Sunday, April 6, 2014

မစၥတာ နမ္ဘီးယား ၏ KIO ငြိမ်းချမ်းရေး ခရီးစဉ်နှင့် ရှမ်းပြည် မြောက်ပိုင်းမှ တိုက်ပွဲများ

(ရွှေဟင်္သာသတင်းဌာန)

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) လက်အောက်ခံ တပ်ရင်း (၁၀၁) တပ်ဖွဲ့ နှင့် အစိုးရ ခလ ရ (၄၅) တပ်ဖွဲ့တို့သည် ရှမ်းပြည် မြောက် ပိုင်း ကွတ်ခိုင်မြို့နယ် မန်နိမ်ကျေးရွာ အုပ်စု မှ သာပန်းကုန်း ကျေးရွာ အနီး တွင် တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ သည်ဟု တအာင်း ပြန်ကြားရေး မှ ဆိုပါသည်။

ယမာန်နေ့မနက် ()နာရီကနေ ()နာရီခွဲထိ တကြိမ် နဲ့ နေ့လည် (၁၀) နာရီ မိနစ် (၂၀) ကနေ (၁၁)နာရီအထိ တကြိမ် ဖြစ်ပွားခဲ့တယ်။ အထိအခိုက် အကျ ဆုံးတော့ မသိရသေး ပါဘူး။ဟု ဆိုပါသည်။ 

မန်ဝိုင်းတွင် တပ်ရင်း (၅၆၇) မှ ဗိုလ်မှူး မျိုးညွန့်သိန်း ကျ

(kachin waves)


မန်းဝင်းကြီးအနီးရှိ မန်ဝိုင်းတွေ ခလရ (၅၆၇) တပ်ရင်းမှူး ဗိုလ်မှူး မျိုးညွန့်သိန်း အရက်မူးပြီး ဧပြီ (၄) ရက်နေ့ နေ့လယ် (၂)နာရီခန့်က ကေအိုင်အေ စခန်းရှိရာဘက် ကားဖြင့် ၀င်လာသဖြင့် ကေအိုင်အေမှ ရပ်ပေးရန် တားသော်လည်း မရပ်ပေးသည့် အတွက် သေနတ်ဖြင့် ပစ်လိုက်ရာ လက်မှောင်းတွင် ကျည်ဆံမှန်ပြီး ကျဆုံးသွားကြောင်း ကေအိုင်အေ အရာရှိတစ်ဦးမှသတင်းရရှိသည်။

သင်္ကြန်းအတွင်း အိတ်ဇောဖွင့်ပြီးမောင်းသည့် ကား ဆိုင်ကယ်များအား ဖမ်းဆီးအရေးယူမည်

(Kachin waves)
မြစ်ကြီးနား ဗဟိုမဏ္ဍာပ်

ကချင်ပြည် နယ် မြစ်ကြီး နားမြို့ သင်္ကြန် ရက်များ အတွင်း ကျင်းပ မည့် သင်္ကြန် ပွဲတော် တွင် ဆိုင်ကယ်များ အိတ်ဇော ဖောက်ရူ် မောင်းနှင် စီးနင်း ပါက ဖမ်းဆီး အရေးယု သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့ မှူးရုံး မှ သတင်းရရှိသည်။

“ အဓိကတော့ ယဉ်တိုက်မှုလျော့ နည်းစေ ဖို့ နဲ့ ဆိုင်ကယ် အိတ်ဇောဖောက်ပြီး စီးရင် ဖမ်းဆီးသွား မှာပါ” ဟု ကချင်ပြည်နယ် ရဲတပ်ဖွဲ့ မှူးရုံး မှ ထိပ်တန်း အရာရှိတစ်ဦးမှ ပြောသည်။