Saturday, February 22, 2014

လိုင်ဇာမြို့ဝန်းကျင်တွင် အစိုးရတပ် အင်အားတိုးချဲ့

ဖေဖော်ဝါရီ ၂၀ ရက်တွင် မြစ်ကြီးနားမြို့ကို ဖြတ်သန်းသွားစဉ် ဓာတ်ပုံ - မရန်
ကေအိုင်အို ဗဟိုဌာန ချုပ် တည်ရှိရာ လိုင်ဇာမြို့ ၀န်းကျင်တွင် အစိုးရ တပ် ဘက်မှ အင်အား တိုးချဲ့နေကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက မြစ်ကြီးနားမြို့မှ ၀ိုင်းမော်မြို့ဘက်သို့ အစိုးရ တပ်မှ ကားအစီး ခုနစ်ဆယ် ခန့် အင်အားအပြည့်ဖြင့် တက် သွားခဲ့ပြီး ဆွန်ပရာ ဘွမ်မြို့ဘက် သို့လည်း စစ်ကား အစီး ရှစ်ဆယ်နှင့် တစ်ရာကြား တက်သွား ခဲ့ကြောင်း ဒေသတွင်း သတင်း ရင်းမြစ်များ ကပြောသည်။

(KIA) ဌာနချုပ် ၀န်းကျင် ဒေသတွင် အစိုးရ တပ်များ စစ်ပြင်ဆင်မှု များသထက်များလာ

(ရွှေဟင်္သာသတင်းဌာန)

အစိုးရ တပ်များ သည် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ် လိုင်ဇာမြို့ အနီးရှိ စစ်ဒေသ ၀န်းကျင်သို့ အချိန် တပတ် ကြာ ဆက် တိုက် အင် အား ဖြည့်နေပြီး ဖြစ်ကြောင်း  (KIA) စစ် ရုံး ချုပ်က ဆိုပါသည်။
 
အစိုးရ စစ်ယာဉ်တန်း ကားအစီး တရာကျော် သည် ယမာန်နေ့ ဖေဖော်ဝါရီ (၂၁ )ရက် နေ့ လည် (၂) နာရီ ခွဲ အချိန် တွင် ကချင်ပြည်နယ် ဗန်း မော်ခရိုင် ရှိ မိုးမောက် မြို့မှ ဒေါ့ဖုန်းယန်မြို့ သစ် ကား လမ်းမကြီး မှတဆင့် ဗန်းမော် မြို့ ဘက်သို့ထွက်ခွာ ခဲ့ပါသည်။ ယင်းကား တန်းတွင်  ကား တစ်စီးလျှင် တပ် သား(၂၀)ထက်မနည်း တင်ဆောင်သွားခဲ့ ပါ သည်။ 

အပစ်အခတ်ရပ်စဲရေး အကြို ညှိနှိုင်းပွဲ ရန်ကုန်မှာ ကျင်းပမည်

(VOA)

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးဖို့ အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ကိုယ်စားလှယ်တွေကို ရန်ကုန်မြို့ကို လာရောက်ကြဖို့ အစိုးရဘက်က ဖိတ်ခေါ်လိုက်ပါတယ်။ မတ်လ ပထမပတ်ထဲမှာ စတင်မယ့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အစိုးရတို့ကြား ဆွေးနွေးပွဲမှာတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များရဲ့ လောခီးလာ တိုင်းရင်းသားပေါင်းစုံ ညီလာခံမှာ သဘောတူထားတဲ့ အပစ်အခတ်ရပ်စဲရေး မူဝါဒတွေ အပေါ်မှာ ဆွေးနွေးကြမှာလည်း ဖြစ်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ မသိဂီင်္ထိုက်က ပြောပြပေးမှာပါ။

Thursday, February 20, 2014

KIA လိုင်ဇာ ဌာနချုပ် ဧရိယာထဲ သို့ အစိုးရ တပ်ဖွဲ့များ အင်အား ဖြည့်တင်းနေ

(ရွှေဟင်္သာသတင်းဌာန)

ယမာန်နေ့ မနက် ပိုင်းတွင် ကချင်ပြည် နယ် မြစ်ကြီး နားမြို့မှ ထွက်ခွာသွား သော အစီး တရာခန့်ရှိ သည့် အစိုးရ စစ် ယာဉ်တန်း သည်  ၀ိုင်းမော် မြို့နယ် ထဲရှိ ကန်တော် ယန်၊နန်ဆန် ယန်နှင့် လိုင်ဇာ ကားလမ်းမ ဘက်သို့ ရောက် ရှိနေသည်ဟု ကချင် လွတ်လပ်ရေး တပ်မတော် (KIA) စစ်ရုံးက ဆိုပါသည်။
 
“ မျက်မြင်တွေ ရဲ့ အပြော ကတော့  အစီးတရာ လောက် ရှိမယ်။ ရိက္ခာတွေ။ တပ်ဖွဲ့တွေ၊ စစ်လက်နက် ခဲယမ်းတွေ ပေါ့ဗျာ တင် လာတာတွေ့ ရတယ် လို့ ပြောကြ တယ်။ ပြီးတော့ ဗန်းမော် လိုင်ဇာ လမ်းကြောင်း ကနေလဲ ကားအစီး (၂၀) ကျော် တက်လာတယ်။ ဆိုတော့ တပ်လဲတာလား။ အားဖြည့်တာလား ဆိုတာ မသဲ ကွဲ သေးပါဘူး။” ဟု ဆိုပါ သည်။

TNLA တပ်များ ခမရ ၅၀၆ တို့ နှင့် ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေ

(ရွှေဟင်္သာသတင်းဌာန)

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) တပ်ရင်း (၃၆၇) တပ်ဖွဲ နှင့် ခမရ (၅၀၆) တပ်ဖွဲ့ တို့ ရှမ်း ပြည်မြောက်ပိုင်း မန်တုံမြို့နယ်လွယ် ကန် နှင့် ကုန်းယောင်း ကျေးရွာကြားတွင် ယနေ့ ညနေ(၃) နာရီခွဲ မှ (၄) နာ ရီ (၁၅) မိနစ်ခန့် အထိ ထပ်မံ တိုက်ပွဲဖြစ် ပွားခဲ့သည် ဟု TNLA ပြန်ကြားရေး က ဆိုပါသည်။ 

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်လန်မြို့ အခြေစိုက် ၅၀၆ စစ်ကြောင်းသည် မန်တုံမြို့နယ် လွယ်ကန် ကျေးရွာ မှ စထွက် ကတည်းက စစ်ကွက်အား အရင် ကျည် ရှင်း စနစ် ဖြင့် လက်နက်ကြီး များ ဆက် မပြတ် ပစ်ခတ်ပြီး တောင်ပေါ် တော တန်း သို့ တက်လာခဲ့ ခြင်းဖြစ် ကြောင်း ဆိုပါသည်။

ကချင် စစ်ဘေး ဒုက္ခသည်များကို တရုတ် ကြက်ခြေနီအသင်း ကူညီမည်

(Irrawaddy)

ကချင်ပြည်နယ် အတွင်းရှိ စစ်ဘေး ဒုက္ခသည်များ အတွက် တရုတ်နိုင်ငံ ကြက်ခြေနီ အသင်းက မြန်မာငွေ ကျပ် သန်း ၈၀၀ တန်ဖိုးရှိ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့များ ပေးသွားမည်ဟု သိရသည်။

 ကချင် ဒုက္ခသည် စခန်းများရှိ ဒုက္ခသည်များ အတွက် လူသားချင်း စာနာမှု ဆိုင်ရာ အထောက်အပံ့ ပစ္စည်းများ ပါဝင်သည့် ကုန်သေတ္တာ ၁၀၀၀ သည် တရုတ်-မြန်မာ နယ်စပ်၌ အဆင်သင့်ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ထိုပစ္စည်းများကို မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ တဆင့် လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ တရုတ် သံရုံး၏ အင်တာနက် လူမှုကွန်ရက် စာမျက်နှာ၌ ယမန်နေ့ က ဖော်ပြထားသည်။

 

ကချင်လူငယ်များညီလာခံ ပြုလုပ်မည်

(Mizzima)

ကချင်ပြည်နယ်အတွင်းရှိ လူငယ်များ စည်းလုံးညီညွတ်ပြီး ငြိမ်းချမ်းရေး ရရှိစေရန်အတွက် မနက်ဖြန် ဖေဖော်ရီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ထိ မြစ်ကြီးနားမြို့တွင် ကချင်ပြည်နယ်လူငယ်များ ညီလာခံကို ပထမဆုံးအကြိမ် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

မကြာမီက ဖွဲ့စည်းခဲ့ထားသော ကချင်ပြည်နယ် လူငယ်ကွန်ယက်မှ ဦးဆောင်၍ ကချင်ပြည်နယ် လူငယ်ညီလာခံကို “တူညီသော လူငယ့်အသံမှ ငြိမ်းချမ်းသော အနာဂတ်ဆီ”ဆိုသော ခေါင်းစဉ်ဖြင့် ကျင်းပမည် ဖြစ်ကြောင်း ကချင်ပြည်နယ်လူငယ်ကွန်ယက်၏ ဥက္ကဌ ကိုဂျာရုံက ပြောသည်။

မြစ်ဆုံစီမံကိန်း လုံးဝဖျက်သိမ်းရေး လက်ကမ်းစာစောင် ဖြန့်ဝေ

(RFA)

ကချင်ပြည် နယ် က ဧရာဝတီမြစ် ဆုံ ရေအား လျှပ်စစ် စီမံကိန်းကို လုံးဝ ဖျက်သိမ်းပေး ဖို့ အတွက် တောင်းဆို တဲ့ လက်ကမ်း စာစောင်တွေ ကို နိုင်ငံရေး အကျဉ်း သားဟောင်းများ အဖွဲ့ချုပ်က ဒီနေ့ ရန်ကုန်မြို့ မြို့တော် ခန်းမရှေ့မှာ ဖြန့်ဝေခဲ့ပါတယ်။

ဒီနေ့ လက်ကမ်းစာစောင်တွေ လိုက်ဝေခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ချုပ်က ကိုထွဋ်ခေါင်က သူတို့ရဲ့ ရည်ရွယ်ချက်ကို အခုလို ပြောပါတယ်။

ရခိုင်နဲ့ ကချင်ပြည်နယ် လူ့အခွင့်အရေး အခြေအနေ ကင်တားနား အလေးပေးပြောဆို

(VOA)

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်နဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံကို နောက်ဆုံးအကြိမ် ရောက်ရှိလာတဲ့ သူ့ရဲ့ခရီးစဉ် အဆုံးသတ်တဲ့နေ့ ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်လေဆိပ်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူထားတဲ့ ၀ိုင်းတော်သား ကိုသားညွန့်ဦး ကို မဆုမွန် က ဆက်သွယ်မေးမြန်းထားပါတယ်။
 

တရုတ်အစိုးရက ကချင်ဒုက္ခသည်များ ကို အကူညီပေးမည်

(KNG)

တရုတ် အစိုးရ သည် လူသားချင်း စာနာထောက် ထားမှု အကူအညီအဖြစ် ကချင်စစ်ပြေး ဒုက္ခသည်များကို ကူညီပေး မည်ဖြစ်ကြောင်း တရုတ်သံရုံးက ဖေဖ၀ါရီ ၁၉ ရက် ဗုဒ္ဓဟူးနေ့တွင် ရှင်ဟွာသတင်းတွင် သတင်းထုတ်ပြန် ရေးသားဖော်ပြထားသည်။

ကချင်စစ်ပြေးများအတွက် အကူအညီပေးသည့် ကြက်ခြေနီတံဆိပ်များဖြင့် ယနေ့ ထွက်ခွာလာမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ကားကြီးများသည် ၂၂ (သို့) ၂၃ရက်နေ့တွင် တရုတ်- ကန်ပိုင်တီနယ်စပ်တွင် မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့အား ပေးအပ်သည့်အစီအစဉ်များ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

Wednesday, February 19, 2014

တပတ်ကျော် ကြာတိုက်ပွဲ များရပ်နား နေခဲ့ရာမှ TNLA နှင့် အစိုးရ တပ်များ ပြန်လည် တိုက်ခိုက်

(ရွှေဟင်္သာသတင်းဌာန)

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အစိုးရ ခမရ (၁၇) နှင့် ခလရ (၁၁၄) တို့သည် ယ နေ့နေ့လည် (၁၂) နာရီခန့်တွင် ရှမ်းပြည် မြောက်ပိုင်း  မိုင်တုံမြို့နယ် အရှေ့ဖက်  နန်းပါကျိုင် ကျေးရွာ အနီးတွင် တွေ့ဆုံတိုက် ပွဲ ဖြစ်ခဲ့ ကြောင်း ပြန်ကြားရေး ဌာနမှ ဆိုပါသည်။
 
TNLA (၃၆၇) တပ်ရင်း မှ တပ်ခွဲ (၂) နှင့် တပ်ချင်း ပက်ပင်းတိုး မိကြရာက မထင်မှတ်ဘဲ တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်း ဖြစ် သည်ဟု ဆိုပါသည်။ တိုက်ပွဲတွင် ၄င်းတို့ဖက်မှ တဦး လက်တွင် လက်နက်ကြီး အစထိမှန်ပြီး အစိုးရဖက်မှ အနဲဆုံး (၃)ဦး ကျဆုံး ပြီး အများအပြား ဒါဏ်ရာ ရရှိခဲ့ သည်ဟု ဆိုထားပါသည်။ 

ဧရာမကျောက်စိမ်းတုံးကြီး ဖားကန့်မှာ တူးဖော်ရရှိ

(ဧရာဝတီ)

ကချင်ပြည်နယ် ဖားကန့် မှာ တန် ၂ဝ လေးတဲ့ ဧရာမ ကျောက်စိမ်း တုံးကြီး တူးဖော်ရရှိ တာကြောင့် လုံခြုံရေး အစီအစဉ်တွေ တိုးချဲ့တဲ့ အနေနဲ့ အစိုးရက စစ်အင် အား အများအပြား အဲဒီဒေသ ကို ပို့ထား လိုက်ပါပြီ။

ဒီတွေ့ရှိမှုအပြီး ဖားကန့်မှာ စစ်သားတွေ၊ ရဲတွေနဲ့ လုံခြုံရေး တင်းကြပ်ထားတယ်လို့ ဧရာဝတီသတင်းစာမျက်နှာ http://www.irrawaddy.org/burma/burma-army-deployed-guard-20-ton-jade-stone.html မှာ ရေးထားပါတယ်။

တန်ချိန် ၅၀ လောက်ရှိ ကျောက်စိမ်းတုံး တူးဖေါ်ရ

ကချင် ပြည်နယ် ဖားကန့်မြို့ ဝေခါ ကျောက် မျက် မှော် လုပ်ကွက်မှာ ခန့်မှန်းခြေ အလေးချိန် တန် ၅၀ လောက် ရှိတဲ့ ကျောက်စိမ်း တုံးကြီး တစ်တုံးကို တူးဖေါ် တွေ့ရှိခဲ့ ပါတယ်။

တနိုင်တပိုင် ကျောက် တူးဖော်သူ တွေ တူးဖေါ်ရရှိတဲ့ ဒီကျောက်စိမ်း တုံးကြီးဟာ တနိုင်တပိုင် သမားတွေ တွေ့ခဲ့ ဖူးတဲ့ ကျောက်စိမ်းတွေ ထဲမှာ အကြီးဆုံး လို့ ဆိုရမှာပါ။

ပန်ဝါဒေသ နှင်းများကျ၍ အအေးလွန်ကဲ

(ကချင်သတင်းဌာန)

တရုတ် မြန်မာ နယ်စပ် ကချင်ပြည်နယ် ပန်ဝါမြို့နယ် တွင် နှင်းခဲကျ ဆင်းမှုနှုန်း များခြင်းကြောင့် ဒေသခံ များနှင့် ထိုဒေသ တွင် ခိုလှုံနေသော ဒုက္ခသည် များအတွက် အအေးလွန်ကဲမှု ဒါဏ်ခံနေ ရကြောင်း စခန်းမှ သိရသည်။

ပန်ဝါမြို့ အထက် နယ်ခြား မှတ်တိုင် အမှတ် (၅-၆-၇) ဒေသ တလျှောက် ပြီးခဲ့သည့် ၃ ရက်ခန့် ကတည်းက နှင်းများ ကျနေသောကြောင့် နေထိုင်မှု တွင် အခက်ခဲ ရင်ဆိုင်နေရကြောင်း မှတ်တိုင် အမှတ် (၆) ဖရဲခက် (Hpre Hkyet) စစ်ပြေး ဒုက္ခသည် စခန်းတာဝန်ခံ အုပ်ချုပ်ရေးမှူး အရာရှိ ဖောင်ဂျေလတောင် KNG ကချင်သတင်း ဌာန သို့ပြောသည်။

ကချင်အမျိုးသားအလံပါ အင်္ကျီနှင့် ပစ္စည်းများ မရောင်းရန်အုပ်ချုပ်ရေးမှူး တားမြစ်

(Jinghpawkasa)

မနော်ကွင်းရှေ့ တွင် ကချင် အမျိုးသား အလံပါ သည့် အင်္ကျီနှင့် အခြား အမှတ်တရ ပစ္စည်းများ ရောင်းချနေ သည့် ဈေးသည်များ အား မြစ်ကြီးနား မြို့နယ် အုပ်ချုပ်ရေးရုံးသို့ ခေါ်ယူပြီး မနော်ကွင်းရှေ့တွင် ဈေးမရောင်းတော့ပါရန်နှင့် တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသော အလံ၊ တံဆိပ်၊ အထိမ်းအမှတ်ပစ္စည်းများ အား အခြားအဖွဲ့အစည်း တစ်ခုခုမှ ကျေနပ်ခြင်းမရှိကြောင်း တိုင်းကြားလာပါက တည်ဆဲဥပဒေများအရ အရေးယူခံရမည်ကို သိရှိပါကြောင်း ၀န်ခံလက်မှတ် ရေးထိုး ခိုင်းကြောင်းသိရသည်။ 
 
“စည်ပင်သာယာရေး နေရာမှာ လာပြီး ရောင်းနေတော့ မရောင်းနဲ့လို့ခေါ်ပြောတာ။’ ဟု မြစ်ကြီးနား မြို့နယ် အုပ်ချုပ်ရေးမှူးမှဆိုသည်။

Tuesday, February 18, 2014

နယ်ခြား မှတ်တိုင်(၅-၆-၇) ဒေသရှိ စစ်ပြေးဒုက္ခသည် စခန်းများ ရှိရာဒေသ ၌ နှင်းများ ထူထပ်စွာ ကျနေ

(Lachid Kachin)

တရုတ် -မြန် မာ နယ်စပ် ၊ ပန်ဝါ အထက် ဘက် နယ်ခြားမှတ် တိုင် အမှတ် (၅-၆-၇) ဒေ သ တလျှောက် ရှိ ကချင် စစ်ပြေး ဒုက္ခသည် စခန်းများ ရှိရာ ပတ်ဝန်း ကျင်ဒေသ တလျှောက် တွင် (၁၇.၂.၂၀၁၄) ရက်နေ့ ယနေ့ နံနက်မှပြန်လည် စတင်ကာ နှင်းများ စိုးဝါးစွာ၊ ထူထပ်စွာ ပြန်လည် ကျနေပြီ ဖြစ်ကြောင်း ယခု သတင်းရေးနေ ချိန် အထိ နှင်းများမှာ (၁) ပေ ခန့် ထူ နေ ပြီ ဖြစ်ကြောင်း ဒေသခံများ ထံမှ သိရှိရပါသည်။

ဗန်းမော်ခရိုင် KIA မှသိမ်းပိုက်ထားသော စခန်းကို အစိုးရတပ် နောက်ဆုတ်ပေး

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ဗန်းမော် ခရိုင် မိုးမောက်မြို့နယ် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၃) တပ်ရင်း ၁ ဒေသ ဒဂေါရွာရှိ ဒဂေါမဒါ (Dagaw Mada) KIA စခန်းအားသိမ်းပိုက်ထားသော အစိုးရတပ်သည် ဖေဖေါ်ဝါရီ ၁၆ တနင်္ဂနွေ မွန်းလွဲ ၁ နာရီကျော်တွင် ၎င်းစခန်းမှ ဆုတ်ခွာသွားကြောင်း KIA ကပြောသည်။

“အစိုးရတပ်က ကျနော်တို့ စခန်းတွေအားလုံးကို မီးရှို့ပြီး ဆုတ်သွားကြတာ ဘာဖြစ်လို့ အခုလိုဆုတ်သွားတာတော့ မသိရဘူး အထက်ကအမိန့်နဲ့ထင်တာပဲ” ဟု KIA တပ်ရင်း ၁ တပ်ရင်းမှူး ဗိုလ်မှူးဖေါ်ဂျန်ယော်ထုံ (Major Hpaujang Yaw Htung) KNG ကချင်သတင်းဌာနသို့ပြောသည်။

ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် KIO လိုင်ဇာ ဒုက္ခသည်စခန်းသို့ ရောက်ရှိ

(ကချင်သတင်းဌာန)

မြန်မာနိုင်ငံ ဆိုင်ရာ ကုလ သမဂ္ဂ လူ့ အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနား သည် ကချင်ပြည်နယ် သို့ရောက်ရှိ လာချိန် ကချင် လွတ်လပ်ရေး အဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ရှိ စစ်ပြေး ဒုက္ခသည် စခန်းသို့ ပထမဆုံး လာရောက်လေ့ လာခဲ့သည်။

မြစ်ကြီးနားမြို့ KIO နည်းပညာအကြံပေး အလုပ်အဖွဲ့ရုံးမှ တာဝန်ရှိသူများနှင့် KIO ထိန်းချုပ်နယ်မြေသို့ ဖေဖေါ်ဝါရီ ၁၆ ရက်နေ့ ညနေတွင် လာရောက်ခဲ့ခြင်းဖြစ်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံကာ ဒုက္ခသည်စခန်းများဖြစ်သော ဂျေယန့်ဒုက္ခသည်စခန်း၊ ဖုန်လွမ်ယန်ဒုက္ခသည်စခန်းများနှင့် ဆေးပေးခန်းများတွင် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း စခန်းတာဝန်ရှိသူများမှသိရသည်။

စစ်ဘေးရှောင် ဒုက္ခသည်များ အနာဂတ် မရေရာသေး

(ဧရာဝတီ)

တိုင်းရင်း သား လက်နက် ကိုင် တပ်ဖွဲ့များနှင့် အစိုးရငြိမ်းချမ်းရေး ကိုယ်စား လှယ် တို့ အပစ် အခတ် ရပ်စဲရေးမူကြမ်းကို သဘော တူညီ ထားသော် လည်း လက်ရှိ အခြေအနေ အထိ တပ်ချင်း ထိတွေ့မှုများ ဆက်လက် ရှိနေသောကြောင့် ပြည်တွင်း၊ ပြည်ပမှစစ် ဘေးရှောင် ဒုက္ခသည်များ သည် နေရပ်များသို့ပြန် ရန် အခက်အခဲ ဖြစ်နေသည်။

ယခုရက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များဖြစ်သည့် ကချင်လွတ်မြောက်ရေး တပ်မတော်  (KIA)၊ ပလောင် (တအာင်း) အမျိုးသားလွတ် မြောက်ရေး တပ်မတော် (TLNA) နှင့် အစိုးရတပ် တို့ တပ်ချင်းထိတွေ့ပြီး ပစ်ခတ်မှုများ ဆက်တိုက်ဖြစ် ပွားနေသည်။

အစိုးရနှင့် တိုင်းရင်းသားကိုယ်စားလှယ် ညှိနှိုင်းမည့်ရက် ရွှေ့ဆိုင်း

(DVB)

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေး အဖွဲ့ အစည်းတွေ ရဲ့ ကိုယ်စား လှယ်တွေ နဲ့ ရန်ကုန် တွေ့ဆုံ ပွဲကို လာမယ့် မတ်လ ပထမ သီတင်းပတ် ကို ရွှေ့ဆိုင်း လိုက်ပါတယ်။

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက တာဝန်ရှိသူတွေနဲ့ တိုင်းရင်း သားတွေရဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ်ရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့ဟာ လာမယ့် ဖေဖော်ဝါရီ ၂၂ နဲ့ ၂၃ ရက်တွေမှာ ရန်ကုန်မှာ တွေ့ကြဖို့ ချိန်းဆိုထားရာကနေ မတ်လ ပထမအပတ်ကို ရွှေ့ဆိုင်းလိုက်တာလို့ အန်စီစီတီအဖွဲ့ဝင် ဦးခွန်ဥက္ကာက ပြောပါတယ်။

Monday, February 17, 2014

ကင်တားနား ကချင်ဒုက္ခသည်တွေနဲ့ တွေ့ဆုံ

(VOA)

ကုလ သမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ် စားလှယ် သောမတ် အိုဟေး ကင်တား နား ဟာ ကချင်ပြည်နယ် လိုင်ဇာမြို့ က IDP ဒုက္ခသည် စခန်းကို သွားရောက်ပြီး လက်ရှိ ဒုက္ခ သည်တွေ ရဲ့ အခြေ အနေတွေ ကို စုံစမ်း မေးမြန်းခဲ့ ပါတယ်။ ဒါ့အပြင် ဒီခရီးစဉ် အတွင်း KIO ကချင် လွတ်မြောက်ရေး အဖွဲ့ ခေါင်းဆောင်တွေ နဲ့ပါ တွေ့ဆုံခဲ့ပြီး၊ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရ အကြား ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ကို လည်း မေးမြန်းခဲ့ တယ်လို့ လိုင်ဇာဒုက္ခသည်စခန်း တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ မနန္ဒာချမ်းက စုံစမ်းတင်ပြထားပါတယ်။

KIO အရာရှိများက ပြင်းထန်သောတိုက်ပွဲများ ထပ်မံမဖြစ်စေရန် ဆုတောင်းကြဖို့ပြောကြား

(ကချင်သတင်းဌာန)

ကချင် လွတ်လပ်ရေး အဖွဲ့ KIO ဗဟို ဌာနချုပ် လိုင်ဇာမြို့အနီး တိုက်ပွဲ များပြန်လည်ဖြစ် ပွား လာခြင်းကြောင့် ယခု တဖန်ပြင်းထန် သည့် တိုက်ပွဲကြီး ထပ်မံမဖြစ် ပွားအောင် KIO အရာရှိများ သည် လိုင်ဇာရှိ အသင်းတော် အသီးသီး တွင် ဆုတောင်း ရန်ပြောကြား လိုက်သည်။

KIO ဗဟိုဌာနချုပ် အရာရှိများသည် ဖေဖ၀ါရီလ ၁၃ ရက် နံနက်တွင် ရိုမန်ကတ်သလစ် ဘုန်းတော်ကြီး အင်ဗွေနော် အား သွားရောက်၍ မပျက်မကွက်ဆက်လက်ဆုတောင်းရန်ပြောဆိုခဲ့ခြင်းဖြစ်သည်။