Saturday, February 8, 2014
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား
(RFA)
ကချင်ပြည် နယ် ဗန်းမော် ခရိုင် မန်စီမြို့ နယ် ကောင်လွင်ကျေးရွာ မှာ ဖေဖော် ဝါရီ ၆ ရက် မနေ့ က မြောက်ပိုင်း တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်တွေနဲ့ ကေအိုင်အေ တပ် မဟာ ၂ လက်အောက် ခံ တပ်ရင်း ၁၂ တပ်တွေ အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ ရွာထဲမှာ လက်နက်ကြီး ကျည်ဆံ ကျရောက် ပေါက်ကွဲ ခဲ့တာကြောင့် အိမ်သုံးလုံး ပျက်စီးပြီး အမျိုးသမီး တစ်ဦး ဒါဏ်ရာရရှိခဲ့ တယ် လို့ သိရပါတယ်။
မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မန်စီမြို့နယ် အုပ်ချုပ်ရေးမှူးက RFA ကို အခုလိုပြောပါတယ်။
Friday, February 7, 2014
ကေအိုင်အေ အခြေစိုက် စခန်းတခုကို မြန်မာအစိုးရတပ် သိမ်းပိုက်
(ကချင်သတင်းဌာန)
ကချင်ပြည်နယ် တောင်ပိုင်း ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်စွဲရာ စခန်းနေ ရာ တခု ကို မြန်မာအစိုး ရတပ်များ က သိမ်းပိုက် တပ်စွဲ လိုက် သည်ဟု ဗန်းမော် ခရိုင် KIA တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူး လဘန်ဂျွန်းအောင်က ပြော သည်။
မန်စီမြို့နယ် အတွင်းရှိ ကေအိုင်အေ များ တပ်စွဲ ထားသော ကောင်ရွန်ရွာ (Gawngrun) ကို အစိုးရ တပ်မှ ယမန်နေ့ ၆ ရက် ကြာသပတေးနေ့ တိုက်ပွဲ တွင် ပြန်လည် တပ်စွဲ ထားပြီ ဟု ဗိုလ်မှူး လဘန်ဂျွန်းအောင် က KNG ကချင် သတင်းဌာန ကို ပြောပြ သည်။
TNLA နှင့် ဖြစ်ပွားသော ယနေ့ တိုက်ပွဲတွင် စစ်ကြောင်း မှူး ဒုဗိုလ်မှူးကြီး သန့်ဇင်ထွန်း ကျဆုံး
(ရွှေဟင်္သာသတင်းဌာန)
KIA တပ်ရင်း (၁၂) ဧရိယာ ထဲမှ သစ်မှောင်ခို တိုက်ပွဲများ၏ ဖြစ်ရပ်မှန်
(ရွှေဟင်္သာသတင်းဌာန)
အစိုးရ တပ်များ သည် ဒေသသစ်မှောင် ခို ဖမ်းဆီးရန် အကြောင်း ပြပြီး ယမာန်နေ့  မနက်(၁၀) နာရီ တွင်  ဗန်းမော် ခရိုင် မန်စီမြို့ နယ်  ကောင် ရွန် (Gawngrun) ကျေးရွာ အနီး တွင် ရှိနေသော ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ရင်း ၁၂ တပ်ဖွဲ့ကို ၀င်ရောက် တိုက်ခိုက် ခဲ့ကြောင်း  (KIA) တပ်ရင်း (၁၂) မှူး ဗိုလ် မှူး လဘန် ဂျွန်းအောင်ကဆိုပါသည်။
ကျနော် တို့ တပ်တွေ ရှိတဲ့နေ ရာကိုဝင် တိုက်တာလေ။ သူတို့က ပြောတယ်။ သစ်မှောင် ခိုရှိနေတယ်။ လာဖမ်းဖို့ဖြစ် တယ် ဆိုတဲ့ နေရာ မှာလည်း ဒေသ ခံတပိုင် တနိုင်သစ် လုပ်ငန်း ရှင်လေး တွေ ကိုတော့ လိုက်ဖမ်းတယ်။ လုပ်ငန်း ရှင်ကြီးတွေ ကိုတော့ ထုတ်ခွင့်ပေးတယ်။  ဒါလည်း ထားပါ။ အဲဒါဆို ကျနော်တို့ တပ်တွေ ရှိတဲ့နေ ရာကိုဘာဖြစ် လို့ဝင် တိုက်နေ ရတာလဲဟုဆိုပါသည်။
ဦးတေဇနှင့် တရုတ်လုပ်ငန်းရှင်များ သစ်ခိုးထုတ်ဖို့လမ်းဖောက်လုပ်
(Jinghpawkasa)
မြန်မာ ခရိုနီစီးပွါးရေးလုပ်ငန်းရှင် ဦးတေဇနှင့် တရုတ်စီးပွါးရေးလုပ်ခန်းရှင်များ ပူပေါင်းပြီး ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ် မှ မန်ဂျယ်သို့ ပေါက်သော သစ်ထုတ်ယူဖို့လမ်းကို ဖောက်လုပ်ထားပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။ ဤလမ်းကို တရုတ်ပြည် ဂျန်ခေါင် တရုတ်အစိုးရဘဏ်မှ တရုတ်ာယွမ်ငွေ သိန်း (၂၀) ထုတ်ယူပြီး ဖောက်လုပ်ချင်ဖြစ်ကြောင်း၊ လမ်းဖောက်လုပ်မှုကြောင်း ဗမာစစ်တပ် အင်းအားအများအပြား ဒဂေါ်ကျေးရွာသို့ ရောက်ရှိနေကြောင်း သိရှိရပါသည်။
ကချင်ပြည်နယ် တောင်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွား
(ကချင်သတင်းဌာန)
ဗန်းမော် ခရိုင် မန်စီမြို့နယ် တွင် KIA တပ်ရင်း ၁၂ ဒေသ တွင် ကောင်ရွန် (Gawngrun) ရွာ တွင် ယနေ့ ၆ ရက်နေ့ နံနက် ၁၀ နာရီချိန် မှ နှစ်ဖက် တပ်မှ ပြင်းထန်စွာ ပစ်ခတ် တိုက်ခိုက်နေကြောင်း KIA အရာရှိ များပြောသည်။
“တပ်ရင်း ၃ ခု ၄ ခု လောက်ရှိမယ် အခုကောင်ရွန်ရွာမှာ ပစ်နေကြတယ် ဒီမနက်ကနေ ပြင်းထန်စွာပစ်နေတယ် ဘယ်တပ်တွေဆိုတာက မပြောနိုင်သေးဘူး ဒီမှာရှိတဲ့ စစ်ကြောင်းတွေအားလုံးပါမယ် ကြားမှာကြပ်နေတဲ့ သူက ကြပ်နဲ့။ ပစ်နေကြတာ” ဟု တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူးလဘန် ဂျွန်းအောင် KNG ကချင်သတင်းဌာန သို့ပြောသည်။
ကချင်တော်လှန်ရေး အခန်းအနားများ နေရာ အနှံ့အပြားတွင် ကျင်းပ
(ကချင်သတင်းဌာန)
ယနေ့ ဖေဖော် ၀ါရီ ၅ ရက်နေ့ တွင် ကျရောက်သော ကချင်တော် လှန်ရေး နေ့ အခန်း အနားကို ကချင်ပြည် နယ်နှင့် ပြည် ပရောက် ကချင် တိုင်းရင်းသား များက ကျင်းပခဲ့ကြသည်။
ထိုင်းနိုင်ငံ ချင်းမိုင် တော်လှန်ရေး အခန်းအနား
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Wunpawng Christian Church တွင် ကျင်းပသည့်အခန်းအနားတွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဌ ပေးပို့ခဲ့သည့် မိန့်ခွန်းကို ဖတ်ကြားခဲ့သည်။
Thursday, February 6, 2014
စစ်ဖြစ်ရခြင်း ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ နှင့် ဖြစ်သင့် ဖြစ်ထိုက်သော နိုင်ငံရေး လမ်းစဉ်
(Kachin Duwa)
ပြီးခဲ့တဲ့ ၂ နှစ်တာကာလမှာ ဖြစ်ခဲ့တဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် နဲ့ မြန်မာ အစိုးရ တပ်ကြား စစ်ပွဲသတင်းတွေ ဖတ်ပြီး Facebook ပေါ်က ကောမ်မန့်တွေကို ဖတ်ရင်း အတွေး တခု ရလာပါတယ်။
မြန်မာ စစ်တပ် အတိုင်းအ၀ိုင်းကတော့ သူပုန်မို့လို့ တိုက်တယ် ပေါ့၊ ကချင်လူမျိုးတွေကို တိုက်တာ မဟုတ်ဘူး၊ ဘာညာ ဆိုပြီး ပြောနေတာတွေ့ရပါတယ်။
အလားတူပဲ ကချင်လူမျိုးလို့ ထင်ရတဲ့ လူငယ်တော်တော် များများကလဲ မကျေမနပ်နဲ့ တုန့်ပြန်တာတွေ ဆဲတာတွေ တွေ့လာရပါတယ်။
ဒီနေရာမှာ……
တိုက်ပွဲများ ဆက်ဖြစ်နေမှုကြောင့် တနိုင်ငံလုံးအပစ်ရပ်ရေး ကြန့်ကြာ
(DVB)
အစိုးရ စစ်တပ်နဲ့ တော် လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့တချို့ အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေ တဲ့ အတွက် ပြည်လုံး ကျွတ် လက်မှတ် ထိုးရေး ကိစ္စမှာ ကြန့်ကြာနိုင် တယ်လို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က ပြောပါ တယ်။ 
နိုင်ငံတကာ တတ် သိ ပညာရှင်များနဲ့ ယူအန်အက်ဖ်စီ အဖွဲ့ဝင် ကိုယ်စားလှယ် ၂၀ ကျော် တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ ဖေဖော်ဝါရီ ၃ ရက်နေ့က ကျင်းပ ပြုလုပ် ခဲ့တဲ့ ပဋ္ဋိပက္ခဖြေရှင်းခြင်း နဲ့ နိုင်ငံရေးဆွေးနွေး ပွဲ လုပ်နည်း လုပ်ဟန်ဆိုင်ရာ အလုပ်ရုံဆွေးနွေး ပွဲမှာ ယူအန်အက်ဖ်စီ က ပြောဆို ခဲ့တာ ဖြစ် တယ်လို့ ကရင် သတင်းစဉ်က ရေးပါ တယ်။
၅၃ နှစ်မြောက် KIO တော်လှန်ရေးနေ့ မြစ်ကြီး နားမှာ ကျင်းပ
(RFA) 2014-02-05
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့ ၅၃ နှစ်မြောက် လက်နက်ကိုင်တော်လှန်ရေးနေ့ အခမ်းအနားတွေ ကို ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့နဲ့ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
အဲဒီ အခမ်းအနားကို တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရဖို့ ရည်ရွယ်ပြီး ကျင်းပတာဖြစ်တယ်လို့  မြစ်ကြီးနားမြို့မှာ ကျင်းပတဲ့ အခမ်းအနား ဖြစ်မြောက်ရေးကော်မ တီ ပြောရေးဆိုခွင့်ရှိသူ ကိုထွယ်အောင်က ပြောပါ တယ်။
Wednesday, February 5, 2014
ဘားအံ ဆွေးနွေးပွဲ ရွှေ့ဆိုင်း
(DVB)
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ နဲ့ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင် တဲ့ အစိုးရ ငြိမ်း ချမ်းရေးဖော်ဆောင်ရေးကော်မတီ တို့ရဲ့ ကရင်ပြည်နယ် ဘားအံမှာ ဆွေးနွေးမယ့် ရက်ကို ရွှေ့ဆိုင်း လိုက်ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီက တာဝန်ရှိသူတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တို့ရဲ့ ဘားအံမြို့တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၂၀ ၀န်းကျင်မှာ ကျင်းပမယ်လို့ ကြေညာထားတာပါ။ 
စိတ်ပျက် စရာ ကောင်းတဲ့ မြန်မာ့ သန်းခေါင်စာရင်း
(Kachin Duwa)
ယူအန် က နေ မြန်မာ နိုင်ငံ ကို နှစ်ပေါင်း သုံးဆယ် ကျော် အထိ သန်းခေါင် စာရင်း အမှန်အကန် မရှိပဲ အုပ်ချုပ်နေတဲ့ အစိုးရ အတွက် အကူအညီ ပေးခဲ့ ပါတယ်။
နည်းနည်းနောနော မဟုတ်... ဒေါ်လာ သန်းချီ ပါ။
ဒါပေမယ့် ဗမာ အစိုးရ က လက်နက် တဖွယ် အသုံးချခဲ့တယ်။
ဓါတု လက်နက်စက်ရုံမှုခင်း အပေါ် ဥပဒေကြောင်း သုံးသပ်ချက် (ဥပဒေအထောက်အကူပြုကွန်ရက်)
(AUNG HTOO)
မကွေးတိုင်း ပေါက်မြို့ နယ်တွင် စစ်အစိုးရ တည်ထောင်ထားသော လက်နက်စက်ရုံသတင်း ကို ယူနီတီ ဂျာနယ်တွင် ဖေါ်ပြခဲ့သဖြင့် သတင်းထောက်ကိုလူမော်နိုင်အား ဖမ်းဆီးပြီး တရားဝင်လျှို့ ဝှက်ချက် ဥပဒေအရ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ အရေးလိုက်သည့်အပြင် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်း နှင့် အခြားသတင်းထောက် သုံးဦး တို့ အား ဆက်လက် ဖမ်းဆီးထားသည့် မှုခင်းနှင့် စပ်လျှဉ်း၍ဥပဒေကြောင်းအခြေခံမှလည်းကောင်း၊ လူတဦး ချင်းစီ၏ အခြေခံအခွင့်အရေးဖြစ်သည့် လွတ်လပ်စွာထုတ်ဖေါ်ခွင့် ရှုဒေါင့်နှင့် တိုင်းပြည်၏ အကျိုးဖြစ်သည့် တရားဝင် လုံခြုံမှု ရှုဒေါင့် တို့ မှ လည်းကောင်း ချဉ်းကပ်သုံးသပ်ပါမည်။
ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ ကချင်ပြည်နယ်တွင်း ပြည်သူ့စစ်အင်အား ငါးထောင်အထိ ထပ်မံတိုးချဲ့ဖွဲ့စည်းသွားမည်
မြန်မာပြည်မြောက် ပိုင်း (ကချင်ပြည်နယ်) ရှမ်းမျိုးနွယ် စုရေးရာ အဖွဲ့မှ  ကချင်ပြည်နယ် အတွင်း မိုးညှင်း၊ မိုးကောင်း၊  ဗန်းမော်၊ ဖား ကန့်၊ အင်းတော်ကြီးဒေသ များနှင့် ဧရာဝတီမြစ်ရိုး တစ်လျှောက် တို့တွင် နိုင်ငံတော် အစိုးရသို့ တင်ပြကာ တရား ဥပဒေနှင့် အညီ ပြည်သူ့ စစ်အင်အား (၅၀၀၀)အထိ ထပ်မံတိုးချဲ့ ဖွဲ့စည်းသွား မည်ဖြစ်ကြောင်း  သိရ သည်။
ရှမ်း/မြောက် KIA, တပ်မဟာ (၄) ဒေသတွင် တိုက်ပွဲ ဖြစ်
(Lachid Kachin)
ရှမ်းပြည်နယ်မြောက်ပိုင်း KIA, တပ်မဟာ (၄) လက်အောက်ခံ၊ KIA, တပ်ရင်း (၃၄) အုပ်ချုပ်နယ်မြေ ဖြစ်သော "မုန်လွီ" ရွာ ဘက်သို့ ထိုးစစ်ဆင် ကျူးကျော် ၀င်ရောက်လာ သော မြန်မာ အစိုးရ စစ်တပ် နှင့် KIA, တပ်ရင်း (၃၄) တပ်ဖွဲ့ တို့ အကြား (၃.၂.၂၀၁၄) ရက်နေ့ ညနေ (၅း၀၀) အချိန်ခန့် တွင် အပြင်းအထန် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ ကြောင်း သိရှိရပါသည်။ 
၎င်းတိုက်ပွဲ တွင် မြန်မာ အစိုးရ စစ်တပ်ဘက်မှ (၄)ဦးကျဆုံးကြောင်း သတင်းရရှိပါသည်။
၅၃ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ် အနေဖြင့် မိုင်ဂျာယန်မြို့တွင် အားကစားပွဲကျင်းပ
(kachinwave)
၂၀၁၄ဖေဖော်ဝါရီ ၅ ရက်နေ့ တွင် ကျရောက် မည့် ၅၃ကြိမ်မြောက် ကချင်တော် လှန်ရေးနေ့ အထိမ်း အမှတ်နေ့ အနေဖြင့် မိုင်ဂျာယန်မြို့ရှိ အ.ထ.က ကျောင်း တွင် အားကစား ပွဲတော် အား ဖေဖော်ဝါရီ လ ၁ရက်နေ့မှ စ၍ ၅ရက်နေ့ အထိ ကျင်းပမည်ဖြစ်ကြောင်း သိရ သည်။
"တော်လှန်ရေးနေ့ ကို အားလုံးအောက်မေ့ သ တိရအောင်ရော ဒီမှာ ရှိနေတဲ့ မိဘပြည်သူတွေနဲ့ စစ်ပြေးတွေရော ရင်းနှီးနွေးထွေး မူနဲ့ ပျော်ရွှင် ရအောင် ရည်ရွယ်ပြီး ကျင်းပ တာဖြစ်တယ်" ဟု ပွဲဖြစ်မြောက်ရေးကော်မတီမှ ဦးမွေဂျန်ယော်ထုန်ကပြောသည်။
ကချင်ဒုက္ခသည် စခန်းတွင်း နေအိမ်နှင့် အိမ်သာများ အရေးပေါ် လိုအပ်
(ကချင်သတင်းဌာန)
ကချင်ပြည် နယ် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာဒေသ ရှိ ဂျေယန့် ဒုက္ခသည် စခန်း တွင် ဒုက္ခ သည် အိမ်ထောင်စု ၇၀၀ ကျော် အတွက် အိမ်ခန်း များ အမြန်ဆုံးပြုပြင်ရန် အရေးကြီး လိုအပ်နေကြောင်း ဒုက္ခ သည် ကူညီရေး အဖွဲ့က ပြောသည်။
“နေအိမ်တွေက လုံးဝကို နေလို့ မရတော့ဘူး အားလုံးပြင်ရ မယ့်အိမ်တွေဖြစ်နေပြီ နှစ်တိုင်း မုန်တိုင်းက လာနေတော့ ဒီ အတော အတွင်း ဆောက် ရမှဖြစ်မယ် လေနည်းနည်း တိုက်ပြီဆိုရင် နေလို့ မရတော့တဲ့ အိမ်တွေဖြစ်နေပြီ ဧပြီလ ကနေ တော့လေတွေ တိုက်လာပြီ ဆိုတော့ ဒုက္ခသည်တွေအတွက် စိုးရိမ်ရတယ်” ဟု ဒုက္ခသည်ကော်မတီအတွင်းရေးမှူး ဆလန်လဘန်နော်ဂျာ KNG ကချင်သတင်းဌာန သို့ပြောသည်။
Tuesday, February 4, 2014
ဈေးသည်များနှင့် သစ်ကုန်သည်များအား အစိုးရတပ်များ ဖမ်းဆီးပြီး ကျေးရွာအတွင်း စခန်းချ
(KNG)
မြန်မာ အစိုးရ တပ်ဖွဲ့များ သည် ဗန်းမော် ခရိုင်ကျေးရွာ တရွာတွင် စခန်းချ လျက်ရှိပြီး ဈေးသည် များနှင့် သစ်ကုန် သည် ၃၀ ခန့်ကို ဖမ်းဆီးထား သည်ဟု ကချင် လွတ်လပ်ရေး တပ်မတော် (KIA) အရာရှိ တဦး က ပြောသည်။
ဗန်းမော် ခရိုင် KIA တပ်ရင်း ၁၂ နယ်မြေ အတွင်း နမ်ဂေါင် (Nam Gau) ရွာ တွင် မြန်မာ အစိုးရ တပ်များက ၀င်ရောက် တပ်စွဲကာ ကတုတ် ကျင်းများ တူးပြီး စခန်းချ နေထိုင်နေကြောင်း KIA တပ်ရင်း ၁၂ ရှေ့တန်း အရာရှိ တဦး က ပြောသည်။
စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရန် နိုင်ငံတကာ ပညာရှင်များနှင့် UNFC ပူးပေါင်း ဆောင်ရွက်
ရွှေဟင်္သာသတင်းဌာန
ယမာန်နေ့ ဇန္နာဝါရီ () ရက်နေ့တွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် များနှင့် အင်ဒိုနီး ရှားနိုင်ငံ အပါဝင်  တောင်အာဖရိက နိုင်ငံမှ ပညာရှင် များတို့သည် ပဋ္ဋိပက္ခ ဖြေရှင်းခြင်း ဆိုင်ရာ နိုင်ငံရေး ဆွေးနွေးပွဲများ အကြောင်း အမြင်ချင်း ဖလှယ် ခဲ့ကြကြောင်း (UNFC) အထွေထွေ အတွင်း ရေးမှူး နိုင်ဟံသာမှ ပြောသည်။
သူတို့ ကတော့ ကျနော် တို့ရဲ့ လောခီးလား သဘောတူ ညီချက် အခြေအနေ ကို မေးမြန်းတယ်။ နိုင်ငံတကာရဲ့ ဆွေးနွေးပွဲ အတွေ့ အကြုံ တချို့ကို နှိုင်းယှဉ် ပြတယ်။ ကြားလူ ထားရှိရေး ကိစ္စ၊ အပစ်အခတ် ရပ်စဲရေး ကြန့်ကြာမှု မရှိ စေရေးနဲ့ ဖြစ်သင့်တဲ့ ကိစ္စတွေကို အကြံပြုခဲ့ ပါတယ်ဟု ဆိုပါသည်။ 
ဓာတုစွန့်ပစ်ရည် များကြောင့် ဒေသခံများစိုးရိမ်
(Kachinwaves)
တရုတ် လုပ်ငန်းရှင် များနှင့် ပြည်တွင်း ရှိ လုပ်ငန်းရှင် အချို့မှ ၀ိုင်းမော်မြို့ နယ် နောင်းချိန်းကျေး ရွာရှိ ပုန်ဒိန်း ကွင်းတွင် ဓာတု ပစ္စည်း များ အသုံးပြု ၍ ရွှေတူးဖော်ချက် လုပ်ရာတွင် ဓာတုစွန့်ပစ်ရည်များအား စနစ်တကျ စွန့်ပစ်ခြင်း မရှိသောကြောင့် ဒေသ ခံပြည်သူ များမှ သဘာဝ ပတ်ဝန်းကျင် ပျက်စီးပြီး လုပ်ကိုင် စားသောက်ရန် အခက် အခဲဖြစ်လာ မည်ကို စိုးရိမ်နေကြကြောင်း သတင်း ရရှိသည်။
ထိုဒေသတွင် ရွှေကျင်နိုင်ရန်အတွက် လဆန်အောင်ဝါပြည်သူ့စစ် အဖွဲ့အား တစ်လ လျှင် ကျပ်ငွေ(၅)သိန်း နှင့် ကေအိုင်အို အဖွဲ့များအား တစ်နှစ်လျှင်ကျပ်ငွေ(၁၀) သိန်း အခွန်ငွေပေးဆောင်ရကြောင်းလည်း ရွှေလုပ်ငန်းရှင်တစ်ဦးမှဆိုသည်။
Monday, February 3, 2014
KIA, TNLA တပ်များနှင့် အစိုးရတပ် အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ
(Irrawaddy)
ကချင်ပြည် နယ်နှင့် ရှမ်းပြည်နယ် မြောက် ပိုင်း အတွင်း လှုပ် ရှားနေသော တိုင်းရင်း သား လက်နက်ကိုင် နှစ်ဖွဲ့ ဖြစ်သည့် KIA နှင့် TNLA တပ်ဖွဲ့ဝင်များ သည် ယခု ရက်ပိုင်း အတွင်း အစိုးရ စစ်တပ်နှင့် ထိပ်တိုက် ရင် ဆိုင်မှု တိုက်ပွဲ များ ဖြစ်ပွားကြောင်း သိရသည်။
ကချင်ပြည်နယ် အတွင်း လှုပ်ရှားနေသည့် ကချင် လွတ်လပ်ရေး တပ်မတော်(KIA) တပ်ဖွဲ့ဝင်များနှင့် အစိုးရတပ်တို့သည် ဇန်န၀ါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၁ ရက် အထိ ဗန်းမော်မြို့ မန်စီ မြို့နယ်ရှိ နန့်ဟန်နှင့် နန့်ကောက် ကျေးရွာတွင် သစ်မှောင်ခို ကိစ္စနှင့် တိုက် ပွဲ ဖြစ်ပွားခဲ့ကြောင်း ကချင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ မှ ဦးလမိုင်ဂွန်ဂျာက ဧရာဝတီသို့ ပြောသည်။
မိုးကုတ်တွင် တိုက်ပွဲဖြစ်ပွားရာ မြန်မာစစ်ကြောင်းဘက်မှ ထိခိုက်ဒဏ်ရာရသည့်အပြင် စစ်လက်နက်များပါ ဆုံးရှူံး
Monday, 03 February 2014
ရှမ်းပြည် နယ်မြောက် ပိုင်း ကျောက်မဲ ခရိုင်နှင့် မန္တလေး တိုင်း ဒေသကြီး အတွင်း ဖြစ်သော မိုးကုတ်မြို့နယ် အစပ် အေးသာ ယာကျေးရွာ တွင် စခန်းသိမ်း တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။
မြန်မာ အစိုးရ ၏ တပ်ရင်း (၂၂၅) လက်အောက် ခံ တပ်ခွဲ (၄) နှင့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်ရင်း (၇၁၇) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ သည်။ ဖေဖော်ဝါရီလ (၃) ရက်နေ့  နံနက်ပိုင်း (၆) နာရီမှ (၇) နာရီခွဲ အထိ တစ်နာရီ ခွဲကျော်ခန့်  အပြန် အလှန် ပစ် ခတ်ခဲ့ ကြကြောင်း သိရ သည်။
မြန်မာစစ်အစိုးရ၏ စစ်လက်နက် အင်အားတိုးချဲ့ရေး မဟာစီမံကိန်းများ
ဆောင်းပါးရှင် – ဗဟိန်း (ပြည်တွင်းမှ တပ်မတော် အရာရှိ တစ်ဦး)
ကကထုတ် ဆိုတာကတော့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှု ညွန်ကြားရေးမှူးရုံး ဖြစ်ပါတယ်။ တပ်မတော် (ကြည်း၊ ရေ၊ လေ) သုံး စစ်လက်နက်များ ထုတ်လုပ်သည့် စက်ရုံ များကို ကွပ်ကဲ ညွန်ကြား ပေးတဲ့ အဓိကရုံး ဖြစ်ပါတယ်။ တပ်မတော်ထဲမှာ အရင် ကတည်းက ရှိခဲ့တဲ့ တပ်အစိတ်အပိုင်း ဖြစ်ပါတယ်။ အဲဒီတုံးကတော့ ဖွဲ့စည်းပုံက အလွန် သေးငယ်ပါတယ်။ အထူးသဖြင့် လက်နက်ငယ်များနဲ့ ၄င်းအတွက် လိုအပ်တဲ့ ကျည်များကို ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီတုံးက တပ်မတော်မှာ သုံးခဲ့တဲ့ ဂျီသရီး၊ ဂျီဖိုး အစရှိသည်များ အတွက်ဖြစ်ပြီး ဂျာမနီနိုင်ငံက Fritz Werner ကုမ္ပဏီနဲ့ ပေါင်းစပ်လုပ်ကိုင်ခဲ့တာပါ။ အခု နအဖ စစ်အစိုးရ လက်ထက်မှာတော့ ဖွဲ့စည်းပုံက သိပ်ကွာခြားသွား ပါပြီ။ လက်နက်ငယ်များသာမက လက်နက်ကြီးများလည်း ထုတ်လုပ်နေပါပြီ။ လက်နက်ကြီးအတွက် ခဲယမ်းများ၊ ကျည်များလည်း ထုတ်လုပ်နေပါပြီ။
ငြိမ်းချမ်းရေးစစ်တမ်း (၃) ဧကဒဿမပိုင်း လူထုပါဝင်ခွင့်အခြေခံမှ ငြိမ်းချမ်းရေးကို ချဉ်းကပ်ခြင်း
(Aung Htoo)
"တိုင်းရင်းသားပေါင်းစုံ လူထုတရပ်လုံး ပါဝင်ခွင့်ရစေရေး အခြေခံမှ ငြိမ်းချမ်းရေးကို ချဉ်းကပ်ခြင်း"
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် "အားလုံးပါဝင်ရေး" ဟူသည်ကို အစိုးရဘက်ကရော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဘက်ကပါ သဘောတူကြကြောင်းကြားရသည်။ ဤသည်မှာ သတင်းကောင်းပင်။ သို့ ရာတွင် လက်တွေ့အရ "အားလုံးပါဝင်ရေး" ဟူသည်မှာ မည်သည့်အရာမှန်းအတိအကျ မသိရပါ။ မည်သို့ပါဝင်ကြမည် ဟူသည်ကိုလည်း မှန်းဆ၍ မရပါ။ ၁၉၉၃ ခုနှစ်က ကျင်းပသွားခဲ့သည့် အမျိုးသားညီလာခံတွင် ပါဝင်မှုမျိုး မဖြစ်သင့် တော့ပါ။ စစ်အစိုးရက ၄င်းမွေးမြူထားသည့် အင်အားစုများအား ဟိုအဖွဲ့သည်အဖွဲ့အမည်များတပ်၊ ထည့်သွင်းကာ ၄င်းကို ဆန့်ကျင်နိုင်သည့် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများအား လူအင်အားအရ ဖိထားရုံသာမက ညီလာခံ လုပ်ထုံးလုပ်နည်းများနှင့် ထိန်းချုပ်ကာ မိမိလိုချင်သည့် မူများကျသွားအောင် လုပ်သည့် ပါဝင်မှုမျိုး မဖြစ်သင့် တော့ပါ။
ကချင်ပြည်နယ် မန်စီမြို့နယ်တွင် တိုက်ပွဲများဆက်တိုက်ဖြစ် အရပ်သားတစ်ဦးသေ
(Eleven Media Group)
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် နန့်ဟန်နှင့် နန်ကောက်ကျေးရွာ ၀န်းကျင်တွင် ဇန်န၀ါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းအထိ အစိုးရတပ်နှင့် ကေအိုင်အေတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။
Sunday, February 2, 2014
လာမည့် ၂၀၃၀ ပြည်နှစ် အတွင်း မြစ်ဆုံ အနီးတစ်ဝိုက် တွင် ကြီးမားသော ငလျင် တစ်ခု ဖြစ်ပေါ်နိုင်
၁၉၃၀ ပြည့်နှစ် နောက်ပိုင်း ကြီးမား သည့် ငလျင် လှုပ်ခတ်မှု မရှိခဲ့ သောကြောင့် လာမည့် ၂၀၃၀ ပြည့် နှစ် အတွင်း မြစ်ဆုံ အနီး တစ်ဝိုက် တွင် အင်အား ကြီးမား သည့် ငလျင် တစ်ခု ဖြစ်ပေါ် လာ နိုင်ကြောင်း မြန်မာ နိုင်ငံ မြေငလျင် ကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်း က ပြော သည်။