Saturday, February 1, 2014

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်

(VOA)

ဗန်းမော်ခရိုင်အတွင်းမှာ ဒီကနေ့ မြန်မာအစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေး တပ်ဖွဲ့အကြား နေရာ ၄နေရာလောက်မှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေတယ် လို့ ဒေသတွင်းက ဒုက္ခသည်အရေး ကူညီသူတဦးက ပြောပါတယ်။ ဗန်းမော်ခရိုင် အုပ်ချုပ်ရေးမှုးကတော့ ဒီမနက်က တိုက်ပွဲတကြိမ်ဖြစ်ခဲ့တယ် ဆိုတာ သိရကြောင်းနဲ့ ကျန်သတင်းတွေတော့ မရသေးကြောင်းပြောပါတယ်။ ဒီကနေ့ ဖြစ်ပွားတဲ့တိုက်ပွဲဟာ သစ်မှောင်ခိုထုတ်သူတွေကို တပ်မတော် စစ်ကြောင်းတွေက လိုက်လံရှင်းလင်းရာကနေ ထိတွေ့မှုဖြစ်တာ ဖြစ်နိုင်ကြောင်း သုံးသပ်ပါတယ်။  ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းက သတင်းထောက် ကိုမိုးဇော်က တင်ပြမှာ ဖြစ်ပါတယ်။

ကေအိုင်အေ တပ်စခန်းငယ် တခုအား အစိုးရတပ် သိမ်းပိုက်

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ဗန်းမော် ခရိုင် အတွင်း ရှိ ကချင်လွတ် လပ်ရေး တပ်မတော် KIA တပ်စခန်း တခုအား ဇန္န၀ါရီလ ၃၁ ရက်နေ့က တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ ကေအိုင်အေ က တပ်စခန်း လက်လွှတ် လိုက်ရပြီး တစ်ဦး ကျဆုံးခဲ့ သည်ဟု ပြောသည်။

ဗန်းမော် ခရိုင် မိုးမောက်မြို့နယ် တပ်မဟာ (၃) ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၁ ဒေသ ဒဂေါရွာရှိ ဒဂေါမဒါ (Dagaw Mada) စခန်းငယ် အား အစိုးရ တပ်မှ ယမန်နေ့ ၃၁ ရက်နေ့ နံနက်တွင် ရုတ်တရက် ဝင်ရောက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်ကြောင်း KIA တပ်ရင်း ၁ တပ်ရင်းမှူး ဗိုလ်မှူးဖေါ်ဂျန်ယော်ထုံ (Major Hpaujang Yaw Htung)က KNG ကချင်သတင်းဌာနသို့ပြောသည်။

မြစ်ဆုံဆည် ကိစ္စဆွေးနွေးဖို့ တရုတ် ကုမ္ပဏီ ကမ်းလှမ်း

(VOA)

နိုင်ငံတော် သမ္မတ အမိန့်နဲ့ ရပ်ဆိုင်း ထားခဲ့တာ ၁ နှစ်ခွဲရှိ လာပြီဖြစ်တဲ့ ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်းကိစ္စကို - မျက်နှာ ချင်းဆိုင် တွေ့ ဆုံဆွေးနွေး လိုကြောင်း China Power Investment – CPI ကုမ္ပဏီ ရဲ့ ကမ်းလှမ်း ချက်ကို ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ယက် အဖွဲ့ KDNG က ကြိုဆို လိုက်ပါတယ်။ ကြာသပတေးနေ့ က ကြေညာ ချက်ထုတ် တုံ့ပြန်ခဲ့တာဖြစ်ပြီး၊ လက်ရှိ ကချင်ပြည်နယ် တွင်းမှာ CPI ကုမ္ပဏီ က ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ဆက်လက် လှုပ်ရှားမှုတွေ ရှိနေ တယ်လို့လည်း KDNG အဖွဲ့က ပြောဆိုခဲ့ပါ တယ်။ အပြည့်အစုံကိုတော့ နန္ဒာချမ်းက ဆက်ပြောပြပေးပါမယ်။

Friday, January 31, 2014

ဗန်းမော်ဒေသတွင် တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည် ဖြစ်ပွား

(ကချင်သတင်းဌာန)


ဗန်းမော် ခရိုင် မန်စီမြို့နယ် အတွင်း KIA တပ်ရင်း ၁၂ ဒေသ ၃ နေရာတွင် နှစ်ဖက် တပ်မှ ပြင်းထန်စွာ တိုက်ပွဲ များဖြစ် ပွားနေကြောင်း တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူးလဘန် ဂျွန်းအောင် KNG ကချင်သတင်း ဌာန သို့ ပြော သည်။

ကချင်လွတ် လပ်ရေး တပ်မတော် (KIA) တပ် မဟာ (၃) ဒေသ နမ်းလင်းပါ ရွာမှ ၅ မိုင်ခန့် ရှိသော နမ်ကောင် (Nam Gau)ရွာ၊ ကောင်ရွန် ရွာနှင့် နမ့်ခမ် တို့ တွင် ယနေ့ ၃၁ ရက် နံနက် ၇ နာရီ ချိန်မှ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် ၉၆၉ တံဆိပ်ပါ ပါတိတ်လုံချည်များတွေ့ရှိ

 မြစ်ကြီး နားမြို့၊ ရမ်ပူ ရပ်ကွက် အတွင်း ဇန်န၀ါရီ လ ၂၅၊ ၂၆၊ ၂၇ ရက်နေ့ များ၌ ၉၆၉ တံဆိပ် ပါ ပါတိတ် လုံချည် ၀တ်ဆင် သူ၊ ရောင်းချသူ များကို တွေ့ရှိခဲ့ရသဖြင့် မြို့နယ်- အမျိုး ဘာသာ သာသနာ ထိန်း သိမ်းစောင့်ရှောက် အဖွဲ့မှ လိုက်လံ ၀ယ်ယူ သိမ်းဆည်း မှုများ ပြုလုပ် ခဲ့ပြီး မြို့နယ် ရဲတပ် ဖွဲ့နှင့် ပူးပေါင်း ကာ မြစ်ကြီးနားမြို့ပေါ်ရှိ အထည် ဆိုင်များနှင့် မြို့မဈေးကြီး အတွင်း ရှိ အထည် ဆိုင်များ ကို အဆိုပါ ပါတိတ် လုံချည်များ အား ဆက်လက် ရှာဖွေသွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

သန်းခေါင်စာရင်းတွင် ကချင် အမည် ထည့်သွင်းရန် ကချင်နှစ်ခြင်း အသင်းတော် ကြေညာချက် ထုတ်ပြန်

(KNG)

လာမည့် မတ်လ အတွင်း သန်းခေါင် စာရင်း ကောက်ယူ ရာတွင် ကချင် မျိုးနွယ်စု များ အနေဖြင့် လူမျိုးနေရာ တွင် ကချင် 101 အဖြစ် ထည့်သွင်း သွားကြရန် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) က ဇန္နဝါရီလ ၂၀ ရက် နေ့ တွင် တရားဝင် ထုတ်ပြန်ကြေ ညာခဲ့ကြောင်း သိရှိရပါ သည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ အသင်းတော်အသီးသီးတို့ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး အသင်းတော်အသီးသီးတိုင်းသည် ကချင် 101 တွင် ထည့်သွင်းသွားရန် သဘောတူညီကြကြောင်း သိရှိရသည်။

မူးယစ်ဆေးသုံးသည့် ရဲတပ်ဖွဲ့ဝင် ၃၆ ဦးကို အရေးယူ ထောင်ချ

(DVB)

ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးသုံးစွဲတဲ့ ရဲတပ်ဖွဲ့ဝင် ၃၆ ဦးကို ရဲတပ်ဖွဲ့က ထုတ်ပယ်ပြီး ထောင်ဒဏ်အသီးသီး ချမှတ်လိုက်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောခွင့်ရ ရဲမှူးချုပ် ၀င်းခေါင်က ပြောပါတယ်။

ဒုရဲအုပ်တဦး အပါအ၀င် တပ်ကြပ်တပ်သား အဆင့်ဆင့်ကို အရေးယူ အပြစ်ပေး လိုက်တယ်လို့ သူက ပြောပါတယ်။

Thursday, January 30, 2014

ကချင်ဒုက္ခသည်များအား ဆက်လက်ကူညီရန် ဗြိတိန် ကတိပြု

(KNG)

ဗြိတိ သျှနိုင်ငံခြားရေးနှင့် ဓနသဟာယနိုင်ငံများ ဝန်ကြီးဌာန အာရှရေးရာ ဒုတိယ ဝန်ကြီး ဟူဂိုဆွား ယားနှင့် အဖွဲ့ သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ဖိအားပေး သွားမည် ဖြစ်ပြီး ကချင် ဒုက္ခသည် များ အတွက် အကူအညီများ ဆက်ပေး သွားမည် ဖြစ်ကြောင်း ကေအိုင် အို နည်း ပညာ အကြံပေး အလုပ်အဖွဲ့ ကို ပြောကြားခဲ့ သည်။

ယမန်နေ့ ဇန္န၀ါရီ၂၉ ရက် ဗုဒ္ဓဟူးနေ့တွင် ကချင်ပြည်နယ်မြစ်ကြီးနားမြို့သို့ ပထမဆုံးကြိမ်ရောက်ရှိလာခဲ့သော ဗြိတိသျှ နိုင်ငံခြားရေး ၀န်ကြီးက ကေအိုင်အို နည်းပညာအကြံပေးအလုပ်ဖွဲ့နှင့် ၄၅ မိနစ်ခန့် တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးနှင့် ဒုက္ခသည်ကိစ္စရပ်များ ကိုအပြန် အလှန် ဆွေးနွေးခဲ့ကြောင်း ကေအိုင်အို အလုပ်အဖွဲ့က ပြောသည်။

တိုက်ပွဲ မဖြစ်၍ အပစ်ရပ်ရေးဆွေးနွေးပွဲ “ဝ” တပ်ဖွဲ့ မတက်ဟု ဦးအောင်မင်း ပြော

(ဧရာဝတီ)

“ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) မြန်မာ အစိုးရအကြား တိုက်ပွဲ များ ဖြစ်ပွားခြင်း မရှိသောကြောင့် အပစ် အခတ် ရပ်စဲရေး ဆိုင် ရာ ဆွေးနွေးပွဲ များတွင် “ဝ” တပ်ဖွဲ့ မတက် ရောက်ခြင်းဖြစ်ပြီး ဆွေးနွေးပွဲ မတက်ရောက် သည့် “ဝ” တပ်ဖွဲ့ကို အထင် မလွဲကြ ရန် သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်း က ပြော ဆို လိုက်သည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Green Lake Resort တွင် ဇန်နဝါရီလ ၂၉ ရက်နေ့ ကျင်းပသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ပေါင်းစု ဖွဲ့စည်း ထားသော တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအဖွဲ့ (NCCT) နှင့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ (UPWC) တို့ တွေ့ဆုံဆွေးနွေးပွဲအပြီး ဧရာဝတီသတင်းဌာနနှင့် တွေ့ဆုံစဉ် ဦးအောင်မင်း က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

သန်းရွှေရဲ့ ဓာတုလက်နက် လူသတ်လက်နက် စီမံကိန်းတစ်ခု

( ဂူဂယ်မပ်မှာ 18.534378,94.989107 ရိုက် ရှာရန် )

 
ကချင်ကို ထိုးစစ်က ပြန်စ၊ ဒေါ်လာ ၁၁ ဘီလီယံ က ပေါ်လာ၊ ကျမ တို့ တွေ အားလုံး မေ့နေတဲ့ အကြောင်းအရာ လေး ပြန်အစဖော်ပေးပါဦးမယ်။ မြန်မာနိုင်ငံနဲ့ ဓာတုလက်နက်တွေ အကြောင်းပါ။ ပြီးခဲ့တဲ့ နှစ်ရက်လောက်က နိုင်ငံတကာသတင်းတွေ မှာ ဆီးရီးယားမှာ အဖော်တွေ ရှိကြောင်း အဖော်တွေ ထဲမှာ မြန်မာ ပါပါတယ်၊ ဆိုတဲ့ သတင်း လေးပါလာပါတယ်။ အဲဒါနဲ့ ဒီအကြောင်းသုတေသန နည်းနည်းလိုက်လုပ်၊ ဟိုမေးဒီမေးပေါ့၊ စစ်ရေးဆိုတော့ ကိုယ်က လည်း စမရေးချင် ဟိုလူ ရေးနိုးနိုး ဒီ လူရေးနိုးနိုး နဲ့ စောင့်နေတာ ဘယ်သူမှလည်း မရေးတာနဲ့ နည်းနည်းလေး အစဖော်လိုက်ပါရစေ။

တိုင်းရင်းသားတွေနဲ့ အပစ်ရပ်ရေး ၈၀ ရာခိုင်နှုန်းခန့် သဘောတူညီမှုရရှိ

(VOA)

မြန်မာနိုင်ငံမှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ မြန်မာအစိုးရကြား တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် အခြေခံမူတွေ ညှိနှိုင်းကြတာမှာ ၈၀ % သဘောတူညီချက် ရခဲ့ပြီ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ NCCT တို့ရဲ့ ညီလာခံမှာ ပါဝင် တက်ရောက်ခဲ့တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်တစ်ဦးက အခုလို ပြောခဲ့တာပါ။
 

ဗြိတိန်ဝန်ကြီး Hugo Swire ကချင်ပြည်နယ်ရောက်

(VOA)


မြန်မာနိုင်ငံ ကို သုံးရက်ကြာ ခရီးစဉ် ရောက် ရှိနေတဲ့ ဗြိတိန်နိုင်ငံ နိုင်ငံခြားရေး ရုံး အာရှရေးရာ ၀န်ကြီး ဟူဂို ဆွိုင်ယာ (Hugo Swire) ဟာ ဒီ ကနေ့ ကချင်ပြည် နယ်မှာ ရောက်ရှိနေပြီး၊ ကချင် ဒုက္ခသည်တွေ နဲ့ရော ကချင်ဒေသ ခံ အာဏာ ပိုင်တွေနဲ့ ပါ တွေ့ဆုံပါ တယ်။

တချိန်တည်းမှာတော့ တင်းမာမှုတွေရှိနေတဲ့ မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့လည်း ဗြိတိန်တာဝန်ရှိသူတွေအနေနဲ့ စိုးရိမ်မကင်း ဖြစ်နေတယ်လို့ ရန်ကုန် ဗြိတိန်သံရုံး ပြောခွင့်ရသူက ပြောပါတယ်။ အပြည့်အစုံကို ရန်ကုန် ဗွီအိုအေရုံးခွဲကနေ ကိုသားညွန့်ဦးက သတင်းပေးပို့ခဲ့ပါတယ်။
 

Wednesday, January 29, 2014

ဗြိတိန်နိုင်ငံခြားရုံး ဝန်ကြီး KIO အဖွဲ့နှင့် တွေ့ဆုံ

(Mizzima)

ဗြိတိန် နိုင်ငံခြားရေးရုံးဝန်ကြီး Hugo Swireသည် နေ့လည်ပိုင်းတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် မြစ်ကြီးနား မနောကွင်းအနီးရှိ KIO နည်းပညာ အထောက်အကူပြု အဖွဲ့ရုံးတွင် ဇန်နဝါရီလ ၂၉ရက် နေ့လည် ၂နာရီ ၁၅ခန့်က တွေ့ဆုံခဲ့သည်။

နံနက်ပိုင်းတွင် ဝန်ကြီး Hugo Swire သည် ကချင်အစိုးရ အဖွဲ့နှင့် တွေ့ဆုံပြီး ဝိုင်းမော်ရှိ စိန့်ဂျိုးဆက်မိုင်နာ ဒုက္ခသည်စခန်းကိုလည်း သွားရောက်ခဲ့သေးသည်။

ဗြိတိန်နိုင်ငံခြားရုံးဝန်ကြီး အင်္ဂလိပ်ခေတ် ကချင်စစ်သားဟောင်းအချို့နှင့် တွေ့ဆုံ

(Mizzima)

မြစ်ကြီးနား၊ မဇ္ဈိမ ။         ။ ဗြိတိန် နိုင်ငံခြားရေးရုံးဝန်ကြီး Hugo Swire က အင်္ဂလိပ်ခေတ်က ဗြိတိန်စစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ကချင်စစ်သားဟောင်းများနှင့် မြစ်ကြီးနားမြို့ မနောကွင်း ယဉ်ကျေးမှု ခန်းမတွင် ဇန်နဝါရီ ၂၉ ရက် ညနေ ၃ နာရီဝန်းကျင်က တွေ့ဆုံခဲ့သည်။

စစ်သားဟောင်းများက ဗြိတိန်အနေဖြင့် စစ်သားဟောင်းများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လုံခြုံရေးအတွက် ပြန်လည် ကြည့်ပေးစေချင်သည်ဟု တောင်းဆိုခဲ့သည်။

ငြိမ်းချမ်းရေးကြိုးပမ်းမှု နှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ

(Aung Htoo)

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်များတွင် အမျိုးသမီးများအား                 
ပါဝင်ပတ်သက်ခွင့်ပြုရန် နိုင်ငံတကာဥပဒေရှုဒေါင့်မှ တိုက်တွန်းကြောင်း ထုတ်ပြန်ချက်

၁။             မြန်မာနိုင်ငံတွင် ဥပဒေစိုးမိုးရေး ဟူသော စကားလုံးအား အကြိမ်ပေါင်းများစွာ ပြောဆိုနေ ကြ သော်လည်း ၂၀၀၈ ဖွဲ့ စည်းပုံအရ တည်ဆောက်ထားသောလွှတ်တော်နှင့် အစိုးရတို့ သည် နိုင်ငံတကာဥပဒေ၊ နိုင်ငံ တကာ လူ့ အခွင့် အရေးနှင့် လူသားချင်းစာနာထောက်ထားသည့် ဥပဒေများအခြေခံ နှင့်  ကိုက်ညီအောင် ပြည်တွင်း ဥပဒေ များအား မည်သို့ ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း၊ ပြုသင့်သည်ဟူသည့်အပေါ်တွင်လည်း ကောင်း၊ မြန်မာနိုင်ငံက လက်မှတ်ရေးထိုး အတည်ပြု ထားသော နိုင်ငံတကာ ဥပဒေများအား ပြည်တွင်း၌ လက်တွေ့ မည်သို့  ကျင့်သုံးသင့်သည် ဟူသည့်အပေါ်တွင်လည်းကောင်း၊ ယနေ့ အချိန်အထိ စိုးစဉ်းမျှအလေးထား ဖေါ်ဆောင်ခြင်း မရှိ သေးချေ။ ယင်းသို့ ဖြစ်နေသမျှကာလပတ်လုံး ဥပဒေစိုးမိုးရေးသည် အမည်ခံမျှသာ ရှိနေပါမည်။

ဘာလဲဟဲ့ စရခ (စရဖ) ဆိုတာ ဘာလဲ (၁)

(မိုးဇေညိမ်း) (ရွှေဟင်္သာသတင်းဌာန)
(ပုံစာ-စရဖ ၏ လက်ရှိအကြီးအကဲ ဒုဗိုလ်ချုပ်ကြီးကျော်ဆွေ)

မြန်မာ ပြည်သူတွေ ကို ဆယ်စုနှစ် ပေါင်းများစွာ စိုးမိုး ခြောက်လှန့် ထားနိုင်ခဲ့ တဲ့စစ်ထောက် လှမ်းရေး အဖွဲ့ကြီးဟာ စစ်အာဏာ ရှင် အချင်းချင်း သံသ ယ တွေ နဲ့ ဖြုတ်၊ထုတ်၊ သတ်ခံလိုက် ရတာမို့ ၂၀၀၄ ခုနှစ်မှာ နိဌိတံ သွား ခဲ့ပါတယ်။ နှစ်ရှည်လ များ တည်ဆောက် ထားခဲ့တဲ့ ထောက်လှမ်းရေး ကွန်ယက်ကြီး လည်း ဖရိုဖရဲနဲ့ အဖတ်ဆည် မရနိုင်အောင် ပျက်စီးသွား ခဲ့ပါတယ်။
 
ထောက်လှမ်းရေး အဖွဲ့ကြီး တစ်ခုလုံး လက်စတုံး ချေမှုန်း ခံလိုက်ရ တာနဲ့ ပတ်သတ်တဲ့အခြေ ခံ အကြောင်း တရား သတင်းစကား တွေ အများအပြား ထွက်ခဲ့ပေ မဲ့ အဓိက အချက် ကတော့ ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့ ထောက်လှမ်း ရေး အဖွဲ့ကြီး ကိုဒီအတိုင်း ဆက်လွှတ် ထားရင် အာဏာ ပါဝါချင်း တိုးတိုက် လာနိုင်ဖွယ် ရာ ကိစ္စတွေ ရှိ တာ မို့ ဗိုလ်ချုပ် မှူးကြီး သန်းရွှေကအပြတ်ရှင်း ခဲ့တာဖြစ် ပါတယ်။

Tuesday, January 28, 2014

NCCT အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး ရန် ၀န်ကြီး ဦးအောင်မင်း အဖွဲ့ ဇင်းမယ် ရောက်ရှိ

(ရွှေဟင်္သာသတင်းဌာန)

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် မူချော ရရှိရေး အတွက် ကြိုတင် ညှိနှိုင်း ရန် ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သော မြန်မာ့ငြိမ်း ချမ်းရေး စင်တာမှ အရာ ရှိများ သည် ယနေ့ မွန်းလွဲ ပိုင်းတွင် ထိုင်းနိုင်ငံ ဇင်းမယ်မြို့သို့ ရောက်ရှိလာခဲ့ သည်ဟု အဖွဲ့ဝင်တဦး ဖြစ်သူ ဦးညို အုန်းမြင့်က ဆိုပါသည်။
 
 တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် အတွက် ကြိုတင်ပြင်ဆင်တဲ့ ညှိနှိုင်း အစည်း အဝေး ကျင်းပ ဖို့ပါဘဲ။ အ သေးစိပ် တော့ မပြောနိုင် သေးပါဘူး။ ကျနော်တို့ အဖွဲ့မှာ ()ဦးလောက် ပါလာတယ်။ နက်ဖြန် ဇန္နာဝါရီ (၂၉)ရက်နေ့ မှာ တွေ့ဖို့ တော့ ပြော ထားပါတယ်။ ဇင်းမယ်မှာဘဲဟု ဆိုပါသည်။ 

ကချင်တပ်စခန်းအတွင်း အရပ်ဝတ်ဖြင့် ၀င်လာသော အစိုးရ အရာရှိ ၂ ဦးအား ထိန်းသိမ်း

(ကချင်သတင်းဌာန)

ကချင်ပြည် နယ် တောင်ပိုင်း ဗန်းမော် ခရိုင် မန်စီမြို့နယ် တပ်မဟာ (၃) ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ရင်း ၂၇ မန်းဝင်း ကြီးနှင့် နောင်တောင်း KIA လူဝင်မှု ကြီးကြပ်ရေး ဂိတ်သို့ အရပ် ဝတ်ဖြင့် ဝင် လာသော အစိုးရ အရာ ရှိ ၂ ဦးနှင့် တပ် သား ၁ ဦးအား ဇန္နဝါရီလ ၂၅ ရက်နေ့  ညနေ ၃ နာရီ ချိန်က ဖမ်းဆီး ထိန်းသိမ်း ခဲ့ကြောင်း KIA မှ ပြော သည်။

၎င်းတို့သည် လားရှိုး ရမခ (တိုင်းစစ်ဌာနချုပ်) မှ ဒုတိယဗိုလ်မှူးကြီး သက်ခိုင်ဦး ကြည်း (၂၆၀၁၄)၊ ဗိုလ်ကြီး ရန်နိုင်အောင် ကြည်း(၅၀၁၀၆)နှင့် တပ်သား မြင့်သူရှိန် တ (၃၉၄၀၂၀) တို့ဖြစ်သည်ဟု KIA ကပြောသည်။

တပြည်လုံးအပစ်ရပ်ရေးကိစ္စ ထိုင်းတွင် ညှိနှိုင်းကြမည်

(DVB)

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီိချက်နဲ့ ပတ်သက်ပြီး တိုင်းရင်းသားအဖွဲ့တွေရဲ့ ကိုယ်စားပြု တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) အဖွဲ့နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းအဖွဲ့က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့တို့ ဇန်န၀ါရီ ၂၉ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံ ညှိနှိုင်းကြမှာ ဖြစ်ပါတယ်။

အန်စီစီတီရဲ့ ပြောခွင့်ရသူ ပဒိုကွယ်ထူးဝင်းက ဆွေးနွေးမယ့်အကြောင်းအရာကို ခုလို ပြောပါတယ်။

အချုပ်ခန်းအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေကြောင်း ဒေါ်ဘောက်ဂျာ ပြော

(ကချင်သတင်းဌာန)
အချုပ်ခန်းမှ မလွတ်မြောက်သေးခင် ဒေါ်ဘောက်ဂျာ အား ဖားကန့်ရဲစခန်းတွင် မြင်ရပုံ။

အချုပ်ခန်းရှိလူများ အခက်အခဲများစွာ ကြုံတွေ့ခံစားနေရကြောင်း ဖားကန့် အချုပ်ခန်းမှ လွတ်မြောက်လာသည့် ကချင်ပြည်နယ် ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ (NDF) မှ ဒေါ်ဘောက်ဂျာက ပြောသည်။

တစ်နိုင်ငံလုံးအပစ်ရပ်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် UWSA ခေါ် “၀” အဖွဲ့ပါဝင်နိုင်မည်ဟုဆို


မွန်သတင်းဌာန

“၀” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP သည် ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာနယ်မြေ တပ်မဟာ(၇) လော်ခီးလာတပ်စခန်းတွင် ဇန်န၀ါရီ ၂၀ ရက်မှ ၂၅ ရက်ထိ ပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များညီလာခံသို့ တက်ရောက်ခြင်းမရှိသော်လည်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး နှင့် နိုင်ငံရေးဆွေးနွေးမှုများတွင်မူ ပါဝင်နိုင်မည်ဟု လော်ခီးလာညီလာခံပြောရေးဆိုခွင့်ရှိသူ ဖဒိုကွယ်ထူး ၀င်းက ပြောသည်။

ဗမာစစ်တပ် စပိုင် (spy) (၃) ဦးအား KIA,တပ်ရင်း (၂၃)မှဖမ်းမိ

January 27, 2014 by Myu Tsaw kasa


KIA,တပ်မဟာ (၃)၊ လက်အောက် ခံ KIA, တပ်ရင်း (၂၇) ဒေသအတွင်းသို့ ၀င်ရောက် ထောက်လှန်းရန်အတွက် ခိုးဝင်လာသော လားရှိုးအခြေစိုက် မြန်မာ အစိုးရ စစ်တပ် (ခ.မ.ရ-..) မှ စစ်တပ် စပိုင် (spy) (၃) ဦးအား KIA,တပ်ရင်း (၂၃) တပ်ဖွဲ့ မှ (၂၅.၁.၂၀၁၄) ရက်နေ့ တွင် ဖမ်းဆီးရမိကြောင်း သတင်းရရှိပါသည်။ မြန်မာ အစိုးရ စစ်တပ် သည် တဖက်တွင် တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့ များနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေ ချိန် ဤကဲ့သို့ KIA, နယ်မြေအတွင်းသို့ မရိုးမသား ၊၀င်ရောက် ၊ခိုးဝင် လှုပ်ရှားထောက် လှမ်းခြင်း မှာ ၄င်းတို့ (အစိုးရ) တို့ ပြောပြော နေ သော ငြိမ်းချမ်းရေးဖော်ဆောင် ၊ဆွေးနွေး ဆောင်ရွက်နေ သည် ဆိုသည့် စကား နှင့် လုံးဝ ဆန့် ကျင်ဘက် ဖြစ်နေ ကြောင်း ၊ ကွဲလွဲနေ ကြောင်း သိရှိရပါသည်။

Monday, January 27, 2014

မြန်မာ့တပ်မတော် တပ်မှူးတပ်သားများအား P.S.L.F/T.N.L.A ၏ ပန်ကြားချက်

ရွှေဟင်္သာ သတင်းဌာန
 
မြန်မာ့တပ်မတော်တပ်မှူးတပ်သားများအား P.S.L.F/T.N.L.A ၏ ပန်ကြားချက်
၂ဝ၁၄ ခုနှစ် ဇန္နဝါရီလ ၂၇ရက်                                      ထုတ်ပြန်ချက် အမှတ်။         ။ ဝဝ၂/ဝ၅/ဌနခ-၂၀၁၄

ပလောင် ပြည်နယ်  လွတ်မြောက်ရေး တပ်ဦး P.S.L.F သည် တအန်း အမျိုးသား လွတ်မြောက်ရေး အတွက် တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် T.N.L.A ကို ပြန်လည် ဖွဲ့စည်းပြီး နောက် မြန်မာ့ တပ်မတော် နှင့် တအန်း တပ်မတော် အကြား လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားလာ သည်မှာ ၂ နှစ် ကျော်ကာလ သို့ ရောက်ရှိ လာပြီဖြစ် သည်။

ပြန်လွတ်လာသည့် ဒေါ်ဘောက်ဂျာနှင့် ဆက်သွယ်မေးမြန်းချက်

(DVB)

ကချင်ပြည် နယ် ဖားကန့် မြို့နယ် အချုပ် ခန်းမှာ ၆ လတာ ထိန်းသိမ်းခံ ခဲ့ရတဲ့ အမျိုး သား ဒီမိုကရေစီ အင်အား စုပါတီ (အန်ဒီအက်ဖ်) ရဲ့ ကချင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာ ဟာ ဇန်န၀ါ ရီ ၂၄ ရက်နေ့ က ပြန်လွှတ် လာပါ တယ်။

ကချင်ပါတီများ တစ်ခုတည်းဖြစ်ရေး ဆွေးနွေး

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် တွင်ရှိသော ကချင် ပါတီ များ တစ်ခု တည်းဖြစ်ရန် ကချင် ပါတီ ၄ ပါတီနှင့် ဇန္နဝါရီလ ၂၅ ရက် စနေနေ့က ‘ကချင်ပြည်သူ့ အသံ ထုတ်ဖော်ရေးကော်မတီ - ဖါးကန့်မြို့နယ်’ မှ ပထမဆုံး အနေဖြင့် သီးခြား စီတွေ့ ဆုံဆွေးနွေး ခဲ့ သည်။

၎င်း ကို ‘ကချင်ပြည်သူ့ အသံ ထုတ်ဖော်ရေးကော်မတီ- ဖါးကန့်မြို့နယ်’ မှ ဦးဆောင်ခြင်းဖြစ်ပြီး ကချင် တိုင်းရင်း သား နိုင်ငံရေး ပါတီများ တစ်ခု တည်းဖြစ်စေရေး အတွက် ဆက်လက်ကြိုး ပမ်းသွား မည် ဖြစ်ကြောင်း ကော်မ တီ ဥက္ကဌ ဆရာ လမောင် လတောင် က KNG ကချင် သတင်း ဌာန သို့ပြော သည်။

ပလောင် လက်နက်ကိုင်တပ်ဖွဲ့နဲ့ အစိုးရ စစ်တပ် တိုက်ပွဲတွေဖြစ်နေ

(ဧရာဝတီ)

ရှမ်းပြည်မြောက် ပိုင်း မြို့နယ် တချို့၌ စိုက်ပျိုး ထားသည့် ဘိန်းခင်းများ အား ဖျက်ဆီးနေ စဉ် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ် မတော် (TNLA) နှင့် အစိုးရ တပ်တို့ တိုက်ပွဲ များ ဖြစ် ပွားကြောင်း သိရ သည်။ 

နမ့်ဆမ်၊ ကျောက်မဲ၊ မိုးမိတ်၊ ကွတ်ခိုင် စသည့် မြို့နယ်များရှိ ဘိန်းခင်းများကို TNLA တပ်ဖွဲ့ဝင်များက ဖျက်ဆီး နေစဉ် အစိုးရ တပ်မတော် တပ်ရင်း ၅၀၆ တပ်၏ စစ်ကြောင်းမှ ထိုးစစ် ဆင်လာသည့်အတွက် ဇန်န၀ါရီလ ၂၅ ရက်နေ့က နှစ်ဘက် အကြား ထိပ်တိုက်တွေ့၍ တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း TNLA က ဆို သည်။ 

ငြိမ်းချမ်းရေးစစ်တမ်း (၃)။ ဒဿမပိုင်း ငြိမ်းချမ်းစွာ အဖြေရှာရေး လမ်းကြောင်း

(Aung Htoo)

ငြိမ်းချမ်းစွာ အဖြေရှာရေး လမ်းကြောင်းကိုသာ အဘယ်ကြောင့် ဦးတည်သင့်သလဲ။
မြန်မာ့ တပ်မတော်၏ သမိုင်းကို မှန်ကန်စွာ ပြန်လည်သုံးသပ်ရန် လိုသည်။ ဗိုလ်ချုပ်အောင်ဆန်း ကျ ဆုံးခဲ့ပြီးနောက် နိုင်ငံခြား ကျူးကျော်စစ်ကို ခုခံတိုက်ခိုက်နိုင်ခဲ့ခြင်းနှင့်စပ်လျှဉ်း၍ ဗိုလ်ချုပ်ကျော်ဇော ခေါင်းဆောင်လျက် တရုတ်ဖြူ ချေမှုန်းရေးတိုက်ပွဲကို ဆင်နွှဲနိုင်ခဲ့၍သာ မြန်မာ့တပ်မတော် နံမည်တက်ခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်း တွင် မည်သည့် နိုင်ငံခြားကျူးကျော်စစ်ကိုမျှ ခုခံတိုက်ခဲ့ရခြင်း မရှိ။ ဗမာပြည်ကွန်မြူနစ်ပါတီ သေနတ်သံ တိတ်သွားခဲ့ ခြင်းမှာ ၀ အမျိုးသားများက အာဏာသိမ်းခဲ့ သောကြောင့်သာ။ မြန်မာ့တပ်မတော်က စစ်ရေးအရ ချေမှုန်းနိုင်၍ မဟုတ်။

ငြိမ်းချမ်းရေးစစ်တမ်း(၃)။ မြန်မာ့တပ်မတော် သည် ပြည်နယ် များ မှနေ ၍ တပ်ဆုတ်သင့်သလား။

(Aung Htoo)

နဝမပိုင်း။             မြန်မာ့တပ်မတော်သည် ပြည်နယ်များမှနေ၍ တပ်ဆုတ်သင့်သည် ဟူသော အမြင်။
ရှမ်းတပ်မှ အမှတ် ၇၀၁ စစ်ဒေသမှူး ဒု-ဗိုလ်မှူးကြီး စွမ်မိဏ်း က ၂၉ မေလ ၂၀၁၃ ရက်နေ့တွင် ပြောကြားခဲ့သည်ကို သတိပြုမိသည်။ “မြန်မာအစိုးရကသာ တကယ်စေတနာရှိရင် တိုင်းရင်းသားနယ်မြေကနေ မြန်မာ့ တပ်မတော်အားလုံး တပ်ဆုတ် ရုပ်သိမ်းလိုက်လေ။ အဲလိုဆိုရင် တိုင်းရင်းသားတွေနဲ့ တိုက်ပွဲ ဖြစ်စရာအကြောင်းလည်း မရှိတော့ဘူး။ တခါတည်း ပွဲပြတ်ပြီပေါ့။ ငြိမ်းချမ်းရေးဆိုတာ လိုက်ရှာမနေနဲ့ သူ့ဟာသူအလိုလိုပေါ်လာလိမ့်မယ်။”

ငြိမ်းချမ်းရေး စစ်တမ်း (၃)။ အဌမပိုင်း တို့တာဝန် အရေး သုံး ပါး ဘောင် အတွင်း ပြန် လည် ဆွဲသွင်းခြင်း

Aung Htoo

စနစ်ဟောင်းကို တော်လှန်ပြောင်းလဲလိုသည့် အင်အားစုများနှင့် စနစ်ဟောင်းကို ဖက်တွယ်ထားလို သော အင်အားစုများအကြား လက်နက်ကိုင်တိုက်ပွဲမဆင်နွှဲဘဲ အခြားနည်းလမ်းရှာကာ လူ့ အဖွဲ့အစည်းအား တိုးတက် ကောင်းမွန်အောင်လုပ်ဆောင်သွားကြမည် ဟူသော သဘောထားအခြေခံဖြင့်  ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပေါ်ပေါက် လာခြင်း ဖြစ်သည်။ ယင်းမှာ ခြွင်းချက် နိုင်ငံတချို့ မှ လွဲ၍ များသောအားဖြင့် တကမ္ဘာလုံး အသွင်လက္ခဏာဆောင် သည်။ အထူးသဖြင့် မြန်မာ နိုင်ငံတွင် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်း ပြီးနောက်ပိုင်းမှစ၍ ပေါ်ပေါက်ခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် ဤ သဘောတွင် လုံးဝပင် အခြေခံသည်။ သို့ရာတွင် စစ်အာဏာရှင် စနစ်ဟောင်းကို ဖက်တွယ် ထားလိုသူများက အကြောင်းအမျိုးမျိုးပြကာ ဆွေးနွေးပွဲများကို ဖျက်ဆီးခဲ့ကြသော ကြောင့် မအောင်မမြင် ဖြစ်ခဲ့ရခြင်း ပင်။ လက်ရှိစစ် ခေါင်းဆောင်ဟောင်း၊ သစ်များသည် ငြိမ်းချမ်းရေးကို တကယ်တမ်းမြတ်နိုး သည် ဆိုပါက ဤအတိတ် သမိုင်းသင်္ခန်းစာများမှ အတွေ့အကြုံများအား ပြန်လည် လေ့လာကာ ပြုပြင်ကျင့်သုံးသင့်ပြီ ဖြစ်သည်။

ငြိမ်းချမ်းရေး စစ်တမ်း (၃)။ ဆဌမပိုင်း မြေယာပြဿနာ နှင့် တိုင်းရင်းသားကိုယ်ပိုင်ပြဌာန်းခွင့် (၂) နှင့် (၃)

Aung Htoo January 20, 2014 at 6:25pm

၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေတွင် “တောင်သူလယ်သမား” ဟူသည်ကို အောက်ပါ အတိုင်းဖွင့်ဆိုခဲ့သည်။  [1]
(က) လယ်ယာမြေကို မိမိ၏ အဓိက အသက်မွေးဝမ်းကျောင်းအဖြစ်ဖြင့် မိမိလက်ဖြင့် လုပ်ကိုင်သူကို          သို့တည်းမဟုတ် မိမိလက်ဖြင့် အစဉ်တစိုက်လုပ်ကိုင်သူကို သို့တည်းမဟုတ် ကိုယ်တိုင်ကြီး                     ကြပ်လုပ်ကိုင်သူ

            (ခ) ဆိုင်ရာနှစ်တွင် လယ်ယာမြေကို မိမိ၏ အဓိက အသက်မွေးဝမ်းကျောင်းအဖြစ်ဖြင့် လုပ်ငန်းလုပ်ကိုင်ချိန် တလျှောက်လုံး ကိုယ်တိုင်ကြီးကြပ်လုပ်ကိုင်သူကို ဆိုလိုသည်။

၂၀၁၂  ခုနှစ် လယ်ယာမြေဥပဒေတွင် “တောင်သူလယ်သမား” ဟူသည်ကို အောက်ပါ အတိုင်းဖွင့်ဆို       ထားသည်။  

ငြိမ်းချမ်းရေးစစ်တမ်း (၃) ပဉ္စမပိုင်း။ မြေယာပြဿနာနှင့် တိုင်းရင်းသားကိုယ်ပိုင်ပြဌာန်းခွင့် (၁)

Aung Htoo January 20, 2014 at 5:05am
                                 
          အဖွဲ့အားလုံး ပါဝင်သည့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များနှင့် အစိုးရ အာဏာပိုင်များတွေ့ဆုံဆွေး နွေးကြပြီးနောက် တပြည်လုံး လက္ခဏာဆောင်သည့်ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ပါက သက်ဆိုင်ရာပြည်နယ်များ၌ အခြေခံလူထု ရရှိမည့် အဓိကနိုင်ငံရေး အခွင့်အရေးသည် အဘယ်နည်း။ ဤမေးခွန်းကိုမေးရခြင်းမှာ တဖွဲ့ချင်းအလိုက် အပစ်ရပ်လက်မှတ် များ ရေးထိုးခဲ့ကြသော်လည်း တိုင်းရင်းသားအခြေခံ လူထုအနေဖြင့် မည်သည့်အခွင့်အရေးမျှ ဟုတ္တိပတ္တိ မရခဲ့သောကြောင့်ဖြစ်သည်။

Sunday, January 26, 2014

လော်ခီးလာ အပစ်ရပ်မူကြမ်း ရှမ်းပြည်တပ်မတော် လက်မှတ်မထိုး

(DVB)

ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ ရှမ်းပြည် တပ်မတော် က လော်ခီးလာ ညီ လာခံမှာ သဘော တူခဲ့တဲ့ တနိုင်ငံ လုံး အပစ်ခတ် ရပ်စဲရေး ကို လက်မှတ် မထိုးနိုင်သေး ဘူး လို့ ပြောပါ တယ်။

ကရင်ပြည် နယ် လောခီးလာ မှာ ကျင်းပ ခဲ့တဲ့ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ အစည်း များ ညီလာခံ မှာ တနိုင်ငံလုံး အတိုင်း အတာ အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်တွေ ကို လက်မှတ် ထိုးနိုင်ခဲ့ပါတယ်။


ဒါပေမယ့် ညီလာခံ ကို တက်ရောက် လာတဲ့ RCSS/SSA ရှမ်းပြည် တပ်မတော် ကတော့ လက်မှတ် မထိုးခဲ့ပါဘူး။

အစိုးရ စစ်တပ်နဲ့ တအာင်းတပ်မတော်တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွား

(DVB)

ရှမ်းပြည်နယ် ထဲမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေကြောင်း တအာင်း(ပလောင်) အမျိုး သား လွတ်မြောက်ရေး တပ် မတော် (TNLA) သတင်းထုတ် ပြန်ထား ပါတယ်။ 

ဇန်န၀ါရီ လ ၂၅ ရက်နေ့ တနေ့ တည်းမှာ နမ့်ဆန်မြို့နယ် အတွင်း တိုက်ပွဲ ၂ ပွဲ ဖြစ်ခဲ့ပြီး အစိုးရ တပ် ခမရ ၅၀၆ နဲ့ တအာင်း တပ်ရင်း ၂၅၆ တို့ ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်ခဲ့ တာလို့ ထုတ်ပြန် ချက်က ဆိုပါ တယ်။ 

တစ်နိုင်ငံလုံးအပစ်ရပ်ရေး လက်မှတ်ထိုးရာတွင် ABSDF ပါဝင်ရန် တိုင်းရင်းသား လက်နက်ကိုင်များ လက်ခံ

(Mizzima)

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)လည်း ပါဝင်လက်မှတ်ရေးထိုးရန် လက်ခံအတည်ပြု လိုက်သည်ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ဒုတိယအကြိမ် ညီလာခံ နောက်ဆုံးနေ့ အပိတ်မိန့်ခွန်းတွင် သဘာပတိ
ဖြစ်သူ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက ထည့်သွင်းပြောကြားသည်။


TNLA တို့နှင့် ဖြစ်သော တိုက်ပွဲတွင် စစ်ကြောင်းမှုး ဒုဗိုလ်မှူးကြီး မျိုးဇော်လတ် ကျဆုံး

ရွှေဟင်္သာ သတင်းဌာန

အမှတ် () စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ ရှမ်းပြည် နယ်မြောက်ပိုင်း၊ နမ့်လန်မြို့ အခြေစိုက် တပ်ရင်း (၅၀၆) မှ စစ်ကြောင်း မှုး ဒုဗိုလ်မှူး ကြီး မျိုးဇော် လတ် သည် ယမာန် နေ့ ဇန္နာဝါရီ (၂၅) ရက်နေ့ မနက် (၈း၃၀) နာရီ တွင် နမ့်ဆန်မြို့နယ် အနောက် ကင်းအုပ်စု ဟိုလရွာ အနီး တအာင်း လွတ်မြောက်ရေး တပ်မေ တာ်  (TNLA) အမှတ် (၂၅၆) တပ်ရင်းမှ  တပ်ခွဲ (၃) စစ်ကြောင်းတို့နှင့် တိုက်ပွဲဖြစ်ရာ ကျဆုံး သွားခဲ့ ခြင်း ဖြစ်သည်ဟု မျက်မြင် ပေါ် တာ အထမ်း သမားများ ၏ ပြောပြချက် အရ သိရသည်ဟု တအာင်း ပြန်ကြားအဖွဲ့ဝင် တဦးဖြစ်သည့် မိုင်းအိုက် ကျော်က ဆိုပါသည်။
 
စစ်ကြောင်း မှူး အပါဝင် ()ဦး ကျတယ် လို့  အဲဒီ စစ်ကြောင်း မှာရှိတဲ့ အထမ်း သမား တွေဆီက သိရတယ်လေ။ အဲဒီ စစ် ကြောင်း မှူးဟာ သိပ်ရက် စက်တယ်ဗျ။  လူတွေကို ရိုက်တယ်။ ဖမ်းတယ် အမျိုးမျိုး နှိပ်စက် နေတဲ့ စစ်ကြောင်း မှူး ဘဲ။ တိုက်ပွဲကတော့ ဆက်ဖြစ်ဖို့ ရှိနေတယ်။ ကျနော်တို့ စစ်ကြောင်း ကလည်း ဘိန်းစိုက်ခင်း တိုက်ဖျက်ရေး တွေ လုပ်နေလေ။ သူတို့ စစ်ကြောင်း ကလည်း နောက်ကနေ လိုက်နေတယ် ဆိုတော့ ဖြစ်မှာဘဲ။ဟု ဆိုပါသည်။

လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ များ ၏ ဒုတိယ အကြိမ် ညီလာခံ ပြီးဆုံး

ရွှေဟင်္သာ သတင်းဌာန

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ထိုင်းမြန်မာ နယ်စပ် ကရင် အမျိုးသား အစည်း အရုံး (KNU) တပ်မဟာ () နယ်မြေ လေးဝါး(ခေါ်) လော်ခီးလား စခန်းတွင် ကျင်းပခဲ့သည့် ()ရက်ကြာ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ များ ၏ ဒုတိယ အကြိမ် ညီ လာခံသည် ယမာန် နေ့ ဇန္နာ ၀ါရီလ (၂၅)ရက်နေ့ တွင် ပြီးဆုံးသွားခဲ့ သည်ဟု ညီလာခံ အကျိုးဆောင် တ ဦးဖြစ်သူ ခွန်ဥက္ကာ မှဆိုပါသည်။
 
ညီလာခံ ပြီးဆုံးပြီး နောက် အချက် ()ချက်ပါသည့် ကြေညာချက် ထုတ်ပြန်ရာတွင် နိုင်ငံရေး ရည်းမှန်းချက် ဖြစ်သည့် "စစ်မှန်သည့် ဖယ်ဒရယ် ပြည်ထောင် စု"တည်ဆောက် နိုင် သည် အထိ ဆက်လက် ကြိုးပမ်းသွား မည်ဟု လော်ခီးလာ ကွန်ဖရန့် ကြေညာ ချက်ထည့်သွင်း ကြေညာထား ခဲ့ပါ သည်။ 

မိုးကောင်း-ဖားကန့် လမ်းပြင်ရေး မပြေလည်မှုများ ရှိနေ

(Irrawaddy)
မိုးကောင်း - ဖားကန့် လမ်းပိုင်းတစ်နေရာ (ဓာတ်ပုံ Lachid Kachin FB)


ကချင်ပြည် နယ် မိုးကောင်း- ဖားကန့် လမ်း ပြုပြင်ရန် အတွက် ပြည်နယ် အစိုးရ အဖွဲ့က ကျောက်မျက် လုပ်ငန်းရှင်များ ကို ငွေကောက် ခံ နေခြင်းနှင့် ပတ် သက်ပြီး မပြေ လည်မှုများ ရှိနေကြောင်း သတင်း ရရှီသည်။

ကျောက်မျက် လုပ်ငန်းရှင်များကို ယခုလ ၁၅ ရက်နေ့ နောက်ဆုံးထား၍ လုပ်ကွက် တကွက်လျှင် သတ်မှတ် ရာခိုင်နှုန်းအနက် ၃၀ ရာခိုင်နှုန်း ပေးသွင်းရန် အစိုးရပိုင် သတင်းစာများမှ တဆင့် ကြေညာထားသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လောခီးလာ ညီလာခံ ကြေညာချက်

(Irrawaddy)

ကရင်ပြည်နယ် ကရင်အမျိုးသား အစည်းအရုံး(KNU)ဌာနချုပ် လောခီးလာ၌ ၆ ရက်ကြာ ကျင်းပခဲသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ညီလာခံက ဇန်နဝါရီလ ၂၅ ရက်နေ့အပြီး အခုလို ကြေညာချက်  ပေါ်ထွက် လာပါတယ်။ 


ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။