Saturday, May 10, 2014

စစ်ရေး လျော့ချမှု မရှိ ပါက အပစ်အခတ် ရပ်စဲရေး အဆိုးဆုံး အခြေအနေ ရောက်မည်ကို KNPP စိုးရိမ်

(ရွှေဟင်္သာသတင်းဌာန)



လက်ရှိ တိုင်းရင်း သား ဒေသ များအတွင်း အစိုးရ စစ်တပ် များမှ စစ်ဆင်ရေး များ ပြုလုပ် နေခြင်းကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ရရှိ ထားပြီး ဖြစ်သည့် အပစ်အခတ် ရပ်စဲရေး သည်လည်း ပျက်ပြယ် သွားနိုင်မည့် အဆိုးဆုံး အခြေအနေ ဖြစ်လာ နိုင်မည်ကို စိုးရိမ် မိကြောင်း KNPP ဒု-ဥက္ကဋ္ဌ ခူဦးရယ်က ပြောသည်။

 တဖက်က အပစ်အခတ် ရပ်စဲရေးကို ညှိနှိုင်း နေတယ် တဖက် မှာက အစိုးရ တပ်က ထိုးစစ် ဆင်နေတယ်။ အစိုးရ တပ်တွေဘက် ထိုးစစ် ဆင်နေ တာကို မရပ်တန့်ဘူး ဆိုရင် ယုံကြည် မှုတွေ ပျက်ပြား သွားနိုင်သလို အပစ်အခတ် ရပ်စဲ ရေးလည်း ပျက်ပြား သွားနိုင်တယ်လို့ ကျနော် မြင်တယ်” ဟု ခူဦးရယ်က ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင် ပြည်နယ် တောင်ပိုင်း တို့၌ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ကချင် လွတ်လပ်ရေး ပါတီ တပ်မတော် (KIA) တပ်ဖွဲ့ များနှင့် အစိုးရ တပ်တို့ ထိတွေ့ တိုက်ပွဲများ ယနေ့ ထက်တိုင် ဖြစ်ပွားလျက် ရှိပါသည်။

တပ်မ ၈၈ ထိန်းချုပ်ရာ သျှမ်း-ကချင် နယ်စပ် ဗုံးထပ်မံ ပေါက်ကွဲ နှစ်ဦး ဒဏ်ရာ ရ

သျှမ်းသံတော်ဆင့်သတင်း

ကချင်ပြည်နယ် မန့်ဝိန်းကြီးကျေးရွာအုပ်စုအတွင်း ပန်ခမ်းရွာနှင့်ကုန်းခမ်းရွာ ကြားရှိ ဟိုတုံဈေးအနီး တွင် မေ ၉ ရက် နက်ပိုင်းက ဗုံးတစ် လုံးပေါက်ကွဲပြီး ဒေသခံ တစ်ဦးနှင့် တပ်မတော်သားတစ်ဦး ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရှိရသည်။

အစိုးရစစ်သား များ ကင်းလှည့် လာချိန် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး စစ်သားတစ်ဦးနှင့် ကုန်းခမ်းရွာသား တစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရတပ်သားအား အနီးရှိတပ်စခန်းသို့သယ်ဆောင်သွားပြီး ဗုံးဆံထိမှန် သော ကုန်းခမ်းရွာသား၏ဒဏ်ရာမှာစိုးရိမ်မှုမရှိကြောင်း ကိုယ်တိုင်တွေ့မြင်ရသူ ဟိုတုံဈေးသည် နမ့်ခမ်းမြို့ခံတစ်ဦးကဆိုသည်။

ဖွတ်တက်သော တောင်ပို့ အတွင်းမှ ခြကောင်များ (အပိုင်း ၁ +၂)

တိုင်းပြည်သည် အဟာရသိဒ္ဒိ အရာရာအားလုံးတို့ဖြင့် စုပုံဖြစ်တည်လာသော တိုင်းပြည်ဟုဆိုပါလျင် မည်သူငြင်းကြမည်နည်း? ကိုလိုနီအုပ်ချုပ်မှုအောက်တွင် နှစ်ပေါင်း ရာချီနီးပါး နေလာ ရှိလာခဲ့သော်တောင်မှပင် တိုင်းပြည်ကား စပါးတောင်လိုပုံ စားမကုန်သောက်မကုန် အလျံပယ်ဖြစ်နေသော လွတ်လပ်ရေးရပြီးစကာလမှာပင် ပွဲလမ်းသဘင် အလှူပွဲများ ကျင်းပမှုများသည် တပြည်လုံး သိမ့်သိမ့်သဲသဲ ကျင်းပနေခဲ့သော သိဒ္ဓိ တောင်ပို့ကြီး ဖြစ်လေ၏။ ၁၉၅၆ ခုနှစ်က ဆွစ္စလန်နိုင်ငံမှပင် မြန်မာပြည်မှ ပိုလျံ၍ တောင်လိုပုံနေသော ပေါ်ဆန်းမွှေး စပါးတန်ချိန်တသိန်း တိတိအား ကြိုက်ဈေးပြောသလောက်ပေး၍ ၀ယ်ယူ စားသုံးခဲ့ဘူးကြောင်း အထောက်ထားတွေ့ရသည်။ ထိုကြောင့် တိုင်းပြည်၏ ချမ်းသာကြွယ်ဝမှုမှာ အံ့မခန်းအောင်ပင် ရှိသည်ဟု အိမ်နီးနားချင်းနိုင်ငံများက နုတ်ဖြင့် တဖွဖွ စုပ်သပ်ကာ ရေရွတ်ခဲ့ကြလေသည်။

ရှမ်းမြောက် KIA တပ်မဟာ (၄)ဒေသတွင် SSA နှင့် အစိုးရတပ်တိုက်ပွဲ ဖြစ်

(Lachid Kachin)


ရှမ်းပြည်နယ်မြောက်ပိုင်း KIA,တပ်မဟာ(၄) ဒေ သ ဖြစ်သော နောင်တောင်း
ဒေသသို့ ထိုးစစ် ဆင်ကျူးကျော် ၀င်ရောက် လာ သော မြန်မာ အစိုးရ စစ်တပ်
နှင့် ၄င်းဒေသ တွင် လှုပ်ရှားနေသော KIA, ၏ မဟာမိတ် စစ်တပ် ဖြစ်သော SSA/sspp တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားကြောင်း သိရှိရပါသည်။

KIA တပ်ရင်း (၂ရ) နယ်မြေ တိုက်ပွဲပြင်းထန် ၊ နှစ်ဖက် ကျဆုံးမှုရှိ

(Lachid Kachin) (Myutsawkasa)

ကေအိုင်အေ တပ်ရင်း (၂ရ) နယ်မြေ မန်ဝိန်း မှ ကိုင်ထိပ် သို့  ခြေလျင်စစ်ကြောင်းထိုး တက်လာသော ဗမာအစိုးရတပ် ခမရ (၃၀၁ ) အင်အား (၁၀၀) ကျော် ခန့်  နှင့် မိမိကေအိုင်အေ တပ်ဖွဲ့ များ ကျောက်ဖျာ ဟုခေါ်သော နေရာတွင် မနေ့ က တစ်နေကုန်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ မိမိ ကေအိုင်အေ တပ်စခန်း ငယ်တစ်ခုအား ဆုတ်ခွာ ပေးလိုက်ရကြောင်းသိရသည် ။ တိုက်ပွဲတွင် ဗမာအစိုးရတပ် မှ လက်နက်ကြီး ပစ်ကူအားဖြင့် တရစပ် မရပ်မနား ဖိတိုက်သောကြောင့် ခေတ္တ ဆုတ်ခွာပေးလိုက်ရခြင်း ဖြစ်ကြောင်း ရှေ့ တန်းမှ အရာရှိများပြော သည်။ 

Friday, May 9, 2014

တိုင်းရင်းသားတပ်ပေါင်းစုရဲ့စစ်ရုံး KIA နယ်မြေမှာ ဖွင့်ထား

(Irrawaddy)

ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ရဲ့ စစ်ရုံးကို KIA ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မှာ ဖွင့်ထားပြီလို့ သိရပါတယ်။

ဖေဖော်ဝါရီလ ကတည်းက ရုံးဖွင့်လှစ်ထားတာဖြစ်ပေမယ့် ငြိမ်းချမ်းရေးလုပ်ငန်း ထိခိုက်မှု ရှိမှာ စိုးရိမ်တဲ့အတွက် ဒီသတင်းကို လျှို့ဝှက်ထားတာဖြစ်ကြောင်း တိုင်းရင်းသား လူမျိုးများ  ဖက်ဒရယ်ကောင်စီ(UNFC) ရဲ့ တွဲဘက်အတွင်းရေးမှူး ၂ ခွန်ဥက္ကာက ကြာသပတေးနေ့မှာ ပြောပါတယ်။

မြောက်ပိုင်းစစ်ဌာနချုပ်နယ်မြေ စစ်ရုံးကို  KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်က ဦးဆောင်ကွပ်ကဲနေပါတယ် တဲ့။


လတ်တလော ကချင်ဒေသ ဗမာအစိုးရတပ် လှုပ်ရှားမှု

(Lachid Kachin)

ဗမာအစိုးရတပ် တပ်မ(၈၈) လက်အောက်ခံတပ် ခမရ(၃၀၁) မှ အင်အား (၁၅၀) ခန့် ပါတဲ့ စစ်ကြောင်း မေလ (ရ)ရက် မနေ့ က ကေအိုင်အေ တပ်မဟာ(၃) တပ်ရင်း (၂ရ) နယ်မြေ မန်ဝိန်း -ကောင်းခန်း တွင် စခန်းချထားသော အစိုးရတပ်စခန်း သို့  အင်အားဖြည့်တင်းရန် ၀င်ရောက်လာကြောင်းသိရပါတယ်။ ရှမ်းမြောက် နမ့်ခမ်းဘက် မှ တက်လာသော စစ်ကြောင်းဖြစ်ကြောင်းသိရပါတယ်။

လွတ်လပ်လို၍ စစ်တိုက်ခဲ့ခြင်းဖြစ်ကြောင်း KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က မီဒီယာစာမျက်နှာ၌ တရားဝင် ပြောကြား

(Eleven Media Group)



လွတ်လပ်ရေးလိုချင်၍ စစ်တိုက်ခဲ့ခြင်းဖြစ်ပြီး လွတ်လပ်ရေးကို ယခုအချိန်တွင် သာမက နောင်တွင်လည်းရလိုကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က မီဒီယာစာမျက်နှာ၌ တရားဝင်ပြောကြား လိုက်သည်။

Thursday, May 8, 2014

KIA, တပ်ရင်း (၂၇)ဒေသတွင် တိုက်ပွဲ ပြင်းထန်နေ

(Lachid Kachin)

၂၀၁၄၊မေလ၊ ၈ ရက်နေ့ ယနေ့ (၁၂း၁၅) နာရီ အချိန် ကချင်ပြည်နယ် ဗန်းမော်ခရိုင် KIA, တပ်ရင်း (၂၇) ဒေသသို့ထိုးစစ်ဆင် ကျူးကျော် ၀င်ရောက်လာသော မြန်မာ အစိုးရ စစ်တပ် နှင့် KIA, တပ်ရင်း (၂၇) တပ်ဖွဲ့ တို့ အပြင်း အထန် တိုက်ပွဲ ဖြစ်ပွားနေ ကြောင်း KIA, ရှေ့တန်းအရာရှိများထံမှ သတင်းရရှိပါသည်။

တစ်နိုင်ငံလုံးအပစ်ရပ်ရေး မလွယ်ပါသေး

လွတ်လပ်သော မွန်သတင်းအေဂျင်စီ 
 
တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး ပထမအကြိမ်ဆွေးနွေးပွဲကို ပြီးခဲ့သည့်မတ်လ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ရန်ကုန်မြို့ရှိ မြန်မာ့ငြိမ်းချမ်းရေးစင်တာ MPC တွင်ကျင်းပပြုလုပ်ခဲ့ကြရာ ပထမမူကြမ်းတစောင် ထွက်ပေါ်လာခဲ့သော်လည်း သဘောတူညီချက်မရရှိသေးသဖြင့် လာမည့်မေလ ၁၉-၂၀ နေ့ရက်များတွင် နှစ်ဖက်ပြန်လည်ဆွေးနွေးပါဦးမည်ဟု ဆိုသည်။

တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် မဖြစ်နိုင်သေးသည့် လက်ရှိအနေအထားကိုအောက်ပါ အတိုင်း လေ့လာတွေ့ရှိရသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ငြိမ်းချမ်းရေးမူဝါဒ ၆ ချက်တွင်-

ကချင်ပြည်နယ် မန်စီနှင့် မိုးမောက်မြို့နယ် စာသင်ကျောင်းများ ပြန်ဖွင့်နိုင်မည်မဟုတ်

(Mizzima)

ကချင်ပြည်နယ်၊ မန်စီမြို့နယ်နှင့် မိုးမောက်မြို့နယ်များရှိ စာသင်ကျောင်းများကို ဒီနှစ်ကျောင်းဖွင့် ရာသီတွင်လည်း ပြန်လည်ဖွင့်လှစ်နိုင်မည်မဟုတ်ဟု ကချင်ပြည်နယ် ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးထူးမြင့်က မဇ္ဈိမကို ပြောသည်။

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIAတို့ တိုက်ပွဲများဖြစ်ပွားခဲ့သည့်အတွက် မန်စီမြို့နယ်နှင့် မိုးမောက်မြို့နယ်ရှိ စာသင်ကျောင်းများကို ယခုနှစ်အပါအ၀င် သုံးနှစ်ဆက်တိုက် ပိတ်ထားရသည်။

မြစ်ဆုံစီမံကိန်း အပြီးရပ်ရေး လမ်းလျှောက် သူ များနှင့် ဒေသခံ အဖွဲ့များ ပူးပေါင်းက မြစ်ကြီးနား တွင် ဆန္ဒထုတ်ဖော်

(Mizzima)

ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းရန် လမ်းလျှောက်လာသူများကို ကြိုဆိုသည့် လူ ၁၅ဝဝခန့်နှင့် လမ်းလျှောက်သည့် အဖွဲ့တို့ ပူးပေါင်းကာ မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေးအတွက် မေလ ၇ရက် မွန်းတည့် ၁၂နာရီအချိန်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဆန္ဒထုတ်ဖော်ခဲ့သည်ဟု လမ်းလျှောက်သည့် အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုရဲထွဋ်ခေါင်က မဇ္ဈိမကို ပြောသည်။

ရန်ကုန်မှ လမ်းလျှောက်လာသည့် အဖွဲ့နှင့်အတူ မြစ်ကြီးနားမြို့မှ သွေးချင်းဧရာဝတီ ကွန်ယက်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးဟောင်းများ အစည်းအရုံး၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ကချင်ရိုးရာအဖွဲ့၊ ကချင်လူငယ်အဖွဲ့၊ အရပ်ဘက်အဖွဲ့အစည်း ပူးပေါင်း အင်အား ၁၅ဝဝ ခန့်  မြစ်ဆုံ စီမံကိန်း ဖျက်သိမ်းရေး တောင်းဆိုဆန္ဒပြခဲ့သည်ဟု သူက မဇ္ဈိမကို ပြောသည်။

မြန်မာ့ငြိမ်းချမ်းရေး အခြေအနေ ၂ဝ၁၄ အစီရင်ခံစာ ထုတ်ပြန်

(Mizzima)

မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးမှု အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတကာ မြန်မာ့သတင်း (Burma News International-BNI)က ပြုစုထားသည့် အစီရင်ခံစာ တစောင်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြား စာနယ်ဇင်းကလပ် (FCCT)တွင် မေလ ၇ ရက်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ထုတ်ပြန်ခဲ့သည်။

၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်၏ အားနည်းချက်၊ အခက်အခဲ အခြေအနေများကို ဖော်ပြထားသည့် အစီရင်ခံစာအပေါ် ထပ်မံဖြည့်စွက်၍ ၂ဝ၁၃ ခုနှစ် မတ်လမှ ၂ဝ၁၄ ခုနှစ် မတ်လအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုများ၊ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခြင်းနှင့် စစ်ပြေး ဒုက္ခသည် များပြားလာမှုများကို အဓိက ဖော်ပြထားသည့် စာမျက်နှာ (၂၁၁ )မျက်နှာပါရှိသော နောက်ဆက်တွဲ အစီရင်ခံစာကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေလိုက်ခြင်း ဖြစ်သည်။

မြန်မာ့ငြိမ်းချမ်းရေး အနာဂတ်ခရီးလမ်း

(VOA)

ဒီတပတ် မြန်မာ့ အရေး ဆွေးနွေး သုံးသပ်ချက် အစီအစဉ်မှာ မြန်မာနိုင်ငံ ရဲ့  တိုင်းရင်းသား အရေးမှာ တိုင်းရင်းသားတွေ နဲ့ မြန်မာ အစိုးရကြား ညှိနှိုင်းဖြေရှင်းရ မယ့်ကိစ္စတွေ ရှိနေသလို၊ တဖက်မှာ လည်း တိုင်းရင်းသားတွေ အချင်းချင်းကြားမှာ လည်း ပြဿနာတွေ ရှိနေသေး တယ်လို့ ဆိုပါ တယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေး စင်တာ (Myanmar Peace Center) က အဖွဲ့ဝင် တဦးဖြစ်သူ ဒေါက်တာ မင်းဇော်ဦး နဲ့ ဦးကျော်ဇံသာ ဆွေးနွေး သုံး သပ်ထားပါတယ်။

သန်းခေါင်စာရင်းကောက်ခံမှု ရခိုင်နဲ့ကချင်မှာ သက်တမ်းတိုး

(VOA)

ရခိုင်ပြည်နယ် အတွင်း ဘင်္ဂါလီတွေ နေထိုင် ရာဒေသနဲ့ ကချင်ပြည်နယ် အတွင်း ကျေးရွာတွေ မှာ သန်းခေါင် စာရင်း ကောက် ခံရေး နှောင့်နှေးကြန့်ကြာနေ တဲ့အတွက် အဲဒီဒေသတွေ မှာ အပြီးသတ် ကောက် ခံနိုင်ရေး မေလ ကုန်လောက် အထိ ဆက်လက် ကြိုးပမ်း သွားမှာဖြစ်တဲ့ အကြောင်း လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ဒီကနေ့ ရန်ကုန် တိုင်း လွှတ်တော်ရုံးမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း ပြောလိုက်ပါတယ်။

RCSS/SSA ရုံးကို အစိုးရတပ် ရှောင်တခင်ဝင်ရှာ

(VOA)

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ အပစ်ရပ် ထားတဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်းရဲ့ ဆက်ဆံရေးရုံး ကို အစိုးရဘက်က လက်နက် ကိုင် တပ်တွေ အပါအ၀င် လူအင်အား ၂၀ ကျော်နဲ့ အင်္ဂါနေ့က ရှောင်တခင် ၀င်ရောက် ရှာဖွေ စစ်ဆေးခဲ့ပါတယ်။

နှစ်ဘက် အပစ်အခတ် ရပ်စဲစဉ်က ဆက်ဆံရေးရုံးတွေကို ၀င်ရောက်မယ် ဆိုရင် ကြိုတင် အသိပေးဖို့ဆို တာ ပါရှိထား တာကြောင့် အခုလို ရုတ်တရက် ၀င်ရောက်တာဟာ နှစ်ဘက် ယုံကြည်မှုကို ပျက်ပြားစေနိုင်ကြောင်း ရှမ်းပြည် တပ်မတော် တောင်ပိုင်းရဲ့ ကျိုင်းတုံရုံး တာဝန်ခံက ပြောပါတယ်။ သတင်း အပြည့်အစုံကို ဗွီအိုအေ မြန်မာ ပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က သတင်းပေး ပို့ထားပါတယ်။
 

အစိုးရ၀န်ထမ်းနှစ်ဦးကို ပြန်မလွှတ် ရင် အင်အားသုံးဖို့ KIA ကို စစ်တိုင်းမှူး ရာဇသံပေး

(RFA)

ကချင် လွတ်မြောက်ရေး တပ်မတော် KIA အနေနဲ့ ဖမ်းဆီးထားတဲ့ အစိုးရ ဝန်ထမ်း နှစ်ဦးကို မေလ ၆ ရက်နေ့ ညနေ ၆ နာရီမှာ နောက်ဆုံး ထားလွှတ်ပေးဖို့နဲ့ သတ်မှတ်ချက် အတိုင်း ပြန်လွှတ် မပေးရင် အင်အား သုံး ဖြေရှင်း မှာဖြစ်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက KIA ကို သတိပေး အကြောင်းကြား လိုက် တယ်လို့ သိရပါတယ်။

KIA အနေနဲ့ ဒီအကြောင်းကြားစာကို လက်ခံရရှိ ထားကြောင်းနဲ့ ဒီဝန်ထမ်းနှစ်ဦး ဖမ်းဆီးခံရမှုကို စုံစမ်းစစ်ဆေးနေကြောင်း၊ ဖမ်းဆီးထားတာသေ ချာရင် ပြန်လွှတ်ပေးမှာဖြစ်ကြောင်း အကြောင်းပြန် ထားတယ်လို့ KIO နည်းပညာ အထောက်အကူပြု အလုပ်အဖွဲ့က ဦးဒေါင်းခါးက ပြောပါတယ်။

အစိုးရ စစ်တပ် တပ်မ (၈၈)၏ခြိမ်းခြောက်မှုကြောင့် လဂတ်ယာန် စစ်ပြေးဒုက္ခသည်စခန်းပြောင်းရွှေ့ရ

(Lachid Kachin)

အစိုးရစစ်တပ် ၏ ထိုးစစ်ကြောင့် ဒေသခံ ရွာသားများသည် မိမိတို့ ၏ အိုးအိမ် စည်းစိမ်အား စွန့်ခွာကာ ဘေးလွတ်ရာသို့ အိုးအိမ်မဲ့ထွက်ပြေး သိမ်းရှောင် ကာ နီးစပ်ရာ စစ်ပြေးဒုက္ခသည် စခန်းများသို့သွားရောက် စုဝေးကာခိုလုံ နေထိုင်ကြရသည်။

ထိုသို့ ဒုက္ခသည် စခန်းများတွင်သွားရောက်ခိုလို ကြရာ KIA, တပ်မဟာ (၃) နယ်မြေ အတွင်းရှိ ဗန်းမော်ခရိုင် မာန်စီ မြို့ နယ် အတွင်းရှိ လဂတ်ယာန် စစ်ပြေးဒုက္ခသည် စခန်း သို့ လာရောက်ခိုလုံ ကြသူများ အား ယခုရက်ပိုင်းအတွင်း ဗမာ အစိုးရ စစ်တပ် တပ်မ (၈၈) လက်အောက်ခံ တပ်မှ တပ်ရင်းမှူး ထို လဂတ်ယာန် စစ်ပြေးဒုက္ခသည် စခန်းအား ဖျက်သိမ်း ဖယ်ရှားပေးရန် အကြိမ်ကြိမ် လာရောက် ခြိမ်းခြောက် နေ ကြောင်းသိရှိရပါသည်။

"အစိုးရဝန်ထမ်းနှစ်ဦးကို မေ ၆ ရက်ညနေ ပြန်မလွှတ်လျှင် အင်အားသုံးမည်ဟု တပ်မတော်က ကေအိုင်အေသို့ အကြောင်းကြား"

(7Day Daily)

ဖမ်းဆီးထားသော အစိုးရဝန်ထမ်းနှစ်ဦးကို မေလ ၆ ရက် ညနေ ၆ နာရီ နောက်ဆုံးထား ၍ ပြန်လွှတ်ပေးရန်နှင့် မလွှတ်ပေးပါက အင်အားသုံးဆောင်ရွက်ရ မည်ဖြစ်ကြောင်း မြောက်ပိုင်း တိုင်း စစ်ဌာနချုပ် (မပခ)တိုင်းမှူးက ကေအိုင်အေသို့ အကြောင်းကြားထားကြောင်း သတင်းရရှိသည်။

မပခ တိုင်းမှူးက အထက် ပါ အတိုင်း အကြောင်းကြားထားပြီး ယင်းဝန်ထမ်းနှစ်ဦးကို ကေအိုင်အေက ဖမ်းဆီးထားသည်မှာ သေချာပါက ပြန်လွှတ်ပေးမည်ဟု အကြောင်းပြန်ထားကြောင်း ကေအိုင်အိုအလုပ်အဖွဲ့ (TAT)ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ပြောသည်။

Wednesday, May 7, 2014

ကချင်စစ်ပွဲများ သန်းခေါင်စာရင်း နှင့်ပတ်သက်ဟု ဦးအောင်မင်းဆို

(Mizzima)

ဧပြီလအတွင်းက ကချင်ပြည်နယ် တွင် ဖြစ်ပွားသောတိုက်ပွဲများသည် သန်းခေါင်စာရင်းကောက် ရင်းဖြစ်သည့် တိုက်ပွဲများဖြစ်သည် ဟု ပြည်ထောင် စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ၀န်ကြီး ဦးအောင်မင်းက မေ ၅ ရက် တွင် မြန်မာငြိမ်းချမ်းရေးစင်တာ၌ မီဒီယာများနှင့်တွေ့ ဆုံစဉ် ပြောသည်။

သန်းခေါင်စာရင်းကောက် ယူရာတွင် လုံခြုံရေးယူရန် ဟုဆိုကာ ရောက်ရှိလာ သည့် တပ်မတော်၊ တပ်ခွဲများ နှင့် ကေအိုင်အေတပ် များသည် မန်စီမြို့နယ် အတွင်း ဧပြီလ ၁၀ ရက် က တိုက်ပွဲဖြစ်ပွားခဲ့သည် ဟုလည်း ကရုဏာ အသင်းတော်မှ ဖာသာများ က မဇ္ဈိမကိုပြော ထားဖူးသည်။

ကချင်ပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားနေ မှု ကေအဲန်ယူခေါင်းဆောင် ဝေဖန်

(RFA)

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ တစ်နိုင်ငံလုံး အပစ်အခတ် အရပ်စဲရေး ဆွေးနွေးနေ တဲ့အချိန်မှာ ကချင်ပြည်နယ် အတွင်း တိုက်ပွဲတွေဖြစ် ပွားနေတာဟာ မဖြစ်သင့်တဲ့ ကိစ္စဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU ဒုတိယ ဥက္ကဌ နော်စီဖိုးရာစိန် က ဒီနေ့ ပြောပါ တယ်။

ရန်ကုန်မြို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးရဲ့နေအိမ်မှာပြုလုပ် တဲ့  ဆွေးနွေးပွဲအပြီးမှာ KNU ဒုတိယ ဥက္ကဌ နော်စီဖိုးရာစိန် က ကချင်ပြည်နယ်က တိုက်ပွဲတွေ နဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

တိုင်းရင်းသားများကြောင့် တိုက်ပွဲများ ဖြစ်ပွားဟု စစ်တပ် ထုတ်ပြန်

(ဧရာဝတီ)

ကချင်နှင့် ရှမ်းပြည်နယ် များတွင် တိုက်ပွဲ များ ဖြစ်ပွားနေရခြင်းမှာ တိုင်းရင်းသား များ၏ ကတိမတည်မှု၊ နယ်မြေ ချဲ့ထွင်မှု များကြောင့် ဖြစ်သည် ဟု အစိုးရ ကာကွယ်ရေး ၀န်ကြီးဌာန က ထုတ်ပြန်ပြော ဆိုကြောင်း သိရသည်။

တိုင်းရင်းသားများ က ထိုသို့ပြု လုပ်သဖြင့် တပ်မတော် အနေဖြင့် ပစ်ခတ်ထိန်း သိမ်းရန် တာဝန် ရှိသောကြောင့် ဆောင်ရွက်နေ ရခြင်းဖြစ် ကြောင်း ကာ ကွယ်ရေး ၀န်ကြီးဌာနမှ အဆင့်မြင့်အရာရှိ တဦးက မေလ ၅ ရက်နေ့ထုတ် ဒီမိုကရေစီ တူဒေး သတင်းစာ သို့ ဖြေကြား ထားသည်ကို တွေ့ရသည်။

စစ်တပ်နှင့် KIA လူဖမ်းမှုများ လုပ်လာ

(ဧရာဝတီ)

ကချင်ဒုက္ခ သည်များ ကို မြန်မာ့ တပ်မတော်မှ ရက် အတန်ကြာ ဖမ်းဆီးထိန်း သိမ်းခဲ့အပြီး ပြန် လွှတ်ပေး လိုက်မှုနှင့် တိုက်ဆိုင်စွာ ကချင်ပြည်နယ် မြစ်ကြီး နား မြို့နယ် အတွင်းရှိ ဧရာဝတီမြစ်ကမ်း တနေရာ သို့ ခရီးထွက်လာ သည့် အစိုးရ ၀န်ထမ်း တချို့အား ကချင် လွတ်လပ်ရေး တပ်မတော် ( KIA ) က ဖမ်းဆီး ခဲ့ကြောင်း သိရ သည်။

မေလ ၃ ရက်နေ့ က မြစ်ကြီးနားမြို့နယ် အတွင်း ရှိ ဒွမ်ဂမ်ကျေးရွာနှင့် လုံဂါဇွပ်ကျေး ရွာ အကြားရှိ ဧရာဝတီ မြစ်ကမ်းသို့ အပန်းဖြေ လာရောက်သည့် ကချင်ပြည် နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ၀န်ထမ်း နှစ်ဦးနှ င့် အရပ်သား တဦး တို့ကို KIA က ဖမ်းဆီး သွားကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာ များ၌ ဖော်ပြ ထားသည်။

ဦးအောင်မင်းနှင့် KIA မြစ်ကြီးနားတွင် တွေ့မည်

(ဧရာဝတီ)

ကချင်ပြည်နယ် တွင် ကချင် လွတ်လပ်ရေး တပ်မတော် (KIA)နှင့် မြန်မာ အစိုးရ စစ်တပ်များ အကြား တိုက်ပွဲ များ ဖြစ်ပွား နေမှုနှင့် ပတ်သက်ပြီး အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် တဦးဖြစ်သူ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းနှင့် KIA မှ တာဝန်ရှိ သူများ မြစ်ကြီးနားမြို့ တွင် မေလ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ တွေ့ဆုံဆွေးနွေး မည်ဖြစ်ပြီး အစိုးရ စစ်တပ်မှ အရာရှိများ တက်ရောက် မည်ဖြစ်ကြောင်း သိရှိရ သည်။

ကချင်စစ်ပြေးဒုက္ခသည် လုံခြုံရေး စိုးရိမ်ရဆဲ

(VOA)

ကချင်ပြည် နယ် ဗန်းမော် ခရိုင် မန်စီမြို့ နယ် မန်ဝိန်းကြီးကျေးရွာ အနီးက ဒုက္ခသည် စခန်းတွေမှာ ကျန်း မာရေး အကူအညီတွေ လိုအပ်နေ သလို နေရာ ထိုင်ခင်း အတွက် လည်း အခက်အခဲ ရှိနေတယ် လို့ စခန်း က ဒုက္ခသည်အရေး ကူညီနေသူတွေ က ပြောပါ တယ်။

ဒီရက်ပိုင်းတွေအတွင်း စခန်းပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာနဲ့ အစိုးရစစ်တပ်က ခေါ်ယူ စစ်ဆေးတာတွေ ရှိနေတာကြောင့် လုံခြုံရေးအတွက် စိုးရိမ်နေကြရတယ်လို့ ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော် က သတင်းပေးပို့ထားပါတယ်။
 

Tuesday, May 6, 2014

“နိုင်ငံရေး နည်းအရ စဉ်းစားမလား၊ တိုက်ပွဲ နည်းနဲ့ စဉ်းစားမလား”

(ဧရာဝတီ)

တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီး လက်ရှိ အခြေအနေတွေ ကို လေ့လာ သုံးသပ်ဖို့ တိုင်းရင်း သား လက်နက်ကိုင် တပ်ဖွဲ့တွေ ပြီးခဲ့ တဲ့ ဧပြီလ ၂၈ ရက်နေ့ က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နှစ် ရက်ကြာ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။

အဲဒီ အစည်းအဝေး ကို မကြာသေး မီကမှ အမေရိကန်နိုင်ငံ ကို တရားဝင် သွားရောက် ခဲ့တဲ့ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော် လည်း တက်ရောက် ခဲ့ပါတယ်။ ဗိုလ်ချုပ် ဂွန်မော် ဟာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန တာဝန် ရှိသူတွေ နဲ့ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်စဲရေး ရှေ့အလား အလာတွေ ကို ဆွေးနွေးခဲ့ ပါတယ်။

ဗိုလ်ချုပ် ဂွန်မော် ကို ကချင်ပြည်နယ် အတွင်း ငြိမ်းချမ်းရေး အလားအလာ၊ မကြာသေး မီက ဖြစ်ပွားခဲ့တဲ့ အစိုးရ စစ်တပ်နဲ့ KIA တို့ ထိပ်တိုက် ရင်ဆိုင်မှု၊ အမေရိကန် ခရီးစဉ်ရဲ့ အကျိုး ရလဒ်တွေကို ဧရာဝတီ သတင်း ဌာန သတင်း ထောက်တွေဖြစ် တဲ့ လင်းသန့်နဲ ငြိမ်းငြိမ်း တို့က တွေ့ဆုံမေးမြန်း ထားပါတယ်။

အာဏာရှင် လက်စွဲကျမ်း "တိုင်းပြည်ကို ဘယ်လိုသွေးစုပ်ရမလဲဆိုသည့် အကြံပေးချက် (၁၀)ချက်"

7daydaily

ယခုသတင်းစာ ကိုဖတ်နေသူ သာ အာဏာရှင်တစ်ဦး ဆိုလျှင် ဒီကနေ့ သင် ကံကောင်းသောနေ့ ဖြစ် သည်။ မြန် မာနိုင်ငံမှာရေး သားပြုစုပြီး နိုင်ငံတကာ ကိုဖြန့်ချိမည့် ‘အာ ဏာရှင် လက်စွဲကျမ်း’ ကို သင် အခမဲ့ မြည်းစမ်း ခွင့်ရတော့ မည်။ အောက် မှာဖော်ပြထား သည့် (၁၀) ချက်သည် မန္တလေး မှာ ထိုးမုန့် မဝယ်မီ အမြည်းပေး သလို စာအုပ် ထဲမှာ ပါမည့် အကြောင်းအရာများကို အမြည်းပေးခြင်းဖြစ်ပါ သည်။

(၁) ပြည်တွင်းစစ်ကိုအဆုံးမသတ် နှင့်

‘ငြိမ်းချမ်းရေး’ဆိုသည့်စကားလုံးကို မကြာခဏပြောပါ။  သတင်းစာ၊ ရုပ်သံ၊ ရေဒီယို မီဒီယာအားလုံးမှာ ငြိမ်းချမ်းရေးဖော်ဆောင်နေကြောင်းမကြာခဏပြသပါ။ သို့သော် ပြည်တွင်းစစ်ကို ဘယ်တော့မှ အပြီးတိုင်အဆုံးမသတ်ပါနှင့်။
ကိုယ့်လက်ထဲကစစ်တပ်၏ အခန်းကဏ္ဍကို ထိန်းသိမ်းထားဖို့အတွက် စစ်မီးကိုချန်ထားပါ။ ‘ပြည်ထောင်စု စိတ်ဓာတ်’ကို အဆက်မပြတ်ပြောပါ။

PUNGLING DINGSA YEN KAU

(Jinghpawkasa)

Wunpawng Mungdan Shanglawt Asuya Sinpraw Ginwang KIA Dap Ba (3) npu, Dap Dung (27) Ginra rai nga ai Pungling Dingsa kaw May (6) ya jahpawt jau jau ten kawn laja lana gap gasat nga ai lam shiga na chye lu ai. Myen hpyen ni hpyen n gun kaba hte htu gasat wa ai majaw Dung (27) ni a shara rai nga ai Pungling Dingsa hpe yen kau ra mat sai lam hpe mung na chye lu ai.

Pung Ling mare dingsa kaw Myen hte KIA gasat poi byin.

(Kachinnet)

KIA Masat (3) Dap Ba n pu, Dap Dung (27) ginra, Pung Ling mare dingsa kaw, 2014 ning May (5) ya jahpawt hkying (06:45)am aten kaw nna hkying (07:30)am aten laman Dap Mying n chye ai myen hpyen hpung hte KIA Masat (27) Dap Dung na hpyen hpung ni gasat poi byin nna, shani hkying (01:15)pm aten daram hta mung numdaw kalang bai gasat poi kahtap byin ai lam hpe chye lu ai.

Ndai shara hta sha May (4) ya shani, Myen Hpyen Dap hpyen hpung hte KIA hpyen hpung ni gasat poi laja lana byin ai lam hpe mung, matut nna chye lu ai.

စစ်တပ်မှ ငြင်းဆိုသော်လည်း ဒုက္ခသည်တဦး ဖမ်းစီးခံထားရဆဲဟု ကချင်အဖွဲ့များဆို

(Mizzima)

အစိုးရစစ်တပ်၏ ဖမ်းစီးခြင်းခံထားရသော ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ မန်ဝိုင်းကြီးကျေးရွာအနီး လဂတ်ယန် ဒုက္ခသည်စခန်းမှ ဒုက္ခသည် ၁၄ဦးကို အစိုးရတပ်မှ ပြန်လွတ်ပေးခဲ့သော်လည်း တစ်ဦးကို ပြန်လည် ဖမ်းဆီးထားသည်ဟု ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ၏ အကြီးတန်းအရာရှိ ဦးလမိုင်ဂွမ်ဂျာက မဇ္ဈိမကို မေလ ၅ရက်တွင် ပြောသည်။

မေလ၃ရက် ညနေ၄နာရီကျော်က အဆိုပါ လူ၁၄ဦးကို ခမရ၈၈မှ တပ်ရင်းမှူးကိုယ်တိုင် လဂတ်ယန် ဒုက္ခသည်စခန်းသို့ လာရောက်၍ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး မေလ ၄ရက် ၃နာရီခွဲခန့်တွင် ပြန်လည် လွှတ်ပေးခဲ့ကာ လွတ်မြောက်လာသူများထဲမှ တစ်ဦးကို ညနေ ၆နာရီခွဲကျော်တွင် ပြန်လည် ဖမ်းစီးခဲ့ခြင်း ဖြစ်သည်။

NCCT နှင့် ဆွေးနွေးရန် ကျန်သည့် ၄၅ ချက် အစိုးရဘက်က ထက်ဝက်လိုက်လျောရန် ပြင်ဆင်

(Mizzima)

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းအရေး အဖွဲ့(NCCT)နှင့် ဆွေနွေးရန် ကျန် သည့် အချက် ၄၅  ချက် ကို အစိုးရ ဘက်မှ ထက်ဝက် လိုက်လျောနိုင် ရန် ပြင်ဆင်ထား သည်ဟု ပြည်ထောင်စု အဆင့်ငြိမ်း ချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်း က ပြောသည်။

“ကျွန်တော်တို့ဘက်က အပြည့် ၁၀၀ရာခိုင်နှုန်းအပြည့် လိုက်လျောပေးရမယ်ဆိုရင်တော့ မတရားဘူး။  သူ့ဘက်ကလည်း တစ်ဝက်လျော့  ကိုယ့်ဘက်ကလည်း တစ်ဝက်လျော့ဆိုရင်တော့ ပြီးသွားမှာပါ။ အခုကျွန်တော်တို့ဘက်က တစ်ဝက်လျော့နိုင်အောင် ပြင်ဆင်ထားပြီးသားပါ” ဟု ပြောသည်။

ဖမ်းဆီးခံ ၁၄ ဦးကို စစ်တပ်က ပြန် လွှတ်၊ အစိုးရဝန်ထမ်း ၂ ဦးကို KIA ဖမ်ဆီး

(RFA)

ပြီးခဲ့တဲ့ မေ လ ၃ ရက်နေ့က အစိုးရ တပ်တွေနဲ့ KIA တပ်ဖွဲ့တွေ က အရပ်သားတွေကို အပြန် အလှန်ဖမ်းဆီး မှုတွေရှိပြီး မေလ ၄ ရက်နေ့ ညနေ ပိုင်းမှာ အစိုးရတပ် က ဖမ်းသွား တဲ့ ဒုက္ခသည်စခန်းက အမျိုး သား ၁၄ ဦး ကို ပြန်လည် လွှတ်ပေး လိုက် တယ်လို့ သိရပါတယ်။

မေလ ၃ ရက်နေ့ က ဗန်မော် ခရိုင် မန်ဝန်းကြီးမြို့နယ် အတွင်း ရှိ လဂါတ် ယန် ဒုက္ခသည် စခန်းက ဒုက္ခသည် အမျိုး သား ၁၄ ဦးကို နယ်မြေခံ တပ်မ (၈၈) က ဖမ်းစီးခေါ်ဆောင် သွားပြီး မနေ့က ပြန်လွှတ်ပေး ခဲ့ပေမဲ့ တစ်ဦးကို ပြန်ဖမ်းသွား တယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။ 

တွေ့ဆုံဆွေးနွေးရေးနှင့်ပတ်သက်၍ (UNFC) ၏သဘောထား

Monday, May 5, 2014

တပ်မတော်စစ်ကြောင်း ပစ်ခတ်မှု ဗန်းမောက် ဒေသခံတစ်ဦးသေဆုံး

(Mizzima)

တပ်မတော်စစ်ကြောင်းမှ ပစ်ခတ်မှုကြောင့် ဗန်းမောက်မြို့နယ်တွင် ဧပြီ ၁ ရက် ည ၈ နာရီခွဲခန့်က ဒေသ ခံရွာသားတစ်ဦးသေဆုံးခဲ့သည်ဟု ဗန်းမောက်မြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မှ စစ်ကိုင်းတိုင်း အမတ် ဦးအောင်ရွှေက ပြောသည်။

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက် မြို့နယ်၊ နန်းမားကျေးရွာအုပ်စု၊ နန်းအော့ကျေးရွာ အမကကျောင်း ဝင်းအတွင်းတွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

Sunday, May 4, 2014

ကချင်ဒုက္ခသည်တွေ ဖမ်းဆီးစစ်ဆေးခံရ

(VOA)

ကချင်ပြည် နယ် မန်စီမြို့နယ် အတွင်းမှာ  အရင်က ကချင် အမျိုးသား လွတ်မြောက်ရေး တပ် မတော် ကေအိုင်အေ ထိန်းချုပ်ခဲ့တဲ့  နယ်မြေမှာရှိ တဲ့ လဂတ်ယန် IDPဒုက္ခသည်စခန်းက ဒုက္ခသည် ၁၄ ယောက် ကို  မြန်မာ စစ်တပ် တပ်မ ၈၈ ရဲ့ လက်အောက်ခံ တပ်တွေက ဖမ်ဆီးခေါ်ဆောင် သွား ပါတယ်။ အဖမ်းဆီး ခံရသူတွေ ဟာ ဧပြီလ ၂၅ရက်နေ့ သူတို့စစ်ဆေးခဲ့ တဲ့ စာရင်းထဲမှာ မပါ သူတွေဖြစ်နေ တဲ့အတွက် ဖမ်းဆီးခေါ်ဆောင် သွားတာလို့ ဆိုပါတယ်။
အပြည့်အစုံ ကိုတော့ ထိုင်း အခြေစိုက် သတင်းထောက် မအေးအေးမာ က  သတင်းပေးပို့ထားပါတယ်။
 

မြန်မာအစိုးရတပ် ဂျက်ဖိုက်တာ KIA တပ်မဟာ(၄)နယ်မြေပေါ်တွင် လှည့်လည်ပျံဝဲ


ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ(၄) ရင်း (၃၆) (၃၈) နယ်မြေ မုန်ဂူ ၊ လွိုင်ဂျော်ဘွမ် ၊ ယိန်းလှတောင် ၊ ဘန်လွမ်ဘွမ် စသည့် ကျေးရွာပါတ်ဝန်းကျင် နှင့် တောင်ကြော များ ပေါ်တွင် အစိုးရတပ် ဖိုက်တာဂျက် လေယာဉ်တစ်စင်း မနေ့ က မေလ (၂)ရက်နေ့  မနက် (၁၀း၀၀)နာရီ ခန့် တွင် လှည့်ပတ် ပျံဝဲနေကြောင်း မျက်မြင်တွေ့ ရှိသူ ဒေသ ခံများ ပြောသည်။ 

ဒေသခံများ ပြောကြားချက်အရ အဆိုပါနယ်မြေ ထဲတွင် မြန်မာတပ်ရင်းအင်အား ထောင်ချီ နေရာချထားပြီး ဖြစ်ကြောင်း အကယ်၍ စစ်ဆင်ရေးတွင် လေယာဉ်အသုံးပြု ရန်လိုအပ်လာပါက မိမိတပ်များ အားရှောင်ကွင်းနိုင်ရန် နှင့် စစ်ဆင်ရေးအတွက် ကြိုတင်ပြင်ဆင်နေခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောကြားသည်။ 

MAY 2-3 , 2014 YA LAMAN NA MYEN DAP NI A SHAMU SHAMAWT SHIGA NI

(Lachid Kachin) (By-Myutsa kasa)

May 3,2014 ya shani 7:00am ten ram hta Manmaw Myo Thit, Kung Law de na Myen tai hpyen Modo (11) hta hpyen n-gun (150) ram Htaw nna Manmaw de lai yu wa sai lam shiga na chye lu ai. Lahta Sam Mung KIA Masat (4) Dap Ba de n-gun jat na matu re lam na chye lu ai.

ဒုက္ခသည် စခန်းမှ စစ်ဘေးဒုက္ခသည်အမျိုးသား (၁၄)ဦးအား တပ်မ(၈၈) မှ ဖမ်းဆီးခေါ်ဆောင်သွား

(Lachid Kachin)


(၃.၄.၂၀၁၄)ရက်နေ့ နေ့ လည် (၂း၀၀)နာရီ ခန့် ၌ မန်ဝိန်းကြီး တွင် စခန်းချနေသော မြန်မာတပ် တပ်မ(၈၈)လက်အောက်ခံ တပ်ဖွဲ့ ဝင် များ လဂတ်ယာန် ဒုက္ခသည် စခန်းသို့ ရောက်ရှိလာပြီး စခန်းတွင် ခိုလှုံနေသူ အမျိုးသား (၁၄)ဦးအား အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရှိရသည်။ ဖမ်းဆီးခံရသူများတွင် ဘာသာရေး သင်းထောက်ဆရာ တစ်ဦးဖြစ်သည့် ဆရာဦး ဇခုန်ယော်ထုန် လည်းပါသွားကြောင်း သိရသည်။

KIA တပ်ရင်း(၃၆) မုန်ဘော် -၀မ်ဆိုင်း တွင် တိုက်ပွဲပြင်းထန်

(Lachid Kachin) (by-N-gang)
ရှမ်းပြည် နယ်မြောက် ပိုင်း KIA, တပ်မ ဟာ (၄) လက်အောက်ခံ KIA, တပ်ရင်း (၃၆)ဒေသ၊ ၀ိန်းဆိုင်-မုန်းဘော် သို့ ရောက်ရှိနေ သောအစိုးရ စစ်တပ်မှ (၂.၄.၂၀၁၄)ရက်နေ့ ညတွင် မုံန်းဘော် -၀ိန်းဆိုင်မှ KIA, တပ်ရင်း (၃၈) ဒေသ၊ နယ်မြေ ဖြစ်သော လွယ်ဒန် ဘက်သို့ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ် နေကြောင်း မုံးဘာ် ဒေသခံ များထံမှ သိရှိရပါသည်။

ရှမ်းမြောက် KIA တပ်မဟာ(၄) နယ်မြေ မုန်ဘော် နှင့် ၀မ်ဆိုင်း ပါတ်ဝန်းကျင်တွင် မနေ့ ည (၁၀း၀၀)နာရီခန့် က တိုက်ပွဲစတင်ဖြစ်ပွားနေ ကာ လက်နက်ကြီးအသံများ အပါအ၀င် တစ်ညလုံးနီးပါးသေနတ်သံကြားနေရကြောင်း ဒေသခံများပြောသည်။ယနေ့ မနက် အစောပိုင်းတွင် တိုက်ပွဲသံ ခေတ္တငြိမ်သက်နေကြောင်း သိရပြီး နောက်ဆုံးအခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။