Friday, March 28, 2014

မတ်လ ၂၇ ရက်နေ့ သည် တပ်မတော် နေ့လား (သို့မဟုတ်) တော်လှန်ရေး နေ့ လား။

(ရွှေဟင်္သာသတင်းဌာန)

သင်တို့ အနီးမှာ ရှိနေသည့် ကျောင်းသား လူငယ်လေး များ အား ဒီနေ့က ဘာနေ့ဖြစ်သလဲဟု  မေးကြည့်ပါ။ တပ်မ တော်နေ့ဟု သာ သူတို့ အားရ ၀မ်းသာဖြေ လိမ့် မည်။ တစ်ဆိတ်ကျေး ဇူးပြု၍ က လေးတွေ ကို ပြန်မငြင်း ပါနှင့်။ တပ်မ တော်နေ့နှင့် ပတ်သက်ပြီး သာ သူတို့ သိထား သမျှ ကြားဖူး ထားသမျှ ဘာရှိ သလဲဟု ဆက် မေးပါ။

တပ်မတော် က နိုင်ငံလွတ် လပ်ရေးကို အရယူပေး ခဲ့သည်။ လွတ် လပ်ပြီးနောက် တိုင်းပြည်၏ ရန်စွယ်များ ကို နှိမ်နင်း ခဲ့သည်။ သောင်း ကျန်းသူများ ကို ဖြိုခွင်း သည်။ အဖျက် သမားရန်မှ ကာ ကွယ်ပေးသည်။ ချောက်ထဲ ကျရန် လက်နှစ် လုံးအလို တွင် ကယ်တင် ခဲ့ရသည်။ နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးကို တည်ဆောက် ခဲ့ သည်။  စသည်ဖြင့် တပ်မတော် ၏ စွမ်း စွမ်း တမံ နိုင်ငံတော် တည်ဆောက်မှု များအကြောင်း ကို သူတို့လေးတွေ က တက်ကြွစွာ ဖြေပါလိမ့်မည်။

တနိုင်ငံလုံး အပစ်ရပ် ရေး စာချုပ် ရေးဆွဲရေး၌ UNFC မဟုတ်သော အပစ်ရပ် အဖွဲ့များ အား အစိုးရ ဖိတ်ကြားမည်

(ရွှေဟင်္သာသတင်းဌာန)

အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီ သည် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ကိစ္စ ဆွေးနွေးရာတွင် ညီညွတ်သော တိုင်းရင်း သား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC ) အဖွဲ့ဝင် မဟုတ်သော အ ပစ် ရပ် အဖွဲ့များ ကိုလည်း ဖိတ်ကြား မည်ဖြစ် ကြောင်း မြန်မာ့ ငြိမ်းချမ်းရေး စင်တာ (MPC) မှ အကြီးတန်း အရာရှိ တဦး က ယမာန်နေ့တွင် ပြောဆိုခဲ့ ပါသည်။

“ငြိမ်းချမ်းရေး ဖော်ဆောင်မှု အားရစရာ မရှိသေးဘူး”

(ဧရာဝတီ)

ဦးလနန်သည် ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ကို ၁၉၈၉ ခုနှစ်တွင် စတင် ဝင်ရောက်လာပြီး ၁၉၈၉ ခုနှစ်မှ ၂၀၀၅ ခုနှစ် အထိ ကျောင်းဆရာ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၂၀၀၅ ခုနှစ်မှ ၂၀၀၇ ခုနှစ် အထိ KIO ကိုယ်စားလှယ် အဖြစ် အမျိုးသား ညီလာခံကို တက်ရောက်ခဲ့သည်။ ၂၀၀၉ မှ ၂၀၁၀ အထိ KIO တွင် တိုင်းအုပ်ချုပ်ရေး ဘက်သို့ရောက်ရှိပြီး KIO တွဲဖက် အတွင်း ရေး မှူး တာဝန်ယူထားသူ ဖြစ်သည်။

ဦးလနန်အား လက်ရှိ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး၊ စစ်ရေး အခြေအနေများကို ဧရာဝတီ သတင်းဌာန မြန်မာ ပိုင်း သတင်းထောက် နန်းဆိုင်နွမ် နှင့် အင်္ဂလိပ်ပိုင်း သတင်းထောက် ရင်စနိုင်းတို့က ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ KIO ဌာနချုပ် တွင် သီးသန့် တွေ့ဆုံ မေးမြန်း ထားပါသည်။

ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း အကြောင်း သုံးသပ်ချက် - အပိုင်း ၂

(ရွှေဟင်္သာသတင်းဌာန)

(ခ) တပ်မတော် အစိုးရ နှင့် ၀ အထူးဒေသ ဆက်ဆံရေး

တပ်မတော် အစိုးရနဲ့ "၀" တပ်ဖွဲတွေ အကြား အပစ် အခတ် ရပ်စဲ ခဲ့တာဟာ  ၉.၅.၁၉၈၉ ရက်နေ့ မှာ၂၅ နှစ် ပြည့်မြောက် တော့မှာ ဖြစ်ပါတယ်။ အပစ် အခတ် ရပ်စဲ ခဲ့ပြီးတဲ့ နောက်မှာ "၀" ဒေသ ကို အထူးဒေသ ၂ အဖြစ် သတ်မှတ် လိုက်ပြီး တိုးတက်မှုတွေ ဖြစ်လာ တယ်လို့ ဆိုရမည် ဖြစ်ပါသည်။

စစ်အစိုးရ ကျင်းပသည့် ၁၉၉၃ ခုနှစ် အမျိုးသား ညီလာခံ စတင် ကျင်းပစဉ် ကတည်းက "၀"အထူးဒေသ ကိုယ်စား လှယ်များ ပါဝင်တက် ရောက်ခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ "၀"ဒေသဟာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း ဖြစ်လာ ခဲ့ပါတယ်။

အပစ်ရပ်ရေးထက် နိုင်ငံရေးဆွေးနွေးပွဲများ ဦးစားပေးပါက လက်နက်ကိုင်ပဋိပက္ခသို့ ဦးတည်နိုင်ဟု ကာချုပ် သတိပေး

(Mizzima)

ပြည် တွင်းငြိမ်း ချမ်းရေးဖော်ဆောင် ရာတွင် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ကို ဦးစွာ မဆောင်ရွက် ဘဲ နိုင်ငံရေး ဆွေးနွေး ပွဲများ ဆောင် ရွက်နေ လျှင် သဘော ထား မတိုက်ဆိုင် မှု များကြောင့် မလိုအပ် ဘဲ အချိန်ကြန့်ကြာနိုင် သလို ရရှိထား သည့် ညှိနှိုင်း သဘော တူညီမှု များပါ ပျက်ပြယ် သွားနိုင်ပြီး လက်နက်ကိုင် ပဋိပက္ခ များသို့ ပြန်လည် ဦးတည် သွားနိုင်သည် ကို သတိထားရ မည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်က မတ်လ ၂၇ ရက်တွင် ပြောကြားလိုက်သည်။

Wednesday, March 26, 2014

ပဋိပက္ခဒေသကို လေ့လာရန် The Elders အဖွဲ့ ကချင်ပြည်နယ် ရောက်

(Mizzima)

ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးဆိုင်ရာများကို ဆောင်ရွက်ပေးသည့် အင်္ဂလန်နိုင်ငံအခြေစိုက် ကမ္ဘာ့ရပ်မိရပ်ဖများအဖွဲ့ (The Elders) အဖွဲ့သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့  မတ်လ ၂၆ရက်တွင် သွားရောက်ခဲ့ပြီး ပဋိပက္ခဒေသရှိ အခြေခံလူတန်းစားများနှင့် တိုင်းရင်းသားများကို လေ့လာလို၍ လာရောက်ခြင်းဖြစ်သည်ဟု The Elders ၏  သတင်းထုတ်ပြန်ရေး ပြောရေးဆိုခွင့်ရှိသူ ကိုစိုးသူထွန်းက မဇ္ဈိမကို ပြောသည်။

မြန်မာ့ တပ်မတော် ဘာတွေ ပြောင်းသွားခဲ့သလဲ

(Irrawaddy)
လိုင်ဇာစစ်ဆင်ရေးဟာ တပ်မတော် အရာရှိကြီးတွေထဲမှာ ကုန်ခဲ့ပြီးနှစ် ၂၀-၃၀ တွင်းကလို စစ်ဆင်ရေးကြီးတွေကို ဆက်ဆင်နွှဲချင်နေတဲ့ ဆန္ဒရှိ နေဆဲပဲလို့ သက်သေထူတာလည်း ဖြစ်တယ်။ ဒါပေမယ့် လိုင်ဇာစစ်ဆင်ရေးဟာ မြန်မာ့တပ်မတော် ဘယ်အတိုင်းအတာထိပဲ စွမ်းဆောင်နိုင်တယ် ဆိုတာကိုလည်း ဖော်ပြတာဖြစ်တယ်။
တပ်မတော်, ပြုပြင်ပြောင်းလဲရေး, နိုင်ငံရေး, ကာကွယ်ရေး
ပြုပြင်ပြောင်းလဲရေးကြားက မြန်မာ့ တပ်မတော်ရဲ့နေ့စဉ် အရှိတရားက အတိတ်ကနဲ့ သိပ်မကွာခြားဘဲ ရှိနေသေးတယ် 

မြန်မာ့တပ်မတော်ဟာ ပြုပြင်ပြောင်းလဲရေးနဲ့ ခေတ်မီစေရေးတွေကို ပြုလုပ်ခဲ့တယ်။ ဒါပေမယ့် အတိတ်ရဲ့ အရိပ်ဆိုးအောက်က ရုန်းထွက်ဖို့ပိုပြီး အဆင့်မီစေရေးနဲ့ အစွမ်းထက်တဲ့ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ဖြစ်လာစေရေး စိန်ခေါ်ချက် အမြောက်အမြား ကျန်ရှိနေသေးတယ်လို့ စစ်ဘက်ဆိုင်ရာ Jane’s Defence Weekly မဂ္ဂဇင်းက မကြာခင်ကတင် ရေးသားထုတ်ပြန်ခဲ့ပါတယ်။

RCSS နှင့်တိုက်ပွဲဖြစ် ရွာသားများအား အစိုးရတပ်သေနတ်ထောက်ပစ္စည်းသိမ်း


သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံ မြို့နယ် အတွင်း တိုက်ပွဲကြောင့် မြန်မာစစ်တပ်က ဒေသခံတို့၏ နေအိမ်များ အတွင်း ဝင်ရောက် ရှာဖွေကာ အဖိုးတန် ပစ္စည်းများ ယူဆောင် သွားခဲ့ကြောင်း မိုင်းတုံမြို့ ရောက် ဒေသခံများ ပြောပြချက်အရ သိရသည်။
မတ်ခ်ျလ ၂၃ ရက်နေ့က သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့ အရှေ့မြောက်ဘက် ၁၀ ကီလိုမီတာအကွာ ပန်ကျိုင်းရွာအနီး၌ တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်ပွားခဲ့၏။ တိုက်ပွဲကြောင့် သေကြေဒဏ်ရာရရှိမှု မရှိကြသော်လည်း မြန်မာစစ်တပ်က ရွာသားများ၏ အဖိုးတန် ပစ္စည်းမှအစ စားသောက်ပစ္စည်းများကိုပါယူဆောင်သွားခဲ့ကြောင်း၊ လက်ကိုင်ဖုန်း ၈ လုံးအပါအဝင် ငွေကြေးကျပ် ၅ သိန်းထက်မနည်း ပါသွားကြောင်း အဆိုပါဒေသခံများကဆိုပါသည်။

Tuesday, March 25, 2014

ကချင်ဒေသစစ်ဆင်ရေးမှာ ရဟတ်ယာဉ် ၂ စီး ဆုံးရှုံး

(Irrawaddy)

မြန်မာ့တပ်မတော်ရဲ့ ကချင်ဒေသစစ်ဆင်ရေးမှာ ရဟတ်ယာဉ် ၂ စီး ဆုံးရှုံးတယ်၊ အကျအဆုံးကလည်း ထောင်နဲ့ချီရှိတယ်လို့ စစ်ရေးဆိုင်ရာအထူးပြု IHS Jane’s Defence စာစောင်မှာ မကြာသေးခင်က ရေးသားထားပါတယ်။

၂၀၁၂၊ ၂၀၁၃ ကာလအတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ ဖြစ်ခဲ့တဲ့ ဆုံးရှုံးမှုတွေဖြစ်ကြောင်း ဗြိတိန်အခြေစိုက် အဲဒီ စာစောင်က ရေးတဲ့အကြောင်း ဧရာဝတီ သတင်းတပုဒ်ဖြစ်တဲ့ http://www.irrawaddy.org/burma/army-lost-2-helicopters-suffered-heavy-personnel-losses-past-kachin-offensive-report.html မှာ တွေ့ရပါတယ်။

မြစ်ကြီးနားဒုက္ခသည်များ သန်းခေါင်စာရင်းမေးခွန်းမသိရှိသေး

မြစ်ကြီးနားမြို့အတွင်းရှိ စစ်ရှောင်တိမ်းစခန်းများတွင် နေထိုင်ကြသည့် ဒုက္ခသည်များအနေဖြင့် မကြာမီ ကောက်ခံတော့မည့် သန်းခေါင်စာရင်းမေးခွန်းအချက်အလက်များ မသိရှိသေးကြောင်း ဒုက္ခသည်များက ပြောသည်။
“ သန်းခေါင်စာရင်းလာကောက်မယ်ဆိုတာပဲသိတယ်။ဘယ်လိုလာကောက်မလဲဆိုတာ မသိရသေးဘူး” ဟု စစ်ပြေးဒုက္ခသည် ဒေါ်မရန်လုက ပြောသည်။

Monday, March 24, 2014

TNLA တပ်ဖွဲ့နှင့် ခလရ (၄၁) ၏ ယမာန်နေ့တိုက်ပွဲ

(ရွှေဟင်္သာသတင်းဌာန)

ရှမ်းပြည် မြောက်ပိုင်း အစိုးရ၏ အရှေ့မြောက်တိုင်း  စစ်ဌာနချုပ် လက်အောက်ခံ လားရှိုး မြို့ နမ့်ကတ် အခြေစိုက် ခလရ (၄၁) စစ်ကြောင်း များသည် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) စစ်ဗျူဟာ () လက် အောက်ခံ တပ်ရင်း (၁၁၂) တပ်ဖွဲ့များ အား စစ်ဆင်နေရာ ယမာန်နေ့မတ်လ (၂၃)ရက်နေ့ ညနေ()နာရီ မိနစ် (၄၀) တွင် ကွတ်ခိုင်မြို့နယ် နမ့်ဖက် ကာအုပ်စု ဂျရမ်း ကျေးရွာအထက် တောတန်း ၌ တနာရီ ကျော်ကြာ တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု တအာင်း ပြန်ကြားရေး မှ သတင်း ထုတ်ပြန် ပါသည်။

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း အကြောင်း (၁)

(ရွှေဟင်္သာသတင်းဌာန)

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း အကြောင်း သုံးသပ်ချက် - ၁
====================================
(
က) ၀ လူမျိုး နှင့် ၀ အထူးဒေသ ဖြစ်ပေါ်လာပုံ ( အပိုင်း ၁)
(
ခ) တပ်မတော် အစိုးရ နှင့် ၀ အထူးဒေသ ဆက်ဆံရေး ( အပိုင်း ၂ )
(
ဂ) တရုတ် နိုင်ငံ နှင့်အထူးဒေသ ဆက်ဆံရေး ( အပိုင်း ၃ )
(
ဃ) သုံးသပ်ချက် ( အပိုင်း ၄ )

(
က) ၀ လူမျိုး နှင့် ၀ အထူးဒေသ ဖြစ်ပေါ်လာပုံ
--------------------------------------------------
ဝလူမျိုး တွေဟာ မွန်- ခမာ အုပ်စု မှဝ ပလောင်ကွဲ အုပ်စုမှာ ပါဝင်ပါတယ် ရှေးယခင်က တည်းက ယေဘုယျ အားဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်း ၊ မိုင်းမောနှင့် ကျိုင်းတုံ ခရိုင်ကြား မှာနေ ထိုင်ကြပြီး အရှေ့ပိုင်း ဖက်မှာ တရုတ်နိုင်ငံ နယ်စပ်နှင့်  အနောက်ဖက်မှာ သံလွင်မြစ် တို့ကြားမှာ နေထိုင်ကြပါတယ် ....

Sunday, March 23, 2014

ကချင်ပြည်နယ် NDF ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာ ကြားဖြတ်ရွေးကောက်ပွဲဝင်မည်

(RFA)

လစ်လပ်မဲ ဆန္ဒနယ် ၃၁ နေရာ အတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပ တဲ့ အခါမှာ အမျိုးသား ဒီမို ကရေစီ အင်အားစု NDF ပါတီရဲ့ ကချင်ပြည်နယ် ဥက္ကဌ ဒေါ်ဘောက်ဂျာဟာ ဖားကန့် မြို့နယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

ပြည်သူတွေကြားမှာ နေသူတစ်ဦးဖြစ်တဲ့အတွက် မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိတယ်လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

NDA-K အဖွဲ့ဝင် ဦးယုဒမှ မြစ်ကြီးနားမြို့ ဆယ်မိုင်ဒေသခံများ၏ လယ်မြေ သိမ်းယူရန်ကြိုးပမ်းနေ

(KNG)

ကချင်ပြည် နယ် မြစ်ကြီး နားမြို့ နောင်နန်း တိုက်နယ် ဆယ်မိုင်ရွာရှိ အင်ခိုင် ဘွမ် (Nhkai Bum) တောင်ခြေ နမ်ဘောမ်ပါ (Nam Bawm Pa) တွင် တောင် ယာ၊ လယ်ယာ များ လုပ် ကိုင် စားသောက်နေသော ဒေသခံ များ၏ နယ်မြေ အား ရွှေစက်ကျေးရွာနေ ကချင် ဒီမိုကရေစီသစ်တပ်မတော် (NDA-K) အဖွဲ့ဝင်ဟောင်း လောပန်း ဦးယုဒ (ခ) အားဒူမှ အဓမ္မလယ်မြေများ သိမ်းယူရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။