Saturday, March 1, 2014

ပူတာအိုမြို့ နယ် သန်းခေါင်စာရင်းကောက်ခံမည့် ရက်ရွေ့ဆိုင်း။

(Kachinwaves)

ကချင်ပြည်နယ် ပူတာအိုမြို့ နယ်တွင် ၂၀၁၄ ခုနစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ခံရာတွင် သန်းခေါင်စာရင်းဗဟိုကော်မတီမှ နေမြေဒေသအခြေအနေကြောင့် လာမည့် မတ်လ(၁)ရက်နေ့တွင် ကြိုတင်သန်းခေါင် စာရင်းကောက်ခံရန် သတ်မှတ်ထားသော်လည်း မကောက်ဖြစ်ကြောင်း ပူတာအိုဒေသခံ တစ်ဦးကပြောသည်။

၎င်းက “ရက်ရွေ့လိုက်တယ် ဆိုတာဘဲကြားတယ်၊ ဘာကြောင့် ရွေ့ဆိုင်းတယ်ဆိုတာ လ၀က နဲ့လည်းအဆက် အသွယ်မရသေးဘူးဆိုတော့ အတိအကျ မသိသေးဘူး”ဟုပြောသည်။

ကေအိုင်အေ တပ်ရင်း(၂၆) နယ်မြေခံ ဆက်ဆံရုံးအား မြန်မာတပ်မှ ၀င်ရောက်တိုက်ခိုက်


by Myu Tsaw Kasa

ကေ အိုင်အေ တပ်မ ဟာ(၂) တပ်ရင်း(၂၆) နယ်မြေ နောင်လွတ် ခရိုင် ( Nawng Lut Ginwang ) ဆယ်ဇင် အခြေစိုက် ကေအိုင်အေ နယ်မြေခံ ဆက်ဆံရေး ရုံး အား ဖေဖော်ဝါရီ (၂၆)ရက်နေ့ က ဒု တပ်ရင်းမှုး ရာဇာ ထွန်း ဦးဆောင်သော တပ်မ (၉၉) လက်အောက် ခံ ခမရ(၆) တပ်မှ တပ် အင်အား (၂၀)ခန့် ဝင်ရောက် စီးနင်းတိုက်ခိုက် ခဲ့ကြောင်း သိရ သည်။ စီးနင်း တိုက်ခိုက် မှုကြောင့် ကေအိုင်အေ မျိုးချစ်စစ်သည် တစ်ဦး ကျဆုံးပြီး အရပ်သား တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်းထပ်မံ သိရသည်။

ကျောက်စိမ်းမဟုတ်သည့် ကျောက်တုံးကြီး နေပြည်တော်သို့ ပို့ရန် စီစဉ်နေ

by 7 Day News

ဖားကန့်ဒေသတွင် တွေ့ရှိခဲ့သည့် ကျောက်စိမ်းတုံးကြီးမဟုတ်ဘဲ ကျောက်တုံးကြီးအဆင့်သာရှိသည့် ကျောက်တုံးကြီးကို သတ္တုတွင်းဝန်ကြီးဌာန လုံးခင်း ကျောက်စိမ်းတူးဖော်ရေးဌာနမှ ခေတ္တထိန်းသိမ်းထားပြီး နေပြည်တော်သို့ ပို့ရန် စီစဉ်နေကြောင်း အထက်ပါဌာနမှ သတင်းရရှိသည်။

‘‘ပြည်နယ်အစိုးရက ဖွဲ့ထားတဲ့ ကျောက်စိမ်းတုံးသယ်ယူပို့ဆောင်ရေးအဖွဲ့ရှေ့မှာ ချိတ်ပိတ်ပြီး ဝေခါကျောက်မှော်ကနေ အခု လုံးခင်းကို ရောက်နေပါပြီ’’ဟု လုံးခင်းကျောက်စိမ်းတူးဖော်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး (Nationwide Ceasefire) စာချုပ် အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များရဲ့ အခက်အခဲများ

(Kachin Duwa)

(၁) ပြည်တွင်းစစ်ကို မြင်တဲ့ အမြင်အပေါ်မှာ မြန်မာ အစိုးရက လက်နက်ကိုင် ပဠိပက္ခလို့ မြင်တယ်၊ တိုင်းရင်းသား တွေက နိုင်ငံရေး ပဠိပက္ခ လို့ မြင်တယ်။
(၂) ပြည်ထောင်စု ပေါ်ပေါက်လာတဲ့ အမြင်အပေါ်မှာ မြန်မာ အစိုးရက ရှေးယခင် ဗမာ ဘုရင်များရဲ့  နယ်မြေသမိုင်းမှ ရပ်တည်လာခြင်း လို့ မြင်တယ်။ တိုင်းရင်းသား တွေက ပင်လုံညီလာခံ (ဗမာဘုရင်များရဲ့ နယ်မြေ နဲ့ တောင်တန်းဒေသ တိုင်းရင်းသားစော်ဘွား၊ ဒူဝါများရဲ့ နယ်မြေ ပူးပေါင်းခြင်း) မှ ဖြစ်ပေါ်လာခြင်း လို့ မြင်တယ်။

Friday, February 28, 2014

၃၅ တန်ရှိ ကျောက်စိမ်းတုံး သက်နုကျောက်စိမ်းဟု အတည်ပြု

(Mizzima)

ကချင်ပြည်နယ် ဖားကန့်တွင်တွေ့ရှိထားသော ၃၅ တန်အလေးချိန်ရှိ ကျောက်တုံးသည် သက်နုကျောက် စိမ်းတုံးဖြစ်သည်ဟု သတ္တုတွင်းဦးစီးဌာန၊ ကျောက်စိမ်းတူးဖော်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နိုင်က မဇ္ဈိမကို အတည်ပြု ပြောကြားသည်။
ယင်းကျောက်စိမ်းတုံးကို ဖားကန့် ရတနာမြေ မြစိမ်းရောင်ခြယ် သ/မအသင်း ဝှေခေါမှော်လုပ်ကွက်အမှတ် (၁၀)တွင် ဖေဖော်ဝါရီလ ၉ ရက်က တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်ရာ ၎င်းကို သက်ဆိုင်ရာကုမ္ပဏီကသာ စီမံခန့် ခွဲသွားမည်ဖြစ်သည်။

တရုတ်အစိုးရ၏ ကူညီပစ္စည်းများရရှိသော်လည်း ခက်ခဲမှုအခြေအနေများရှိနေဆဲ

(KNG)

တရုတ် ပီကင်း အစိုးရ၏ လူသားခြင်း စာနာမှုဖြင့် ပထမဆုံး အကြိမ် ကူညီပေးသော ပစ္စည်းများ ကို ကချင် လွတ်လပ်ရေး အဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာ အနီးရှိ ဂျေယန့်ဒုက္ခသည် စခန်းတွင် ရရှိနေပြီဖြစ်သော် လည်း နေရာ ထိုင်ခင်းနှင့် အိမ်သာ၊ ရေတို့ အခက်ခဲဖြစ်နေ ဆဲဖြစ်သည်။

ယနေ့ တရုတ်မှ ကူညီသော ပစ္စည်းများ ကို ဂျေယန့် ဒုက္ခသည် စခန်းတွင် ရရှိသော် လည်း ၎င်းဒုက္ခသည် စခန်းရှိ အိမ်ထောင်စု ၇၀၀ ကျော် အ တွက် နေအိမ် ခန်းများ အမြန် ဆုံးပြုပြင်ရန် လိုအပ်နေပြီး အိမ်သာများ လည်းပြည့် ကာ ရေ အခက်ခဲဖြစ်နေခြင်းဖြစ် သည် ဟု ဒုက္ခသည် ကူညီရေး အဖွဲ့က ပြောသည်။

Thursday, February 27, 2014

TNLA တပ်များ နေရာအနှံ့ တိုက်ပွဲဖြစ်ပွားနေ

(ရွှေဟင်္သာသတင်းဌာန)

တအာင်း အမျိုး သား လွတ်မြောက်ရေး တပ် မတော် (PSLF/TNLA) ၏ စစ်ဗျူဟာ () မှ တပ် ရင်း (၇၁၇) တပ်ဖွဲ့များ သည် ရှမ်းပြည် မြောက်ပိုင်း ကျောက် မဲမြို့နယ် ပန်းဖြတ်ကျေး ရွာ ၌ ခေတ္တ ညအိပ် ရပ်နားနေ စဉ် ယနေ့ မနက်ပိုင်း (၁၀) နာရီကျော် တွင် အစိုးရ တပ်များမှ လျှပ် တပျက် ၀င်ရောက် တိုက်ခိုက်ခဲ့သဖြင့် (၁၀)မိနစ် ခန့်တိုက်ပွဲ ဖြစ်ပွားရာ ကျေးရွာ အတွင်း ရေးမှူး တဦးသေ ဆုံးပြီး ရွာသား ()ဦး ဒါဏ်ရာရှိသည်ဟု တအာင်း ပြန်ကြား ရေးဌာနက သတင်း ထုတ်ပြန် ခဲ့ပါ သည်။
 
ရွာထဲမှာ ဆိုတော့ ကျနော်တို့ ပလောင်တပ်က ချက်ခြင်း ဆုတ်ပေး လိုက်တာ ဖြစ်တယ်။ ဘယ်တပ် နဲ့ ဖြစ်လဲတော့ မသိသေးဘူး ၊ ကျောက်မဲမှာ က တပ်တွေ များတယ်လေ။ သူတို့က ရွာထဲ ဖြစ်လေ ကောင်းလေဘဲ မညှာတတ်ဘူး။ အခုလည်း ကျနော်တို့ ဆုတ်တဲ့ လမ်းဖက်ကို သူတို့ လိုက်တိုက် သေးတယ်။ ဒါပေမဲ့ ရွာနဲ့နီးတော့ ကျနော်တို့က ပြန် မတိုက်တော့ ဘူးလေဟု ကျောက်မဲ မြို့ပေါ်ရှိ TNLA  ဆက်သား တဦးက ဆိုပါသည်။ 

မြန်မာနိုင်ငံသစ်ကို စမ်းသပ်လိုက်တဲ့ မြစ်ဆုံအငြင်းပွားမှု

(Mizzima)

မြန်မာနိုင်ငံ မြောက်ပိုင်းမြို့လေးရဲ့ စိမ်းစိုနေတဲ့ တောင်ကုန်းတွေကြားက ကန် ဒေါ်လာ ၃ ဒသမ ၆ သန်း တန် မြစ်ဆုံစီမံကိန်းနေရာဟာ လူသူမရှိ တိတ်ဆိတ် ငြိမ်သက်နေပါတယ်။ ဒါပေမဲ့လည်း မြစ်ဆုံရဲ့ အနာ ဂတ်နဲ့ပတ်သက်တဲ့ ဆွေးနွေးမှုတွေကတော့ ကျယ်လောင်လာခဲ့ပါပြီ။ မြစ်ဆုံaကြာင့် ပေါ်ပေါက်လာမယ့် သဘာဝ ပတ်ဝန်းကျင် သက်ရောက်မှုတွေကို စိုးရိမ်တဲ့aဒသခံတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ယင်းကို ထာဝရရပ်ဆိုင်းသွားစေဖို့ တိုက်ပွဲ ဝင်နေကြပါတယ်။ တစ်ချိန်တည်းမှာပဲ တရုတ်လူမျိုး ရင်းနှီးမြှုပ်နှံသူတွေ ကလည်း မြစ်ဆုံတည်ဆောက်ရေးကို ပြန်စဖို့အတွက် တွန်းအား ပေးနေပါတယ်။

TNLA ဗျူဟာ (၃) နှင့် ဖြစ်သော တိုက်ပွဲတွင် အစိုးရ တပ်များ အများ အပြားကျဆုံး ဖွယ်ရှိ

(ရွှေဟင်္သာသတင်းဌာန)

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ဗျူဟာ
(၃) နှင့် အစိုးရ တပ်မ (၇၇) စစ်ကြောင်း တို့သည် ရှမ်းပြည် မြောက်ပိုင်း မိုးမိတ်မြို့နယ် ရူဗိန်း (ရေပုံး) ကျေးရွာအကျော် မန်တုံ-မိုးမိတ် ကားလမ်းမ တွင် ယမာန်နေ့ မွန်း လွဲ တ နာရီခန့်တွင် နာရီ ၀က်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ သည်ဟု TNLA ပြန်ကြားရေး ဌာနက ဆိုပါ သည်။
 
“ ဖြစ်တာက ကျနော် တို့ တပ်ရင်း (၃၆၇) တပ်ဖွဲ့နဲ့ပါ။ သူတို့ အင်အား (၂၀၀)လောက် ရှိမယ်။ အဲဒီတပ်က ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ (၂၄) ရက်နေ့ကတည်းက ကျနော် တို့ကို လိုက်တိုက် နေတာပါ။  ဒီတော့ ကျနော်တို့ကလည်း သတိရှိရှိနဲ့ မထင် မှတ် တဲ့နေရာမှာ လျှပ်တပျက် နေရာယူပြီး စောင့်ပစ် လိုက်တယ်။” ဟု ဆိုပါသည်။  

Wednesday, February 26, 2014

ကချင်ပါတီများ ၁ ခုတည်းပေါင်းစည်းနိုင်ရေး စတင်ဆွေးနွေးမှု အားမရသေး

(KNG)

ကချင်ပြည်နယ်တွင်း ကချင်နိုင်ငံရေးပါတီများ ၁ ခုတည်းပေါင်းစည်းနိုင်ရေးအတွက် ပါတီပေါင်းစုံဆွေးနွေးပွဲကို ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် စတင်ဆွေးနွေးခဲ့ရာ ပါတီခေါင်းဆောင်များ၏ သဘောထားတုံ့ပြန်မှု နှေးကွေးနေသည်။

ထို့ကြောင့် ဆွေးနွေးပွဲတွင် ကချင်ပါတီများ တစုတည်းပေါင်းစည်းနိုင်ရေးကို မိမိပါတီအတွင်း ဦးစွာ ဆုံးဖြတ်ချက်ချ ဆွေးနွေးမှုပြန်လည်ပြုလုပ်သွားရန် ညှိနှိုင်းဆုံးဖြတ်ချက်ချခဲ့ကြောင်း စည်းရုံးရေးအဖွဲ့ ပြည်သူ့အသံထုတ်ဖော်ရေးအဖွဲ့ခေါင်းဆောင် ဆရာလမောင် လတောင် KNG ကချင်သတင်းဌာနသို့ ပြောသည်။

သတင်းကြီးနေတဲ့ ကျောက်စိမ်းတုံးကြီး အစိတ်စိတ် အမွှာမွှာကွဲ

(VOA)

ကချင်ပြည် နယ် ဖားကန့်မြို့ နယ်မှာ တွေ့ရှိ ထားတဲ့ တန်ချိန် ၃၇ တန် ရှိတယ် လို့ သတင်းဖြစ်ပေါ်နေ တဲ့ ကျောက်စိမ်း တုံးကြီးကို သယ်ယူဖို့ မလိုက်တဲ့ အချိန်မှာ ကွဲအက်သွားပြီး တန်ဖိုး မရှိတဲ့ ကျောက် တုံးကြီးဖြစ်နေကြောင်း တူးဖော်ရေးနဲ့ သယ်ယူ ပို့ဆောင်ရေး ကော်မတီ အဖွဲ့ဝင်တဦးက ပြောပါတယ်။

လောလော ဆယ်မှာတော့ ကွဲအက်သွား တဲ့ ကျောက်တုံးအပိုင်းအစတွေကို လုံးခင်းမြို့က ကျောက်စိမ်းရုံးမှာ ပြသထားတယ်လို့ ပြောပါတယ်။ အသေးစိတ်ကိုတော့ ဗွီအိုအေသတင်းထောက် ကိုမိုးဇော် က သတင်းပေးပို့ခဲ့ပါတယ်။
 

Tuesday, February 25, 2014

အစိုးရတပ်နှင့် KIA တပ်များကြား တပ်မဟာ (၄) ဒေသတွင် တင်းမာနေဆဲ

(ကချင်သတင်းဌာန)

ရှမ်းပြည်မြောက် ပိုင်း ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၄) နယ်မြေ တွင် ယမန်နေ့ အစိုးရ တပ်ဖွဲ့နှင့် KIA တပ်ဖွဲ့ကြား တပ်ရင်း (၂) နေရာ တွင် ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တပ်မဟာ (၄) အရာရှိများမှ သိရသည်။

KIA တပ်ရင်း (၉) ဒေသ နမ်ဖတ်ကာမြို့နယ် ဆင်းကြိုင်ရွာအနီးတွင် နံနက် ၁၀ ခွဲချိန်မှ ၁၁ နာရီခွဲချိန်ထိ တိုက်ပွဲဖြစ်ပွားပြီးနောက် အစိုးရတပ်သည် ၂ နာရီချိန်ထိ လက်နက်ငယ်များဖြင့်လည်း ဆက်လက် ပစ်ခတ်နေကြောင်း သိရှိရသည်။

TNLA တို့၏ ပန်ဆေးဒေသ ဘိန်းခင်း ဖျက်ဆီးမှု တိုက်ပွဲများ ရက်ဆက် ဖြစ်ပွား

(ရွှေဟင်္သာသတင်းဌာန)

ယမာန်နေ့ မနက်ပိုင်း(၁၂)နာရီ ခန့်တွင် ရှမ်းပြည် မြောက်ပိုင်း နမ်ခမ်း မြို့နယ် ပန်ဆေး ဒေသရှိ ပန်ပေး ကျေးရွာအနီး (နမ့်ခမ်း နမ့်ဖက်ကာ ကားလမ်း မဘေး) တွင ဖြစ်ပွားခဲ့သော တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့နှင့်  အစိုးရ တပ်ဖွဲ့တို့၏ တိုက်ပွဲသည် ညနေ ပိုင်း (၃)နာရီ (၁၅) မိနစ် တွင် လည်း ဆက်လက် ဖြစ်ပွားခဲ့ ကြောင်း TNLA ပြန်ကြားရေး အဖွဲ့ မှဆိုပါသည်။
 
တိုက်ပွဲသည်(၂) ခန့်ကြာပြီး (TNLA)မှ ဗျူဟာ (၁) လက်အောက်ခံ တပ်ရင်း (၁၁၂) တပ်ဖွဲ့ နှင့် အစိုးရ ခလရ (၄၅) နှင့် ခလရ (၁၂၃) ပူး ပေါင်း စစ်ကြောင်း တို့ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပါသည်။ ဤ တိုက်ပွဲကြောင့် နမ့်ခမ်းမြို့ပေါ်ရှိ  သိန္ဒီမြို့ အခြေစိုက် အမှတ် (၁၆) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှ စစ်ကြောင်းများ ကလာရောက် စစ်ကူ ပေးခဲ့ပါသည်။   

ကချင်အလံ ရှင်းတမ်း

(Kachin Duwa)

KIO/KIA အလံ နဲ့ ကချင် အမျိုးသား အလံကို မသဲကွဲပဲ ကချင်အမျိုးသား အလံ ကို ကေအိုင်အေ အလံ ဆိုပြီး ရောသမ နေခြင်း ဟာ ဒီနေ့ခေတ် အထိ မြန်မာအစိုးရ ဟာ တိုင်းရင်းသားတွေရဲ့ အရေးကိစ္စ ဘယ်လောက်ထိ စိတ်ဝင်စားတယ် ဆိုတာ ညွန်ပြနေခြင်း ဖြစ်ပါတယ်။
ကချင်အမျိုးသားအလံ ကို ကေအိုင်အေ အလံ နဲ့ ရောပြီး မရောင်းခိုင်း၊ မသုံးခိုင်းခြင်းဟာ

ဖြစ်နိုင်တာက

ပြည်ထောင်စု ဆိုတာ ပင်လုံ စာချုပ်က လာတယ်။ မြန်မာဘုရင်များ လက်ထက်က လာတာမဟုတ်။

(Kachin Duwa)

၂၀၀၈ အခြေခံ ဥပဒေ မှာ ပြည်ထောင်စု မြန်မာနိုင်ငံတော် တည်ရှိခဲ့တဲ့ သမိုင်းကို ဗမာ ဘုရင်များ လက်ထက်က သမိုင်းနဲ့ ဆွဲသွင်းခဲ့တယ်။

ဗမာ ဘုရင်များ လက်လက်က ဘယ်တော့ အခါမှ ပြည်ထောင်စု မဟုတ်ခဲ့ပါ။

ကချင်လူမျိုးတွေက ဗမာဆိုတဲ့ လူမျိုး မြင်တောင် မြင်ဖူးတာ မဟုတ်။ ဗမာ စကားလဲ ပြောတတ်တာ မဟုတ်။ ရှမ်းပြည်သားတွေ အခုထိ မန္တလေးဆင်းရင် ဗမာပြည်သွားမယ် လို့ ပြောကြတယ်။

ဖက်ဒရယ်ကို ငြင်းပယ်ထားခြင်းရဲ့ အကျိုးဆက်။

(Kachin Duwa)

လူမျိုးတိုင်းမှာ ရှိသင့်ရှိထိုက်တဲ့ အခွင့်အရေး ရှိနေရင် သေနတ်ကိုင်စရာမလိုပါ။

မြန်မာပြည်ဟာ မဆင်းရဲသင့်ပဲ ဆင်းရဲနေရတဲ့ နိုင်ငံ ဖြစ်တယ် ဆိုတာ ကမ္ဘာ့ စီးပွါးရေး ပညာရှင်တွေက ထောက်ပြကြပါတယ်။

၂၀၁၃ ခုနှစ် အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ စီးပွါးရေး အခွင့်အရေးများကို ကောင်းကောင်းထောက်ပြထားပါတယ်။ သူတို့ အပြောအရ ဆိုရင် ဘယ်လိုမှ ဆင်းရဲစရာ အကြောင်းမရှိ။

ဖားကန့်တွင်တွေ့ရှိသော ၃၇ တန်ရှိ ကျောက်တုံးသည် ကျောက်စိမ်းတုံးမဟုတ်ဘဲ သာမန်ကျောက်တုံးဖြစ်နေဟုဆို



(by-7Day News Journal)
မန္တလေး- ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝေခါကျောက်မျက်မှော်တွင် ဖေဖော်ဝါရီ ၉ ရက်က တစ်နိုင်တစ်ပိုင် ကျောက်မျက်ရှာဖွေသူများ တွေ့ရှိခဲ့သော ၃၇ တန်ရှိ ကျောက်တုံးမှာ ကျောက်စိမ်းတုံးမဟုတ်ဘဲ ကျောက်စိမ်းအဆင့်မရောက်သေးဘဲ မောက်တုံးဆင့်သာရှိသည့် သာမန်ကျောက်တုံးတစ်တုံးသာဖြစ်ကြောင်း ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။

“ကျောက်စိမ်းတုံးမဟုတ်ဘူးဆိုတာ သေချာပါတယ်။ ကျန်တဲ့အသေးစိတ်ကိုတော့ ပြောလို့မရသေးပါဘူး”ဟု ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂၄ ရက် ညနေတွင်ပြောသည်။

Monday, February 24, 2014

“ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြန်စဉ်းစား သုံးသပ်ဖို့ လိုအပ်နေပြီ"

(ဧရာဝတီ)

ကချင် လွတ် လပ်ရေး အဖွဲ့ (KIO) ၏ လက်နက်ကို င် တပ်ဖွဲ့ဖြစ်သော ကချင် လွတ် လပ်ရေး တပ် မတော်(KIA) စစ်ဦးစီး ချုပ် ဗိုလ်ချုပ် ဂွန်မော်က KIA နှင့် အစိုးရတပ် များကြား လတ်တလော တိုက်ခိုက်မှု အကြောင်း ရင်းများ၊ တိုက်ခိုက်မှု များ၏ အကျိုးဆက် များ၊ မြန်မာ နိုင်ငံ မြောက် ပိုင်းမှ သစ်ခိုး ထုတ်မှုများနှင့် တနိုင်ငံလုံး အတိုင်း အတာဖြင့် ငြိမ်း ချမ်းရေး ဖော်ဆောင်မှု ဆိုင်ရာ များကို မကြာသေး ခင် က ပြုလုပ်ခဲ့သော ဧရာဝတီနှင့် တွေ့ ဆုံမေးမြန်းမှု တွင် ပြောပြသွား ပါသည်။

မေး။      ။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က KIA စခန်းတခုကို အစိုးရတပ်က သိမ်းယူလိုက်တယ်လို့ သိရပါတယ်။ ဘယ်လို ဖြစ်ခဲ့ပါသလဲ။

တအန်းတပ်မတော် ၂၅၆ နှင့် မြန်မာတပ်မတော် (၅၀၅) စစ်ကြောင်းတိုက်ပွဲတွင် မြန်မာ ၇ ဦးကျဆုံး

၂၃ ရက် ဖေဖော်ဝါရီလ ၂၀၁၄ ခုနှစ်

နမ့်ဆန်မြို့နယ် အခြေစိုက် တအန်း တပ်မတော် တပ်ရင်း ၂၅၆ နှင့် မြန်မာ တပ် မတော် ခမရ ၁၇၊  ၅၀၅ စစ်ကြောင်း တို့ နမ့်ဆန်မြို့ နယ် ရူမန်းရွာ အနီးတွင် ဖေဖော်ဝါရီလ  ၂၃ ရက် ၁၃း၄၅ နာရီခန့် မှ ၁၄း၃၀ နာရီခန့် ထိ ရင်ဆိုင် တိုက်ပွဲဖြစ် ပွား ခဲ့ ရာ မြန်မာ ဘက်မှ အရာရှိ တဦး အပါအဝင် အနဲဆုံး ၇ ဦး ကျဆုံးပြီး ၁၀ ဦးကျော် ထိခိုက် ဒါဏ်ရာရရှိခဲ့ကြ သည်။

ဖေဖော်ဝါရီလ အစပိုင်းမှစတင်ပြီး မြန်မာတပ်ရင်းစစ်ကြောင်းများ တအာင်းဒေသဖြစ်သည့် နမ့်ဆန်၊ မန်တုံ၊ ကျောက်မဲ၊ မိုင်းလုံ၊ မိုးမိတ်၊ မိုးကုတ်၊ နမ့်ခမ်း၊ ကွတ်ခိုင် ဖက်သို့ ပိုမိုတိုးချဲ့လာပြီး ဆက်တိုက် ပိုက်စိပ်တိုက် ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပါသည်။

ကချင်တွင် အလုပ်အကိုင် အဆင်မပြေသည့် ရခိုင်လူမျိုး ၂၅၀ကျော် နေရပ်ပြန်

(Mizzima)

ကချင်ပြည်နယ် ရှိ ကုမ္ပဏီများသို့ သွားရောက် ကာ အလုပ်လုပ် ကိုင် ရာမှ စား၊ ဝတ်၊
နေ၊ရေး မပြေ လည် ၍ နေရပ်ပြန် လိုသူ ရခိုင်လူမျိုး ၂၅၀ခန့် ကို ရခိုင် ဆရာတော် အရှင်မဟိန္ဒက ဦးဆောင် ကာ ရခိုင်
တိုင်းရင်း သား လူမှုရေး အသင်းများ၏ အကူ အညီဖြင့် ဖေဖော်ဝါရီလ ၂၄ရက်က ရခိုင်ပြည်နယ် သို့ ပြန်လည် ပို့ဆောင်
ပေးခဲ့ သည်။

တစ်နိုင်ငံလုံးအပစ်ရပ်စဲနိုင်ရေး ခက်ခဲနေဦးမည်ဟု နိုင်ဟံသာပြော

လွတ်လပ်သော မွန်သတင်းအေဂျင်စီ

လက်ရှိဆောင်ရွက်လျက်ရှိသော အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့၏ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးကိစ္စများ အခက်အခဲများစွာ ရှိနေသေးသည်ဟု မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင် နိုင်ဟံသာက လူထုတွေ့ဆုံပွဲ တစ်ရပ်၌ ရှင်းလင်းပြောကြားခဲ့သည်။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာရှိ  မွန်စာပေယဉ်ကျေးမှုခမ်းမ၌ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော လူထုတွေ့ဆုံပွဲမိန့်ခွန်းတွင် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကချင်စစ်ပွဲကြောင့် လူငယ်များ ထိခိုက်နစ်နာ

(DVB)

ကချင်ပြည်နယ် ထဲမှာ ငြိမ်းချမ်းရေး မရရှိသေးဘဲ စစ်ပွဲတွေ ဆက်ဖြစ်နေ တဲ့ အတွက် အနာ ဂတ်မှာ ခေါင်းဆောင် ဖြစ်လာမယ့် လူ ငယ်တွေ ထိခိုက် နစ်နာနေရ တယ် လို့ ကချင်ပြည်နယ်လုံး ဆိုင်ရာ လူငယ်များ ဖိုရမ်က ပြောပါ တယ်။ 

ဖေဖော်ဝါရီ ၂၁ ရက်ကနေ ၂၃ ရက်နေ့ထိ မြစ်ကြီးနားမြို့မှာ ကျင်းပခဲ့တဲ့ ပထမအကြိမ် ကချင်ပြည်နယ်လုံးဆိုင်ရာ လူငယ်များဖိုရမ်မှာ ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေး မရသေးတဲ့ ပြဿနာနဲ့ ပတ်သက်ပြီး ကချင်လူငယ်တွေက အလေးထား ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ 

တရုတ်အစိုးရ၏ အကူအညီများ KIO ထိန်းချုပ်ဒေသရှိ ဒုက္ခသည်စခန်းသို့ စတင်ရောက်ရှိ

(ရွှေဟင်္သာသတင်းဌာန)

တရုတ်ပြည် ပီကင်း အစိုးရမှ ပထမဆုံးအကြိမ် လူသားခြင်း စာနာထောက် ပံ့မှု အကူအညီ ပစ္စည်းများ ကို ကချင် လွတ်လပ်ရေး အဖွဲ့ KIO ဗဟို ဌာနချုပ် လိုင်ဇာ စစ်ပြေး ဒုက္ခသည် စခန်းများသို့ ဦးစွာရောက် ရှိခဲ့သည်။

KIO ဗဟို ဌာနချုပ် လိုင်ဇာသို့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ က ရောက်ရှိ လာခဲ့ပြီး ပီကင်း အစိုးရ၏ ကူညီထောက်ပံ့ပေး သည့် ကား ၆ စင်းဖြင့် ပစ္စည်းသေတ္တာ ၄၂၀၀ ရရှိ ကာ လိုင်ဇာ အနီးရှိ ကချင်စစ်ပြေး ဒုက္ခသည် စခန်း ၄ ခု တွင် စတင်ဖြန့်ဝေပေး ခဲ့ကြောင်း ဒုက္ခသည်ကယ်ဆယ်ရေး ကော်မတီ ဥက္ကဌ ဆလန်ကဘာ ဒွဲပီဆာ KNG ကချင်သတင်းဌာသို့ပြောသည်။

ကချင်လူငယ်များ နိုင်ငံတွင်းဖြစ်ပွားနေသော ပြဿသ နာများ ကို ရှုထောင့် မျိုးစုံ မှဆွေးနွေးပွဲပြုလုပ်

(KNG)


ကချင်ပြည်နယ်၏ ပထမ ဆုံးသော လူငယ် ဖိုရမ်ဆွေးနွေးပွဲ ကို မြစ်ကြီး နားမြို့နှစ်ခြင်းဇုံနယ် ခမ်းမဆောင် တွင် ကချင်ပြည်နယ် လူငယ် ကွန်ယက်မှ ဦးဆောင် ၍ ၃ ရက်ကြာ ကျင်းပ ခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ် ဖိုရမ်ဆွေးနွေးပွဲ ကို ၂၁-၂၃ ထိ ကျင်းပဆောင် ရွက်သွားခြင်းဖြစ်ပြီး လက်ရှိ ကချင်ပြည်နယ် အတွင်း ဖြစ်ပေါ်နေသော အခက်ခဲပြဿနာများ ကို ရှုထောင့် အသီးသီး မှဆွေးနွေးကာ အမြင် သဘောထားများ စုစည်းခဲ့ခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် လူငယ် ကွန်ယက် ဥက္ကဌ ကိုဂျာရုံက ပြောသည်။

ကျောက်စိမ်းတုံးကြီးကို အစိုးရ ထိန်းသိမ်းသွားမည်

ပြင်ပတွင် သတင်းထွက်ပေါ်နေသကဲ့သို့ ကျောက်စိမ်းတုံး စတင်တွေ့ရှိသူ ကိုကျော်နိုင်ဝင်းအား ဖမ်းဆီးမထားဟုဆို
ဖားကန့်တွင် ၃၇ တန် ရှိသော ကျောက်စိမ်းတုံးတွေ့ရှိပြီးနောက် ၎င်းကျောက်စိမ်းတုံးကို မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် KIA တို့မှ  အကျိုးအမြတ်ခွဲဝေမည်ဆိုခြင်းမှာ မဟုတ်မှန်ဘဲ အစိုးရကသာ ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ထိပ်တန်းတပ်မတော်အရာရှိတစ်ဦးကပြောသည်။

TNLA တပ်ဖွဲ့ နှင့် အစိုးရတပ်ဖွဲ့ တို့ဆက်လက် တိုက်ပွဲဖြစ်

(ရွှေဟင်္သာသတင်းဌာန)
တအာင်း အမျိုးသား လွတ်မြောက် ရေးတပ်မတော် (TNLA)မှ ဗျူဟာ (၁) လက်အောက်ခံ တပ်ရင်း (၁၁၂) တပ်ဖွဲ့ နှင့် အစိုးရ ခလရ (၄၅ နှင့် ခလရ ၁၂၃) ပူး ပေါင်း စစ်ကြောင်းတို့ နမ် ခမ်းမြို့နယ် ပန်ဆေး ဒေသရှိပန်ပေး ကျေးရွာ အနီး (နမ့်ခမ်း နမ့်ဖက်ကာ ကားလမ်း မဘေး ) တွင် ယနေ့ ဖေဖော် ဝါရီလ၂၄ ရက် နံနက် ၁၁နာရီ ၄၅ မိနစ် အချိန်တွင် ရင်ဆိုင်တိုက်ပွဲ စတင် ဖြစ်ပွား လျှက်ရှိ သည်ဟု TNLA ပြန်ကြား ရေးဌာနက ဆိုပါသည်။

ိုက်ပွဲသည်နေ့လည် (၂)နာရီအထိ လက်နက် ကြီးများ ပစ်ခတ်နေဆဲ ဖြစ်ပါသည်။ တအာင်း တပ်ဖွဲ့တို့သည် ပန်ဆေး ပြည်သူ့စစ်လက် အောက်ခံ ပန်ပေးပြည်သူ့စစ်တို့ စိုက်ပျိုးထား သည့် ဘိန်းခြံများ အား လိုက် လံဖျက်ဆီးစဉ် အစိုးရ တပ်များနှင့်တွေ့ဆုံပြီး ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။

NCCT အဖွဲ့နှင့် မတ်လ ဆန်းမှ တွေ့ဖြစ်မည်ဟု ဦးအောင်မင်း အကြောင်းကြား

(ရွှေဟင်္သာသတင်းဌာန)

ပြည်ထောင် စု ငြိမ်း ချမ်းရေး ဖေါ်ဆောင် ရေး လုပ်ငန်းကော် မီတီ ဒုတိယ ဥက္ကဌ ၀န်ကြီး  ဦးအောင်မင်း သည် လာမည့် မတ်လပထမ အပတ်တွင် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များ၏ တနိုင်ငံလုံး အပစ် အခတ် ရပ်ဆဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) နှင့် တနိုင်ငံလုံး အပစ်အ ခတ် ရပ်စဲရေးလက်မှတ်ထိုး ပွဲ အတွက် အကြို ညှိနှိုင်းမှု ကို ရန်ကုန်မြို့ တွင် တွေ့ဆုံ ဆွေးနွေး လိုကြောင်း ကမ်းလှမ်း ထား ခဲ့သည်ဟု ညီညွတ်သော တိုင်းရင်းသား များဖက်ဒရယ် ကောင်စီ UNFC မှ တွဲဖက် အတွင်းရေး မှူး  ခွန်ဥက္ကာ မှ ဆိုပါသည်။

ကချင်ဒုက္ခသည်တွေ တရုတ်ကူညီ

(VOA)

KIO ကချင် လွတ်မြောက်ရေး တပ်မတော်နဲ့ မြန်မာ အစိုးရကြား တိုက်ပွဲတွေဖြစ်နေ တဲ့ ၃ နှစ်နီးပါး ကာလ အတွင်းမှာ ပထမဦးဆုံး အကြိမ် တရုတ်ကြက်ခြေနီ အဖွဲ့ ကနေ ကချင်ပြည်နယ် လိုင်ဇာမှာရှိတဲ့ IDP ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေကို လာရောက်ပေးအပ်ခဲ့ပါတယ်။ ကချင် ဒုက္ခသည်တွေကူညီရေး ကော်မတီကနေတဆင့် ဒုက္ခသည်တွေအတွက် ပေးအပ်တဲ့ ဒီအကူအညီတွေထဲမှာ အဓိကကတော့ အိမ်သုံးပစ္စည်းတွေ ပါဝင်တယ်လို့ ကော်မတီဥက္ကဋ္ဌက ပြောပါတယ်။ တချိန်တည်းမှာပဲ လိုင်ဇာကနေ အစိုးရတပ်တွေ ဆုတ်ခွာနေကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။