Thursday, March 20, 2014

အစိုးရနှင့် လက်နက်ကိုင် အဖွဲ့များထံမှ တိုင်းရင်းသား မီဒီယာများ သတင်းယူရန် ခက်ခဲနေဆဲ

(Irrawaddy)

တိုင်းရင်းသား သတင်းမီဒီယာများက သတင်းရယူရာ၌ အစိုးရ အာဏာပိုင်များသာမက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆက်သွယ် သတင်း ရယူရာတွင်လည်း အခက်အခဲများနှင့် စိန်ခေါ်မှုများ ရှိနေကြောင်း ပြောသည်။

အစိုးရ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက မီဒီယာကို ထိန်းချုပ်လိုသော သဘောထားရှိကြောင်း၊ အကျိုးစီးပွားနှင့် ယှဉ်လာပါက သတင်းလွတ်လပ်ခွင့်ကို လက်မခံသည်ကို တွေ့ရှိရကြောင်း ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်မှ သတင်းများကို ဦးစားပေး ဖော်ပြသည့် သံလွင်တိုင်း ဂျာနယ်မှ အယ်ဒီတာ ကိုမင်းလတ်ကလည်း ပြောဆိုသည်။

Wednesday, March 19, 2014

မြန်မာ့တပ်မတော်၏ သွေးခွဲဗျူဟာများ

(Mizzima)

မတည်မငြိမ်ဖြစ်နေတဲ့ တောင်တန်းဒေသတွေက လူနည်းစုတိုင်းရင်းသား လက်နက်ကိုင်တွေကို ထိန်းချုပ် တဲ့ မြန်မာ့တပ်မတော်ရဲ့ သွေးခွဲ အုပ်ချုပ်ရေး ဗျူဟာတွေဟာ အောင်မြင်တယ်ဆိုတဲ့ မှတ်တမ်းကောင်း တစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ စည်းလုံး ညီညွှတ်တဲ့တိုင်းရင်းသား တပ်ပေါင်းစု တစ်ခု ပေါ်ထွက်လာခြင်းကို ဟန့်တားဖို့ ဆိုတာဟာ မြန်မာ့စစ်တပ်အတွက် အလွန်အရေးပါတဲ့ ကိစ္စတစ်ခုအဖြစ် ကာလကြာ ရှည်စွာ တည်ရှိခဲ့ပြီးပါပြီ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြားက ညီညွတ်မှုဟာ ဘယ်လောက်အထိ အန္တရာယ်များတယ် ဆိုတာကို ယင်းတို့ရဲ့ ပင်မအဖွဲ့ဟောင်းတစ်ခုဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ (BCP) က သက်သေ ပြခဲ့ပြီးပါပြီ။ ပြိုကွဲတဲ့ ၁၉၈၀ ပြည့်နှစ်များနှောင်းပိုင်းမှာတော့ တပ်မတော်အနေနဲ့ လက်နက် ကိုင်အဖွဲ့ တစ်ဖွဲ့ချင်းစီနဲ့ ဆောင်ရွက်လို့ ရနိုင်တာမှန်သမျှကို ဆောင်ရွက်ခဲ့ပါတယ်။ အချို့အဖွဲ့တွေနဲ့ အပစ်ရပ်ထားတဲ့အချိန်မှာ ကျန်တခြားအဖွဲ့တွေ အပေါ်ကို ထိုးစစ်ဆင်ဖို့ အာရုံစိုက်ခဲ့ပါတယ်။

TNLA တပ်များနှင့် အစိုးရ တပ်မ (၇၇) တပ်ဖွဲ့ များ တိုက်ပွဲဖြစ်

(ရွှေဟင်္သာသတင်းဌာန)

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် တွင် လှုပ်ရှားနေသော တအာင်း လွတ်မြောက်ရေး တပ်မတော် ကို အစိုးရ တပ်မ (၇၇) စစ်ကြောင်းများက လိုက်လံ စစ်ဆင်နေလျှက် ရှိရာ မတ်လ ယမာန်နေ့ (၁၈)ရက်နေ့ ညနေ (၆)နာရီ အချိန်ကျောက်ဖြူ ကျေးရွာ နှင့် ပန်လုံ(ပန်လော) ကျေးရွာ ကြားတွင် နာရီဝက် ကျော်ကြာ တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု TNLA ပြန်ကြားရေး ဌာနမှ ဆိုပါသည်။

ယင်းတိုက်ပွဲ တွင် TNLA အမှတ် (၂) စစ်ဗျူ ဟာမှ တပ်ရင်း (၇၁၇) တပ်ဖွဲ့နှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ၄င်းတို့ဖက်မှ ထိ ခိုက်မှု မရှိဟု ဆိုပါသည်။ အစိုးရတပ် များသည် လက်နက်ကြီး ပစ်အားများ အလွန်အကျွံသုံးသော်လည်း ထိခိုက်မှု မရှိဟု ဆိုပါသည်။ 

အပစ်အခတ် ရပ်စဲရေး စာချုပ် မူချော ဖြစ်လာရန် NCCT ကြိုတင် ဆွေးနွေး

(ရွှေဟင်္သာသတင်းဌာန)

တိုင်းရင်းသား များ၏ တနိုင်ငံလုံး အပစ် အခတ်ရပ် စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) သည် တနိုင်ငံလုံး ဆိုင်ရာ အပစ် အခတ်ရပ် စဲရေး စာချုပ်မူ ကြမ်းကို အချောသတ် နိုင်ရန် ညှိနှိုင်း ဆွေးနွေးပွဲ တရပ် ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် ယနေ့စတင် ကျင်းပခဲ့ သည်ဟု ပြောခွင့်ရ သူ ခွန်ဥက္ကာ မှဆိုပါသည်။

“ ကျင်းပတာ တော့ ဒီနေ့နဲ့ မနက်ဖြန် (၂)ရက်ပေါ့။ အခုညှိနှိုင်း နေတာက ပြီးခဲ့တဲ့ အစိုးရ ကိုယ်စားလှယ် တွေနဲ့ ညှိ နှိုင်း ထားခဲ့တဲ့ အချက်တွေကို အကောင် အထည်ဖေါ်ဖို့ ဆွေးနွေးကြတာ ဖြစ်ပါတယ်။ အသေးစိပ် ကတော့ မနက်ဖြန် ညနေ လောက်မှ သိနိုင်မယ်။” ဟုဆိုပါသည်။

KIO နယ်မြေအတွင်း သန်းခေါင်စာရင်းကောက်ရန် အစိုးရကမ်းလှမ်းမှု ကေအိုင်အို ငြင်းပယ်


By-MIZZIMA
ကချင်ပြည်နယ် ကေအိုင်အိုထိန်းချုပ်နယ်မြေများအတွင်း သန်းခေါင်စာရင်းကောက်ယူရေးအတွက် အစိုးရ ကမ်းလှမ်းမှုကို KIO (ကချင်လွတ်မြောက်ရေးအဖွဲ့) က ငြင်းပယ်လိုက်သည်ဟု ကချင်ငြိမ်းချမ်းရေးအကျိုး ဆောင် လမိုင်းဂွန်ဂျာက မဇ္ဈိမကို ပြောသည်။

ကချင် ဓမ္မသဘင်ပွဲတော်မှာ သန်းခေါင်းစာရင်း ကောက်ယူမည်

(RFA)

ကချင် လူမျိုး သောင်းနဲ့ ချီတက်ရောက် မယ့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကချင်နှစ်ချင်း ခရစ်ယာန် အဖွဲ့ချုပ် သင်းလုံးကျွတ် ဓမ္မသဘင်မှာ ပြည်လုံးကျွတ် သန်းခေါင်း စာရင်း ကောက်ယူ သွား မှာဖြစ်တယ် လို့ ဓမ္မသဘင် ပွဲတော် ဖြစ်မြောက်ရေးကော်မတီက ဒီကနေ့ ပြော လိုက် ပါတယ်။

ဥရုဆိုင်းမော်နယ် ကချင်နှစ်ခြင်းအသင်းတော်များ အဖွဲ့ချုပ်က ဦးစီးပြုလုပ်မယ့် ၃၇ ကြိမ်မြောက် သင်းလုံးကျွတ်ဓမ္မသဘင်ကို ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်နဲ့ မဇွပ်ယန်ကျေးရွာနားမှာရှိတဲ့ ကွင်းပြင်မှာ ဒီလ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့ အထိ ၃ ရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ရွှေတူးနေတဲ့ ခိုးဝင် တရုတ်နိုင်ငံသား ၄၁ ဦးကို ဖမ်းဆီး

(RFA)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ရှငေါ်ကျေးရွာ အနီး မေခမြစ်ထဲမှာ တရားမဝင်လာရောက် ရွှေ တူးဖော်နေတဲ့ တရုတ်နိုင်ငံသား ၄၁ ဦးကို ဒီလဆန်းပိုင်းက ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေးဦးစီးဋ္ဌာနက ဒီကနေ့ ပြောလိုက်ပါတယ်။

အဲဒီ တရုတ်နိုင်ငံသား ၄၁ ဦးကို ဝိုင်းမော်နဲ့ မြစ်ကြီးနား အမှတ် ၁ ရဲစခန်းမှာ ဖမ်းဆီးထားပြီး လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ ၁၃(၁) နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေးဦးစီးဋ္ဌာန ညွှန်ကြားရေးမှူး ဦးဝင်းလွင်က RFA ကိုပြောပါတယ်။

KIA တပ်ဖွဲ့ဝင် ၂ ဦး အစိုးရတပ် ပစ်သတ်ခံရ

(ကချင်သတင်းဌာန)

ကချင် လွပ်လပ်ရေး တပ်မတော် (KIA) ဗိုလ်ကြီး Lahpai Zau Awng နှင့် တပ်ကြပ် Labya Seng Ja တို့ ၂ ဦးအား မြန်မာ အစိုးရတပ်မှ မြစ်ကြီးနား- ဗန်းမော် လမ်း နမ်ဆန်ကျေးရွာ အနီး မတ် ၁၃ ကြာ သပတေးနေ့ ညနေ က ပစ်သတ် ခဲ့ကြောင်း KIA အရာရှိများ အတည်ပြုပြော သည်။

၎င်းတို့ ၂ ဦးသည် ကချင်လွပ်လပ်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ်နယ်မြေ လုံခြုံရေးတပ်ဖွဲ့ KIA တပ်မဟာ (၅) လက်အောက် တပ်ရင်း (၁၈) ဒေသ Law Hkum Bum စခန်းမှဖြစ်ပြီး ပုံမှန်ဖြတ်သန်းနေကျ နေရာ ဂျာထရွာ (Ja Hta) သို့အသွား အစိုးရတပ် တပ်မ ၃၃ နေရာတွင် တပ်အပြောင်းအလဲဖြင့် ရောက်ရှိလာသော မိုးကောင်း စခက (အမှတ်-၃ စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်) တပ်နှင့် ထိပ်တိုက်တွေ့ဆုံပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

KDP ကို ‘ကချင်အမျိုးသား အားလုံးပါဝင်သော နိုင်ငံရေးပါတီကြီး’ အဖြစ် ပြောင်းလဲဖွဲ့စည်း

(ကချင်သတင်းဌာန)

ကချင် ဒီမိုကရက် တစ် ပါတီ (KDP) သည် ကချင်ပြည်သူများလက်သို့ မတ် ၁၃ နေ့က အပ်နှံခြင်းပြုလုပ်ပြီးနောက် ကချင်အမျိုးသားများ အားလုံးပါဝင်သော ‘ကချင်နိုင်ငံရေးပါတီကြီး’ အဖြစ် ကချင်လူမှုအဖွဲ့အစည်းများနှင့် သဘောတူ ဖွဲ့စည်းလိုက်သည်။

မဒီရာဟိုတယ်တွင် ကချင်ပါတီများ ၁ ခုတည်း ပေါင်းစည်းရေး ဦးဆောင် စည်းရုံးလုပ်ဆောင်နေသည့် ဖားကန့်မြို့နယ် ပြည်သူ့အသံထုတ်ဖော်ရေးအဖွဲ့မှ ကြီးမှူးပြုလုပ်သော မြစ်ကြီးနားမြို့ ကချင်လူမှုအဖွဲ့အစည်းအသီးသီးမှ လူ ၃၀ ကျော်နှင့် ၂ နာရီကျော်ကြာ အစည်းဝေးတွင် ဆွေးနွေး၍ KDP (Kachin Democratic Party) ကို ပြန်လည်ပြောင်းလဲဖွဲ့စည်းခြင်းဖြစ်ကြောင်း တက်ရောက်သူများကပြောသည်။

Tuesday, March 18, 2014

တအန်းဒေသသို့ ထိုးစစ်ဆင်လာသည့် မြန်မာတပ်မ (၇၇) နှင့် T.N.L.A တိုက်ပွဲဆက်လက်ဖြစ်ပွား

၁၈ ရက် မတ်လ ၂၀၁၄


တအန်းဒေ သ၊ တအန်း တပ်မတော် အခြေခံ စစ် နယ်မြေအား ထိုးစစ်ဆင် လာသည့် မြန်မာ့ တပ်မတော် တပ်မ (၇၇) စစ်ကြောင်းနှင့် တအန်း တပ်မတော်၏ ဗျူဟာ (၂) လက်အောက် ခံ တပ်ရင်း (၇၁၇) တပ်ဖွဲ့တို့ ကျောက်မဲမြို့နယ် ကျောက်ဖြူ ရွာနှင့် ပန်လုံ(ပန်လော)ရွာ ကြား တွင် ယနေ့ မတ်လ ၁၇ ရက် ၁၈း၀၀ နာရီ အချိန်ခန့်မှ ၁၈း၃၀၀ နာရီခန့် ထိ နာရီ ဝက်ကျော်ကြာ ရင်ဆိုင် တိုက်ပွဲဖြစ် ပွားခဲ့သည်။

ကျေးရွာအုပ်ချုပ်ရေးမှူးမှ သဲကျောက်ထုတ်လုပ်ရေး အမည်ခံပြီး စက်ယန္တယားဖြင့် တရားမဝင်ရွှေတူး

(Kachin Waves)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် နှင့် အာလမ်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးမှ မြစ်ကြီးနားမြို့နှင့် ၁၁ မိုင်အကွာ အာလမ်ကျေးရွာအုပ်စု လမုန်ဇွပ် ကျေးရွာအတွင်း ဧရာဝတီမြစ်ကမ်းဘေးရှိ ၎င်းမှ သဲကျောက်ထုတ်လုပ်ခွင့် ရရှိထားသော လုပ်ကွက်မြေပေါ်တွင် သဲကျောက်ထုတ်လုပ်သည်ဟုအမည်ခံကာ စက်ယန္တရားဖြင့် တရားမဝင်ရွှေတူးဖော်လျက်ရှိကြောင်း လမုန့်ဇွပ်ကျေးရွာ ဒေသခံများထံမှ သတင်းရရှိသည်။

ဗိုလ်ချုပ်ဂွန်မော် ချင်းမိုင်မြို့တွင် ဆေးကုသမှုခံယူနေ

ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဆေးဝါး ကုသမှု ခံယူ နေရကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) တွဲ ဖက်အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
ဗိုလ်ချုပ်ဂွန်မော်သည် ပြီးခဲ့သည့် တစ်လခန့်ကပင် ချင်းမိုင်မြို့တွင် ရောက်ရှိနေပြီး ကျန်းမာရေးစစ်ဆေးမှု ခံယူနေသည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာကဆိုသည်။
         

KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အကျယ်ချုပ် ချထားခြင်း မရှိဟုဆို

(The Voice Weekly)

KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကို KIO အဖွဲ့က အကျယ်ချုပ် ချထားခြင်း မရှိကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် PCG အဖွဲ့ဝင် ဦးခွန်အောင်က The Voice သို့ ပြောကြားသည်။
ဗိုလ်ချုပ်ဂွမ်မော်ကို KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အင်ဘန်လက မတ်လ ၆ ရက်နေ့မှ စတင်ကာ အကျယ်ချုပ် သဘောဖြင့် စောင့်ကြည့်နေကြောင်း ပြည်တွင်းအွန်လိုင်း မီဒီယာအချို့တွင် ရေးသား ဖော်ပြမှုများနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

တရားမ၀င် ၀င်ရောက်မှုဖြင့် ဖမ်းဆီးထားသည် တရုတ်နိုင်ငံသား (၄၁) ယောက် အား အမှုဖွင့်

(Kachin Waves)

တရား မ၀င်ရွှေ တူးဖော်နေ သည့် သဖြင့် ဖမ်းဆီးခံ ထားရသော တရုတ် အမျိုးသား (၄၁) ဦး အား ၂၀၁၄ ခုနှစ် မတ် လ ၁၆ ရက်နေ့ တွင် လ.၀.က အက်၁၃(၁) ဖြင့် ဆဒုံးမြို့ နယ်ခွဲ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

“လောလောဆယ်တော့ တရားမ၀င် ၀င်ရောက်တဲ့အတွက် လ၀ကအက်နဲ့ တရား စွဲထားတယ်။ စစ်ဆေးပြီးအမှုထပ်ပေါ်လာရင်ထပ်ဖွင့်မယ်။ ပြစ်မှုကတော့ စစ်ဆေးမှုအပေါ်မှာမူတည်မယ်။” ဟု ပြည်နယ်ရဲတပ်ဖွဲ့ မှူးရုံးမှအထက်တန်းအရာရှိမှပြောသည်။

Monday, March 17, 2014

ဦးသိန်းစိန် ကချင် ခရီးစဉ် ဒေသခံများဆန္ဒ အပြည့်အစုံ တင်ပြခွင့်မရ

(Irrawaddy)

သမ္မတ ဦးသိန်းစိန် ၏ ပထမ ဆုံး ကချင်ပြည်နယ် ခရီးစဉ် အတွင်း ဒေသခံပြည် သူများ က ၎င်းတို့ ၏ လိုအပ်ချက်၊ ဆန္ဒ သဘော ထားများ ကို အပြည့်အစုံ တင်ပြခွင့် မရကြောင်း ပြောဆိုကြသည်။

သမ္မတ ဦးသိန်းစိန် အနေဖြင့် ကချင်ဒေသသို့ လာရောက်သည်ကို ကြိုဆိုကြောင်း၊ သို့သော် ပြည်သူလူထု တင်ပြသည့် ဆန္ဒ သဘောထားများကို အချိန်ပေး နားထောင်၍ ရှင်းပြရန် လိုအပ်သည်ဟု ယူဆကြောင်း၊ ကချင်ပြည်သူများ တင်ပြမည့် အကြောင်းအရာ အများအပြားရှိကြောင်း ကချင်ဒေသခံနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ဧရာဝတီကို ပြော သည်။

ကချင်ကုတ်နံပါတ် ၁၀၁ ထည့်ကြရန်အမြင်ဖွင့်မှုစတင်

အမွန်း သတင်း - သန်းခေါင်စာရင်း သတင်း

ကချင် ၁၀၁ အမြင်ဖွင့်ကော်မတီမှ ဦးဆောင်ကာ ခရစ်ယာန် ဘာသာရေးဂိုဏ်းအသီးသီးမှ ခေါင်းဆောင်များနှင့် ပူးပေါင်းပြီး ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ခံရာတွင် ကချင်လူမျိုးသင်္ကေတ ကုတ်နံပါတ် ၁၀၁တွင် ထည့်ရန်အတွက် လက်ကမ်းစာစောင်များကို မတ်လ(၁၅)ရက်နေ့တွင် ကချင်ပြည်နယ် တစ်ပြည်လုံးအတိုင်း အတာဖြင့် ဖြန့်ဝေနေကြောင်း သိရသည်။

တပ်မတော်နှင့် အစိုးရ တစ်သားတည်းဖြစ်ရန် ကြိုးပမ်းနေဟု သမ္မတပြော

(Mizzima)

တပ်မတော် အနေဖြင့်  ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များ အပေါ် နိုင်ငံတော် အစိုးရနှင့် တသား တည်းရှိပြီး ဟန်ချက် ညီညီ အကောင် အထည်ဖော် ရန် ကြိုးပမ်းနေ သည်ဟု သမ္မတ ဦးသိန်းစိန်က ကချင်ပြည်နယ် မြစ်ကြီး နားမြို့၌ မတ်လ ၁၆ ရက် တွင် တိုင်းရင်း သားပြည်သူများနှင့် တွေ့ဆုံ စဉ် ပြောကြားခဲ့ သည်။

Sunday, March 16, 2014

ဝေးနေဦးမည့် အပစ်အခတ်ရပ်စဲရေး

(KIC)

တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ရေး အဘယ့်ကြောင့် နှောင့်နှေးကြန့်ကြာနေရသနည်း။ ယင်း အတွက် မည်သူ့တွင် တာဝန်ရှိသနည်း။ မူမမှန်သဖြင့် ယခုကဲ့သို့ ကြန့်ကြာနေရခြင်းဖြစ်ပြီး အစိုးရတွင် တာဝန်ရှိပါသည်။ 

ယခုအခါ စာချုပ်(မူကြမ်း) ရေးဆွဲရေးအတွက် ကိုယ်စားလှယ်အရေအတွက် အညီအမျှ ပါဝင်သော “ပူးတွဲရေးသားပြုစုရေး လုပ် ငန်းအဖွဲ့”ကို ဖွဲ့စည်းခဲ့ကြပြီဖြစ်သည်။ စာချုပ်(မူကြမ်း)ကို အခန်း ၇ခန်းဖြင့် ရေးဆွဲသွားမည်ဟု ဆိုသည်။ အပစ်အခတ် ရပ်စဲရေး စာချုပ်(မူကြမ်း)ကိုပင် ဤမျှ အကြိမ်ကြိမ် ရွှေ့ဆိုင်း၊ အချိန်ယူနေကြသဖြင့် “နိုင်ငံရေးဆွေးနွေးပွဲ”သည် ထိုထက်မက အချိန်ကြာ ဇာတ်မျောနေပေတော့မည်။