Saturday, April 5, 2014

KIAနယ်မြေမှာ သန်းခေါင်စာရင်းကောက်ဖို့ မဖြစ်နိုင်သေးကြောင်း ဗိုလ်ချုပ်ဂွမ်မော် ပြော

(RFA)

ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အို ထိန်းချုပ်နယ်မြေ အတွင်းမှာ သန်းခေါင်စာရင်း ကောက်ယူဖို့ မဖြစ်နိုင်သေးကြောင်း ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဒီကနေ့ပြောပါတယ်။

ရန်ကုန်မြို့ MPC မြန်မာငြိမ်းချမ်းရေး စင်တာမှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်း စာချုပ်ဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်စဉ် သတင်းထောက်တွေက သန်းခေါင်စာရင်းနဲ့ ပတ်သက်လို့ မေးမြန်းစဉ် ဗိုလ်ချုပ်ဂွမ်မော်က အခုလို ဖြေကြားခဲ့ပါတယ်။

Friday, April 4, 2014

သျှမ်း/မြောက်မှ ကချင်နယ်စပ်ဘက်သို့ အစိုးရစစ်ယာဉ်တန်း ၆၀ ထက်မနဲ ဦးတည်

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်မြောက် ပိုင်း နမ့်ခမ်းမြို့ မှ အစိုးရ စစ်ယာဉ်တန်း များ  မနေ့ည က စပြီး ယနေ့ တနေ့ လုံး ကချင် ပြည်နယ် ဗန်းမော်ဘက် သို့ ဦးတည် တက် သွားကြောင်းဒေသခံ များ ကပြောသည်။
အဆိုပါ စစ်ယာဉ်တန်းများ သည် တစ်စီးလျှင် စစ်သား  ၁၅ ဦးထက်မနဲ တင်ဆောင် သွားကြောင်း၊ တစ်ချို့ စစ်ကား မှာ လက်နက်ခဲယမ်း၊ ဆန် နှင့် ဆီပေပါ တို့ တင်ဆောင်ထား သည် ကိုတွေ့ရကြောင်း နမ့်ခမ်းမြို့ခံ လုံးစိုင်းအိုက် ကဆိုသည်။


မစ္စတာဗီဂျေးနမ်ဘီးယား KIO ဌာနချုပ်သို့ လာရောက်ကာ ငြိမ်းချမ်းရေးကိစ္စဆွေးနွေးခဲ့

(ကချင်သတင်းဌာန)

ကုလ သမဂ္ဂ အတွင်းရေး မှူးချုပ် ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူး အကြံပေး ပုဂ္ဂိုလ် ဗီဂျေး နမ် ဘီးယား သည် ယမန်နေ့ ဧပြီ ၂ ရက်နေ့ တွင် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ဗဟို ဌာနချုပ် လိုင်ဇာ သို့ရောက်ရှိ လာပြီး ခေါင်းဆောင် များနှင့် ငြိမ်း ချမ်းရေး ကိစ္စဆွေးနွေး ခဲ့ကြောင်း KIO အရာရှိ များပြောသည်။

ယုံကြည်မှုအားနည်းသည့် ကိစ္စများရှိသော်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်အား ရှေ့ဆက်သွားရန် ကေအိုင်အိုအဖွဲ့နှင့် တွေ့ဆုံစဉ် မစ္စတာနမ်ဘီးယား တိုက်တွန်း

(Eleven Media Group)



ယုံကြည်မှု အားနည်းသည့် ကိစ္စများရှိသော်လည်း ငြိမ်းချမ်းရေး ဖြစ်စဉ်အား ရှေ့ဆက်သွားရန် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)နှင့် တွေ့ဆုံစဉ် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏  မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဗီဂျေးနမ်ဘီးယားက တိုက်တွန်းပြောကြား ခဲ့သည်ဟု ကေအိုင်အိုနှင့် ကုလအထူးကိုယ်စားလှယ်တို့ တွေ့ဆုံသည့် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) မှ ဦးဆန်းအောင်က ဆိုသည်။

မြစ်ဆုံစီမံကိန်း အပြီးအပိုင် ရပ်ဆိုင်းရေး လမ်းလျှောက်ဆန္ဒပြသူများ အောင်လံသို့ ရောက်ရှိစဉ် ဒေသခံ တစ်ထောင်ကျော် ပူးပေါင်းဆန္ဒပြ

(Eleven Media Group)

မြစ်ဆုံစီမံကိန်း အပြီးအပိုင် ရပ်ဆိုင်းရေး ရန်ကုန်မြို့မှ မြစ်ဆုံဒေသသို့ လမ်းလျှောက်ဆန္ဒပြသူများ ဧပြီ ၂ ရက်က အောင်လံမြို့ သို့ ရောက်ရှိလာပြီး ဒေသခံပြည်သူ တစ်ထောင်ကျော်ကလည်း ပူးပေါင်းဆန္ဒပြခဲ့ကြောင်း သိရသည်။

Thursday, April 3, 2014

ကုလကိုယ်စားလှယ် လိုင်ဇာရောက်စဉ် ကေအိုင်အေနဲ့ အစိုးရတပ် တိုက်ပွဲဖြစ်ပွား

(DVB)

ကေအိုင်အို ဌာနချုပ် လိုင်ဇာကို ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီးယား ရောက် ရှိခဲ့တဲ့ နေ့မှာဘဲ ကေအိုင်အိုင်အေနဲ့ အစိုးရ တပ်ကြား တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီးယားဟာ ကေအိုင်အို ဌာနချုပ် လိုင်ဇာကို ဒုတိယအကြိမ် ရောက်လာခဲ့တဲ့ ဧပြီ ၂ ရက်နေ့မှာဘဲ တိုက်ပွဲ ၃ ကြိမ် ဖြစ်ခဲ့တယ်လို့ ကေအိုင်အိုခေါင်းဆောင်တွေ က ပြောပါတယ်။

ရှမ်းမြောက် KIA တပ်မဟာ(၄)နယ်မြေတွင် တိုက်ပွဲဆက်တိုက်ဖြစ်နေကာ အစိုးရတပ် အင်အားတိုးချဲ့ လှုပ်ရှားနေ

Myutsawkasa

ဧပြီ ၂ ရက်နေ့ ညနေ ၄ နာရီ ခန့် က ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ဘက်မှ တဆင့် စစ်သားအပြည့် တင်ဆောင်ထားသော စစ်ကား (၁၃)စီး တက်သွားပြီး (ရ)စီးမှာ မူဆယ် မှ တဆင့် နမ့်ခမ်း ဘက်သို့ ဦး တည်ကာဖြတ်တက် သွားကြောင်း သိရသည်။ ကျန် (၆)စီး မှာ မူဆယ်  (၁၀၅)မိုင် နှင့် နမ့်အုန် အကြား မှ တဆင့် မည်သည့်ဘက်သို့ ဦးတည်ကာ တက်သွားကြောင်း မသိရသေးပါ။

မစ္စတာ နမ်ဘီးယားနှင့် ကေအိုင်အို ဗဟို လိုင်ဇာတွင် တွေ့ဆုံနေစဉ် ကေအိုင်အေနှင့် အစိုးရတပ်မတော်ကြား တိုက်ပွဲပြင်းထန်

(Kachin Waves)

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အကြံပေးကိုယ်စားလှယ်မစ္စတာနမ်ဘီးယား သည်ဧပြီ (2) ရက်နေ့ လိုင်ဇာမြို့ တွင် KIO ဗဟိုကော်မတီ နှင့် (4) နာရီကြာဆွေးနွေးခဲ့စဉ် အစိုးရစစ်တပ်အနေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာ အားနည်းမှုရှိသည့်အကြောင်းထောက်ပြဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

မစ္စတာ နမ်းဘီးယားနှင့် ကေအိုင်အိုဗဟိုကော်မတီတို့ တွေ့ဆုံနေစဉ် အစိုးရနှင့် ကေအိုင်အေတို့ကြား ရှမ်းပြည်မြောက်ပိုင်း နေရာ(၃) နေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကေအိုင်အေ ထိပ်တန်း အရာရှိတစ်ဦးမှဆိုသည်။
“အခုအစိုးရတပ်တွေ နေရာတိုင်းမှာ ထိုးစစ်ဆင်နေတယ်။ဒါက ငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာ သူတို့ပါဝင်မှုအားနည်းတယ်လို့ပြောလို့ရတယ်။”ဟု ကေအိုင်အေ အရာရှိတစ်ဦးမှဆိုသည်။ 

ကမ္ဘာ့ အရှည်ဆုံး လက်နက်ကိုင် ပဋိပက္ခ တစ်ခု ချုပ် ငြိမ်းဖွယ်ရာ ရှိလာ လေပြီးလော

(ရွှေဟင်္သာသတင်းဌာန)
လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး အရိပ် အယောင်
နှစ်ပေါင်း (၆၀) ကျော်ကြာ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ စစ်မီးလျှံကြီး မကြာမီ နိဂုံး ချုပ်နိုင်တော့မယ်လို့ တပ်မတော်နေ့ အကြို မတ်လ (၂၆) ရက်နေ့က သမ္မတ ဦးသိန်းစိန် ပြည်ထောင်စု လွှတ်တော်မှာ မိန့်ခွန်း ပြောကြား ခဲ့ပါတယ်။ ဦးသိန်းစိန် အရပ်သား ဟု ခေါ်သည့် ဒီမို ကရေစီ အစိုးရ လည်းမြန်မာ့ ဒီမို ကရေ စီ ပြုပြင် ပြောင်းလဲရေး ခရီးကြမ်းတွင်း သုံးနှစ် သက်တမ်း ကြာခဲ့ ပြီလေ။

နိုင်ငံတော်သမ္မတမှ ကချင်ခရစ်ယာန်ဆရာတော်များအား အပစ်ရပ်စဲရေး လက်ခံရန် သတိပေး

(ကချင်သတင်းဌာန)

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် ကချင်ပြည် နယ်မြို့တော် မြစ်ကြီးနားမြို့ သို့ မတ် လ ၁၆ ရက်နေ့ က ရောက်ခဲ့ချိန် ပထမဦး ဆုံးအကြိမ် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ရုံးတွင် ကချင် ခရစ်ယာန်ဘာသာဂိုဏ်းပေါင်းစုံနှင့် တွေ့ဆုံခဲ့ပြီး အပစ်ရပ်ရေးလက်ခံရန် ပြောဆိုမှုများရှိခဲ့ကြောင်း သိရှိရသည်။

သမ္မတ ရောက်လာချိန်အတွင်း အပစ်ရပ်ရေးကို သဘောတူညီလက်ခံရန် ခရစ်ယာန်ဆရာတော်များကို မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)သို့ ခေါ်ယူ သတိပေးမှုများလည်းရှိခဲ့သည်ဟု KBC မှသိရသည်။

Mr.Nambiar လိုင်ဇာသို့ ဒုတိယအကြိမ်ရောက်ရှိ

(Kachin Waves)

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအကြံပေးအထူးကိုယ်စားလှယ်Mr.Nambiarသည် ဧပြီလ ၂ ရက်နေ့တွင် လိုင်ဇာမြို့သို့ရောက်ရှိပြီး KIO ဗဟိုကော်မတီနှင့်တွေ့ဆုံကာ ဂျယ်ယန့်နှင့် ခွန်လုံယန် စစ်ဘေးဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့ကြောင်းသိရသည်။

Mr.Nambiar၏ ခရီးစဉ်သည်လိုင်ဇာသို့သွားဖို့ရ

န်သက်သက်သာဖြစ်ကြောင်းသိရသည်။

ကျောက်တူးသများများအား ဖမ်းဆီသည့် ကိစ္စအား မေးမြန်ရန် အုပ်ချုပ်ရေးမှူး ဖုန်းအကြိမ်ကြိမ်ဆွက်သွယ်ခဲ့သော်လည်း ဖြေကြားခဲ့ခြင်းမရှိ

(Kachin waves)

ဖားကန့်မှော်ရှိ ကျောက်တူး သမားများအား ဆက်လျှက်ဖမ်းဆီးလျှက်ရှိသည့် အပေါ် ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ယုအား ဖုန်းအကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ပြည့်စုံစွာ တာဝန်ယူဖြေကြားခဲ့ခြင်းမရှိခဲ့ပါ။

အုပ်ချုပ်ရေးမှူးအား မေးမြန်းခဲ့ရာ ပထဆုံး ဖုန်းဆက်ချိန်တွင် ဖုန်းအား စက္ကန့်(၃၀) ခန့် သာ ဖြေကြားခဲ့ပြီး နောက် ဖုန်းခေါ်ဆိုမှု အကြိမ်ရေ (၁၅) ကြိမ်တိတိပြန်လည် ခေါ်ဆိုခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိဘဲ ဖုန်းအား ချပေးလိုက်ခြင်းဖြစ်သည်။

လေပြင်းတိုက်ခိုက်မှုကြောင့် ဂျေယန့်ဒုက္ခသည်များ နေအိမ် ၆၁ အိမ် ပျက်စီး

(ကချင်သတင်းဌာန)

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ်အနီးရှိ စစ်ပြေးဒုက္ခသည် အများဆုံးနေ ထိုင်သော ဂျေယန့်ဒုက္ခသည် စခန်းတွင် ယမန်နေ့ ဧပြီ ၁ ရက်နေ့ ညက လေပြင်းမုန်တိုင်း တိုက်ခိုက်ခြင်းကြောင့် ဒုက္ခသည်များနေအိမ် စုစုပေါင်း ၆၁ အိမ် ပျက်စီးသွားကြောင်း သိရှိရသည်။

ပျက်စီး သွားသောနေအိမ်များ သည် ကလေးမူကြိုကျောင်း ၂ ကျောင်း၊ ဈေးတန်း ၁ခု၊ ဒုက္ခသည်ကော်မတီရုံး ၃ ရုံးနှင့် ဒုက္ခသည်နေအိမ် ၄၅ အိမ်ပျက်စီးခဲ့ပြီး ဒုက္ခသည်များခက်ခဲ ရင်ဆိုင်နေရကြောင်း ဒုက္ခသည်စခန်းမှ သိရသည်။

Tuesday, April 1, 2014

KIA ထိန်းချုပ်နေရာများတွင် သန်းခေါင်စာရင်း ကောက်ခွင့်မပြု

(Irrawaddy)

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသတချို့၌ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA ) ၏ ခြိမ်းခြောက် တားမြစ်မှုကြောင့် သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ရေးသားထားသည်။ သို့သော် ကချင်လွတ်လပ်ရေး တပ်မတော်ကမူ (KIA) ကမူ ၎င်းတို့ထိန်းချုပ်ရာ ဒေသတွင် သန်းခေါင်စာရင်း ကောက်ခွင့်မပြုကြောင်း အစိုးရထံ အကြောင်းကြားပြီးဖြစ်သည်ဟု တုံ့ပြန်သည်။

သန်းခေါင်စာရင်းကောက်တာကို KIA "ခြိမ်းခြောက်တားမြစ်"

(Irrawaddy)

ကချင်လွတ်လပ်ရေးတပ်မတော် KIA က တားမြစ်တဲ့အတွက် ကချင် နဲ့ ရှမ်းဒေသတချို့မှာ သန်းခေါင်စာရင်း ကောက်နိုင်ခြင်း မရှိဘူးလို့ အစိုးရက တနင်္လာနေ့မှာ ကြေညာပါတယ်။

အဲဒီဒေသတွေမှာ "ကေအိုင်အေတပ်ဖွဲ့ဝင်များ၏ခြိမ်းခြောက်တားမြစ်မှုကြောင့်" စာရင်းမကောက်နိုင်တာလို့ ဆိုပါတယ်။အစိုးရပြန်ကြားရေးဌာနက ထုတ်ပြန်တဲ့သတင်းပါ။

ဒီသတင်းနဲ့ပတ်သက်ပြီး KIA ရဲ့ တုန့်ပြန်ချက်ကို မကြားရသေးပါ။