Saturday, May 3, 2014

မြစ်ဆုံကို တရုတ် စွန့်လွှတ်ဖွယ်ရှိ

(Irrawaddy)

တရုတ်နိုင်ငံ ၏ ဖောင်းပွနေ သည့် စီးပွားရေး ကို ဖြေရှင်းရန် အတွက် တရုတ် အာဏာပိုင်များ က ဘဏ္ဍာရေး ဆိုင်ရာ တင်းကျပ် ကန့် သတ်မှု အသစ်များ ချမှတ် လာခြင်းကြောင့် မြန် မာနိုင်ငံ မြောက် ပိုင်းမှ အငြင်းပွား ဖွယ်ရာ မြစ်ဆုံဆည် စီမံကိန်း ကို တိတ်ဆိတ် စွာ စွန့်လွှတ်ရန် အကြောင်းများဖြစ် လာနေသည်။

China Power Investment Corporation (CPI) က ၂၀၁၁ ခုနှစ် တွင် သမ္မတဦးသိန်းစိန်က မြစ်ဆုံဆည် တည်ဆောက် ခြင်း ကို ရပ်နားရန် ဆုံးဖြတ်လိုက်ခြင်း အား ပယ်ဖျက်ပေး ရန် မြန်မာ အစိုးရအား ဖိအားပေးခဲ့သော် လည်း တရုတ်အစိုးရ ၏ ဘဏ္ဍာရေး ဦစားပေး ချက် အသစ်များ အရ မြစ်ဆုံဆည် စီမံကိန်း သည် ပျက်စီးသွား ဖွယ်ရှိကြောင်း လေ့လာ အကဲခတ်သူ များက ပြောကြသည်။

အစိုးရတပ်ထိန်းချုပ်နယ်မြေအတွင်း ဗုံးထပ်မံပေါက်ကွဲ တစ်ဦးသေ သုံးဦးဒဏ်ရာရ

(သျှမ်းသံတော်ဆင့်)

မြန်မာအစိုးရ တပ် ထိန်းချုပ် နယ်မြေ အတွင်းဖြစ်သော ကချင်ပြည်နယ်  ကိုင်းထောက်ကျေး ရွာ ဗန်းမော် သွားရာ ကားလမ်း မပေါ်တွင် မနေ့ မနက်ပိုင်း တွင် ဗုံးတစ် လုံးပေါက်ကွဲ ကာ လူတစ်ဦး ပွဲချင်းပြီးသေ ဆုံးကာ သုံးဦး ဒဏ်ရာရရှိကြောင်း သိရသည်။
အဆိုပါပေါက် ကွဲသော ဗုံးမှာ ကားလမ်း မပေါ်တွင် ကြိုးတန်းထောင် ထားသော ဗုံးဖြစ်ကြောင်း၊ ထိခိုက်သေ ဆုံး ဒဏ်ရာရ သူများမှာ မော်တော် ဆိုင်ကယ် ဖြင့် ခရီးသွားပြည် သူများဖြစ်ကြကြောင်း ဗုံး ဒဏ်ရာဖြင့်နမ့်ခမ်းမြို့ ပြည်သူ့ဆေး ရုံ ရောက် တရုတ် လူမျိုး မောင်ဖုန်းရွှင် က ဆိုသည်။


မြစ်ဆုံ ရပ်ဆိုင်းရေး လမ်းလျှောက်သည့်အဖွဲ့ မြစ်ကြီးနား ရောက်ရန် မိုင် ၃၀သာလို

(Mizzima)

ဧရာဝတီ မြစ်ဆုံ စီမံကိန်း လုံးဝ ရပ်ဆိုင်းရန် အတွက် ရန်ကုန်မြို့မှ လမ်းလျှောက် ဆန္ဒဖော် ထုတ်သူများ သည် မေလ ၂ ရက်တွင် ကချင်ပြည်နယ် မိုးကောင်း မြို့နယ် နမ္မတီးမြို့နယ်ခွဲ တွင် ရောက် ရှိနေပြီဖြစ်ပြီး မြစ်ကြီးနားမြို့ရောက် ရန် မိုင် ၃၀ သာ လိုတော့သည်ဟု ဦးဆောင်သူ ကိုရဲထွဋ်ခေါင်က ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၃ ရက်မှစတင် ထွက်ခွာခဲ့ပြီး မန္တလေးမြို့ မရောက်မီ ဧရာဝတီမြစ် အနောက်ဘက်ခြမ်း ကားလမ်းအတိုင်း ခွဲထွက်ခဲ့သည့် ကိုရဲထွဋ်ခေါင် ဦးဆောင်သော လူ၄၀ ကျော်ပါ အဖွဲ့သည် ဧပြီလ ၁ရက်တွင် မိုးကောင်းမြို့တွင် တစ်ည ရပ်နားခဲ့သည်ဟု ကိုရဲထွဋ်ခေါင်က ပြောသည်။

အစိုးရ စစ်တပ်လက်ထဲမှ KIA တပ်ရင်း (၂၇) ၏ ရှေ့တန်းစခန်းအချို့ အားKIA ပြန်လည်သိမ်းပိုက်နိုင်

(by-Lachid Kachin)
ဧပြီလ အတွင်း မြန်မာ အစိုးရ စစ်တပ်မှ KIA, တပ်မဟာ (၃) လက်အောက်ခံ KIA, တပ်ရင်း (၂၇) ဒေသအား စစ်အင်အား လက်နက်အင်အား အလုံးအရင်း ဖြင့် အသုံးပြု ကာ မတရား ကျူးကျော် ထိုးစစ်ဆင် ခဲ့ ခြင်းကြောင့် KIA, တပ်ရင်း (၂၇) ၏ ရှေ့တန်း လုံခြုံရေး စခန်း အချို့ အား ခေတ္တ ဆုတ်ခွာ ပေးခဲ့ ရ ကြောင်းသိရှိရ ပါသည်။

ယခုအခါ ၄င်းဆုတ်ခွာ ပေးခဲ့ရ သော KIA, တပ်ရင်း(၂၇) ၏ရှေ့တန်း စခန်း များ အနက် အချို့ အား KIA, တပ်ရင်း (၂၇) က ဗမာ အစိုးရ စစ်တပ် များ ထံ မှ ပြန်လည် တန်ပြန် တိုက်ခိုက် သိမ်းပိုက် ယူနိုင် ပြီ ဖြစ်ကြောင်း KIA, တပ်ရင်း (၂၇) ရှေ့တန်း အရာရှိများထံမှ သတင်းရရှိပါသည်။

အသစ်ရောက်လာသည့် စစ်ရှောင်ပြည်သူများကိုလက်မခံရန် မြန်မာစစ်တပ်မှ တားမြစ်

(Lachid Kachin) 01 May 2014 by Yangon Time

ကချင်ပြည်နယ်ရှိ စစ်ဘေး ရှောင် ဒုက္ခသည်စခန်းများသို့ စစ်ရှောင် ပြည်သူများ ထပ်မံရောက်ရှိလာလျှင် လက်မခံရန် မြန်မာအစိုးရ စစ်တပ် မှတားမြစ်ထားကြောင်း ကချင်ပြည် နယ်ရှိဒုက္ခသည်စခန်းအချို့ထံမှ သိ ရသည်။

တပ်မ (၈၈)မှ ဗျူဟာမှူးနှင့် တပ်မမှူးတို့က ဒုက္ခသည်စခန်းရှိစစ် ဘေးရှောင်ပြည်သူများကို ရွှေ့ပြောင်း စေကာ ထပ်မံရောက်ရှိလာမည့်သူ များကို လက်မခံရန်ပြောခဲ့ခြင်းဖြစ် ကြောင်း ကချင်ပြည်နယ်မန်ဝိန်းကြီး ဒေသရှိ ဒုက္ခသည်စခန်းတာဝန်ခံကို နော်ဒင်းက ပြောသည်။

Friday, May 2, 2014

မေလ (၁)ရက်နေ့ ကချင်ဒေသ တိုက်ပွဲ သတင်း

(Myutsawkasa)

KIA တပ်မဟာ(၅)ဒေသ သို့ မြန်မာတပ်များ စစ်အင်အားထပ်မံတိုး ချဲ့ နေ

မြစ်ကြီးနား ဗန်းမော် ကားလမ်းပိုင်းမှတဆင့် မြန်မာတပ် စစ်ယာဉ်တန်း စစ်ကြောင်း မေလ(၁) ရက် နေ့ လည်ပိုင်း က ကေအိုင်အေ တပ်မဟာ(၅)ဒေသ သို့ ဦးတည်ကာ တက် သွားကြောင်း သိရသည်။ စစ်သားအပြည့်တင်ဆောင်ထားသော စစ်ကား(၁၀)စီးပါဝင်ပြီး (၃)စီး မှာ ကျောက်စခန်း မှတဆင့် ဆန်ဂန်ဒေသ ဘက်သို့ ဦးတည်ကာ တက်သွားပြီး ကျန် (ရ)စီးမှာ ဌာနချုပ်အနီး ဒေါ့ဖုန်းယန် ဒေသဘက်သို့ ဦးတည်ကာ တက်သွားကြောင်းသိရသည်။

မြစ်ဆုံဆည်စီမံကိန်း ဖျက်သိမ်းရန် ဧရာဝတီမြစ်ကို ဖြတ်ကူးဆန္ဒပြ

(Mizzima)

မြစ်ဆုံစီမံကိန်းကြောင့် ပျက်စီးတော့မည့် ဧရာဝတီမြစ်အား ကာကွယ်ပေးလိုသည်ဟုဆိုကာ ပဲခူးတိုင်း၊ ပြည်မြို့ခံ ၁၄ ဦးသည် ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းမှ အနောက်ဘက်ခြမ်းသို့ လက်ပစ်ကူး ဖြတ်ကာ မေလ ၁ ရက်တွင် စုပေါင်း ဆန္ဒထုတ်ဖော်လိုက်သည်။

ယင်းနေ့ ညနေ ၄ နာရီခန့်တွင် ဧရာဝတီမြစ် အရှေ့ဘက်ကမ်း ပြည်မြို့စည်ပင်သာယာရေး ရေစစ်ကန်ဝင်းနောက်ဘက်မှ ဧရာဝတီမြစ် အနောက်ဘက်ကမ်း ပန်းတောင်းမြို့နယ်၊ ရွှေဘုံသာကျေးရွာရှိ ရွှေဘုံသာစေတီဘက်သို့ ဖြတ်ကူး ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

KIA တပ်မဟာ (၂၊၃၊၄၊၅) တို့တွင် တိုက်ပွဲ ဖြစ်

(Lachid Kachin)

၂၀၁၄ မေလ (၁)ရက်နေ့ မြန်မာ အစိုးရ စစ်တပ် နှင့် KIA, တို့ ရှမ်းပြည်နယ်မြောက်ပိုင်း နှင့် ကချင် ပြည်နယ် အနံ့ရှိ KIA, တပ်မဟာ 
(၂၊ ၃၊ ၄၊ ၅) ဒေသတို့ တွင် အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားနေ ကြောင်း 
သိရှိရပါသည်။ မြန်မာ အစိုးရ စစ်တပ်သည် ယခု ရက်ပိုင်း အတွင်း ဖါးကန့် ဒေသ နှင့် KIO, ဌာနချုပ် လိုင်ဇာ အနီးသို့ လည်း စစ်အင်အား အမြာက် အများ ဖြည့်တင်းနေ ကြော င်း သိရှိရပါသည်။
မြန်မာ အစိုးရ စစ်တပ် မှ ဒေသတွင်းရှိ တိုင်းသား ဒေသခံ ပြည်သူ့ စစ်များအား KIA, နှင့် တိုက်ပွဲ များတွင် အတင်းအကြပ် မပါ မနေရ ပါ ၀င်တိုက်ခိုက်ခိုင်သော ကြောင့် ဒေသခံ တိုင်းရင်းသားပြည်သူ့ စစ်များ သည် နေ့စဉ် နှင့် အမျှ KIA, နှင့် တိုက်ပွဲ တွင် ပါဝင်ရင်း ထိခိုက် သေဆုံးသူများ အများ အပြားရှိ နေ ကြော င်း ဒေသခံများထံမှ သိရှိရပါသည်။

Thursday, May 1, 2014

မေ ၁၉ ရက်မတိုင်ခင် ကေအိုင်အိုနှင့် အစိုးရ တွေ့မည်

(DVB)

ကချင် လွတ် လပ်ရေးအဖွဲ့ (ကေအိုင်အို) က တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းချက် ကို ပြည်ထောင် စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက လက်ခံလိုက်ပြီး မေ ၁၉ ရက်နေ့မတိုင်ခင် တွေ့ဆုံမယ်လို့  ပြောဆိုလိုက်ပါတယ်။
ဧပြီ ၂၉ ရက်နေ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က မေလ ၁၀ ရက်နေ့ကျရင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ညှိနှိုင်းဆွေးနွေးဖို့ ကမ်းလှမ်းခဲ့တာပါ။

အစိုးရတပ် သိမ်းပိုက် ထားသည့် တရုတ် - မြန်မာ နယ်စပ် တံတား အနီး ဗုံးပေါက်ကွဲ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် နောင်မွန်း ကျေးရွာ တရုတ်- မြန်မာ နယ်စပ် နမ့်ဝမ်း ချောင်း ကူးတံတား အနီး၌  ဗုံးပေါက်ကွဲရာ ဒေသခံတစ်ဦး ဒဏ်ရာ ရရှိကြောင်း သျှမ်း သံတော်ဆင့်မှ စုံစမ်းသိရှိ ရသည်။
တရုတ်ပြည် ဘက်သို့ သစ်များ၊ မှောင်ခိုပစ္စည်းများတရားမဝင်သယ်ထုတ်ရာ အဆိုပါ နမ့်ဝမ်းတံတား အနီးတွင် ဗုံးပေါက်ကွဲခဲ့သည်ဖြစ်ရာ နမ့်ဟီးရွာသူတစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း  လွယ်ဟိုဆေ (မန်ဝိန်းကြီး) ဒေသ ရွာခံအကြီးအကဲ တစ်ဦးက ပြောသည်။

ဗိုလ်ချုပ်ဂွမ်မော်ရဲ့  ငြိမ်းချမ်းရေး မျှော်လင့်ချက် (ဒုတိယပိုင်း)

(VOA)

ဒီတပတ် မြန်မာ့ မျက်မှောက်ရေး ရာ ဆွေးနွေးခန်းမှာ အမေ ရိကန်ပြည်ထောင်စု ကို ရောက်ရှိနေတဲ့ KIA ဒု- စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ကို ဗွီအိုအေမြန်မာ သတင်း အယ်ဒီတာ ဦးကျော်ဇံသာ က ပြည် တွင်းငြိမ်းချမ်းရေး၊ တိုင်း ရင်းသား ဖယ်ဒရယ်ပြည်ထောင်စု အရေး စတဲ့ အကြောင်း အရာများကို သီးသန့်တွေ့ဆုံမေးမြန်း တင်ပြထား ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကေအိုင်အိုရဲ့  ခံယူချက်က အပစ်အခတ်ရပ်စဲရေးဆိုတာ အရေးမကြီးဘူး၊ ငြိမ်းချမ်းရေး၊ နိုင်ငံရေးသဘောတူညီမှုရရင် အပစ်အခတ်ရပ်စဲရေးဟာ အလိုလိုလိုက်လာမှာပဲလို့ ခံယူထားတယ်လို့ ကျနော်နားလည်းပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ဗိုလ်ချုပ်ဂွမ်မော်အနေနဲ့ လက်ခံတာ၊ လက်မခံတာထား ပုဂ္ဂိုလ်ရေးအားဖြင့် လေ့လာသူအဖြစ် တက်ရောက်နိုင်တယ်ဆိုတဲ့ သဘောမျိုး ပြောတယ်လို့ ထင်ပါတယ်။ အခု ဧပြီမှာဖြစ်တဲ့ ပဋိပက္ခတွေနောက်ပိုင်းမှာ ဗိုလ်ချုပ်ရဲ့  အဲဒီရပ်တည်ချက်ကို ပြန်လည်ရုတ်သိမ်းပါသလား။ အခုအခြေအနေမှာ သူတို့ ရှေ့ ဆက်တိုးပြီးတော့ အပစ်အခတ်ရပ်စဲရေး လုပ်ကြရင် ဗိုလ်ချုပ်အနေနဲ့ တက်ရောက်ဖို့ ရည်ရွယ်ချက်ရှိပါသလား။

အစိုးရ နှင့် ပြည်ပနိုင်ငံများ စစ်တပ်ချင်း ဆက်ဆံမှု စိုးရိမ်ကြောင်း ဗိုလ်ချုပ် ဂွန်မော် ပြော

(ဧရာဝတီ)

အမေရိကန် အပါ အ၀င် နိုင်ငံ တကာက မြန်မာနိုင်ငံနှင့် ဆက်ဆံရာ တွင် စစ်တပ် ချင်း ထိတွေ့ ဆက်ဆံမှု များ အပေါ် စိုးရိမ် မကင်း ဖြစ်မိကြောင်း ကချင် လွတ် လပ်ရေး တပ်မတော်(KIA) ဒု စစ်ဦးစီး ချုပ် ဗိုလ်ချုပ် ဂွန်မော် က ပြောသည်။

နိုင်ငံ တကာက မြန်မာနှင့် စစ်တပ် ချင်း ဆက်ဆံရေး ကိစ္စများတွင် စစ်ရေးနှင့် ပတ်သက် သည့် တိုက်ပွဲ စွမ်းရည်မြှင့် တင်ပေး သည့် လေ့ကျင့် သင်ကြားမှု မျိုး မလုပ် ဟု ဆိုနေသော်လည်း သင်ကြားပေး သည့် နည်းပညာများအား တိုင်းရင်းသားတော်လှန်ရေး အင်အားစုများအပေါ် အသုံးချလာမည်ကို စိုးရိမ်ကြောင်း ဗိုလ်ချုပ် ဂွန်မော် က ဧရာဝတီနှင့် သီးသန့် တွေ့ဆုံမှုတွင် ပြောဆို သည်။

စာချုပ်မူကြမ်း အတွက် ဒုတိယအကြိမ် တွေ့ဆုံမည် ဖြစ်သော်လည်း အစိုးရ သဘောထားကာ တင်းမာဆဲ

(ရွှေဟင်္သာသတင်းဌာန)

တစ်နိုင်ငံ လုံး အပစ် အခတ် ရပ်စဲရေး စာချုပ် မူကြမ်း ရရှိရန် အတွက် နှစ်ဖက် ကိုယ်စား လှယ်များ ဒုတိယ အကြိမ် ရန်ကုန်မြို့၌ လာမည့် မေလ ကုန်ပိုင်း၌ နှစ်ရက် တာ တွေ့ဆုံ ဆွေးနွေး ကြရန် စီစဉ် ထားသော် လည်း ယခု အထိ ၄င်း စာချုပ်နှင့် ပတ်သက်၍ အစိုးရ၏ သဘော ထားမှာ တင်းမာ နေဆဲ ဖြစ်ကြောင်း နိုင်ဟံသာက ဆိုပါသည်။

“ကျွှန်တော်တို့ ပြောရမယ် ဆိုရင်တော့ ဒီ (၇) ခန်းလုံးမှာ ကိုယ့်ဘက်က သဘောတူ တာရော မတူတာ တွေရော ထည့်သွင်း ရေးဆွဲ ထားရတယ်၊ အစိုးရ ဘက်ကလည်း အလားတူပဲ ၊ နှစ်ဖက်စလုံး သဘောတူ ထားတဲ့ အချက်တွေက အနည်းငယ်ပဲ ပါသေးတယ်၊ ပြောရမယ် ဆိုရင်တော့ ဒီစာချုပ် မူကြမ်းအပေါ် ညှိနှိုင်း ရရှိ ထားတဲ့ နှစ်ဖက် သဘောတူ နိုင်တဲ့ အခြေအနေ အင်မတန် နည်းပါး ပါသေးတယ်” ဟု UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

(၃၀.)ရက်နေ့  ရှမ်းမြောက် KIA တပ်မဟာ(၄) နယ်မြေ တိုက်ပွဲဖြစ်ပွားမှုအခြေအနေ

(Lachid Kachin)
(mungmyit bumhku)



(၁) ယနေ့ မနက်အစောပိုင်း တွင် နမ်အွမ် နှင့် မုန်ဘော် အကြား ကောင်းခါးကျေးရွာ အနီးတွင် ကေအိုင်အေ တပ်ရင်း(၉)တပ်ဖွဲ့ ဝင်များ နှင့် အစိုးရတပ် စစ်ကြောင်း တို့ အနီးကပ် ရင်ဆိုင် တိုက်ပွဲဖြစ် ။

(၂) မနက် (၈း၀၀)နာရီ ခန့် တွင် ဘန်ဆိုင်းကျေးရွာအနီး ဘန်ခါကျေးရွာသို့ အထွက် လမ်းဆုံတွင် နာရီဝက်ခန့် ကြာ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွား ။

မြစ်ကြီးနားတွင် ဆွေးနွေးရန် KIO ကမ်းလှမ်းချက် အစိုးရလက်ခံ

(KIC)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေးရန် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)၏ ကမ်းလှမ်း ချက်ကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)က လာမည့် မေလ ၁၉-၂၀ရက် မတိုင်မီ တွေ့ဆုံဖို့ သဘောတူလိုက် ကြောင်း မြန်မာ့ငြိမ်းချမ်းရေးစင်တာ(MPC)က ပြောသည်။
MPC အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက “မနေ့က နေ့လည်လောက်မှာ စာရောက်ပြီးတော့ သူတို့ဘက်ကို လက်ခံရရှိ ကြောင်း အကြောင်းကြားထားပြီးပါပြီ။ တွေ့ဆုံဆွေးနွေးမယ့်ရက်ကိုတော့ ညှိနှိုင်းနေပါတယ်။ ဒီတစ်ရက်၊ နှစ်ရက်အတွင်း ရက်အ တိအကျကို ထုတ်ပြန်နိုင်မှာပါ”ဟု ပြောသည်။

Wednesday, April 30, 2014

မြန်မာအစိုးရတပ်စစ်ကားတစ်စီးဖောက်ခွဲခံရ ၊ KIA,တပ်မဟာ(၄)တွင်တိုက်ပွဲဆက်ဖြစ်

(Lachid Kachin)


ကေအိုင်အေ တပ်မဟာ(၃) ရင်း (၂ရ)နယ်မြေသို့ ဝင်ရောက်လှုပ်ရှားနေသော အစိုးရတပ် စစ်ကားတစ်စီး ဧပြီ(၂၉)ရက် မနက် (၁၁း၀၀)နာရီခန့် တွင် နောင်မွန် ဟုခေါ်သော ကျေးရွာအနီးတွင် ဗုံးခွဲတိုက်ခိုက်ခံရကြောင်းသိရသည်။ အဆိုပါကားပေါ်တွင် အစိုးရ စစ်သား(၈)ဦး လိုက်ပါစီးနင်းကြောင်းသိရပြီး ထိခိုက်ကျဆုံးမှုအား စုံစမ်းနေဆဲဖြစ်သည်။

ပြည်သူ့စစ် မလုပ်မနေရ စနစ်ကြောင့် ဒေသခံများ အခက်အခဲကြုံနေရ။

(Kachin Waves)

ဆော့လော်မြို့နယ် နှင့် ချီဖွေမြို့နယ် ကချင်အထူးဒေသ(၁) နယ်မြေရှိ ဒေသခံများ ပြည်သူ့စစ် မလုပ်လိုသော်လည်း လုပ်ကိုင်နေရသည့်အတွက် မိသားစု စားဝတ်နေရေး သာမက အခက်အခဲ များကြုံနေကြကြောင်း သတင်းရရှိသည်။

ပြည်သူ့စစ်အဖွဲ့အား ကချင်အထူးဒေသ(၁) ဥက္ကဌ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးစက်ခုန်တိန်းယိမ်းမှ ၎င်းဦးဆောင်သည့် NDAK တပ်ဖွဲ့အား နယ်ခြားစောင့်အဖြစ် ပြောင်းလဲ လိုက်ပြီး ၂၀၁၁ ကေအိုင်အေ နှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့သည့် နောက် စတင်ဖွဲ့စည်းလာသည့် အဖွဲ့အစည်းဖြစ်သည်။

Tuesday, April 29, 2014

အပစ်ရပ်ရေးဆွေးနွေးပွဲ ပြန်သုံးသပ်ဖို့ KIO ကမ်းလှမ်း

(VOA)

တပြည်လုံး အပစ် အခတ် ရပ်စဲရေး ဆွေးနွေးနေ စဉ် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက် ပိုင်းမှာ တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွား လာတာကို ပြန်လည် သုံးသပ်ဖို့ အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မ တီနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကချင် လွတ်မြောက်ရေး အဖွဲ့ KIO က ဒီကနေ့ ကမ်းလှမ်းလိုက် ပါတယ်။

ဒီတွေ့ဆုံပွဲ ဟာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီနဲ့ KIO တို့ သီးသန့်ဆွေးနွေးမှာဖြစ်ပြီး ဆွေးနွေးပွဲ အလားအလာ ကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
 

စစ်ပွဲတွေဖြစ်ပွားမှု မြစ်ကြီးနားမှာ တွေ့ဆုံဆွေးနွေးဖို့ အစိုးရကို KIO စာပို့

(Irrawaddy)

ကချင် လွတ် လပ်ရေး တပ်မတော် (KIA) နဲ့ အစိုးရ စစ်တပ်တို့ အကြား ဖြစ် ပွားနေ တဲ့ တိုက်ပွဲတွေ နဲ့ ပတ် သက်ပြီး နှစ်ဖက် ခေါင်းဆောင်တွေ ကချင်ပြည် နယ်၊ မြစ်ကြီးနားမြို့ မှာ နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ကချင် လွတ်လပ်ရေး အဖွဲ့(KIO)က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းထံကို ဧပြီလ ၂၉ ရက်နေ့ ရက်စွဲနဲ့ စာတစောင် ပေးပို့ လိုက်ပါတယ်။

“နိုင်ငံရေးအရ လက်နက်ချခိုင်းတဲ့ အနေအထားမျိုး ဖြစ်နေတယ်”

(Irrawaddy)

တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးနိုင်ဖို့ အတွက် ရန်ကုန်မြို့ မှာ အခု လ ၅ ရက်နေ့ ကနေ ၈ ရက်နေ့ အထိ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နဲ့ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့နဲ့ ပူးပေါင်း ဖွဲ့စည်းထား တဲ့ တနိုင်ငံ လုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနိုင်းရေး အဖွဲ့ (NCCT) တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါ တယ်။

အဲဒီဆွေးနွေးပွဲအပြီးမှာ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး နှစ်ဘက်သဘောတူညီချက် မူကြမ်း (Single Text) ရရှိဖို့အတွက် မေလ ပထမအပတ်မှာ ထပ်မံတွေ့ဆုံကြမယ်လို့ ထုတ်ပြန်ထားကြပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ ဒီလ ၂၈ ရက်နဲ့၂၉ ရက် နှစ်ရက်ဆက်ပြုလုပ်တဲ့ NCCT အစည်းအဝေးအပြီးမှာတော့ နှစ်ဘက် တွေ့ဆုံမယ့် ရက်ကို ရက်ရွှေ့လိုက်ပါတယ်။ ဘာကြောင့် ရက်ရွှေ့လိုက်ရလဲ။ အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့တွေအကြားမှာ ဘယ်လို အခက်အခဲ အတားအဆီးတွေ ရှိနေလဲ ဆိုတာကို NCCT အဖွဲ့ခေါင်းဆောင် တဦးဖြစ်သူ ဦးနိုင်ဟံသာ ကို ဧရာဝတီ သတင်းထောက် ကျော်ခ က မေးမြန်း ဖော်ပြလိုက်ပါတယ်။

တနိုင်ငံလုံးအပစ်ရပ်ရေး မဖြစ်နိုင်သေးကြောင်း တိုင်းရင်းသား ခေါင်းဆောင်တွေ ပြော

(VOA)

တိုင်းရင်သား လက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့ပူးပေါင်းထားတဲ့ “တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေးအဖွဲ့” (NCCT) ကနေ တနိုင်ငံလုံး အပစ်အခပ် ရပ်စဲရေးရဖို့ လက်ရှိ အခြေအနေနဲ့ မဖြစ်နိုင်သေးကြောင်း မြန်မာ အစိုးရနဲ့ တိုင်းရင်း သားတွေရဲ့အခြေခံ ရပ်တည်ချက် ကွာခြားမှု များနေကြောင်း တိုင်းရင်း သား ခေါင်းဆောင်တွေ က ပြောပါတယ်။ NCCT ရဲ့ စည်း ၂ ရက်ကြာ စည်းဝေးပွဲ ပထမနေ့ဖြစ်တဲ့ ဒီကနေ့မှာပဲ အဲဒီလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

တိုက်ပွဲတွေနဲ့ ပြန်လည် ဝေ၀ါးလာတဲ့ ငြိမ်းချမ်းရေး

(ဧရာဝတီ)

မြန်မာ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြားမှာ ၂၀၁၄ ခုနှစ် အတွင်း တနိုင်ငံလုံး အဆင့် အပစ်ရပ်ရေး လက် မှတ် ထိုးနိုင်မယ် လို့ အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ကိုယ်စား လှယ်အဖွဲ့က ထုတ်ဖော်ပြောဆို ထားပေမယ့် လတ်တလော ကချင်ဒေသ မှာ ပြန်လည်ဖြစ် ပွားနေတဲ့ အစိုးရ စစ်တပ်နဲ့ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) တို့ အကြား တိုက်ပွဲတွေကြောင့် အပစ် ရပ်ရေးနဲ့ ငြိမ်းချမ်းရေး ဖြစ်လာနိုင်ဖို့ မသေချာမှုတွေနဲ့ ဝေ၀ါးလာပြီလို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ဆိုပါတယ်။

ကချင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ သတ်မှတ် ကျင်းပ

(ဧရာဝတီ)

ကချင် ပြည်သူ များနှင့် ကချင် လွတ် လပ်ရေး အဖွဲ့ (KIO) တို့ ပူးပေါင်းပြီး ဧပြီ ၂၅ ရက် ကို ကချင် မူးယစ်ဆေး ဝါး တိုက်ဖျက်ရေးနေ့ အဖြစ် သတ် မှတ်ပြီး ပထမဆုံး အကြိမ် ဆန့်ကျင်ရေး လှုပ်ရှားမှုများ ကျင်းပကြောင်း သိရသည်။

ကချင်ပြည်နယ် အတွင်း မူးယစ်ဆေး ဝါး သုံးစွဲမှု မြင့်တက် လာသည့် အတွက် ကချင် မူးယစ်ဆေး ဝါး တိုက်ဖျက်ရေး လှုပ်ရှား မှုကို ကချင် လူမျိုးများ နေထိုင် သည့် ကချင်ပြည်နယ် မြစ်ကြီးနား၊ လိုင်ဇာ၊ မိုင်ဂျာယန်နှင့် ရှမ်းပြည်နယ် အတွင်းရှိ KIO ထိန်းချုပ်ထား သည့် နေရာများတွင် ကျင်းပခဲ့ကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ဗဟို မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာန အထွေထွေ အတွင်းရေးမှူး ဦးကမ်ဘားက ဧရာဝတီသို့ ပြောသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား သဘောထားကွဲနေမှုကြောင့် အပစ်ရပ်ရေးအလှမ်းဝေးနေဟု နိုင်ဟံသာဆို

(Mizzima)

ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ အမြင်သဘော ထားများ တူညီမှုမရသေးသ၍ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး အလှမ်းဝေးနေဆဲဟု တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။

“အမြင်တွေက တော်တော်လေးကို ကွာခြားနေတယ်။ တပ်ဘက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ လက်ခံပြီးတော့ ဆွေးနွေးစေချင်တယ်။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အခြေခံမူခြောက်ချက်ကို ကျွန်တော်တို့ လက်ခံလို့မရဘူး။ လက်ခံလိုက်ရင် နိုင်ငံရေးလက်နက်ချလိုက်သလို ဖြစ်သွားတယ်”ဟု ၎င်းက ပြော သည်။

တနိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ အချက်အလက်များ ပြန်လည်ဆွေးနွေး

(DVB)

တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးမှာ သဘောတူ လက်မှတ်ရေးထိုးရမယ့် အချက်အလက်တွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်ဘက်က အန်စီစီတီလို့ ခေါ်တဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ဝင်တွေ ဒီကနေ့ကစပြီး တွေ့ဆုံဆွေးနွေးနေကြပါတယ်။
ဒီတခေါက်တွေ့ဆုံဆွေးနွေးမှုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဧပြီ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ ၂ ရက်တာ ဆွေးနွေးသွားဖို့ ရှိပြီး ဒါဟာ အန်စီစီတီအဖွဲ့ ဖွဲ့စည်းပြီးတဲ့နောက် ၈ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲလည်း ဖြစ်ပါတယ်။


Monday, April 28, 2014

အစိုးရက မဟာဗျူဟာမြောက် ထိုးစစ်ကြီးဆင်နေကြောင်း UNFC ကန့်ကွက်ပြောဆို

(KIC)

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၃ခုကို ယခု ဧပြီလဆန်းပိုင်းမှ စ၍ မြန်မာအစိုးရစစ်တပ်က မဟာဗျူဟာမြောက် အသွင်ဆောင်သည့် စစ်ဆင်ရေးကြီး ဆင်နွဲနေသည်ဟု ညီညွှတ်သော တိုင်း ရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)က ဧပြီလ ၂၃ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် ရှမ်းပြည်တပ်မတော်-တောင်ပိုင်း(SSN-N)တို့အား တိုက်ခိုက်ခြင်းအပေါ် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ဧပြီ ၂၁ရက်မှ ၂၂ရက်နေ့အထိ ပြုလုပ်ကျင်းပသည့် UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီ(တိုးချဲ့) အစည်းအဝေး ဆုံးဖြတ်ချက်အရ ထိုသို့ သဘောထား ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

ရှမ်း/ မြောက် KIA,တပ်ရင်း (၉ နှင့် ၃၆)တွင်တိုက်ပွဲ ဖြစ် အစိုးရတပ်မှ အရာရှိ (၁)ဦးကျ

 (Lachid Kachin FB)
၂၀၁၄ ဧပြီ လ ၂၆ ရက်နေ့ နံနက် (၄း၃၀ ) အချိန် ရှမ်းပြည်နယ်မြောက်ပိုင်း KIA, တပ်မဟာ (၄) လက်အောက်ခံ KIA, တပ်ရင်း (၃၆) ဒေသ၊ အတွင်း ဖြစ်သော 
ဝါမှူး နှင့် ဖါကွမ်း အကြား တွင် KIA, တပ်ရင်း(၃၆) ဒေသသို့ ထိုးစစ်ဆင်ရောက်ရှ လာသော အင်အား (၁၀၀)ခန့် ရှိ မြန်မာ အစိုးရ စစ်တပ် နှင့် KIA တပ်ရင်း (၃၆) တပ် လက်အောက်ခံ ဒေသခံ KIA ပြည်သူ့ စစ်တပ်ဖွဲ့ ၀င်တို့ (၂) ကြိမ်တိုင်တိုင် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရှိရပါသည်။