Friday, April 25, 2014

ဖာကန့်က ရေမဆေးသမားများ ပြန်လွှတ်မလာသေး။

(Kachin waves)

ကချင်ပြည်နယ် ဖားကန့်မြို့တွင်ဧပြီ (၂ ) ရက်နေ့တွင်အစိုးရစစ်တပ်နှင့် မြို့ နယ် ရဲ တပ်ဖွဲ့များ ပူးပေါင်းကာ ပိုင်နက်ကျူးကျော်မှုဖြင့် ဖမ်းဆီခဲ့သည့် ရေမဆေးသမားများ (၄၈)ယောက်ကို ယခုအချိန်ထိ ချုပ်နှောင်ထားဆဲဖြစ်ကြောင်း သတင်းရရှိသည်။

ထိုသို့ဖမ်းဆီးခဲ့ခြင်းမှာဖားကန
့်မြို့ မော်မောင်းလလျန် နှင့်ဆွတ်ငိုင်ရန် ရပ်ကွက်ကြားရှိ (၁၁၁)ကျောက်တူး ဖော်သည့်ကုမ္ပ္ပဏီ၏ တိုင်ကြားမှုဖြင့် ဖမ်းဆီးခဲ့ရာ ရေမဆေးသမား(၄၈)ဦးနှင့်အတူ ဆိုင်ကယ် (၁၂၈)စီး နှင့် သုံးဘီးဆိုင်ကယ်(၃)စီးတို့ ကို ဖမ်းဆီးခဲ့ကြောင်းသိရသည်။

မြစ်ကြီးနားမြို့  ညအချိန်တွင် လုယက်မှု ပိုမို များပြားလာ။

(Kachin waves)

မြစ်ကြီးနားမြို့ တွင် လွန်ခဲ့သည့် ဧပြီ(၂၀)ရက်ညတွင် ရွှေလမ်းမ တံတားတွင် လူအုပ်စု(၈)ယောက်ဖြင့် ပစ္စည်များ လုယက်ကာ၊ဓား ဖြင့် ၀မ်းဗိုက်တွင် ထိုးသွားသောကြောင့် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

“ရွှေလမ်းမကြီးတံတားကျော်တာနဲ့ လူ(၈)ယောက်လောက်က ကျွန်တော်တို့ စီးလာတဲ့ ဆိုင်ကယ်ကို ချက်ခြင်းကန်လှဲလိုက်ပြီး ပိုက်ဆံတောင်းတယ်။ဘာမှမပါဘူးပြောတော့ ငါတို့မှာဓားပါတယ် ဆိုပြီး ကျွန်တော့်ဗိုက်ထောက်လိုက်တော့ ဓားကဗိုက်ထဲထိုးမိသွားတယ်” ဟုအသက်(၁၉)နှစ်အရွယ် လုယက်ခံရသူ ကပြောသည်။

ပထမဆုံးအကြိမ် မူးယစ်ဆန့်ကျင်ရေးနေ့ ကချင်နဲ့ ရှမ်းမြောက်မှာ ကျင်းပ

(VOA)

မူးယစ်ဆေး ၀ါး သုံးစွဲတာ၊ စိုက်ပျိုး ထုတ်လုပ်တာနဲ့ ရောင်းဝယ် တာတွေ ပပျောက်စေရေး အတွက် ရည် ရွယ်ပြီး ပထမဆုံး အကြိမ် ကချင်- မူးယစ်ဆေး ၀ါး တားဆီး ကာကွယ်ရေးနေ့ ကို ဒီကနေ့ ကချင်ပြည် နယ် ဒေသ အနှံ့နဲ့ ရှမ်းပြည် နယ်မြောက်ပိုင်း ကျင်းပခဲ့ပါ တယ်။ မြစ်ကြီးနားနဲ့ ကချင် လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမှာ ကျင်းပတဲ့ အခမ်းအနား မှာတော့ လူ အင်အားထောင်နဲ့ ချီပြီး တက်ရောက် ခဲ့ပါတယ်။ ဒီသတင်း အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်း ရဲ့ သတင်းထောက် ကိုမိုးဇော် က တင်ပြ ထားပါတယ်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနား KIO ဌာနချုပ် နှင့် မြစ်ကြီးနားမြို့တွင် ကျင်းပ

(Mizzima)
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာမြို့၊ ဂျေယန်းစခန်းနှင့် ဖုန်လွမ်ယန် ဒုက္ခသည်စခန်းများတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဟောပြောပွဲများကို ဧပြီလ ၂၅ရက်က ကျင်းပခဲ့သည်ဟု KIO မှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကော်မတီဝင် ဦးဒွဲပီဆားက မဇ္ဈိမကို ပြောသည်။

ကချင် နှင့် ရှမ်းပြည်မြောက်ပိုင်း ဒေသ တို့ အားထိုးစစ်ဆင် တိုက်ခိုက်နေမှုအား ပြင်းထန်စွာကန့် ကွက်ကြောင်း UNFC မှ ကြေညာချက်ထုတ်ပြန်


ဖားကန့်တွင် မြေစာပုံပြိုကျရာ ရေချိုးနေသော မောင်နှမသုံးဦးသေဆုံး

ဖားကန့်မြို့နယ် တွင် ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီ တစ်ခုက စုပုံထား သည့် ပေ ၃၀၀ ခန့် အမြင့်ရှိ    မြေစာပုံပြိုကျမှု ကြောင့် အနီးရှိရေကန် တွင် ရေချိုးနေသည့်    မောင်နှမ သုံးဦး ရေနစ်မြုပ် သေဆုံး သွားကြောင်း  ဖားကန့်မြို့နယ် ရဲစခန်းမှ သတင်းရရှိ သည်။  
မောင်နှမ သုံးဦး ရေချိုးနေ စဉ် အနီးရှိမြေစာပုံ ပြိုကျခဲ့ ရာမှ ရေ ကန် အတွင်း ၁၅ ပေမြင့်သော လှိုင်းလုံးများ ဖြစ်ပေါ်ခဲ့ပြီး တက္ကသိုလ် ၀င်တန်းနှင့် အဋ္ဌမ တန်းကျောင်းသူ နှစ်ဦးနှင့် လေးနှစ်အရွယ်ကလေး ငယ်တစ်ဦး အပါအ၀င် မောင်နှမသုံးဦး သေဆုံးသွားခဲ့သည်။

အမေရိကန်-တရုတ် နဲ့ ကချင်ပြည်နယ်အရေး

(VOA)

ဗမာ အစိုးရ တပ်နဲ့ KIA ကချင် လွတ်မြောက်ရေး တပ်အကြား တိုက် ပွဲတွေဖြစ်ပွားနေ တုန်းမှာ KIA ဒု- စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ဦးဆောင် တဲ့ (၄) ဦး ကိုယ်စား လှယ် အဖွဲ့ ဧပြီလ (၁၃) ရက်နေ့က ဝါရှင်တန် ဒီစီမြို့ တော် ကို ရောက်ရှိ လာပါတယ်။ အမေရိ ကန်နိုင်ငံခြားရေး ဌာနက ဖိတ်ကြားလို့ ရောက်လာတာပါ။ ကုလ သမဂ္ဂအမြဲတမ်းကိုယ်စားလှယ် Samantha Power အပါအဝင် အမေရိကန်အစိုးရ ထိပ်တန်းအရာထမ်းတွေနဲ့ တွေ့ဆုံပြီး ဧပြီလ (၁၉) ရက်နေ့မှာ ဆွေးနွေးပွဲပြိးဆုံးကြောင်း သိရှိရပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို အမေရိကန်ကူညီမယ်လို့ ဗိုလ်ချုပ်ဂွမ်မော်ကို ပြောကြားလိုက်ကြောင်း သိရပါတယ်။

Thursday, April 24, 2014

KIA တပ်မဟာ (၅) တွင် တပ်ဖွဲ့ဝင် ၃၁ တွဲကို လပ်ထပ်ထိမ်းမြားပေး

(ကချင်သတင်းဌာန)
မြန်မာ အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေးတပ်ဖွဲ့ (KIA) ကြား စစ်ရေး တင်းမာနေချိန်ဖြစ်သော်လည်း KIO ဗဟိုဌာနချုပ်လိုင်ဇာမြို့ ရှေ့တန်း လုံခြုံရေးတပ်ဖွဲ့မှ  KIA အမှုထမ်း စုံတွဲ ၃၁ တွဲကို ဧပြီလ ၂၂ ရက်နေ့က ဝေကြိုင်ဘွမ်တွင် ထိမ်းမြားလက်ထက်ပွဲ  ကြီးပြုလုပ်ပေးခဲ့သည်။
အဆိုပါ စုံတွဲများကို ဒုဗိုလ်မှူးကြီးဇော်ဒွဲဦးဆောင်၍ပြုလုပ်ပေးခြင်းဖြစ်ပြီး KIA တပ်မဟာ (၅) ဒေသတွင် ပထမကြိမ် ထိမ်းမြားလက်ထက်ပေးခြင်းဖြစ်သည်။

အစိုးရ စစ်တပ် စစ်ဆင်ရေးများ UNFC ကန့်ကွက်

(ဧရာဝတီ)

ပြည်တွင်း ငြိမ်း ချမ်းရေး ဆောင် ရွက်နေ ချိန်၌ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် များ အတွင်း အစိုးရ စစ်တပ် က စစ်ရေးအရ မဟာ ဗျူဟာမြောက် စစ်ဆင်ရေး အသွင် ပြုလုပ်နေခြင်း ကို တိုင်း ရင်းသား လူမျိုး များ ဖက် ဒရယ် ကောင်စီ (UNFC) က ပြင်း ထန်စွာ ကန့်ကွက် ကြောင်း သိရသည်။

ကချင် လွတ် လပ်ရေး တပ်မတော် (KIA) ၊ ပလောင်(တအန်း) အမျိုးသား လွတ်မြောက်ရေး တပ် မတော် (TNLA) နှင့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) တို့ အပေါ် ထိုး စစ်ဆင် တိုက် ခိုက်နေခြင်းသည် ကြီး မားသော မဟာ ဗျူဟာမြောက် စစ်ဆင်ရေးကြီး အသွင်ဆောင်နေကြောင်း UNFC ၏ ဧပြီ ၂၃ ရက်က ထုတ်ပြန် သည့် ကြေညာချက်၌ ဖော်ပြထားသည်။

မန်ဝိန်းကြီးတွင် တိုက်ပွဲ ပြန်ဖြစ်

အစိုးရ တပ်နှင့် ကေအိုင် အေ တို့ မန်ဝိန်းကြီးဒေသ၊ ကျောက်ဖျာနှင့် နမ်ကျဉ်းကျေးရွာ အနီးတွင် ဧပြီ ၂၃ ရက် က တိုက်ပွဲပြန် လည် ဖြစ်ပွားခဲ့ကြောင်း     သတင်းရရှိ သည်။
ဧပြီ ၂၃ ရက် မွန်း လွဲ၂ နာရီ ကျော်က အစိုးရ စစ်ကြောင်း အချို့ နှင့် ကေအိုင်အေ တပ်ရင်း ၂၇တို့ ကြား တိုက်ပွဲပြန် လည်ဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း ကေအိုင်အေ ထိပ်တန်း အရာရှိ တစ်ဦးက  ပြော သည်။

KIA တပ်ရင်း(၂၇) နှင့် အစိုးရ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွား

(Kachin Waves)


KIA, တပ်ရင်း(၂၇)ရှိ သည့် ကျောက်ဖျာနှင့် နမ်ကျဉ်းကျေးရွာ အနီးတွင် ရှိသော ဘိုတဲကောင်တွင် ယနေ့ နေ့လည် (၂း၀၀)နာရီမှ (၂း၃၀)အထိ နာရီဝက်ကြာ အစိုးရစစ်တပ်နှင့် KIA တပ်ရင်း (၂၇)တို့ တိုက်ပွဲ ဖြစ်ပွားကြောင်း သိရသည်။

အေအိုင်အေမှ ဗိုလ်မှူးကြီး တစ်ဦးက “ဒီနေ့ နေ့လည်မှာ တပ်ရင်း(၂၇)နဲ့ အစိုးရ စစ်တပ်တွေ နာရီဝက် လောက် တိုက်ပွဲ ဖြစ်သွား တယ်” ဟုပြောသည်။

Wednesday, April 23, 2014

ဗိုလ်ချုပ်ဂွမ်မော်ရဲ့  ပြည်တွင်းငြိမ်းချမ်းရေး မျှော်လင့်ချက်

(VOA)

ဒီတပတ် မြန်မာ့ မျက်မှောက်ရေး ရာ ဆွေးနွေးခန်းမှာ အမေရိ ကန်ပြည်ထောင်စု ကို ရောက်ရှိနေ တဲ့ KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ကို ဗွီအိုအေမြန်မာ သတင်း အယ်ဒီတာ ဦးကျော်ဇံသာ က ပြည် တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်း သား ဖယ်ဒရယ်ပြည်ထောင်စု အရေး စတဲ့အကြောင်း အရာများကို သီးသန့်တွေ့ဆုံမေးမြန်း တင်ပြထား ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဗိုလ်ချုပ်ကို သတင်းတွေကြားဖူးတာ၊ ပုံတွေထဲမှာ တွေ့ဖူးတာ ကြာပါပြီ။ လူချင်း အခုမှ တွေ့ရတာ အထူးဝမ်းသာပါတယ်။ နောက် ဗွီအိုအေ ကို အခုလို အင်တာဗျူးပေးတဲ့အတွက်လည်း အထူးကျေးဇူးတင်ပါတယ်။ ပထမဦးဆုံး မေးချင်တာကတော့ အခုလောလောဆယ် ဖြစ်နေတဲ့ အခြေအနေကို နည်းနည်းမေးချင်ပါတယ်။ အခု ကေအိုင်အေ နဲ့ အစိုးရတပ်တွေကြားမှာ ဧပြီလဆန်းပိုင်းကစပြီးတော့ တိုက်ပွဲတွေပြန်ဖြစ်တယ်လို့ ကြားရပါတယ်။ အဲဒီမတိုင်ခင်လေးမှာပဲ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးအလားအလာ အတော်ကောင်းနေပြီ။

ကချင်ဒေသစစ်ဆင်နေသည့်အပေါ် အပစ်ရပ်စဲရေးသံသယပိုမိုကြီးထွားစေနိုင်

လွတ်လပ်သော မွန်သတင်းအေဂျင်စီ 
 
တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးဆွေးနွေးနေသည့်ကာလတွင် ကချင်ပြည်နယ်အတွင်း လက်ရှိ မြန်မာစစ် တပ်တိုက်စစ်ဆင်နေသည့်အပေါ် အပစ်ရပ်စဲရေးအတွက်သံသယပိုမိုကြီးထွားစေကြောင်း UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။
ယမန်နေ့တွင်ကျင်းပပြီးစီးခဲ့သည့် တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ အရေးပေါ်အစည်း အဝေးက အဆိုပါကချင်ဒေသတိုက်ပွဲများနှင့်ပတ်သက်၍ ယခုရက်ပိုင်းအတွင်း ကြေညာချက်တစ်စောင်ထုတ် ပြန်မည်ဟု ဆိုသည်။

ကမ္ဘာ့အရှည်ဆုံး လက်နက်ကိုင်ပဋိပက္ခ တစ်ခုချုပ်ငြိမ်းလေမည်လော

(Mizzima)

လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးအရိပ်အယောင်
နှစ်ပေါင်း ၆၀ ကျော်ကြာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ စစ်မီးလျှံကြီး မကြာမီ နိဂုံးချုပ်နိုင်တော့မယ်လို့ တပ်မတော်နေ့ အကြို မတ်လ ၂၆ ရက်က သမ်္မတဦးသိန်းစိန် ပြည်ထောင်စုလွှတ်တော်မှာ မိန့်ခွန်း ပြော ကြားခဲ့ပါတယ်။ ဦးသိန်းစိန်အရပ်သားဟု ခေါ်သည့် ဒီမိုကရေစီအစိုးရလည်း မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေး ခရီးကြမ်း တွင်း သုံးနှစ် သက်တမ်းကြာခဲ့ပြီလေ။

ကချင်ပြည်နယ် တိုက်ပွဲများကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက် ယုံကြည်မှုပျက်ပြားစေဟု တိုင်းရင်းသားခေါင်းဆောင်များက ပြော

(Mizzima)

အစိုးရနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ရေးတင်းမာမှုများ ဖြစ်ပွားနေခြင်းသည် တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုအတွက် ယုံကြည်မှု ပျက်ပြားစေသည်ဟု ညီညွတ်သော တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၏ အရေးပေါ် အစည်းအဝေးအပြီး ပြန်လည်သုံးသပ်ခဲ့ကြသည်ဟု တိုင်းရင်းသားခေါင်းဆောင်များက ပြောသည်။

“ဒီဆွေးနွေးမှုအပေါ်မှာ ယုံကြည်မှု ပျက်ပြားသွားတာပေါ့၊ အဲဒီကိစ္စနဲ့ ဆက်စပ်ပြီးတော့ အထင့်အငေါ့တွေ ဖြစ်တာပေါ့။ အစိုးရက တစ်ဖက်က နိုင်ငံရေးအရ ဆွေးနွေးပြီးတော့ တစ်ဖက်က စစ်ရေးအရ လုပ်နေတဲ့ အပေါ်မှာ စေတနာမှ ရိုးသားရဲ့လား၊ ဒါမှမဟုတ် အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကို မလိုလားတဲ့ အင်အားစုတွေရဲ့ လှုပ်ရှားမှုလား။ ဒါမှမဟုတ် ဖိအား တစ်ခုလား၊ တွက်စရာတွေတော့ အများကြီး ဖြစ်လာ တယ်။ ယုံကြည်မှု အများကြီး လျော့ကျသွားတယ်” ဟု UNFC ၏ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်၊ NCCT ၏ အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက မဇ်္ဈိမကို ပြောသည်။

အစိုးရတပ်သားများ ခိုက်ရန်ဖြစ်ပွားကာ အချင်းချင်း သေနတ်ဖြင့် ပစ်ခတ်

(Myutsawkasa)

မြန်မာအစိုးရတပ် ခလရ (၁၀၅) အောင်နီ တပ်စခန်း တွင် အင်အားဖြည့်တင်းရန်ရောက်ရှိနေသော တပ်မ(၆၆)လက်အောက်ခံ တပ်သားများ ခိုက်ရန်ဖြစ်ပွားကာ သေနတ်ဖြင့် အချင်းချင်းပစ်ခတ်မှုကြောင့် အစိုးရတပ်မှ ဗိုလ်သက်အောင် ဆိုသူ ဒဏ်ရာပြင်းထန်စွာရရှိသွားပြီး မြစ်ကြီးနား စစ်ဆေးရုံ သို့ ပို့ ဆောင် ကုသနေရကြောင်း သိရသည်။

နောက်ဆုံးရ မြန်မာအစိုးရတပ် စစ်ရေးလှုပ်ရှားမှု

( Myu Tsaw Kasa )
ဧပြီ(၂၁) ရက် မနက်(၁၀း၄၅) အချိန်ခန့် တွင် ဗန်းမော် မှ တက်လာသော အစိုးရတပ် စစ်ယာဉ်တန်း မိုးမောက်- ခ၀မ်ဘမ် သို့ ဝင်ရောက်လာကြောင်းသိရသည်။ စစ်ကား(၁၄)စီးပါ ယာဉ်တန်းဖြစ်ပြီး (၁၂)စီးတွင် မြင်း ၊လား များတင်ဆောင်လာပြီး ကျန် (၂)စီးတွင် စစ်သားအပြည့်တင်ဆောင်လာကြောင်း သိရသည်။

အစိုးရစစ်သား(၃၀)ဦးသေပြီး (၁၀)ယောက်ဒဏ်ရာရ။

(Kachin waves)

ကချင်ပြည်နယ် မိုးမော်မြို့ နယ် ကျောက်စခန်းအလွန် (၄)မိုင်တွင် အစိုးရစစ်တပ် တပ်မ(၉၉) လက်အောက်ခံ ခြေလျင်တပ်ရင်း(၂၇၆) သည်လွန်ခဲ့သည့် ဧပြီလ ၁၃ရက်နေ့တွင် ဗုံးပေါက်ခွဲမှုခံသည့်အချိန်တွင် စစ်သား(၃၀)ဦးသေဆုံးကာ (၁၀)ဦးဒဏ်ရာ ရရှိကြောင်း အလောင်းများကို ကောက်ခဲ့ရသည့် ပြည်သူတစ်ဦးကပြောသည်။

ရေရှားပါးမှုကြောင့် ဒုက္ခသည်များ မြစ်ဆိပ်တွင် ရေချိုးအ၀တ်လျှော်နေ။

(Kachin waves)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နှင့် ၀ိုင်းမော်မြို့ တွင် ရှိသော ဒုက္ခသည်စခန်းများတွင် ရေရှားပါးသည့် အတွက် ဧရာဝတီမြစ်ရေတွင် အ၀တ်လျှော်ရေချိုးနေရကြောင်း မိုင်းနားစစ်ရှောင်စခန်းတာဝန်ခံဦးခေါင်ဒေါင်က ပြောသည်။

ဦးခေါင်ဒေါင်က “ Camp မှာရေ မလုံလောက်တဲ့အတွက် မြစ်ဆိပ်မှာ ရေချိုး၊အ၀တ်လျှော်နေရတယ်။ဒီနေရ
ာ နဲ့ဆို မြစ်ဆိပ်က အရမ်းဝေးတဲ့အတွက် အသက်ကြီးတဲ့သူတွေ၊ခလေးငယ်တွေက မသွားနိုင်ဘူး”ဟုပြောသည်။

ကချင်ပဋိပက္ခကြားက ကလေးငယ်တွေအရေး UNICEF သတိပေး

(VOA)

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်အတွင်းမှာ ကချင်လက်နက်ကိုင်အဖွဲ့ KIA နဲ့ မြန်မာအစိုးရ စစ်တပ်တို့ကြား ဒီရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေ ပြန်ဖြစ်လာနေပြီး ဒေသခံ ကချင်တိုင်းရင်းသားတွေအနေနဲ့ ဘေး လွတ်ရာ ထွက်ပြေးနေကြရတဲ့အတွက် စစ်ဘေးဒုက္ခသည် ကလေးတွေကို ကာကွယ် စောင့်ရှောက်ဖို့နဲ့ ငြိမ်းချမ်းစွာ နေထိုင်နိုင်ခွင့် လိုအပ်နေတဲ့အကြောင်း ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့က ကြေညာချက်တစောင် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို မခွာညို က တင်ပြထားပါတယ်။

ကလေးသူငယ်တွေ ဖွံ့ဖြိုးကြီးပြင်းနိုင်ဖို့ ကာကွယ်စောင့်ရှောက်မှုနဲ့ ဘေးကင်း လုံခြုံမှုအတွက် အရေးပေါ်အခြေအနေတွေ အထူးလိုအပ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ - UNICEF ရဲ့ ဌာနေကိုယ်စားလှယ် မစ္စတာ ဘက်ထရန် ဗိန်းဘဲလ်က ပြောပါတယ်။
 

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု အရေးကြီးဟု KIA ဆို

(VOA)

မြန်မာ အစိုးရနဲ့ KIA ကချင် လွတ်မြောက်ရေး တပ်မတော် အကြား နှစ်ဘက် တိုက်ပွဲတွေ လျှော့ချဖို့ သဘော တူညီမှု ရရှိထား တဲ့ကြားက မြန်မာ စစ်တပ်ဘက် က ထိုးစစ်ဆင် တိုက်ခိုက်နေမှုတွေ ဟာ ငြိမ်းရေးဆွေးနွေးမှုတွေ အတွက် ယုံကြည်မှုကို လျော့ကျစေတယ်လို့ KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် က ဗွီအိုအေနဲ့ သီးသန့်ပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းအတွင်း ပြောကြားလိုက်ပါ တယ်။

ဒါ့အပြင် မြန်မာခေါင်းဆောင်ပိုင်းအကြား ဖက်ဒရယ်စနစ်ကို လက်ခံလိုတဲ့ ဆန္ဒရှိပုံ မရဘူးလို့ သူ့အနေနဲ့ မြင်တဲ့အကြောင်းလည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ကချင်နှင့် ရခိုင်ဒေသ သန်းခေါင်စာရင်း ကောက်ရက် ထပ်တိုး

(ဧရာဝတီ)

ပဋိပက္ခများ ဖြစ်ပွားလျက် ရှိနေသေးသည့် ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ် အတွင်း သန်းခေါင်စာရင်း ကောက်ယူမှုကို မူလ သတ်မှတ်ထားသည့် ကာလ နောက်ဆုံးရက် ဧပြီ ၁၀ ရက် နောက်ပိုင်း ခြောက်ပတ်မှ ရှစ်ပတ် အထိ ထပ်မံတိုးပြီး ကောက်ယူ လျက် ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဌာန(လ၀က)မှ သိရသည်။

“ဧပြီလ ၁၀ ရက်မှာ သန်းခေါင်စာရင်း ကောက်ခံမှု ပြီးဆုံးသွားပေမယ့် ကျန်ခဲ့တဲ့သူတွေရှိမှာစိုးလို့ တိုင်းနဲ့ ပြည်နယ်က သန်းခေါင် စာရင်း ကောက်ခံမှု ရုံးတွေမှာ ကောက်သင်းကောက် ပြန်ကောက်နေတာတွေ ရှိတယ်၊ အဓိကက ကချင်ပြည်နယ်နဲ့ ရခိုင်ပြည် နယ် မှာလည်း နည်းနည်းကျန်တော့ အဲဒါတွေလည်း ပြန်ကောက်နေတယ်” ဟု လ၀က ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောသည်။

Tuesday, April 22, 2014

တိုင်းရင်းသားအားလုံး လက်ခံနိုင်သည့် ပုံစံမျိုးသာ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ပေးပါက ၎င်းတို့ကို လက်မှတ်ထိုးခိုင်းစရာပင် မလိုဟု ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ပြောကြား

(Eleven Media Group)



အစိုးရအနေဖြင့် တိုင်းရင်းသားအားလုံး လက်ခံနိုင်သည့် ပုံစံမျိုးသာ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ပေးပါက ၎င်းတို့ကို လက်မှတ်ထိုးခိုင်းစရာပင် မလိုဟု ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။

အမေရိကန်ရောက် ချင်းတိုင်းရင်းသားများနှင့် တွေ့ဆုံပွဲတွင် ဗိုလ်ချုပ်ဂွမ်မော်အား ၂၀၁၅ ရွေးကောက်ပွဲပြီးပါက ယခုဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး ဆောင်ရွက်မှုကို မည်ကဲ့သို့ဖြစ်စေနိုင်ကြောင်း မေးခွန်းမေးမြန်းမှုအား ဖြေကြားရာ၌ ၎င်းကထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

Monday, April 21, 2014

တနိုင်ငံလုံးအပစ်ရပ်ရေး စစ်ရေးအရဖိအားပေးမှု KIO လက်မခံ

(VOA)

မြန်မာ အစိုးရ ဘက်က စစ်ရေး အရ ဖိအားပေးရင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်မှာ ပါဝင် လက်မှတ်ရေး ထိုးမှာ မဟုတ်ဘူးလို့ KIO ကချင် လွတ်မြောက်ရေးခေါင်းဆောင် ဗိုလ်ချုပ် ဂွမ်မော်က ပြောကြားလိုက်ပါတယ်။ အမေရိ ကန်ပြည်ထောင်စုရောက် ကချင် မိသားစုတွေနဲ့ စနေနေ့ က တွေ့ဆုံချိန်မှာ ကချင်ပြည် နယ်မှာ ဖြစ်ပေါ်နေတဲ့ အစိုးရနဲ့ ကချင် စစ်တပ်ကြား တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်ဂွမ်မော်က တုန့်ပြန်ပြောဆိုလိုက်တာပါ။ အသေးစိတ်ကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။
 

ကချင်ထိုးစစ်ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပြန်သုံးသပ်မည်

(VOA)

ကချင်ပြည်နယ် တွင်း စစ်ရေး တင်းမာမှုတွေဖြစ်နေတဲ့ အတွက် မြန်မာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေ ပါဝင်တဲ့ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ မေလဆန်း မှာ တွေ့ဆုံကြမယ့် အစီအစဉ်ကို NCCT ဘက်က ပြန်လည် သုံးသပ်နေ တယ်လို့ NCCT ခေါင်းဆောင်တွေ က ပြောဆိုလိုက် ပါတယ်။ မြန်မာ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ဘက် ကတော့ (MPC) မှာ မေလ တွင်း တွေ့ဆုံကြမယ့် ဆွေးနွေးပွဲ အတွက် အသင့် ရှိပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ဆက် အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ လက်ရှိ ငြိမ်းချမ်းရေး အနေအထားတွေကို NCCT ခေါင်းဆောင်တွေ ထိုင်းနိုင်ငံမှာ ဒီရက်ပိုင်းမှာပဲ တွေ့ဆုံ ဆွေးနွေးသွားကြဖို့ ရှိတဲ့အကြောင်းသတင်းအပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်း တင်ပြပေးထားပါတယ်။
 

ကချင် ရွာသူရွာသားများ ကစဥ့်ကလျား ဖြစ်နေ

(DVB)

ကချင်ပြည်နယ်မှာ အစိုးရနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲရဲ့ ဒဏ်ကို ခံစားနေရတဲ့ ရွာသူရွာသားတွေဟာ အခြေအနေ မတည်ငြိမ်တဲ့အတွက် ဒုက္ခသည် စခန်းတွေမှာ သွားရောက်ခိုလှုံလိုက် ရွာကို ပြန်လည်နေထိုင်လိုက်နဲ့ ကစဥ့်ကလျားဖြစ်နေတယ်လို့ အကူအညီ ပေးရေး အဖွဲ့တွေက ပြောပါတယ်။

ဝမ်ပေါင်နိမ်းထွဲ့ အဖွဲ့က တာဝန်ခံ ဒေါ်မေရီတွမ်က ရာသီဥတုက ပူပြင်းလာသလို ရေက မရှိတဲ့ အတွက် ရေဓာတ်လျော့ နည်းတဲ့ ပြဿဿဿဿဿသနာတွေနဲ့ တခြား လိုအပ်ချက်တွေလည်း ရှိတယ်လို့ ပြောပါတယ်။

ကေအိုင်အိုနယ်မြေတွင် ကုန်သွယ်ရန် လုံခြုံရေး ယူထားခြင်းဟုဆို

(Mizzima)

အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ တွင် ဒေသတွင်း ကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်မှုများ ပြန်လည်လုပ်ကိုင်နိုင်ရန် လုံခြုံရေး အခြေအနေ များကို ထိန်းချုပ်ထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ပန်ခမ်းနယ်မြေအနီးတစ်ဝိုက် မန်စီမြို့နယ်တွင်း ဧပြီ ၁၀ ရက်မှ ၁၂ ရက်အထိ ဖြစ်ပွားခဲ့သည့်တိုက်ပွဲများ ကြောင့် မန်စီမြို့ နယ်တွင်းရှိ ပန်ခမ်းဒေသ၊ မိုးမောက်မြို့နယ်၊ ဗန်းမော်-စိန်လုံ-လွယ်ဂျယ် ကားလမ်းပတ် လည်တစ်လျှောက်တွင် အစိုးရတပ်မတော်မှ ၀င်ရောက် ထိန်းချုပ်ထားသဖြင့် ကုန်စည် ကူးသန်းမှု၊ ရောင်းဝယ်မှုများ ပုံမှန်ပြန်လည် ဆောင်ရွက်နေပြီဟု ၎င်းက ပြောသည်။

ဗန်းမော်-လွယ်ဂျယ်ကားလမ်းတွင် အစိုးရစစ်တပ် အင်အားတိုးမြင့်။

(Kachin waves)

အစိုးရစစ်တပ်များ ဗန်းမော်-လွယ်ဂျယ်ကားလမ်း တစ်လျှောက်တွင် တပ်မ(၉၉)နှင့် တပ်မ(၁၁)တို့၏ လက်အောက်ခံ တပ်များ၏ စစ်ကြောင်း သွားလာမှု ပုံမှန်ထက် ပိုများနေကြောင်း ခရီးသည်များကပြောသည်။

ခရီးသွားတစ်ဦးက “လမ်းတစ်လျှေက် စစ်သားတွေကို တွေ့နေရတယ်။ စစ်သားတွေ အများကြီးသွားလာနေတာကို တွေ့ရတယ်” ဟုပြောသည်။

ဗန်းမော်-လွယ်ဂျယ် ကားလမ်းသည် တစ်ခါတစ်ရံတွင် နံနက်ပိုင်းနှင့်ညနေပိုင်းတွင်လမ်း ပိတ်ထားမှုရှိကြောင်း၊ နေ့လည် ပိုင်းတွင်သာ ပြေးဆွဲနိုင်ကြောင်းပြောသည်။

အမေရိကန် ရောက် KIA ဒုတိယ ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် UN လုံခြုံရေး ကောင်စီကို ဘာတွေ တင်ပြခဲ့သလဲ

(ရွှေဟင်္သာသတင်းဌာန)

ဝါရှင်တန်ဒီစီ ကို ကိုရောက် နေတဲ့ ဗိုလ်ချုပ် ဂွန်မော် နဲ့ အမေရိကား ရောက်ချင်းအမျိုး သားများ အဖွဲ့ အစည်း တို့ ရဲ့ အမေး အဖြေ များကို တစ်စုတစ် စည်းထဲစုစည်းဖော်ပြ ထားပါတယ်
 
(1) ဗိုလ်ချုပ်ဂွမ်မော်နဲ့ အမေးအဖြေ (၁)

US States Department နဲ့ တွေ့ဆုံဆွေးနွေးအပြီးမှာအပြစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲအတွက် ဘယ်လို အကျိုးသက်ရောက်မှုရှိလိမ့်မယ်လို့ မျှော်လင့်ထားပါသလဲ။

ပြန်လည် စတင်လာနေပြီး ဖြစ်သည့် TNLA နှင့် အစိုးရ တိုက်ပွဲများ

(ရွှေဟင်္သာသတင်းဌာန)

ရှမ်းပြည် အနောက်ပိုင်း သိန္နီမြို့ အခြေစိုက် အမှတ်(၁၆) စစ် ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ စစ်ကြောင်း များသည် တအာင်း အမျိုးသား လွတ်ြေ မာက်ေ ရး တပ်မ တော် (TNLA) လက်အောက်ခံ တပ်ရင်း (၄၇၈) တပ်ဖွဲ့အား လိုက်လံ တိုက်ခိုက် ခဲ့ရာ ယမာန်နေ့ ဧပြီ ၂၀ ရက်နေ့ ညနေ ()နာရီ ခန့်တွင် နန့်ခမ်း မြို့နယ် မန်အောင် ကျေးရွာ အ နီးတွင် တိုက်ပွဲဖြစ် ခဲ့ကြောင်း TNLA ပြန်ကြားရေး အဖွဲ့က ဆိုပါသည်။
တိုက်ပွဲက နာရီ ၀က်လောက်ဘဲ ရှိပါတယ်။ တိုက်ပွဲကြောင့် အစိုးရ တပ်တွေက မန်အောင် ကျေးရွာ ဖက်ကို လက် နက်ကြီး တွေ ပစ်သွင်းခဲ့တယ်။ ဒီတော့ မန် အောင် ကျေးရွာက အိမ်တလုံး ပျက်စီးတယ်။ လူထုတွေက ဘေးလွတ် ရာ ကို ထွက်ပြေးရ တာပေါ့ဟုဆိုပါသည်။  

ငြိမ်းချမ်းရေး စစ်တမ်း (၅)

(Aung Htoo)

  နိုင်ငံအမည် Burma ဆိုတဲ့ ဝေါဟာရနဲ့ ငြိမ်းချမ်းရေး ဘယ်လိုဆက်စပ်နေသလဲ။
ဒေါ်အောင်ဆန်းစုကြည်သည် ဂျာမနီ နိုင်ငံခရီးစဉ်အတွင်း မိမိတို့ နိုင်ငံ၏ အမည်အား အင်္ဂလိပ်ဘာသာ ဖြင့် Burma ဟူ၍သာ သူမက ဘာကြောင့်ခေါ်ဝေါ်ရခြင်းဖြစ်ကြောင်း ရှင်းပြချက်အရသူမကိုယ်တိုင်တစုံတရာ စတင် ပြောင်း လဲလာပြီလားဟု မြှော်မှန်းသူများရှိ
လာသည်။ သေချာသည်မှာ နိုင်ငံအမည် Burma သုံးစွဲခြင်းအား မဟာမြန်မာလူမျိုး ကြီး ၀ါဒကို ကျင့်သုံးလျှက်ရှိသော စစ်ခေါင်းဆောင် ဟောင်း သစ်များက မကြိုက်။ မကြိုက်မှန်းလဲ သူမကိုယ်တိုင် ကောင်းစွာ သိသည်။ ၂၀၁၂ ခုနှစ် ဇွန်လ (၁) ရက်နေ့ ရက်စွဲဖြင့် ရွေးကောက်ပွဲကော်မရှင်က စာထုတ်ကာ နိုင်ငံအမည်  အား Myanmar ဟူ၍သာသုံးရန် သူမကိုသတိပေးခဲ့ပြီး ဖြစ်သောကြောင့်ပင်။[1] ဤသည်ကိုသိသိကြီး နှင့် သူမသည် အဘယ်ကြောင့် ယခုမှ Burma ကို ပြန်လည်ဖေါ်ထုတ်နေသနည်း၊ ယင်းသို့ ဖေါ်ထုတ်မှုသည် ငြိမ်းချမ်းရေးပြသနာ နှင့် မည်သို့ ဆက်စပ်သနည်း၊ သူမ၏ နိုင်ငံရေးမဟာဗျူဟာပြန်ပြောင်းရန်သွေးတိုး စမ်း သည့် အရိပ်လက္ခဏာ ဖြစ်သလား၊ ယင်းအတွက် နောက်ခံအခြေအနေများသည် အဘယ်နည်း၊ အစရှိသဖြင့် သုံးသပ်ဘွယ် အချို့ ရှိလာသည်။

ကချင်ပြည်နယ် တိုက်ပွဲစဲပေမဲ့ ၂ ဖက် စစ်ကြောင်းတွေ လှုပ်ရှားဆဲ

(VOA)

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဘက်မှာ မြန်မာ အစိုးရတပ်တွေနဲ့ KIA ကချင်တပ်ဖွဲ့တွေကြား သီတင်း တပတ်ကျော်ကြာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ အတွင်း မြန်မာ အစိုးရတပ်ဘက်က အရာရှိ အပါအ၀င် အနည်းဆုံး ၁၀ ယောက်လောက် ကျဆုံးခဲ့ တယ်လို့ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီကနေ့တော့ တိုက်ပွဲဖြစ်တာမရှိပေမဲ့ - နှစ်ဘက်စစ်ကြောင်းလှုပ်ရှားမှု တွေကတော့ ရှိနေတယ်လို့ ဒုက္ခသည်အရေး ဆောင်ရွက်သူတွေက ပြောပါတယ်။ အသေးစိတ်ကိုတော့ မနန္ဒာချမ်း က ဆက်သွယ်စုံစမ်းထားပါတယ်။

အမေရိကန် အရာရှိကြီးများ ဗိုလ်ချုပ်ဂွမ်မော်နဲ့ တွေ့ ဆုံ

(RFA)

အမေ ရိကန်ပြည်ထောင် စု ကို ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့က ရောက်ရှိ လာတဲ့ KIA ဒုတိယ ကာ ကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နဲ့ အဖွဲ့ဝင်လေးဦး ဟာ အမေ ရိကန် နိုင်ငံခြားရေး ၀န်ကြီး ဌာန နဲ့ ကာ ကွယ်ရေး ၀န်ကြီး ဌာနက ပုဂ္ဂိုလ်တွေ အပါအ၀င်  တခြား အရေးကြီး ပုဂ္ဂိုလ်များ နဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။

ဗိုလ်ချုပ်ဂွမ်မော် နဲ့ အဖွဲ့ ဟာ ဧပြီလ ၁၄ ရက်နေ့ ကနေ ၁၈ ရက်နေ့ အတွင်း အမေရိကန်ပြည်ထောင်စု ကုလသမဂ္ဂ ဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် Ms Samantha Power ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Ms Wendy Sherman လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr Rick Barton တို့အပြင် အမျိုးသား လုံခြုံရေးကောင်စီ ၊ ကာကွယ်ရေးဝန်ကြီး ဌာနနဲ့  နိုင်ငံတကာ အကူအညီပေးရေးဌာန တို့က အရာရှိတွေ နဲ့ လဲ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။