ အပစ်အခတ် စောင့်ကြည့်ရေး အဖွဲ့များ ဖွဲ့စည်းရန် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက တိုက်တွန်း ပြောကြားလိုက်သည်။

ဝန်ကြီးက မေ ၁၃ ရက်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းတွင် ပြုလုပ်သည့် အစိုးရနှင့် ကေအိုင်အိုတို့၏ ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ပူးတွဲ အပစ်အခတ် စောင့်ကြည့်ရေး အဖွဲ့ကို အစပျိုး pilot Project အနေဖြင့် အကောင်အထည် ဖော်ရန်နှင့် အချို့ဒုက္ခသည်များ နေထိုင်ရာ ရွာများကို ဆန္ဒအလျောက် ပြန်လည် အခြေချနိုင်အောင် အစပျိုး pilot Projectများ စရန် စသည့် သဘောတူထားသည့် အချက်များကို အကောင်အထည် ဖော်နိုင်ရန် တိုက်တွန်း ပြောကြားလိုက်သည်။

ဦးအောင်မင်းနှင့် KIA တွေ့ဆုံပွဲ စစ်တပ်မှ ဒုတိယဗိုလ်ချုပ်ကြီးများ မတက်

(ဧရာဝတီ)

ကချင်ပြည်နယ် တွင် တိုက်ပွဲများ ဖြစ်ပွားနေ မှုနှင့် ပတ်သက်၍ အစိုး ရငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့မှ ဒုတိယ ဥက္ကဋ္ဌ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းနှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော် တို့ ယနေ့ မြစ်ကြီး နား တွင် စတင်တွေ့ ဆုံဆွေးနွေး ကြပြီး ယင်းတွေ့ ဆုံပွဲသို့ မြန်မာ စစ်တပ်မှ ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့် စစ်အရာ ရှိကြီး များ တက်ရောက်ခြင်း မရှိတော့ ဟု သိရှိရ သည်။

အပစ်အခတ် ရပ်စဲရေးအတွက် အရေးပါသည့် KIO နှင့် ဆွေးနွေးပွဲ ဒုဗိုလ်ချုပ်ကြီးမြင့်စိုး တက်ရောက်နိုင်ခြင်း မရှိ

(The Voice Weekly)


 နိုင်ငံလုံး ဆိုင်ရာ အပစ် အခတ် ရပ်စဲရေး အတွက် အရေးပါ သည့် ဆွေးနွေး ပွဲ တစ်ခုဖြစ်သော အစိုးရနှင့် KIO တို့ ယနေ့ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေး ပွဲသို့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး တက်ရောက်နိုင်ခြင်း မရှိကြောင်း မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) မှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောကြားသည်။
“တက်ရောက်နိုင်ခြင်း မရှိဘူးလို့ သိရတယ်” ဟု ဦးလှမောင်ရွှေက ပြောကြားသည်။

ကေအိုင်အိုနှင့် အစိုးရ ဆွေးနွေးပွဲစတင်

(DVB)

အစိုးရ တပ်နဲ့ ကချင် လွတ်လပ်ရေး တပ်အကြား တိုက်ပွဲတွေဖြစ်နေ တဲ့ကိစ္စ ကို အဖြေရှာဖို့ နှစ်ဖက် ကိုယ်စား လှယ်တွေ ဒီမနက် ၉ နာရီ စတင်ဆွေးနွေးကြ ပါတယ်။

ဒီဆွေးနွေး ပွဲမှာ အစိုးရငြိမ်း ချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း အဖွဲ့က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအပါအ၀င်၊ ၀န်ကြီး ၅ ဦးတက်ရောက်ခဲ့ပြီး ကေအိုင်အို ဘက်ကတော့ ဦးဆွမ်လွတ်ဂမ် ဦးဆောင်တဲ့ ကေအိုင်အို အဖွဲ့တို့ ဆွေးနွေးကြတာဖြစ်ပါတယ်။

အတိမ်းအစောင်းမခံတဲ့ ကချင်ငြိမ်းချမ်းရေး

(ဧရာဝတီ)

ပူလောင် တဲ့ နေရောင်အောက် မှာ သေနတ် ကိုယ်စီ လွယ်ထားတဲ့ လူငယ်နှစ် ယောက် ရဲ့ ပခုံးထက် က ရွှေရောင်ကြယ် ပွင့် တွေ က နေရောင်အောက် မှာ ဝင်း လက် လို့ နေပါတယ်။
မတူညီ တဲ့ လက်မောင်း တံဆိပ်တွေ တပ်ထား တဲ့ သူတို့နှစ်ယောက် တယောက်နဲ့ တယောက် တွေ့ ဆုံ လိုက်ချိန်မှာ အပြုံး ကိုယ်စီနဲ့ နှစ်ယောက် စလုံးကြား က ဆုံမှတ် တခုဆီ လျှောက်လာပြီး သူတို့ ကိုယ်ဆီ ကိုင်ထားတဲ့ သေနတ်တွေ ကို နောက် ပစ် လွယ်လိုက် ရင်း လက်ဆွဲ နှုတ်ဆက် လိုက်ကြပါတယ်။

စကားတွေ ဖောင်ဖွဲ့ရင်း လူငယ်တယောက်က ဘောင်းဘီထဲကနေ တရုတ်နိုင်ငံထုတ် စီးကရက်ဘူး ကို ထုတ်တော့ ကျန်လူငယ် က မီးညှိပေးပါတယ်။ မီးညှိပေးသူကို လည်း စီးကရက် ကမ်းလိုက်ပါတယ်။ အဲဒီအချိန်မှာပဲ အချက်ပေးသံတခု ပေါ်လာတဲ့ အတွက် လူချင်းခွာကာ တာဝန်ချိန်ပြန်ယူ ဖို့ နောက် ပစ်လွယ်ထားတဲ့ သေနတ်တွေကို သတိအနေ အထား နဲ့ ပြန်ကိုင်လိုက်ကြပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် ပူးပေါင်း တပ်တွေနဲ့ အစိုးရ စစ်တပ် အကြား စစ်ရေး တင်းမာ

(ဧရာဝတီ)

ရှမ်းပြည်နယ် မြောက်ပိုင်း မှာ လှုပ်ရှားနေ တဲ့ ကချင် လွတ် လပ်ရေး တပ် မတော် (KIA)၊ ပလောင် (တအာင်း) အမျိုး သား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမို ကရေစီ မဟာမိတ် တပ်မတော် (MNDAA) ပူးပေါင်း တပ်ဖွဲ့ တွေနဲ့ အစိုး ရ စစ်တပ်တို့ အကြား စစ်ရေး တင်းမာ မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

မူဆယ်ခရိုင်ထဲမှာ စနေနေ့က နယ်မြေ စိုးမိုးရေး အတွက် အင်အားသုံး ဝင်ရောက်လာတဲ့ အစိုးရ စစ်တပ်တွေနဲ့ ပူးပေါင်း တပ်ဖွဲ့ သုံးဖွဲ့တို့ ထိပ်တိုက် ရင်ဆိုင်ကာ တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ရေး အရ တင်းမာမှုတွေ ရှိနေတာ ဖြစ်တယ်လို့ TNLA ပြန်ကြားရေး တာဝန်ခံ မိုင်းအိုက်ကျော်က ဧရာဝတီကို ပြောပါတယ်။

အစိုးရနှင့် ကချင်စစ်ပွဲများ အရေး ဆွေးနွေး ရန် မြစ်ကြီးနား သို့ နှစ်ဖက်ခေါင်းဆောင် များရောက်ပြီ

(Mizzima)

ကချင်ပြည် နယ်နှင့် ရှမ်းပြည် နယ်မြောက် ပိုင်း တွင် တိုက်ပွဲ များ ဖြစ်ပွား လာမှု အပေါ် ပြန်လည် သုံးသပ်ကြရန် အတွက် ကချင် လွတ်လပ်ရေး အဖွဲ့ KIOမှ ဒုတိယ စစ်ဦးစီး ချုပ် ဗိုလ်ချုပ် ဂွမ်မော်၊ ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် ဦးဆွမ် လွတ်ဂမ် ဦးဆောင်သော ကိုယ်စား လှယ် ၉  အပါ အဝင် လုံခြုံရေး တပ်သား ၅ဝ ခန့် သည် မေလ ၁၂ ရက် ညနေ ၄နာရီခန့် တွင် မြစ်ကြီးနားမြို့ သို့ ရောက် ရှိနေပြီ ဖြစ်သည်။

ကေအိုင်အိုနှင့် အစိုးရ တွေ့ဆုံရန် မြစ်ကြီးနားရောက်ရှိ

(DVB)

အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) အကြား တိုက်ပွဲတွေဖြစ်နေ တဲ့ကိစ္စကို ဆွေးနွေးအဖြေရှာဖို့ နှစ်ဘက်တာဝန်ရှိသူတွေ ကချင်ပြည်နယ်မြစ်ကြီးနားမြို့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းအဖွဲ့တို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  မေ ၁၃ ရက်နေ့ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။

ဗုဒ္ဓဘုန်းကြီးကို ခလရ (၃၂၁) မှတားဆီးခြိမ်းခြောက်

(Jinghpawkasa)

ကချင်ပြည် နယ် ၀ိုင်းမော်မြို့နယ်၊ အောင်မြေ (၂) ကျေး ရွာနှင့် ရွှေညောင် ပင်ကျေး ရွာကြား တွင် မေလ (၁၂) ရက်နေ့ မနက် (၁၀း၃၀) အချိန် ခန့်၌ ဗမာစစ် တပ် ခလရ (၃၂၁) တပ်မှ ဗုဒ္ဓဘာသာ ဘုန်းကြီး တစ်ပါးကို တားဆီးပြီး ခြိမ်းခြောက် စစ်ဆေးမေးမြန်း မှုများ ပြု လုပ်သောကြောင့် ဘုန်းကြီးမှ သဃာင်္န်း ကို ကားလမ်းပေါ် တွင် ချွတ်ပုံပြီး ကိုယ် လုံးတီးဖြင့် ကားလမ်း အတိုင်း ထွက်ခွာသွားကြောင်း သိရှိရပါ သည်။ ထိုသို့ ကိုယ်လုံး တီး မထွက်ခွာမှီ ဗမာစစ်တပ် များကို ဂျပန်တွေ လည်းတိုက်ပါစေ၊ မေရိကန်တွေ လည်းတိုက်ပါစေ၊ အင်္ဂလိပ်တွေ လည်း တိုက်ပါစေ၊ အားလုံး လာ တိုက်ကြပါစေ ဆိုပြီး ဆဲဆို ကြိမ်းမောင်းပြီး ထွက်ခွာ သွားခဲ့ကြောင်း သိရှိရပါသည်။

Monday, May 12, 2014

ကချင် တိုက်ပွဲများကြားက မြေစာပင် ကလေးငယ်များ

(ဧရာဝတီ)

အနံ့ အသက် အလွန် ဆိုးရွားပြီး မှောင်မည်း ကျဉ်းမြောင်းသည့် အခန်း အတွင်းရှိ ခုတင်ပေါ် တွင် အဝတ် အစား ညစ်ပတ် ပေရေနေ သော ကလေး ငယ်များ ဆော့ ကစား နေကြ သည်ကို တွေ့ရသည်။

ကလေးငယ်များ ၏ အခန်း သည် အလွန် ကျဉ်းမြောင်း သဖြင့် နှစ်ထပ် ခုတင်ဖြင့် ထားရသည် ကို တွေ့ရသည်။ ကလေးငယ် များ၏ အဆောင် ကို ယောကျာ်းလေး အဆောင်နှင့် မိန်းကလေး အဆောင် ဟူ၍ ခွဲခြားထား သည် ကိုလည်း တွေ့ရသည်။

ယင်း အဆောင်တွင် နေထိုင်ကြ သည့် ကလေးငယ်များသည် အစိုးရ စစ်တပ်နှင့် ကချင် လွတ်လပ်ရေး တပ် မတော် (KIA) အကြား ဖြစ် ပွားသည့် တိုက်ပွဲ များကြောင့် ရှောင်ပြေး ခိုလှုံနေ ထိုင်ကြရသည့် ကလေးငယ် များ ဖြစ်သည်။ တိုက်ပွဲ စတင်ဖြစ် ပွားချိန်မှ ယခုအချိန် အထိ အဆောင် တွင် နေထိုင်ကြရ သူများဖြစ်ပြီး၊ ကလေးငယ် အများစု သည် တိုက်ပွဲဖြစ်ပွား လျက် ရှိသည့် ၃ နှစ်နီးပါး ကြာမြင့်ချိန် ကာလအထိ ၎င်း တို့၏ မိဘ များနှင့် တွေ့ ဆုံနိုင်ခြင်း မရှိကြသေးကြောင်း သိရ သည်။

မြစ်ဆုံစီမံကိန်းကြီး ပြန်လည် စတင်လုပ်ဆောင်ဖို့ လှုပ်ရှားမှုတွေ တွေ့ရ

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် တွင် တည်ဆောက်နေ သည့် ဧရာဝတီ မြစ်ဆုံရေ ကာတာ စီမံကိန်းကြီး လုံးဝ ရပ်ဆိုင်းသွား ရန် မေ ၈-၉ ရက်နေ့ မြစ်ကြီးနား မှ မြစ်ဆုံ သို့ လမ်းလျှောက် ဆန္ဒပြပွဲကို ဦးဆောင် သူ နိုင်ငံရေး အကျဉ်းသားဟောင်း များအဖွဲ့ မှ ဦး ရဲထွဠ်ခေါင် အား KNG ကချင် သတင်းဌာန မြစ်ကြီးနား သတင်းထောက် ဂျိန်းဖော့ လာ မေးမြန်း ထားသည်။

မေး။ ဆရာတို့ ဒီမနက်မြစ်ဆုံကို ဘယ်အချိန်စထွက်ဖို့ စီစဉ်ထားလဲ။

မြစ်ဆုံရေကာတာစီမံကိန်းရပ်ဆိုင်းဖို့အတွက် လမ်းလျှောက်ဆန္ဒပြဖို့ ဒီမနက် ၈ နာရီ ကစပြီးတော့ထွက်ဖို့ရှိပါတယ်။ ပါဝင်ဆန္ဒပြဖို့ လူအင်အားက ၄၀ လောက်ဖြစ်ပါတယ်။

ကချင်တိုက်ပွဲများ နှစ်ဖက် ပြန်သုံးသပ်မည်

(VOA)

အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေ ချိန် တိုက်ပွဲတွေ အရှိန်မြင့်လာနေ တာကို ပြန်သုံးသပ်ဖို့ အတွက် ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ဦးဆောင် တဲ့ ပြည်ထောင်စု ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ် ငန်းကော် မတီနဲ့ KIO ကချင် လွတ်မြောက်ရေး အဖွဲ့တို့ မနက်ဖြန် အင်္ဂါနေ့မှာ တွေ့ဆုံကြ မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်း လဲမှု ရှေ့တိုးနိုင်ဖို့ရာ တပ် မတော်ရဲ့ ထောက်ခံ မှု အဓိက လိုအပ်တယ် လို့ အမေရိကန် က ပြောဆိုပြီး မကြာခင် မှာပဲ ပြုလုပ်တဲ့ ဒီဆွေးနွေးပွဲ ကို ကုလသမဂ္ဂနဲ့ တရုတ်ကိုယ်စား လှယ်တွေလည်း တက်ရောက် ဖို့ ရှိပါတယ်။ ဒီဆွေးနွေး ပွဲနဲ့ KIO ဘက်က ဖမ်းဆီးထားတဲ့ အရပ်သား တချို့ ပြန်လွှတ်ပေး ခဲ့တဲ့ နောက်ဆုံး အခြေအနေတွေ ကိုတော့ မနန္ဒာချမ်းက တင်ပြပေး ထားပါတယ်။
 

Sunday, May 11, 2014

May (11) Na Majan Shiga Ni

(Myutsawkasa)


KIA Dap Dun (1) Ni Myen Tai HpyenLa (20) Ram Hpe Lu Kapaw Sat, KIA Ni Padang Dip

(by-myutsaw kasa)


May 10, 2014 ya shani Manmaw Kai Htik kaw nna Myen Asuya dap Nu (88) npu na hpyen hpung langai n-gun (100) ram lam hkawm yu wa ai hpe Lawa Yang lahta kaw tinang KIA Dap Dung (1) ni Bawm Hkrawn the hkap adem bun dat ai hta Myen dap maga na yawm htu marai (20) daram si hkala hkrum mat ai lam shiga na chye lu ai.



KIA+TNLA+MNDAA ပူးပေါင်းတပ် နှင့် အစိုးရတပ်တိုက်ပွဲ ဖြစ်


မြန်မာ့တပ်မတော်နှင့် တအာင်းတပ်မတော်(TNLA)၊ KIA၊ MNDAA(ကိုးကန့်တပ်မတော်)တို့ တိုက်ပွဲဖြစ်ပွါး
၁၀ ရက် မေလလ ၂၀၁၄ ခုနှစ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲ၊ မုံးကိုးမြို့နှင့် ဖောင်းဆိုင်ရွာ ကြားတွင် ယနေ့ မေလ ၁၀ ရက် ညနေ(၁၄း၃၀)နာရီမှ (၁၅း၃၀) နာရီ ချိန်ထိ(၁)နာရီကြာ မြန်မာ့တပ်မတော် ခမရ(၅၀၇)၊ ခမရ(၅၆၈)နှင့် တအာင်းတပ်မတော်(TNLA) တပ်ရင်း(၈၁၈)၊ KIA တပ်ရင်း(၃၈)၊ MNDAA(ကိုးကန့်တပ်မတော်)တပ်ရင်း(၁၇) တို့ တိုက်ပွဲဖြစ်ပွါးခဲ့သည်။

KIA တပ်ရင်း (၂ရ) နယ်မြေတွင်တိုက်ပွဲဆက်ဖြစ် ၊ အစိုးရတပ်ဖွဲ့ ဗုံးခွဲတိုက်ခိုက်ခံရ

(Lachid Kachin) (Myutsawkasa)

ကေအိုင်အေ တပ်မဟာ(၃) တပ်ရင်း(၂ရ) နယ်မြေ အူဒန်ဘွမ် အနီးတွင် ဗမာအစိုးရတပ် တပ်မ (၈၈) နှင့် မိမိ ကေအိုင်အေ တပ်ဖွဲ့ ဝင်များ မေလ(၉)ရက် မနေ့ က နေ့ လည် (၁း၀၀)နာရီ ခန့် တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကြောင်းလှည့်လာသော အစိုးရတပ် နှင့် အသင့်စောင့်နေသော ကေအိုင်အေ တပ်ဖွဲ့ များ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အစိုးရတပ်မှ ကျဆုံးမှု ရှိသော်လည်း အတိအကျ မသိရသေးပါ ။ မိမိ ကေအိုင်အေ တပ်မှ ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။

မေလ(၉)ရက် မနက် (ရး၀၀)နာရီ အချိန်ခန့်  ကေအိုင်အေ တပ်ရင်း(၂ရ) နယ်မြေ ဗိုလ်တဲကုန်း ဟုခေါ်သော နေရာ နှင့် မနီးမဝေး ခါ့ ဒုန်( Hka Dung ) မနက်ဈေး သွားသည့် လမ်းဆုံနေရာ တွင် အစိုးရ တပ်ဖွဲ့ တစ်ဖွဲ့  ဗုံးခွဲတိုက်ခိုက်ခံရပြီး အစိုးရတပ် မှ (၂) ဦးသေ (၂) ဦး ဒဏ်ရာပြင်းစွာရရှိသွားကြောင်းသိရသည် ။