Friday, March 14, 2014

စစ်အစိုးရ ၏ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အပေါ် နိုင်ကွက် ပရိယာယ် ဆင်နွှဲခဲ့ပုံ

ရွှေဟင်္သာသတင်းဌာန 
 
အနိုင် ယူခြင်း သည် မှန်ကန်ခြင်း၊ မမှန်ကန်ခြင်း အပေါ် အခြေတည် ခဲ့သည် မဟုတ်ပေ။ အနိုင်ရမှု သည် လည်း မှန် ကန် သည့် ရည်ရွယ်ချက် ကြောင့် ရခဲ့ လျှင် မြင့်မြတ် သည်ဟု ဆိုနိုင်သော် လည်း လက်ရုံးရေ နှလုံးရေ အားမတန်မှု ကြောင့် မှန်သော်လည်း ကျဆုံးခဲ့ရ သည်လည်း ရှိပါသည်။
တိုင်းရင်းသား များ၏ တန်းတူ အခွင့် အရေး ရရှိမှု သည် အမှန်လို အပ်ပြီး တရားသော လိုအပ်မှုလည်း ဖြစ်ပါသည်။ သို့သော် ယနေ့အထိ မရရှိသေးပေ။ ဤနေရာတွင် သဘာဝ ကျကျဆန်းစစ် ရန် လိုအပ်နေပါသည်။

လွတ်လပ်ရေး တိုက်ပွဲသည် မြန်မာ တနိုင်ငံလုံး ရှိ လူမျိုးအားလုံး ပါဝင်သည်။ ဤအထဲတွင် ဗမာလူမျိုးသည် အများစု တိုက်ပွဲ ၀င်ခဲ့ကြသဖြင့် လွတ်လပ်ရေး ရသောအခါ အာဏာ အများစုသည် ဗမာလူမျိုး လက်ထဲတွင် ရှိသွားပါသည်။ ဤသို့ကြောင့် နိုင်ငံတော် အာဏာ လက်ထဲ ရှိရေးတွင် ဗမာ့နိုင်ငံရေး သမားများက တိုင်းရင်း သား နိုင်ငံရေး သမား များထက် အားသာပါသည်။

သန်းခေါင်စာရင်းကြောင့် ပယင်းမှော်ပိတ်။

(Kachinwaves)

ကချင်ပြည်နယ် တနိုင်းမြို့ နယ်ရှိ ကချင်လွှတ်မြောက်ရေးအဖွဲ့  (ကေအိုင်အို) ထိန်းချုပ်နေမြေဒေသတွင်ရှိနေသော ပယင်းမှော်များတွင် လုပ်ကိုင်နေကြသည့်သူများကို သန်းခေါင်စာရင်းထည့်ရန် မိမိနေရပ်သို့ မတ်လဆန်းပိုင်းမှစတင်ကာ ပြန်ခိုင်းနေပြီဖြစ်ကြောင်း တနိုင်းဒေသခံကိုနော်ဆိုင်းက ပြောသည်။

တနိုင်းဒေသခံ ကိုနော်ဆိုင်းက “မှော်မှာလုပ်ငန်းလုပ်နေတဲ့သူတွေ ကိုယ်ရဲ့ နေရပ်ကို ပြန်ပြီး သန်းခေါင်စာရင်းထည့်ဖို့ပြောတဲ့အတွက် ပယင်းမှော်မှာ လုပ်နေတဲ့သူတွေ အကုန်လုံးနီးပါ ပြန်ကြပြီ” ဟု ပြောသည်။

CPI ကုမ္ပဏီမြန်မာနိုင်ငံမှ အပြီးပိုင်ထွက်ခွာသွားရန် ဆန္ဒပြ

(Kachinwaves)

မြစ်ဆုံ စီမံကိန်း လုံဝ ရပ်ဆိုင်းသွား ရန်နှင့် ထိုစီမံကိန်းအား လုပ်ဆောင်နေ သည့် တရုတ် CPI ကုမ္ပဏီ မြန်မာပြည်မှ လုံးဝ ထွက်ခွာ သွားပေးရန် မြန်မာ တနိုင်ငံလုံးရှိ လူမှု အဖွဲ့အစည်းပေါင်း (၃၂)ဖွဲ့ နှင့် ကချင်ပြည် နယ်ရှိ ဒေသခံ အဖွဲ့အစည်း များ မြစ်ဆုံဒေသ ခံပြည်သူ များမှ ကချင်ပြည် နယ်မြစ်ကြီး နားမြို့ရှိ CPI ရုံးများ တွင် ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။

၂၀၁၄ ခုနှစ် မတ်လ ၁၄ နှစ်နေ့တွင်ကျရောက်သည့် ကမ္ဘာ့မြစ်ချောင်းများနေ့ (International River Day) တွင် ကချင်ပြည်နယ်မြစ်ကြီးနားမြို့စီတာပူရပ်ကွက်ရှိ CPI ကုမ္ပဏီရုံး၊ ဒွမ်ဂန် CPIရုံး၊ ကျိန်ခရန်မြစ်ဆုံစီမံကိန်းရုံး၊ အောင်မြင်သာစံပြကျေးရွာသစ်နှင့် မြစ်ဆုံ(တန်ဖရဲ)တို့တွင် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

Thursday, March 13, 2014

မေခမြစ်တွင် တရားမ၀င် ရွှေတူးဖော်နေသည့် တရုတ်နိုင်ငံသား (၄၁) ဦးအား ဖမ်းဆီး

(Kachinwaves)

ဝိုင်းမော်မြို့နယ် ရှ ငေါ်ကျေးရွာနှင့် မန်ဒေါင်ကျေးရွာအနီးတွင် တရားမ၀င်ရွှေတူးဖော်နေသည့် တရုတ်အမျိုး သား (၄၁) ဦးအား ၂၀၁၄ မတ်လ  (၈) ရက် နှင့် (၉) ရက်အတွင်း ဖမ်းဆီး ရမိကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

‘လ၀က ကနေစစ်ဆေးနေတယ်။ အမှုဖွင့်ဖို့ စီစဉ်ဆောင်ရွက်နေတယ်။”ဟု ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ထိပ်တန်းအရာရှိ တစ်ဦးမှဆိုသည်။
ဝိုင်းမော်တပ်ရင်း ခလရ (၅၈)၊ မြစ်ကြီးနားခရိုင်ရဲတပ်ဖွဲ့၊ ၀ိုင်းမော်မြို့နယ်လူဝင်ကြီးကြပ်ရေးအဖွဲ့ နှင့် ၀ိုင်းမော်မြို့နယ် သတ္တုတွင်းဌာနအဖွဲ့တို့မှ ပူပေါင်းပြီး သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

တရုတ်သို့ သစ်မှောင်ခို ခိုးထုတ်မှု မြန်မာ အစိုးရစစ်တပ် လာဘ်ယူ ခွင့်ပြုဟု KIO ပြော

(Irrawaddy)

ကချင်ပြည်နယ်မှ တရုတ်နိုင်ငံတွင်းသို့ သစ်မှောင်ခို ခိုးထုတ်မှုများတွင် မြန်မာ အစိုးရစစ်တပ်များ ပါဝင် ပတ်သက် နေပြီး မှောင်ခိုသမား များထံမှ လာဘ်ငွေယူကာ သစ်မှောင်ခို ခိုးထုတ်မှုများကို အစိုးရ စစ်တပ်က ခွင့်ပြုပေးနေကြောင်း ကချင် လွတ်မြောက်ရေး အဖွဲ့(KIO) ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ဧရာဝတီသို့ ပြောသည်။

တရုတ်ကုမ္ပဏီကို မြစ်ဆုံဒေသခံ ၁၀၀၀ ကျော် ဆန္ဒမဲထည့်ပြီး ကန့်ကွက်

(DVB)

ကချင်ပြည် နယ်က  မြစ်ဆုံ ဆည် စီမီကိန်းနဲ့ ပတ်သက်ပြီး တရုတ် စီပီအိုင် ကုမ္မဏီရဲ့ ထုတ်ပြန် ချက်တွေ ကို လက်မခံတဲ့ အနေနဲ့ ဒေသခံ ရွာသား ၁၀၀၀ ကျော်က ဆန္ဒမဲထည့်ပြီး ကန့်ကွက်ခဲ့ပါတယ်။ 

တရုတ်စွမ်းအင် ကုမ္ပဏီ စီပီအိုင်ရဲ့ ထုတ်ပြန်ချက်တွေ မှာ မြစ်ဆုံဆည်စီမံကိန်း တည်ဆောက်ဖို့အတွက် ဒေသခံ ၈၀ ရာခိုင်နှုန်းက ထောက်ခံနေပြီး မြစ်အောက်ပိုင်းဒေသခံတွေကသာ မထောက်ခံခြင်းဖြစ်တယ်လို့ ပါရှိနေတဲ့အတွက် ထောင်နဲ့ ချီတဲ့ ဒေသခံတွေက မတ်လ ၁၂ ရက်နေ့က ဆန္ဒမဲပေးပြီး ကန့်ကွက်လိုက်တာပါ။

ရှမ်းစာပေသင်တန်းဆရာမ အပါအ၀င် ရွာသားများ ဖမ်းဆီးခံရ

(DVB)

ကချင်ပြည် နယ် ဗန်းမော် ခရိုင် ထဲမှာ ရှမ်းစာပေ သင်တန်း ဆရာမ တဦးနဲ့ ကျားဖြူပါတီဝင်တဦး အပါအ၀င် ရှမ်းရွာသား ၇ ဦးကို ကချင် လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) က ဖမ်းဆီးခေါ်ဆောင် သွားခဲ့တယ်လို့ ရှမ်းမျိုးနွယ် စုရေးရာအဖွဲ့က ပြောပါတယ်။ 

ဗန်းမော်ခရိုင် မန်စီမြို့နယ်ထဲက ရှမ်းရွာသား ၇ ဦးကို ကေအိုင်အေတပ်က မတ်လ ၁၁ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ အဲဒီဒေသမှာ နွေရာသီရှမ်းစာပေသင်တန်း ဖွင့်လှစ်ရေးကိစ္စနဲ့ နယ်လှည့်ဆောင်ရွက်နေတဲ့ ဗန်းမော်ခရိုင် ရှမ်းလူငယ်ခေါင်းဆောင် စိုင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။

မြစ်ဆုံစီမံကိန်းအား ကန့်ကွက်ကြောင်း ဒေသခံပြည်သူများ ဆန္ဒမဲကောက်ယူ

(Kachin Waves)

မြစ်ဆုံစီမံကိန်း အား ဒေသ ခံပြည်သူများ ကန့်ကွက်ကြောင်း ခိုင်မာ သည့် သက်သေပြသနိုင်ရန် ဆန္ဒ မဲကောက်ယူမှု အစီအစဉ်အား မတ်လ (၁၂) နေ့တွင် ပြုလုပ်ခဲ့ရာ တစ်ထောင့် နှစ်ရာ (၁၂၀၀) ၀န်းကျင်မှ ထောက်ခံမဲ တစ်ထောင့်တစ်ရာ (၁၁၀၀) ၀န်းကျင်ရရှိခဲ့ကြောင်း ဦးဆောင်သူ တစ်ဦးထံမှ သတင်းရရှိသည်။

ယနေ့အစီအစဉ်တွင် ကန့်ကွက်မဲ (၃၀) ကျော်သာ ရရှိခဲ့ပြီး မဲ(၄၀) ကျော်မှာ ပယ်မဲဖြစ်ခဲ့ကြောင်းလည်း ဆိုသည်။

One flower စီကရက်စက်ရုံကြောင့် မိုင်ဂျာယန်ဒေသခံများ ကျန်းမာရေးထိခိုက်မည်ကို စိုးရိမ်

(Kachin waves)

တရုတ်ပြည် နယ်စပ် ကချင်ပြည် နယ် မိုင်ဂျာယန်မြို့ လယ်ရှိ one flower စီ ကရက် ဆေး လိပ် ကုမ္ပဏီ မှ ထွက်ရှိသည့် အငွေ့ ကြောင့် ဒေသ ခံပြည်သူ များ ကျန်မာရေး ထိခိုက်မည်ကို စိုးရိမ်နေ ကြကြောင်း သတင်း ရရှိသည်။

မိုင်ဂျာယန်မြို့ သည် ကေအိုင်အေ တပ်မဟာ(၃) အခြေချနေ ထိုင် သည့် မြို့ဖြစ်ပြီး ယခုစက်ရုံအားတရုတ်ကုမ္ပဏီမှ လာရောက်ဖွင့်လစ်ထားခြင်းဖြစ်ကြောင်းလည်းသိရသည်။ စီကရက်အား ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် အဓိကဖြန့်ချီလျှက်ရှိသည်။

Wednesday, March 12, 2014

အစိုးရ ဦးဆောင်ဖွဲ့စည်းထားသော MPC ကို အယုံအကြည်မရှိကြောင်း တိုင်းရင်းသား အဖွဲ့များဖြစ်သည့် NCCT နှင့် NBF အဖွဲ့များပြောကြား

(Eleven Media Group)



MPC ဟာ အစိုးရနဲ့ သမ္မတရဲ့ အကျိုးဆောင်ပဲ ဖြစ်တယ်။ တိုင်းရင်းသားအကျိုး လုံးဝမပါတဲ့အတွက် ခင်ဗျားတို့ကို ကျွန်တော်လုံးဝ အယုံအကြည် မရှိဘူး။ ပွင့်ပွင့်လင်းလင်း ပြောပါဆိုတော့ ကျွန်တော်တိုင်းရင်းသား ရင်ထဲကနေ ပြောပါတယ်။ အဲတော့ ခင်ဗျားတို့ ကျွန်တော်တို့ကို ယုံကြည်စေဖို့ . . . . .
 
 အစိုးရ ဦးဆောင်ဖွဲ့စည်းထားပြီး ငြိမ်းချမ်းရေးလုပ်ငန်းများကို ကြားခံဆောင်ရွက်နေသည့် ရန်ကုန်မြို့ရှိ Myanmar Peace Center အပေါ် အယုံအကြည် မရှိကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များပါဝင်သည့် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT) နှင့် တိုင်းရင်းသားပါတီ ၂၀ ဖြင့် ဖွဲ့စည်းထားသော ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF)  အဖွဲ့တို့က ပြောကြားသည်။

Tuesday, March 11, 2014

ဂျေယန့်ဒုက္ခသည်များ မိမိနေအိမ်များပြုပြင်နေ

(ကချင်သတင်းဌာန)

ကချင် လွတ်လပ်ရေး အဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာ အနီးရှိ ဂျေယန့်ဒုက္ခသည် စခန်းတွင် နေအိမ် ၆၀၀ ကျော် ပြုပြင်ရန် လိုအပ် လာသောကြောင့် ဒုက္ခသည် များ မိမိ တတ်နိုင် သမျှဖြင့် ပြုပြင်နေကြောင်း သိရသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပျက်စီးယိုယွင်းနေသော ဒုက္ခသည်နေအိမ်များကို ပြုပြင်ပေးမည်ဟု ပြောဆိုထားသော်လည်း လက်ရှိနေထိုင်မှုတွင် ခက်ခဲမှုရင်ဆိုင်နေရသောကြောင့် ဒုက္ခသည်များကိုယ်တိုင်ပြုပြင်နေခြင်းဖြစ်သည်ဟု စခန်းမှသိရသည်။

Monday, March 10, 2014

ကချင် ကျောက်မျက်အချောထည်ဈေး ဧပြီလကုန်မှသာ ဖွင့်လှစ်နိုင်မည်

(Mizzima)

ကုန်ချောထုတ်လုပ်ရန် အခက်အခဲ များစွာရှိနေခြင်းကြောင့် ကချင်ပြည်နယ်မှ ကျောက်မျက် အချောထည် ဈေးကို ဧပြီလကုန်ပိုင်းမှသာ စတင်ဖွင့်လှစ်နိုင်မည်ဟုကချင်ပြည်နယ် ကျောက်မျက်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးသောင်းကြည်က မတ်လ ၆ ရက်တွင် မဇ်္ဈိမကို ပြောကြားလိုက်သည်။

အဆိုပါ ကျောက်မျက်အချောထည် ဈေးမှာ တည်ဆောက်မှုပိုင်းတွင် ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်သည်ဟု ယင်းက ပြောသည်။ ဦးသောင်းကြည်က “ဧပြီလကုန်မှာတော့ တကယ် ဖွင့်လှစ်နိုင်တော့မှာပါ။ ပြခန်း လုပ်ငန်းရှင်တွေအနေနဲ့ ဈေးမှာ တင်သွင်းရောင်းချမဲ့ ကုန်ချောတွေကို ထုတ်ဖို့ ကုန်ကြမ်းရရှိမှုက လေလံ အောင်တဲ့ ကျောက်မျက်တွေကိုပဲ အဓိကထားနေရတော့ ဖွင့်လှစ်ဖို့ မှန်းထားတဲ့အချိန်ထက် နောက်ကျနေ တာပါ” ဟုပြောသည်။

တနိုင်ငံလုံး အပစ်ရပ် စာချုပ်မူကြမ်း ပြုစုရေး ပဏာမ သဘောတူ

(Irrawaddy)

အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) ကိုယ်စားလှယ်များက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် မူကြမ်းတခုကို အခန်း ၇ ခန်းဖြင့် ပြုစုရေး သား ရန် ပဏာမ သဘောတူလိုက်ကြောင်း သိရသည်။

စာချုပ်မူကြမ်း၌ ဦးတည်ချက်နှင့် ရည်ရွယ်ချက်၊ အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ကိစ္စရပ်များ၊ အပစ်အခတ်ရပ်စဲရေးကို ခိုင်မာစေရန် လုပ်ဆောင်ရမည့် နည်းလမ်းများ၊ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များ၊ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရ မည့် လုပ်ငန်းစဉ်များ စသည့် အခန်းများ ပါဝင်ကြောင်း ယနေ့ ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Muse Myen Balik ni, Salang Lasang Awng War a Hpaida Wang sa zing la ya.

(by-Kachinnet)


Lahta Sammung Muse (105) miles kaw hpaw da ai Salang Lasang Awng Wa a hpaida dabang hpe Muse Balik ni 2014 ning March (7) ya shana hkying (06:30) pm ten daram hta B.E mawdaw (3) hte sa zing la kau ai lam hpe chye lu ai.

တနိုင်ငံလုံးအပစ်ရပ်ရေး သဘောတူနိုင်ဖို့ အကြို ညှိနှိုင်း

(VOA)

မန်မာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား တနိုင်ငံလုံး အတိုင်း အတာနဲ့ အပစ်အခတ် ရပ်စဲနိုင်ရေးမှာ ကြန့်ကြာနေရ တဲ့ အချက်တွေကို ဒီကနေ့ ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အစိုးရပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယ ရှေ့နေချုပ်၊ စစ်ဘက်ဆိုင်ရာ အရာရှိတွေနဲ့ လွှတ်တော် တာဝန်ရှိသူတွေပါ တက်ရောက်ခဲ့ကြတဲ့ ဒီဆွေးနွေးပွဲဟာ နေပြည်တော်မှာကျင်းပမယ့် တနိုင်ငံလုံး အပစ်အခတ်ရေးဆိုင်ရာ လက်မှတ်ရေးထိုးပွဲအဆင့်ကို ရောက်ဖို့အတွက် ပြင်ဆင်တဲ့ အကြို ညှိနှိုင်းဆွေးနွေးပွဲဖြစ်တာကြောင့် အရေးပါတယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်း က တင်ပြပေးထားပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းနှင့်ပတ်သက်၍ ကချင်အဖွဲ့အစည်းများ၏ ရပ်တည်ချက်

Sunday, March 9, 2014

အစိုးရတပ် KIA လွယ်ခမ့်စခန်းသို့ တိုက်ခိုက်

(ကချင်သတင်းဌာန)

ရှမ်းပြည်မြောက်ပိုင်း ကချင်လွပ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ (၄) နမ်ဆန်မြို့နယ် တပ်ရင်း (၃၄)ရှိ လွယ်ခမ့်စခန်းအား မတ်လ ၂ ရက်နေ့ နံနက် ၈ နာရီချိန်တွင် အစိုးရတပ် တပ်မ (၇၇) မှ စစ်ကြောင်း အင်အား ၁၀၀ ကျော်ဖြင့် တိုက်ခိုက်သိမ်းပိုက် ခဲ့ကြောင်းသိရသည်။

ထိုသို့ အစိုးရစစ်ကြောင်းများ KIA တပ်ရင်း (၃၄) စခန်းအနီးသို့ KIA ပြည်သူ့စစ်တပ်ဖွဲ့ (MHH) မှ တပ်ဖွဲ့ဝင်များ မရော်ကမ်လီ (Maraw Kam Li) နှင့် ၆ ယောက်သာ ရှိနေစဉ် အစိုးရစစ်ကြောင်းများ ဝင်ရောက်လှုပ်ရှားလာခြင်းကြောင့် မိနစ် ၃၀ ကျော်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၄င်း KIA လွယ်ခမ့် စခန်းကို နောက်ဆုတ်လိုက်ရခြင်းဖြစ်သည်ဟု KIA တပ်မဟာ ၄ မှ အတည်ပြုပြောဆိုခဲ့သည်။