Friday, February 14, 2014
မြစ်ကြီးနားမြို့နယ် နန့်ကွေ့ကျေးရွာ မှ တောင်သူ (၅) ဦးအား ရဲများမှဖမ်းဆီး
 (Kachin Waves)
နန်ကွေ့ကျေးရွာမှ တောင်သူ (၅) ဦး ဖေဖော်ဝါရီ (၁၃) ရက်နေ့တွင် မြစ်ကြီးနား မြို့နယ် အမှတ်(၁) ရဲစခန်းမှဆင့်ခေါ်ကာ ခိုးမှု၊ ကျူး ကျော်မှုဖြင့် ဖမ်းစည်းကာ ထောင်ချုပ်ဖမ်းဆီး လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါတောင်သူ(၅) ဦးသည် ၎င်းတို့မြေဧက (၆၁၈၀)ကို ပြန်ရအောင်ကြိုးစားနေသည့် တောင်သူ (၁၃၅) ယောက်မှ ဖြစ်သည်။ ၎င်းတို့ ပြန်ရအောင်ကြိုးစားနေသည့် မြေဧက (၆၁၈၀) တွေ ယခု ၎င်းတို့အား တရားစွဲသည့် လဂရောင်မိးသားစု ကုမ္ပဏီ၏ မြေဧက (၁၂၀၀) ပါဝင်သည်။
အစိုးရစစ်တပ်၏ ဖမ်းဆီးထောင်ချခံခဲ့ရသော KIA အဖွဲ့ဝင် တဦး ရင်ဆိုင်ခဲ့ရသော အဖြစ်အပျက်
(ကချင်သတင်းဌာန)
တရုတ် နယ်စပ် ကချင် လွတ် လပ်ရေး အဖွဲ့KIO ဗဟိုဌာနချုပ် လိုင်ဇာ အနီး ဂျာအိန်ရွာ (Ja Ing Yang) မှ ဦးဇော် ဆိုင်းနန် (Slg. Zau Seng Nan) အား လဂျား ယန် (Laja Yang) တွင် အစိုးရ တပ်မှ ဖမ်းဆီး ခံခဲ့ရပြီး ပြီးခဲ့ သည့် ဇန်န၀ါရီလတွင် သမ္မတ လွတ်ငြိမ်း ချမ်းသာ ခွင့်ဖြင့် ပြန်လည် လွတ်မြောက် လာခဲ့ သည်။ ၄င်း၏ ဖမ်းဆီး ခံခဲ့ရခြင်းနှင့် ထောင်တွင်း ရင်ဆိုင်ရသော အခြေအနေများ ကို KNG ကချင်သတင်း ဌာနမှ ဆက် သွယ်မေးမြန်း ထား သည်။
ကချင်တောင်ပေါ်ဒေသတို့ အကြိုသန်းခေါင်စာရင်းကောက်ခံရန် စတင်လုပ်ဆောင်
(ကချင်သတင်းဌာန)
ကချင်ပြည် နယ် တောင်ပေါ်ဒေ သနှင့်ဝေး လံသော ဒေသ တို့တွင် အစိုးရ၏ တစ်နိုင်ငံ လုံး အတိုင်းအတာ သန်းခေါင် စာရင်း ကောက်ခံသော လုပ်ငန်း စဉ်အား ရက်ပေါင်း (၃၀)ကြို တင်ကောက်ခံသွား မည်ဖြစ်ကြောင်း မြစ်ကြီး နားမြို့ရှိ လူဝန်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီး ဌာနမှ သိရသည်။
အစိုးရစစ်တပ်များနှင့် ကေအိုင်အိုတို့ သုံးရက်ဆက်တိုက် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ကေအိုင်အေ တပ်စခန်းသုံးခု သိမ်းပိုက်ခံခဲ့ရကြောင်း ကေအိုင်အိုအဖွဲ့ ရှင်းလင်း
(Eleven Media Group)
သစ်မှောင်ခို လမ်းကြောင်းများကို လိုက်လံရှင်းလင်းရာမှ အစိုးရစစ်တပ်များနှင့် ကေအိုင်အေတပ်များ သုံးရက်ဆက်တိုက် တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ကေအိုင်အေ တပ်စခန်းသုံးခု သိမ်းပိုက်ခံခဲ့ရကြောင်း ကေအိုင်အို အလုပ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ပြောကြားသည်။
MAI JA YANG DE MYEN MYU SHA NI LAW JAT WA
(Jinghpawkasa)
Wunpawng Mungdan Shanglawt Asuya Sinpraw Ginwang Ginjaw Dap Ba (3) Ginra rai nga ai Mai Ja Yang Muklum de ya ten myen amyu sha ni chyu tup rai nga ai lam hpe na chye lu ai. Ndai zawn rai myen amyu sha ni chyu tup re ai lam gaw, KIA Du Kaba ni kawn shanhte a dum nta gap na matu myen laksama sara ni law law hpe shaga bang wa ai majaw hte Mai Ja Yang Muklum hta Golf Gasup pa hte hkring sa shara ni gap na matu bungli galaw matu myen bungli galaw masha ni hpe shaga bang wa ai majaw re lam na chye lu ai. Ndai zawn rai du shang wa ai kaw myen hpyen asuya kin-yu ni mung lawm ai lam hpe buga masha ni kawn na chye lu ai.
Thursday, February 13, 2014
အစိုးရ တပ်ဖွဲ့များ KIO ဌာနချုပ် လိုင်ဇာ အနီးရှိ စခန်းငယ် များအား တိုက်ခိုက် သိမ်းပိုက်ခဲ့
(ရွှေဟင်္သာသတင်းဌာန)
အစိုးရ တပ်များသည် ဇန္နာဝါရီလ (၁၀) ရက်နေ့မှ စပြီး ကချင် လွတ်လပ်ရေး တပ်မတော် (KIO) ဌာနချုပ် အနီးရှိ တပ်ရင်း(၁၈) တပ်ဖွဲ့စခန်း ငယ်တခုဖြစ် သည့် ဂျာအိန်ယန် (Ja Ing Yang) စခန်းအား နံနက် (၁၀) နာရီ အချိန်တွင် စတင်တိုက် ခိုက်ရာ ညနေ ()နာရီတွင် ဆုတ်ခွာ ပေးခဲ့ရ ကြောင်း KIA စစ်ရုံး မှ ပြော ပါ သည်။
ယင်းစခန်း သည် (KIA) ဒေသခံ ပြည်သူ့ စစ်စခန်း ဖြစ်ပြီး က ယား ပြည်နယ် ဖယ်ခုံမြို့ အခြေစိုက် အမှတ် () စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာန ချုပ် လက်အောက် ခံဖယ်ခုံမြို့ အခြေစိုက် ခမရ (၄၂၁)၊ ဆီဆိုင်မြို့ အခြေစိုက် ခမရ (၄၂၄) ၊ ဘန်းယဉ်မြို့ အခြေစိုက် ခမရ (၄၂၆)၊ ဘန်းယဉ်မြို့ အခြေစိုက် ခမရ ( ၄၂၅) စစ်ေ ကြာင်း များနှင့်  က ချင်ပြည်နယ် မရမ်း မြို့ အခြေချ ခလရ (၂၆၀) တပ်ပေါင်း များ က လက်နက်ကြီး အင်အား များဖြင့်  ဒလစပ် ပစ်ခတ် ခဲ့သည့် နည်း ဗျူ ဟာဖြင့် တိုက်ခိုက် ခဲ့ပါသည်။ 
ကေအိုင်အိုအဖွဲ့မှ မိုင်ဂျာယန်မြို့တွင် ဥပဒေကျောင်းဖွင့်လှစ်ရန်စီစဉ်
(Kachinwaves)
ကေအိုင်အိုအဖွဲ့မှ ဖယ်ဒရယ် ဥပဒေ ကျောင်း (Federal Law Academy) အား ၂၀၁၄ ဇွန်လမတိုင်ခင် ဖွင့်လှစ်သွားရန် စီစဉ်နေကြောင်း ကေအိုင်အို ပညာရေးမှူး ဦးနော်ထွယ်မှဆိုသည်။
အဆိုပါကျောင်းအား ကေအိုင်အို ထိန်းချုပ်နေမြေဖြစ်သော မိုင်ဂျာယန်တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းသား (၆၀) ယောက်အား လက်ခံသွားမည်ဖြစ်ကြောင်းလည်းဆိုသည်။
ကေအိုင်အေ စခန်းတစ်ခုကို အစိုးရတပ် သိမ်းပိုက်
(RFA)
ကချင်ပြည် နယ် ဗန်းမော် ခရိုင် ဒေါ့ဖုန်းယန်မြို့ နယ်ခွဲ ဂျာအင်ယန်ကျေး ရွာအနီး မှာ အစိုးရ တပ်နဲ့ ကေအိုင်အေ တပ်တွေအကြား ဒီနေ့ မနက်ပိုင်း က တိုက် ပွဲဖြစ်ပြီး KIA တပ် ရင်း ၁၈ ရဲ့ ခါအူ ရှေ့တန်း တပ်စခန်း ကို အစိုးရ တပ်တွေက သိမ်းပိုက် လိုက်တယ်လို့ သိရပါတယ်။
အဲဒီ ဂျာအင်ယန်ကျေးရွာအနီးမှာ ဒီနေ့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအကြောင်း မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်နဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ MPC က တာဝန်ရှိသူတွေကို အကြောင်းကြားထားပြီးဖြစ်ကြောင်းနဲ့ အခြေအနေ ပိုတင်းမာလာနိုင်ကြောင်း မြစ်ကြီးနားမြို့အခြေစိုက် ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ပြောပါတယ်။
ချီဖွေမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းမှ (၂)ထပ်ဆောင်ပြိုကျ
(Kachinwaves)
ချီဖွေမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ၂၀၀၆ ခုနှစ်တည်ဆောက်ခဲ့သည့် (၂)ထပ်ကျောင်းဆောင် အကုန်ပြိုကျလာသဖြင့် စာသင်ဆောက်အဖြစ် အသုံးမပြုနိုင်တော့သည့် အတွက် ဖျက်သိမ်းခွင့်တင်မည် ဖြစ်ကြောင်း ထိုကျောင်းမှကျောင်းအုပ်ဆရာမ ဒေါ်ဂျီဘောမ်နမ် မှဆိုသည်။
ထို (၂)ထပ်ဆောင်အား ၂၀၀၆ ခုနှစ်တွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် မှ ယခင်မြောက်ပိုင်းတိုင်း တိုင်းမှူးလက်ထက်တွင် တည်ဆောက်ပေးခဲ့သည့် ကျောင်းဆောင်ဖြစ်ကြောင်းလည်း ချီဖွေမြို့ရှိ ဘာသာရေးဆရာတစ်ဦးမှဆိုသည်။
Wednesday, February 12, 2014
KIO GINJAW GINRA NI HPE ZING NA MATU MYEN ASUYA KAWN MATSUN
(Jinghpawkasa)
Wunpawng Mungdan Shanglawt Asuya KIO/KIA a Ginjaw Ginra ni rai nga ai Laiza, Maija Yang, Lai Sin hte ahkyak ai shara ni hpe htim gasat zing na matu myen asuya kawn matsun taw sai lam KIO Ginjaw na Du Kaba langai mi kawn tsun shana wa ai. Gade nna yang majan kaba bai byin wa na masa nga ai majaw Mungdan kata hte Mungdan shara shagu chyam bra nga ai Wunpawng Sha ni yawng aja awa akyu jawm hpyi ya na matu mung garum hpyi dat ai lam chye lu ai.
အလှမ်းဝေးနေသေးတဲ့ စစ်မှန်ငြိမ်းချမ်းသော ပြည်ထောင်စု
(VOA)
ဒီတပတ် မြန်မာ့ မျက်မှောက်ရေး ရာ အစီအစဉ် မှာ မြန်မာနိုင်ငံ မှာ ပြည်ထောင် စုနေ့ အထိမ်း အမှတ် ကျင်းပ လာကြ တာ ဒီကနေ့ ဆိုရင် (၆၇) ကြိမ် ပြည့်မြောက် ခဲ့ပါပြီ။ တိုင်းရင်း သားပြည်သူတွေ လိုလားတဲ့ စစ်မှန်ငြိမ်း ချမ်းသော ပြည်ထောင်စု ပေါ်ထွန်းရေး ဆို တာတော့ အလှမ်းဝေးနေ ဆဲ ဖြစ်ပါ တယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ လွတ်လပ်ရေးခေါင်းဆောင်တွေ မှန်းမျှော်ခဲ့ကြတဲ့ Unity in Diversity ဆိုတဲ့ မတူကွဲပြားမှုထဲက စည်းလုံးညီညွတ်ရေး ဆိုတာလည်း အကောင်အထည် ပေါ်မလာခဲ့ပါဘူး။ ဒါဟာသမိုင်းမှာ ဘာမှားခဲ့လို့လဲ။ ရှေ့ အလားအလာ ဘယ်လိုလဲဆိုတာကို ရန်ကုန်တက္ကသိုလ် ဂုဏ်ထူးဆောင် ပါမောက္ခ သမိုင်းပညာရှင် ဦးထွန်းအောင်ရှိန် နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်
အစိုးရတပ်များ KIA ဌာနချုပ်အနီး တပ်စခန်းတခု ထပ်မံသိမ်းပိုက်
(ကချင်သတင်းဌာန)
ကချင် လွတ်လပ်ရေး အဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့အနီး KIA ခအူ (Hka -U) စခန်း အား ယနေ့ ဖေဖေါ် ၀ါရီ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခွဲချိန် တွင် အစိုးရတပ်မှ ထပ်မံ သိမ်းပိုက် လိုက်ကြောင်း KIO နည်းပညာ အဖွဲ့ Technical Advisory Team မှ ဆရာဒေါင်ခါး ပြော သည်။
ထိုစခန်း သည် ယမန်နေ့ တွင် အစိုးရတပ်များလက်နက်ကြီးဖြင့် ပစ်ခတ်၍ တပ်စွဲ လိုက်သော KIA ဂျာအိန်ယန် စခန်း (Ja Ing Yang post) မှ ၆ မိုင်အကွာ တွင် ရှိသော စခန်းဖြစ်ပြီး အစိုးရ တပ် တပ်မ ၉၉ စစ်ကြောင်း သည် စစ်အင်အား ၂၀၀ ကျော်ဖြင့် ထပ်မံပစ်ခတ် တိုက်လာခြင်းကြောင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ရင်း ၁၈ ဖက်မှ ထပ်မံနောက် ဆုတ်လိုက်ရခြင်းဖြစ် သည်ဟု သိရသည်။
၆၇ သက်တမ်းရောက် အရာမထင်သေးတဲ့ ပင်လုံ
(Irrawaddy)
မြန်မာနိုင်ငံ လွတ်လပ်ရေး ရဖို့ တိုင်းရင်း သားတွေနဲ့ အတူ စည်းစည်း လုံးလုံး ကြိုးစားခဲ့ တဲ့ ပင်လုံ စာချုပ်ဟာ သက် တမ်း ၆၇ နှစ်ပြည့် ခဲ့လေပြီ။ တကယ်တော့ ပင်လုံစာချုပ် ဆိုတာ မြန်မာနို င်ငံက တကယ့် ခေါင်းဆောင်ကောင်းတွေ ရဲ့ အမြော်အမြင်ကြီးကြီးနဲ့ သူရဲကောင်းဆန်ဆန် လုပ်ကိုင်ခဲ့ကြတဲ့ လုပ်ရပ်တွေထဲက တခုလည်းဖြစ်ပါတယ် ဒါပေမယ့်လည်း တိုင်းရင်းသားဒေသတွေမှာ ပင်လုံစာချုပ်ပါ သဘောတူညီချက်တွေကို မခံစားကြရသေးဘူးလို့ အခု လက်ရှိ တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောနေကြတယ်။
MIWA ASUYA KAWN SHI MASHA YAWNG HPE SHAGA LA
(Jinghpawkasa)
Wunpawng Mungdan Shanglawt Asuya KIO/KIA hte myen tai hpyen ni majan kaba bai byin hpang wa na masa nga ai lam shiga na chye lu ai. Ya ten Miwa asuya ni gaw Jinghpaw Munghkran de nga ai Miwa mung masha ni yawng hpe February (14) ya hpang jahtum da nna Jinghpaw mung kaw na Miwa hkran de wa na lam ndau nga sai lam buga masha ni kawn chye lu ai. Miwa asuya kawn ya na zawn shi mungdan masha ni hpe Miwa hkran de wa na matu ndau shaga ai lam gaw lai wa sai bat hkan kawn rai sai lam na chye lu ai.
Tuesday, February 11, 2014
ကေအိုင်အေဌာနချုပ် လိုင်ဇာအနီးတွင် တိုက်ပွဲဖြစ်
(DVB)
ကချင် လွတ်လပ်ရေး တပ်မတော် ကေအိုင် အို ဌာနချုပ် ရှိရာ လိုင်ဇာ အနီးမှာ ဖေဖော်ဝါရီ ၁၀ နေ့က တိုက်ပွဲ ဖြစ်ပွား ခဲ့ပါတယ်။
လိုင်ဇာနဲ့ ၂ နာရီမောင်း ရတဲ့ ဂျာအိန်ယန်ကျေးရွာ မှာ တိုက်ပွဲဖြစ်ပွား ခဲ့တာလို့ ကေအိုင်အို အရာရှိတဦးက ဒီဗွီဘီ ကို ပြောပါတယ်။
“မနေ့ည ကတော့ လိုင်ဇာနဲ့ ၂ နာရီလောက်မောင်းရတဲ့နေရာ ဂျာအိန်ယန်ဆိုတဲ့ ရွာလေးမှာ ဖြစ်တာ။ ဒါပေမယ့် အဲဒီရွာမှာတော့ အခု ပြည်သူလူထုတွေ ရွာတွေ မရှိတော့ဘူး။ ရွာဟောင်းပေါ့။ ဒါပေမယ့် ကျနော်တို့ရဲ့ ပြည်သူ့စစ်ရှိတဲ့နေရာမှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်တယ်။”
မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရန် မေခ၊ မလိခ အထိ ရက်ရှည်လမ်းလျှောက်မည်
(DVB)
ဧရာ ၀တီမြစ်ကြီး မပျက် စီးအောင် ထိန်းသိမ်းတဲ့ အနေနဲ့ မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းဖို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အင်အား စုကော်မတီ က ဦးစီးပြီး မေခ မလိခ အထိ လမ်းလျှောက် ဆန္ဒ ထုတ်ဖော် မယ် လို့ ဒီနေ့ ထုတ်ပြန် ပါတယ်။
စစ်အစိုးရ လက်ထက် တုန်းက သဘော တူညီချက်နဲ့ အကောင် အထည်ဖော်နေ တဲ့ ဧရာ ၀တီမြစ်ဆုံ စီမံကိန်း ကို အများပြည် သူတွေရဲ့ ကန့်ကွက် မှုတွေကြောင့် လက်ရှိ သမ္မတ ဦးသိန်းစိန်က သူ့အစိုးရ သက်တမ်း ကာလ မှာ ရပ်ဆိုင်း ထားတာပါ။
KIO ဌာနချုပ်ဒေသရှိ တပ်စခန်းတခုအား အစိုးရတပ်များ လက်နက်ကြီးဖြင့် ပစ်ခတ် သိမ်းပိုက်
(ကချင်သတင်းဌာန)
တိုက်ပွဲ များငြိမ် သက်နေသော KIO ဗဟို ဌာနချုပ် လိုင်ဇာမြို့ KIA တပ်ရင်း ၁၈ ဒေသ ရှိ ဂျာအိန်ယန် (Ja Ing Yang) စခန်းအား အစိုးရ တပ်များ တိုက်ခိုက် ပစ်ခတ် လာသောကြောင့် ယမန်နေ့ တင်္နလာနေ့ ညနေ ၅ နာရီကျော်ချိန် တွင် နောက်ဆုတ် လိုက်ကြောင်း လိုင်ဇာရှိ KIA အရာရှိ တဦး အတည်ပြုပြော ဆိုသည်။
ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၁၈ တပ်ဖွဲ့နှင့် ကချင်ပြည်သူ့ စစ်တပ်ဖွဲ့များ (MHH) ရှိရာ ဂျာအိန်ယန်စခန်းကို အစိုးရတပ်ပေါင်းစုမှ လက်နက်ကြီးများဖြင့် အဆက်မပျက် ပစ်ခတ်စီးနင်းခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။
မြစ်ကြီးနား – မန္တလေး ကုန်တင်မီးရထား လမ်းချော်တိမ်းမှောက်
(DVB)
မြစ်ကြီးနား မီးရထား ဘူတာ က ထွက်ခွာလာတဲ့ အမှတ် ၉၃၈ ကုန်တင် မီးရထား ဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော် မြို့နယ်၊ မော်လူး မီးရထား ဘူတာနဲ့ နန့်စီးအောင် မီးရထား ဘူတာကြား မှာ ဒီနေ့မနက် ၇ နာရီ ၅ မိနစ် အချိန်က ရထားတွဲချော် တိမ်းမှောက် ခဲ့ပါတယ်။
တရုတ်ပြည်သို့ပို့သည့် သစ်များသည် အစိုးရ ထိန်းချုပ်နယ်မြေမှ သစ်များသာဖြစ်ကြောင်း ကေအိုင်အိုဆို
(Kachin Waves)
ကေအိုင်အေ နှင့် စစ် မကြာခဏ ဖြစ်ရ သည့် အကြောင်းအရင်းမှာ သစ်မှောင်ခို လမ်းကြောင်း ရှင်းတဲ့ အခါ ကေအိုင် အို အောက်ခြေက စစ်သားတွေက လိုက်လိုက် တိုက်လို့ ဖြစ်တယ် လို့ မြောက်ပိုင်းတိုင်းမှ ဆိုပါတယ်။
ရဲတွေ မလုပ်နိုင် သည့် အတွက် စစ်တပ်က လုပ်ဆောင်ခြင်းဖြစ်ကြောင်း လည်းဆိုသည်။
စစ်တပ်ဘက်က အင်းအားသုံးပြီး လိုက်တိုက်တယ်ဆိုတာလည်း မဟုတ်ကြောင်း ထိုးစစ်ဆင်ခြင်းလည်း မဟုတ်ကြောင်း ကေအိုင်အိုမှသာ စတိုက်တဲ့အတွက် တိုက်ရခြင်းဖြစ်ကြောင်းဆိုသည်။
ကေအိုင်အေတပ်မဟာ (၅) ဒေသတွင် တိုက်ပွဲများ ပြန်လည်စတင်
(Jinghpawkasa)
ကချင်ပြည်နယ် ကေအိုင်အို အစိုးရ ကေအိုင်အေ တပ်မဟာ (၅) အုပ်ချုပ် နယ်မြေဖြစ်သော ဂျာအိန်ယန် ကျေးရွာ တွင် ဖေဖော်ဝါရီ (၁၀) ရက် မနက် (၁၀း၀၀) နာရီ အချိန်ခန့်မှ တိုက်ပွဲများ ပြင်း ထန်စွာ ပြန်လည်ဖြစ်ပွား လာကြောင်း သတင်း ရရှိပါသည်။
BA (5) DE MAJAN BAI HPANG SAI
(Jinghpawkasa)
Wunpawng Mungdan Shanglawt Asuya Ginjaw Ginra rai nga ai, KIA Dap Ba (5) Ginra Ja Ing Yang Mare hta February (10) ya jahpawt hkying (10:00 AM) daram hta laja lana gap gasat lai wa sai lam shiga na chye lu ai. Myen asuya hpyen dap hk-l-y (221) dap ni gaw Ja Ing Yang Mare kaw shanu shara la nga ai Du Jumm Myu Zin woi awn ai Mung Shawa Kanawn Mazum Hpyen Hpung (MKM) ni hpe sa htim gasat lai wa ai re lam, shanni daw hkying (1:00 PM) ten ram hta myen asuya dap hk-l-y (261) dap ni n-gun (150) ram bai jat nna sa htim gasat garum lai wa sai lam shiga na chye lu ai. Myen asuya hpye dap ni gaw shana de jan shang wa ten du hkra KIA ni nga ai shara ni de laknak kaba ni hte gap sharu bun lai wa sai lam hpe mung na chye lu ai.
KIA ဌာနချုပ် အနီး ဖြစ်ပွားသော ဂျာအိန်ယန်ကျေးရွာ တိုက်ပွဲအခြေအနေ
(Lachid Kachin)
Monday, February 10, 2014
တိုက်ပွဲများကြောင့် စာမေးပွဲဖြေမည့် ကျောင်းသား နည်းပါး
(RFA)
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် ကောင် လွင်ကျေးရွာမှာ အစိုးရနဲ့ ကေအိုင်အေ တပ်တွေအကြား မကြာခဏ တိုက်ပွဲဖြစ် တာကြောင့် ကျေးရွာ သားတွေ ထွက်ပြေး ကြတဲ့ အတွက် အဲဒီကျေးရွာ က မူလတန်း လွန်ကျောင်း မှာ ကျောင်းသူ ကျောင်းသား ၁၀၀ ကျော်လောက် သာ ရှိတော့ကြောင်း ကောင်လွင်ကျေး ရွာ ကျောင်းအုပ် ဆရာမကြီး က RFA ကို ပြောပါတယ်။
ကောင်လွင်ကျေးရွာ မူလတန်းလွန်ကျောင်းဟာ သူငယ်တန်းကနေ သတ္တမတန်းအထိ သင်ကြားပေးနေ တာပါ။ တိုက်ပွဲဖြစ်ရင် ကျောင်းနားမှာပဲ ဖြစ်တာများ တဲ့အတွက် ကလေးတွေလည်း ကျောင်းမတက် နိုင်တော့ဘဲ လာမယ့် ဖေဖေါ်ဝါရီလကုန်ပိုင်း မှာ ပြုလုပ်မယ့် အတန်းတင်စာမေးပွဲ ကို ဖြေဆိုမယ့် ကျောင်းသားတွေလည်း နည်းသွားပြီလို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဝင်းကြည် က ပြောပြပါတယ်။
KIA တပ် ရင်း ၁၂ နှင့် အစိုးရ တပ်ကြား ဖြစ်ပွားသော တိုက်ပွဲ တွင် KIA အရာရှိ ၂ ဦးကျ
(ကချင်သတင်းဌာန)
ဗန်းမော် ခရိုင် မန်စီမြို့ နယ် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၁၂ ဒေသ နား အိုကြီး အနီး ပရန် တိုင်းမှော်ကြား ဖေဖ၀ါရီလ ၇ ရက်နေ့ တွင် အစိုးရ တပ်နှင့် KIA တပ်ရင်း ၁၂ တို့ တိုက်ပွဲဖြစ် ပွားခဲ့ရာ KIA ဘက်မှ အရာ ရှိ ၂ ဦးကျဆုံး ခဲ့ကြောင်း သိရှိ ရသည်။
၎င်း အစိုးရတပ် သည် ရွှေဂူ တပ်ခြေမြန် တပ်ရင်း ၆၀၂ ဖြစ်ပြီး စစ် အင် အား ၁၀၀ ကျော်ဖြင့် KIA တပ်ရင်း ၁၂ သို့ လှုပ်ရှား လာစဉ် နှစ်ဖက် တပ်များ မိနစ် ၃၀ ကျော်ကြာ ထိပ်တိုက် ပစ်ခတ် တိုက်ခိုက်ကာ KIA ဒုဗိုလ် မရန်အုန်ဆော်တန် (Lat du Maran Ungsau Tang)နှင့် အရာခံ ဗိုလ်မရစ်လဖရီး (Du tau Marip La Hpri) တို့ ၂ ဦး ကျဆုံး ခဲ့ခြင်းဖြစ်ကြောင်း တပ်ရင်း ၁၂ တပ်ဖွဲ့ မှ အမည်မဖော်လိုသူ အရာရှိ တဦး KNG ကချင် သတင်း ဌာန သို့ပြောသည်။
အစိုးရ၏ ကချင်တိုင်းရင်းသားများအား ခွဲခြမ်း၍ သန်းခေါင်စာရင်းကောက်ခံမည့်အပေါ် ကချင်လူထုကန့်ကွက်
(ကချင်သတင်းဌာန)
ကချင်ပြည်နယ် ရှိလူထုအခြေပြုအဖွဲ့အစည်းများက မကြာမီ အစိုးရကောက်ခံမည့် သန်းခေါင်စာရင်းတွင် ကချင်တိုင်းရင်းသားများကို ခွဲခြမ်းစိပ်ဖြာ ထားသော အမှတ်စဉ် ကုတ်(code)နံပါတ်များကို ဖြုတ်ပေးရန် ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် အစိုးရထံသို့ ကြေငြာချက်ထုတ်ပြန်၍ တောင်းဆိုလိုက်ကြောင်း သိရသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအပေါ် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ခေါင်းဆောင်များ၏ အမြင်သဘောထား (၂)
(ကေအိုင်စီ)
ဗိုလ်မှူးချုပ်ရင်နု (စစ်ဖက်ဆိုင်ရာ ထိပ်တန်းကော်
မတီဝင် – KNU/KNLA ငြိမ်းချမ်းရေးကောင်စီ)
ကျနော် တို့ ကရင်ငြိမ်း ချမ်းရေးကောင်စီ KNU/KNLA – PC ရဲ့ သဘောထား ကတော့ အပစ်အခတ် ရပ်စဲရေး ကို လိုလားတယ်။ အဲဒီ ကနေမှ တစ်ဆင့် ကျနော် တို့ နိုင်ငံတော် ငြိမ်းချမ်း သာယာဖို့ အတွက် နိုင်ငံရေးဆွေးနွေး ပွဲကို တက်လှမ်း သွားမယ်။ ကျနော်တို့ ကရင်အမျိုးသား တစ်ခု တည်း အတွက် မဟုတ် ပါဘူး။ ကျန်တဲ့ ဘ၀တူ တိုင်းရင်းသား ညီအစ် ကိုတွေ အကုန်လုံး အတွက်လည်း ပါတာပေါ့နော်။ ကျနော့် သဘောထား ကတော့ ဒါပါပဲ။
ဒုတိယ အကြိမ်မြောက် တိုင်းရင်း သား လက်နက် ကိုင်တော်လှန်ရေး အဖွဲ့အစည်း များရဲ့ ကွန်ဖရင့်နဲ့ ပတ်သက်ပြီး ကျနော်တို့ အနေ နဲ့ကတော့ အများဆွေးနွေး ဆုံးဖြတ်တဲ့ အတိုင်းပါပဲ။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအပေါ် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ခေါင်းဆောင်များ၏ အမြင်သဘောထား (၁)
(ကေအိုင်စီ)
ခွန်မြင့်ထွန်း (ဥက္ကဌ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ - PNLO)
ကျနော်တို့ က အစိုးရနဲ့ ပြည်နယ် အဆင့်၊ ပြည်ထောင်စု အဆင့်တွေမှာ သဘောတူ ထားခဲ့တဲ့ သဘော တူညီချက်တွေ ကို လေးစား တန်ဖိုးထား တယ်။ ကျနော်တို့ အလေးအနက် လေးစား တန်ဖိုးထား သလိုပဲ လိုင်ဇာ ညီလာခံကြီးမှာ တိုင်းရင်းသားတွေ အတူတူ လက်မှတ်ရေး ထိုးထားတဲ့ လိုင်ဇာ သဘောတူညီချက်ကို လည်း ကျနော်တို့ တန်ဖိုး ထားပါတယ်။ ဒါကြောင့်မို့လို့ အဲဒီသဘောတူ ညီမှု နှစ်ရပ်ပေါ်မှာ အခြေခံပြီးတော့ တစ်ပြည်လုံးအတွက် ကောင်းမယ့် သဘောတူညီချက်ရရေးကို ကျနော်တို့ ကြိုးစားဆောင် ရွက်နေပါတယ်။
ကေအိုင်အေ ဌာနချုပ် လိုင်ဇာ အနီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေ
10 Feb 2014
ယနေ့ ဖေဖော်ဝါရီ (၁၀)ရက် မနက်ပိုင်း (၉း၀၀)နာရီ အချိန်ခန့် မှစ၍ နန်ဆန် ယန်ကျေးရွာ အထက် နန့် ဆန် ချောင်းဖျား ဂျာအိန်ယန်ကျေးရွာ အနီးပါတ်ဝန်းကျင်တွင် ယခုသတင်းရေးသားနေချိန် ညနေပိုင်း အချိန်ထိတိုင်အောင် နှစ်ဖက်တပ်များ တိုက်ပွဲပြင်းထန်စွာ ဖြစ် ပွားနေကြောင်း သိရသည်။
ဘာလဲဟဲ့ စရခ .... (စရဖ) ဆိုတာဘာလဲ- အပိုင်း(၂)
(မိုးဇေညိမ်း)
(၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့ထုတ် ကြေးမုံသတင်းစာမှ သတင်းတစ်ခု)
တပ်မတော်စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံးရဲ့နောက်ထပ်အရေးပါတဲ့ ဌာနကြီး ကတော့ စစ်ဖက်ရေးရာလုံခြုံရေးဌာနကြီး (တန်ပြန်) ဖြစ်ပါတယ်။ စစ်ဖက်ရေးရာ လုံခြုံရေး ဌာနကြီး (ပြည်တွင်း)/(ပြည်ပ)တို့ဟာ စစ်ဖက် သတင်းရယူရေး (Military Intelligence)၊ မြို့ပြသတင်းရယူရေး (Civil Intelligence) စတဲ့ ထောက်လှမ်းရေး တာဝန် (Positive Intelligence) တွေကို ဆောင်ရွက်ရပါတယ်။ စစ်ဖက်ရေးရာ လုံခြုံရေးဌာနကြီး (တန်ပြန်) ကတော့ တန်ပြန်သတင်းရယူရေး(Counter Intelligence) နဲ့ သတင်းရယူမှုတားဆီးရေး (Negative Intelligence) ကို ဆောင်ရွက်ရပါတယ်။
TNLA တို့ ဖြစ်ပွားသော ယနေ့ တိုက်ပွဲတွင် ခမရ တပ်ဖက်မှ ၃ ဦးကျဆုံး
(ရွှေဟင်္သာသတင်းဌာန)
ယနေ့ ဖေဖော် ဝါရီ လ၁၀ ရက် နံနက် ၀၉း၀၀ နာရီ အချိန် ခန့်တွင် တအန်း တပ် မတော် (၂၅၆) တပ် ရင်း ၏ လှုပ်ရှား တပ်ဖွဲ့နှင့် အမှတ်(၁) စစ် ဆင်ရေး ကွပ်ကဲမှု  ဌာနချုပ် မှ နမ့် လမ် အခြေစိုက်  ခမရ (၅၀၅၊  ၅၀၆) တို့ နမ့်ဆန် မြို့နယ် နမ့်ယန်းနှင့် ဟိုမိန်းရွာ အကြား (မန်တုံ-နမ့်ဆန်ကား လမ်းမ) အနီး တွင် နှစ်ဖက် ရင်ဆိုင် တိုက်ပွဲဖြစ် ပွား ခဲ့ရာ ခမရ  တပ်ဖွဲ့ ဝင် အနဲဆုံး (၃) ဦး ကျဆုံး ပြီး၊ (၁) ဦး ထိခိုက် ဒါဏ်ရာ ရရှိသွား သည်။
ကချင်ပြည်နယ်မှာ ကချင်တွေရဲ့ သမိုင်းများ ဖျက်ခြင်း။
(Kachin Duwa)
 ခေတ်အဆက်ဆက် လူသားသမိုင်းမှာ အရေးအကြီးဆုံးဟာ သခ်ျိုင်း ပါ။ နောက်လူတွေ သမိုင်း အထောက်အထား ပြန်ရှာ ရင် သခ်ျိုင်းမှာ ရှာတတ် ပါတယ်။
သန်းခေါင် စာရင်း ကိစ္စ ထောင်ချီ နှစ်က
(Kachin Duwa)
ခရစ်ယာန် ကျမ်းစာထဲမှာ သခင်ယေရှု မွေးဖွါးရာ သမိုင်းအစမှာ ရောမ အစိုးရရဲ့ သန်းခေါင်စာရင်းကောက်တဲ့ ကိစ္စ ကနေ စခဲ့တာပါ။
ပြောချင်တာ.. သူများနိုင်ငံတွေမှာ သန်းခေါင်စာရင်း ကောက်တာ နှစ်ပေါင်း ထောင်ချီ ကြာခဲ့လေပြီ။ ဘာ ပြဿနာမှ မရှိ။
ဖက်ဒရယ် ဆိုတိုင်း ဖက်ဒရယ် မဟုတ်
(KIC)
ယခုအခါ “ဖက်ဒရယ်” ဟူသောစကားလုံးသည် တကျော့ပြန် ဖက်ရှင်ဖြစ်လာခဲ့ပြီ။
တစ်ချိန်က “ဖက်ဒရယ်”ဟုဆိုလျှင် “ခွဲထွက်ရေး/ ပြည်ထောင်စုဖြိုခွဲရေး”အဖြစ် အုပ်စိုးသူများက သရုပ်ဖော်ခဲ့ကြသည်။ သရုပ်ဖျက်ခဲ့ကြသည်။ ယခုအခါ၌မူ “ဖက်ဒရယ်”အား ခေတ်စနစ်နှင့်လျော်ညီစွာ လိမ်ညာလှည့်ဖြားရန်အတွက် အုပ်စိုးသူများက ဝါဒဖြန့်နေကြပြီဖြစ်သဖြင့် တိုင်းရင်းသားပြည်သူများ သတိကြီးစွာထားရှိကြဖို့ လိုပါသည်။
Sunday, February 9, 2014
လူ့အခွင့် အရေးစစ်ပွဲ နှင့် အပြိုင် TNLA ဒေသတွင် တိုက်ပွဲပြင်းထန်လာ
(ရွှေဟင်္သာသတင်းဌာန)
တအာင် လွတ်မြောက်ရေး တပ်မတော် (TNLA) ဗျူဟာ () လက်အောက်ခံ တပ်ရင်း (၃၆၇) မှ လှုပ်ရှား တပ်ဖွဲ့များ နှင့် ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ အခြေ ချ အမှတ် () စစ်ဆင်ရေး ကွက်ကဲမှု စစ်ဌာနချုပ် (စကခ) လက် အောက်ခံ ခလ ရ(၁၁၄) တို့ ယနေ့ ဖေဖော် ဝါရီလ ၉ ရက် နံနက် ၁၀း၀၀ နာရီ အချိန် တွင် မန်တုံမြို့နယ်တာဘန်း တောင်ကုန်း (မန် တုံ-နမ္မတူ ကားလမ်းမ) အနီးတွင်နှစ်ဖက်ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ လက်နက်များ သိမ်းဆည်း ရမိကြောင်း (TNLA) ပြန်ကြားရေး အရာရှိ ဗိုလ်အိုက်ကျော် မှ ဆိုပါသည်။
အစိုးရဖက် က () ဦးကျတယ် လို့ သိရတယ်။ ကျနော်တို့က သူတို့ရဲ့  M.A 1 သေနတ် (၄) လက်နဲ့ ကျည်ဆံ တရာ လောက် သိမ်းရတယ်လေ။ ဖြစ်ပုံကတော့ ကျ နော်တို့ ဒေသခံ တပ်တွေက မန်တုံ-နမ္မတူ ကားလမ်း မကို ဖြတ်နေတဲ့ အချိန်မှာ သူတို့လည်း ဘဲ မထင်မှတ် ဘဲနဲ့ ထိပ် တိုက်တိုးပြီး ပစ်ခတ်ကြ တာပါ။ အဲဒီမှာ ကျနော်တို့ ဦးတော့ သူတို့ ခံ လိုက်ရတယ်ဟု ဆိုပါသည်။