Saturday, January 25, 2014

ဘားအံ တိုင်းရင်းသား ညီလာခံ ဒေါ်အောင်ဆန်းစုကြည် ကို ဖိတ်ကြားမည်

(RFA)

လာမယ့် ဖေဖော်ဝါရီလထဲမှာ ကရင်ပြည်နယ် ဘားအံမြို့မှာကျင်းပမယ့်  ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ ဦးခွန်ထွန်းဦးတို့ကို ဖိတ်ကြားသွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ လေး ၀ါးမှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ညီလာခံနောက်ဆုံးနေ့မှာ ပြောကြား လိုက်ပါတယ်။

အစိုးရ တပ်များ နန့်လင်းပါ ကျေးရွာ သို့ ၀င်ခွင့် ရရန် KIA ထံ ပန်ကြား ချက်အပေါ် ဗိုလ်မှူး ဂျွမ်းအောင်နှင့် ဆက်သွယ်မေးမြန်းချက်

(ရွှေဟင်္သာသတင်းဌာန)

ကချင်ပြည် နယ် ဗန်းမော် ခရိုင်တွင် ရှိသော အမှတ်(၂၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် လက်အောက်  ခံရွှေ ကူမြို့ ခြေစိုက် ခမရ (၆၀၁) စစ်ကြောင်း များ သည် ဗန်းမော် ခရိုင် မန်စီမြို့ နယ် ရှိ နမ့်လင်းပါ (Nam Lim Pa) ကျေးရွာ သို့ ခေတ္တ ၀င်ရောက် ခွင့် ပေးပါ ရန် ကျေး ရွာလူကြီး များမှ တဆင့် ကချင်လွတ် လပ်ရေး အဖွဲ့ (KIA) တပ်မဟာ () လက် အောက်ခံ တပ်ရင်း (၁၂)မှူး ထံပြီး ခဲ့သည့် ဇန္နာဝါရီ (၂၁)ရက်နေ့က တောင်းခံခဲ့ သည်ဟု တပ်ရင်းမှူး ဗိုလ်မှူးလ ဘိုင် ဂျွမ်းအောင် ကဆိုပါသည်။

“ (၂၁) ရက်နေ့ ညနေက ပါ။ နမ်လင်းပါ ရွာ (Nam Lim Pa) ကို ခဏ ပြန်ဝင်ချင် တယ် ဆိုပြီး တော့ ဂျေဦး-နမ်ခမ် မှာ အခြေချ နေတဲ့  ဗျူဟာမှူး  မိုးဇော်ပေါ့။ သူက ရွာ လူကြီး အား ပြောပြီးတော့ ရွာလူကြီး ကနေ ဖုန်းနဲ့ ကျနော့်ကို မေးခဲ့ တာပါ။ 
ဤသို့ကြောင့် -

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အပစ်ရပ်မူကြမ်း အတည်ပြုလိုက်ပြီ

(Mizzima)

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဒုတိယအကြိမ် ညီလာခံ နောက်ဆုံးရက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အပစ်အခတ်ရပ်စဲရေး မူကြမ်းကို အတည်ပြုလိုက်ပြီ ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ဒုတိယအကြိမ် ညီလာခံကို ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့ KNU တပ်မဟာ ၇ လော်ခီးလာ (ခေါ်) လေးဝါးစခန်းတွင် ဇန်နဝါရီလ ၂၀ ရက်မှ ၂၄ ရက်အထိ ပြုလုပ်ခဲ့ခြင်းပြီး အဖွဲ့ ၁၈ဖွဲ့ တက်ရောက်ခဲ့သည်။

ကချင် နိုင်ငံရေး လှုပ်ရှားသူ ဒေါ်ဘောက်ဂျာ လွတ်မြောက်ပြီ

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ဖားကန့် မြို့နယ် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ (NDF) မှ ဒေါ်ဘောက်ဂျာ ကို ယနေ့ ၂၄ ရက် တွင် တရားရုံး အမိန့်ဖြင့် ပြန်လည် လွတ်မြောက် လာခဲ့သည်။

ပုဒ်မ ၃ ခုဖြင့် စွဲဆိုထား ရာမှ ဆေးထိုးအပ်ကိုင်မှု ပုဒ်မ ၃၃ တွင် အပြစ်ရှိသည် ဟု ဆုံးဖြတ်ပြီး ကျန်အမှုများတွင် အပြစ်မရှိကြောင်း ဖားကန့်မြို့နယ် တရားရုံးကသောကြာနေ့ နေ့လည် ၁၂ ခွဲချိန်တွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

တရုတ်သီးနှံများ ဈေးတက်သော်လည်း အရောင်းလိုက်ဆဲ

(ကချင်သတင်းဌာန)

တရုတ်ပြည် ဖက်မှ သီးနှံများ ယခု ရက်ပိုင်း များ အတွင်း ဈေးနှုန်းများ ရုတ်တရက် မြင့်တက် လာခဲ့ကြောင်း မြစ်ကြီးနား သစ်သီးပွဲရုံ များက ပြော သည်။

သို့သော် လည်း ရောင်းအား ကျဆင်းခြင်း မရှိပဲ ၀ယ်ယူမှု ဆက်လက် အားကောင်းဆဲ ဖြစ်သည် ဟု ပွဲရုံ ကိုယ်စားလှယ် တဦးက ပြောသည်။

Friday, January 24, 2014

ကချင်ပြည်နယ် NDFပါတီ ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာ လွတ်ပြီ

(Mizzima)

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)၏ ကချင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာကို အပြစ်ကျူးလွန်ခြင်း မရှိဟုဆိုကာ ဖားကန့်မြို့နယ် တရားရုံးက ယနေ့ ဇန်နဝါရီလ ၂၄ ရက်တွင် အမိန့်ချမှတ်လိုက်ပြီဟု လွတ်မြောက်လာသူ ဒေါ်ဘောက်ဂျာက မဇ္ဈိမကို ပြောသည်။

တရားဝင် လိုင်စင်မရှိဘဲ ဆေးဝါး ကုသကြောင်း ဆေးကောင်စီ ဥပဒေ ပုဒ်မ (၄၁) ဖြင့် ခိုင်လုံမှု မရှိသဖြင့် လွတ်ပေးလိုက်သော်လည်း ဆေးထိုးပြွန်နှင့် ဆေးဝါးများကို လက်ရှိထား သုံးစွဲသည်ဟုဆိုကာ ယစ်မျိုး ဥပဒေ ပုဒ်မ (၃၃)ဖြင့် ဇန်နဝါရီလ ၂၄ရက်တွင် ဒေါ်ဘောက်ဂျာကို ထောင်ဒဏ် ၆လ ဖားကန့်မြို့နယ် တရားသူကြီး ဦးဇော်ဇော်ထွန်းက အမိန့်ချမှတ်ခဲ့သည်။

အပစ်ရပ်ပြီးမှ နိုင်ငံရေး ဆွေးနွေးရန် လောခီးလာ ညီလာခံတွင် သဘောတူပြီ

(Irrawaddy)

ကရင်ပြည်နယ် လောခီးလာ၌ ကျင်းပနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ညီလာခံတွင် အစိုးရ တောင်းဆိုထားသော အပစ်အခတ် ရပ်စဲပြီးမှ နိုင်ငံရေး မူဘောင် ဆွေးနွေးမည်ဆိုသည့် လုပ်ငန်းစဉ်ကို သဘောတူ လက်ခံလိုက်ကြကြောင်း သိရသည်။

“တိုင်းရင်းသားတွေ အကုန်လုံးကတော့ ဒါကိုလက်ခံသွားပါပြီ။ အားလုံးက ဒီကိစ္စကို လက်ခံသွားပြီဖြစ်လို့ ဒီနေ့နောက်ဆုံးရက်မှာ စာချုပ်ပါ အချက်တွေကို အတည်ပြုသွားမှာပါ”ဟု တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်ရေး အဖွဲ့(NCCT)မှ ဒေါက်တာ ဆလိုင်း လျန်မုန်းဆာခေါင်းက ပြောသည်။

လော်ခီးလာ ညီလာခံ၌ ပြည်နယ်သစ် ဖွဲ့စည်းနိုင်မည့် အခြေခံမူ တောင်းဆို



ကရင်အမျိုးသားအစည်းအရုံး ဌာနချုပ် လော်ခီးလာ၌ ကျင်းပနေသည့်  တိုင်းရင်းသား လက် နက်ကိုင် တော်လှန်ရေး အုပ်စုများညီလာခံတွင် သျှမ်းပြည်နယ် အတွင်း နေထိုင်သည့် တိုင်းရင်း သားအချို့က ပြည် နယ်သစ် ဖွဲ့စည်းနိုင်မည့် အခြေခံမူများ ထည့်သွင်းပေးရန် တင်ပြမှုရှိခဲ့ ကြောင်းကြား သိရပါသည်။

၂၀၁၄ ဂျန္နဝါရီ ၂၃ ရက် လော်ခီးလာ၌ ဆက်လက်ကျင်းပနေသည့် တိုင်းရင်းသားညီလာခံတွင် စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာ၌ နိုင်ငံအမည်၊ ပြည်နယ်အမည် သတ် မှတ်ရေးကိစ္စအပြင် ဆွေးနွေးပွဲတက်ရောက်သည့် ဝ၊ ပအိုဝ်း၊ ပလောင် နှင့် လားဟူခေါင်း ဆောင်များက  အနာဂတ်ပြည်ထောင်စုတည် ဆောက်ရာတွင် ပြည်နယ်သစ်တိုးချဲ့ဖွဲ့စည်းမည့် အခြေခံမူပါသင့်ကြောင်း   တင်ပြကြသည်ဟုဆိုသည်။


အစိုးရ ငြိမ်းချမ်းရေး စာချုပ်ထဲတွင် ပဋိပက္ခကို ဖေါ်ပြပုံ လွဲချော်ခြင်း။

ဦးအောင်ထူး(ရှေ့နေ)

ငြိမ်းချမ်းရေး စစ်တမ်း (၃)။ စတုတ္ထပိုင်း - အစိုးရငြိမ်းချမ်းရေးစာချုပ်တွင် ပဋိပက္ခကို ဖေါ်ပြပုံ လွဲချော်ခြင်း။
    စတုတ္ထပိုင်း
                                  အစိုးရငြိမ်းချမ်းရေးစာချုပ်တွင်ပိပက္ခကို ဖေါ်ပြပုံ လွဲချော်ခြင်း

 အစိုးရ အဆိုပြု စာချုပ်၏ ခေါင်းစဉ် တွင်ပြည်ထောင် စုသမ္မတ မြန် မာနိုင် ငံတော်နှင့် လက်နက် ကိုင်တိုင်း ရင်းသားအဖွဲ့အစည်း များအကြား ------- သဘော တူစာချုပ်ဟု ဖေါ်ပြထား သည်။ယင်းမှာ ဥပဒေ သဘောအရ လွဲချော်နေ ပါသည်။ နိုင်ငံတော်ဟူသည့် ဝေါဟာရပါရှိသောကြောင့်ဖြစ်သည်။  ပြည်တွင်း စစ် တွင် ဘက်နှစ် ဘက်ရှိ သည်။ တဘက် တွင်အာဏာရ အစိုး ရဖြစ်၍ အခြားတ ဘက်တွင် (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များအပါအ၀င်) အစိုးရ ကိုဆန့်ကျင် တိုက်ပွဲဝင် ခဲ့သည့် လက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်း များဖြစ် သည်။ ၄င်းတို့ သည်နိုင်ငံတော် ကို ဆန့်ကျင်နေခြင်း မဟုတ်။အစိုးရကို ဆန့် ကျင် တိုက်ပွဲ ၀င်ခဲ့၊ ၀င်နေခြင်း သာဖြစ်သည်။ 

သန်းခေါင်စာရင်း ကောက်ခံသည့် ပုံစံကြောင့် တိုင်းရင်းသား ညီညွတ်ရေး ပျက်ပြားနိုင်

(ကချင်သတင်းဌာန)

မြန်မာ အစိုးရ ၏ တိုင်းရင်းသား လူမျိုးအရေ အတွက် တိုးပွားပြီး သန်းခေါင် စာရင်းကောက် ယူမည့် အစီအစဉ် သည် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ကို ပျက်ပြားစေနိုင် သည်ဟု ကချင် ပါတီခေါင်းဆောင် များ ဝေဖန်ပြော ဆိုလိုက် သည်။

“ကချင်ထဲမှာ တိုင်းရင်း သားခွဲလိုက် တာ ၁၂ ခုလောက် ရှိနေတယ်။ ချင်းမှာ လည်း ၅၀၊ ရှမ်းမှာ လည်း ၄၀၊ ဒီလိုခွဲ လိုက်တော့ ဘယ်တိုင်းရင်းသား မှ လည်း မနှစ်သက်ဘူး။ အဲဒါကြောင့် တိုင်းရင်းသားတွေ မနှစ်သက်တာက တမျိုး၊ နိုင်ငံငြိမ်းချမ်းရေး စည်းလုံးညီ ညွတ်ရေး ကိုလည်း ထိခိုက်တယ်။ အဲဒါကြောင့် အဲဒီလို ပွားလိုက်တာဟာ ဘယ်လိုမှ မသင့်တော်ဘူး။” ဟု ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (Kachin State Democracy Party) ခေါင်းဆောင် ဒေါက်တာတူးဂျာ က KNG ကချင်သတင်းဌာန သို့ပြောသည်။

ဖက်ဒရယ်စနစ် ဗမာလူမျိုးများ မထောက်ခံလျှင် ဖြစ်မလာနိုင်ဟု ဗိုလ်ချုပ်ကြီး အင်ဘန်လ ပြော

(ဧရာဝတီ)

တိုင်းရင်းသား အများစု တောင်းဆိုနေသည့် ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို ဗမာလူမျိုးများ ပါဝင်ထောက်ခံမှု မရှိပါက ဖြစ်ထွန်း လာနိုင်မည် မဟုတ်ကြောင်း ကချင် တိုင်းရင်းသား ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြား လိုက်သည်။

ကရင်ပြည်နယ် ကရင်အမျိုးသား အစည်းအရုံး(KNU) ဌာနချုပ် လောခီးလာတွင် ဇန်န၀ါရီ ၂၀ ရက်က စတင် ကျင်းပနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ညီလာခံ စတုတ္ထနေ့ ဖြစ်သော ယနေ့တွင် ပြောကြားခြင်း ဖြစ်သည်။

Thursday, January 23, 2014

ဘားအံ ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရန် မဖြစ်နိုင်သေး

(Irrawaddy)

အစိုး ရနှင့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့များ တွေ့ဆုံ မည့် ဘားအံ ဆွေးနွေးပွဲ တွင် အပစ် အခတ် ရပ်စဲရေး လက်မှတ်ရေး ထိုး မည့် အချိန် ကို တိကျစွာ ထုတ်ပြန်နိုင် ဦးမည် မဟုတ်သေးကြောင်းနှင့် လက်မှတ် ထိုးရန် မဖြစ်နိုင်သေးကြောင်း တိုင်းရင်း သား ခေါင်း ဆောင် များက ပြော သည်။

ကရင်ပြည် နယ် ဘားအံမြို့ တွင် အစိုးရနှင့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့များ တွေ့ ဆုံ ဆွေးနွေး ပွဲကို လာမည့် ဖေဖော်ဝါရီ လ အတွင်း ကျင်းပ ရန် ရှိကြောင်း သိရသည်။

အကွက်ဆင် အမှုဆင်ခံရဟု ဒေါ်ဘောက်ဂျာ ပြော

(DVB)

ကချင်ပြည်နယ် ဖားကန့် မြို့နယ် တရားရုံးမှာ အမှု ရင်ဆိုင်နေ ရတဲ့ လယ်သမား အရေး လှုပ်ရှား သူနဲ့ တက်ကြွ လှုပ်ရှား သူ ဒေါ်ဘောက်ဂျာ က သူ့ ကို စွဲဆိုထား တဲ့ အမှုဟာ အကွက်ဆင် ထားတာ ဖြစ် တယ် လို့ ပြောပါ တယ်။ 

ယစ်မျိုး ဥပဒေ ပုဒ်မ ၃၃၊ တရားဝင် လိုင်စင်မရှိဘဲ ဆေးဝါး ကုသတဲ့ အတွက် ဆေးကောင်စီ ဥပဒေ ပုဒ်မ ၄၁ တွေနဲ့ စွဲဆို ထားတဲ့ အမှုတွေနဲ့ ပတ် သက်ပြီး ဇန်န၀ါရီ ၂၄ ရက်နေ့ မှာ စီရင်ချက် ချမှတ်ဖို့ ရှိပြီး ချမှတ် မခံရမီ ဒေါ်ဘောက်ဂျာ က အခုလို ပြောဆို လိုက် တာ ဖြစ်ပါ တယ်။

လောခီးလာ တိုင်းရင်းသားညီလာခံကို ၀တပ်ဖွဲ့ ထောက်ခံအားပေး

(DVB)

ကရင်ပြည်နယ် ဘားအံ မြို့နယ် လောခီးလာ မှာ လက်ရှိ ကျင်းပနေ တဲ့ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့များရဲ့ ဒုတိယ အကြိမ်မြောက် ညီလာခံ ကို ၀ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (ယူဒဗလျု အက်စ်အေ) က ထောက်ခံ အားပေးတယ် လို့ ပြောပါတယ်။

ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) ဌာနချုပ် လောခီးလာမှာ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့တွေ ဆွေးနွေးနေ တာ ဖြစ်ပြီး ၀ တပ်ဖွဲ့ အနေနဲ့ အဲဒီ ညီလာခံ ကို မတက် ရောက်နိုင်ပေ မယ့်လည်း အဲဒီ ညီလာခံ ကို ထောက်ခံအားပေး တယ်လို့ ၀ တပ်ဖွဲ့ရဲ့ ပြောခွင့်ရ ဦးအောင်မြင့် က ဒီဗွီဘီ ကို ပြောပါတယ်။

အစိုးရတပ်များ ဆုတ်ခွာကျေးရွာသို့ ပြန်ဝင်ရန် ပြင်ဆင်၊ တင်းမာမှုဖြစ်

(ကချင်သတင်းဌာန)

ဗန်းမော် ခရိုင် မန်စီမြို့နယ် အတွင်းရှိ နမ်လင်းပါ (Nam Lim Pa) ရွာအတွင်း သို့ အစိုးရ တပ်များ ပြန် လည် ၀င်ရောက်ရန် ပြင် ဆင်နေခြင်းကြောင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့များနှင့် တင်းမာမှုများ ရှိနေသည်ဟု KIA က ပြောသည်။

ဗန်းမော်ခရိုင် မန်စီမြို့နယ်တွင်ရှိသော အစိုးရစစ်ကြောင်း ၁ ကြောင်းသည် နမ်လင်းပါ (Nam Lim Pa) ရွာသို့ ပြန်ဝင်ရန် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း ၁၂ အား ယမန်နေ့ ၂၁ ရက် ညနေတွင် ခွင့်တောင်းခဲ့ရာ KIA ဖက်မှ ငြင်းဆိုထားသည်။

လော်ခီးလာ ညီလာခံ ‘တော်လှန်ရေး’ ဆိုသည့် အသုံးအနှုန်းဖြင့် ကြန့်ကြာ



တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ စုဝေးပြီး ကေအဲန်ယူ ဌာနချုပ် လော်ခီးလာ၌ ကျင်းပနေသည့် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး အတွက် ညီလာခံတွင် ‘တော်လှန်ရေး’ ဆိုသည့် အသုံးအနှုန်း အသုံးပြု ရေး မပြုရေးနှင့် ပတ်သက်၍ အခြေအတင် ဆွေးနွေးရသည်ဟု တက်ရောက်သူ များကပြောသည်။

ကေအဲန်ယူမှ ကမကထပြုပြီး တိုင်းရင်းသားခေါင်းဆောင်များဆွေးနွေးပွဲကို လော်ခီးလာ၌ ၂၀၁၄ ဂျန္နဝါရီ ၂၁ ရက်က ဆွေးနွေးပွဲ ဒုတိယနေ့ ဆက်လက် ကျင်းပ ရာတွင် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းရေးကော်တီ NCCT အကြီးအကဲများက အပစ်ရပ်ရေးမူကြမ်းအား အကျယ်တဝင့်တင်ပြ ဆွေးနွေးခဲ့ကြောင်း၊ တပ်မတော်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအား တော်လှန်ရေး ဆိုသည့် အသုံးအနှုန်း မပါစေသည့်အချက်၊ တိုင်းရင်းသား ခေါင်းဆောင်များကမူ ထိုစကားလုံးမပါ မဖြစ် အရေးကြီးနေသည်ဟုဆိုသဖြင့် ဆွေးနွေးမှု ကြန့်ကြာရခြင်းဖြစ်ကြောင်း ကြားသိရပါသည်။

ငြိမ်းချမ်းရေး စစ်တမ်း တတိယအပိုင်း (စာချုပ်၏ အနှစ်သာရ)

(ရွှေဟင်္သာသတင်းဌာန) (အောင်ထူးရှေ့နေ)

ငြိမ်းချမ်းရေး စစ်တမ်း (၃)။
                                                              တတိယပိုင်း
                            ငြိမ်းချမ်းရေး  စာချုပ်ကအာမခံရမည့် ဥပဒေစိုးမိုးရေး အခြေခံ။

စာချုပ်၏ ရေးသား ဟန်မှာ အသွင် သဏ္ဍာန် အရ ဥပဒေသ ဘွယ်ဖြစ်ရမည် သာမက အနှစ်သာရအရ အစမှ အဆုံး ဥပဒေ စိုးမိုးရေးကို အားဖြစ် စေရပါမည်။ နိုင်ငံ တကာစံထား ချက်များ အခြေခံ တွင်ဥပဒေ အထောက် အကူ ပြုကွန် ရက်မှ လက်ခံထား သော ဥပဒေ စိုးမိုးရေး ဆိုင်ရာ အခြေခံ အကျ ဆုံးမူ(၁၀) ချက် အနက် နံပါတ် (၅) အချက်မှာ ဥပဒေကို အတည်ပြု သည့် အဖွဲ့အစည်းများ[1]၊ တိုင်းပြည် အဆောက် အအုံများ[2] တို့သည် ဘက်လိုက် ခြင်း မရှိ၊ အဂတိ တရား မလိုက်စား၊ ကျောသား ရင်သား မခွဲခြားဘဲ အရေးယူ ဆောင်ရွက်ခြင်းနှင့် ကာ ကွယ်စောင့်ရှောက်ခြင်း။ဖြစ်သည်။

အစိုးရ၏ အနာဂတ်ရေအားလျှပ်စစ်စီမံကိန်းတွင် မြစ်ဆုံစီမံကိန်း ဆိုင်းငံ့အဖြစ် ဆက်လက်ပါဝင်

(Mizzima)

အစိုးရ၏ အနာဂတ်ရေအားလျှပ်စစ် စီမံကိန်းတွင် နယ်ပယ်အသီးသီးမှ ပြည်သူများ၏ ကန့်ကွက်မှုများ ကြောင့် ရပ်ဆိုင်းထားခဲ့ရသည့် မြစ်ဆုံစီမံကိန်း ဆက်လက်ပါဝင်နေသည်ကို လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ ဒုတိယ၀န်ကြီး ဦးမော်သာထွေး၏ ဇန်န၀ါရီ ၂၁ ရက် ပြည်ထောင်စုလွှတ်တော်အတွင်း ရှင်းလင်း ပြောဆိုမှုတွင် တွေ့ရသည်။

လွှတ်တော်အမတ်များသို့ ဖြန့်ဝေထားသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ လျှပ်စစ်စွမ်းအင်ထုတ်လုပ် ရန် လျာထားသည့် အစီအစဉ်ဇယားတွင် ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထားသည့် စီမံကိန်းများ ခေါင်း စဉ်၏အောက်တွင် မြစ်ဆုံဆည်တည်ဆောက်မှုစီမံကိန်းကို ဆိုင်းငံ့အနေဖြင့် ဖော်ပြထားခြင်းဖြစ်သည်။

Wednesday, January 22, 2014

လောခီးလာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ညီလာခံ ရက်ထပ်တိုးမည်

(Irrawaddy)

ကရင်ပြည်နယ်ရှိ ကရင် အမျိုးသား အစည်း အရုံး(KNU) ဌာနချုပ် လောခီး လာ၌ ကျင်းပနေ ဆဲ တိုင်းရင်း သား ညီလာခံတွင် အဓိက ဆွေးနွေးနေ သည့် အချက်များ မပြီးပြတ်သေးသောကြောင့် ညီလာခံရက် တရက် ထပ်မံတိုးမည် ဖြစ်ကြောင်း သိရသည်။

ဇန်န၀ါရီ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပမည့် မူလအစီစဉ်အရ ယနေ့ ဒုတိယမြောက် ကျင်းပသည့်နေ့တွင် တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်ရေး အဖွဲ့(NCCT) က ရေးဆွဲထားသည့် အပစ်အခတ်ရပ်စဲရေး မူကြမ်းကို တိုင်းရင်းသားများထံမှ သဘောတူညီချက်ရယူ၍ အတည်ပြုရန်စီစဉ် ထားသော်လည်း စကားလုံး သုံးစွဲမူတခု၊ မူဝါဒတခုနှင့် ထပ်မံ ဖြည့်သည့် စကားလုံး တခုတို့ကို ဆွေးနွေးမှုမပြတ်ခဲ့ခြင်းကြောင့် ဆက်လက် ဆွေးနွေးရန် ရက်ထပ်တိုးခြင်းဖြစ်ကြောင်း NCCT က ပြောသည်။

Tuesday, January 21, 2014

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ညီလာခံကို UWSA ဘာကြောင့်မတက်?



၂၀၁၄ ဂျန္နဝါရီ ၂၀ မှ ၂၂ ရက် အထိ ကရင် အမျိုးသား အစည်းအရုံး ဌာန ချုပ် လော်ခီးလာ ၌ သုံးရက်ကြာ ကျင်းပ သည့် တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ NCCT အစည်းအဝေး သို့ ဝ ပြည် သွေးစည်း ညီညွှတ်ရေး ကော်မတီ နှင့် ၎င်း၏ မဟာ မိတ် ဖြစ် သည့် မိုင်းလား တပ်ဖွဲ့တို့ တက်ရောက် ခြင်း မရှိခဲ့ကြောင်း သိရ သည်။ အဘယ်ကြောင့် အစည်း အဝေး မတက်ရောက်ပါ သနည်း၊ အကျိုး အကြောင်း အခက်အခဲ သိရအောင် ၀ပြည် သွေးစည်း ညီညွတ်ရေး တပ် မတော် UWSA ပြောခွင့်ရ ဦးအောင်မြင့် ကို  သျှမ်းသံတော်ဆင့် က ဆက်သွယ် မေးမြန်း ထားပါ သည်။

အစိုးရတပ်နှင့် ပလောင်တပ်တို့ တိုက်ပွဲဖြစ် ပြည်သူ့စစ် တဦးသေ



သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲအတွင်း အစိုးရ တပ်စခန်း တခုအား တအာင်း (ပလောင်) အမျိုးသား လွှတ်မြောက်ရေး တပ်မတော်က ဝင်ရောက် တိုက်ခိုက်ရာမှာ ဒေသခံ ပြည်သူစစ် တဦး ကျဆုံးကြောင်း ဒေသခံများက ပြောသည်။

လောခီးလာ ညီလာခံ၌ အပစ်ရပ်ပြီးမှ နိုင်ငံရေး ဆွေးနွေးရေး သဘောတူညီချက် ရယူမည်

(ဧရာဝတီ)

အစိုးရ ဘက်မှ တောင်းဆို ထားသည့် အပစ်အခတ် ရပ်စဲပြီးမှ နိုင်ငံရေး မူဘောင် ဆက်လက်ဆွေးနွေး မည် ဟူသည့် အချက် ကို ယနေ့ ကျင်းပ သည့် လော်ခီးလာ တိုင်းရင်း သား လက်နက် ကိုင် အဖွဲ့များ ညီလာခံ ဒုတိ ယမြောက်နေ့ တွင် ဆွေးနွေးရန် ရှိကြောင်း သိရသည်။

ယင်းဆွေးနွေး ချက်ကို တနိုင်ငံ လုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) က  ဦးဆောင် ချပြ ကာ တိုင်း ရင်းသား အဖွဲ့ အများ ၏ သဘော တူညီချက် ကို ရယူ သွား မည် ဖြစ်သည်ဟု ဆိုသည်။

မြစ်ကြီးနားလေယာဉ်ကွင်း ၃လကြာပြင်ဆင်မည်

(Kachin waves)

မြစ်ကြီးနားလေ ယာဉ်ကွင်းပြင် ဆင်နေချိန် တွင် လေယဉ်များ အား နန်ပေါင် တပ်မတော်လေ ယဉ်ကွင်း တွင်သာ ဆင်းသက် မည်ဖြစ်ကြောင်း၊ ကချင်ပြည်နယ် လမ်းပန်း ဆက် သွယ်ရေး ၀န်ကြီး ရုံး မှ သတင်း ရရှိ သည်။

မြစ်ကြီး နားလေယာဉ် ကွင်း အား လေယာဉ် အကြီးများလည်း ဆင်း သက်နိုင်ရန် ဇန်န၀ါရီလ၂၈ရက်မှ စတင်ပြင် ဆင်နိုင်ရန် ရည်မှန်း ထားပြီး ထိုလေယာဉ် ကွင်းပြင် ဆင်ချိန် တွင် လေယာဉ် များအား နန်ပေါင် တပ်မတော်လေယာဉ် ကွင်းတွင်သာ ဆင်းသက်ရ မည်ဖြစ်ကြောင်း လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ရုံးမှပြောရေး ဆိုခွင့် ရှိ သူမှ ဆိုသည်။

ကချင်ပါတီသစ် မှတ်ပုံတင်ခွင့်ရ၊ ကချင်ပါတီများပေါင်းစည်းရေး ကြိုးပမ်းမည်

(KNG)

ကချင်ပြည် နယ် မြစ်ကြီး နားမြို့ ဦး ဂွမ်ကရောင်အောင်ခမ်း (Salang Gumgrawng Awng Hkam) ဦးဆောင်သော ကချင်ပြည်နယ် ဒီမိုကရက် တစ် ပါတီ (Kachin Democratic Party) ကို ဇန်နဝါရီလ ၁၃ ရက် နေ့ တွင် နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင် ခွင့်ပြု လိုက်သည်။

နိုင်ငံရေး ပါတီ အဖြစ် တရား ၀င် ဖွဲ့စည်းခွင့်ရပြီး နောက်တွင် ကချင်ပြည် နယ်ရှိ ကချင် တိုင်းရင်းသား ပါတီများ တစ်ခုထဲဖြစ် လာစေရေး အတွက် ကြိုးပမ်းဆောင် ရွက်သွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ် ဒီမိုကရက် တစ်ပါတီက ပြောကြားလိုက်သည်။

KNUနယ်မြေတွင် ပြုလုပ်သည့် ဒုတိယအကြိမ် တိုင်းရင်းသားညီလာခံစတင်

(Mizzima)

လော်ခီလာ၊ မဇ္ဈိမ ။        ။ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၇ နယ်မြေအတွင်း လော်ခီလာ (ခေါ်) လေးဝါး စခန်းတွင် ပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ညီလာခံကို ဇန်နဝါရီလ ၂ဝ ရက်တွင် စတင် ကျင်းပနေပြီ
ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့ တက်ရောက်သည်ဟု ထိုနေရာတွင် ရောက်ရှိနေသော မဇ္ဈိမ သတင်းထောက် က သတင်းပေးပို့သည်။


ထိုညီလာခံတွင် တစ်နိုင်လုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့က သဘောတူ ရေးဆွဲခဲ့ကြသည့် အပစ်ခတ်ရပ်စဲရေး ဆိုင်ရာ စာချုပ်ကို အပြီးသတ် ဆွေးနွေးသွားရန် ရည်ရွယ်ထားသည်ဟု NCCTအဖွဲ့ဝင် ဗိုလ်မှုးကြီး ခွန်ဥက္ကာက ဆွေးနွေးပွဲ တွင် ပြောသည်။

လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ၏ ဒုတိယ အကြိမ် ညီလာခံ စတင်ကျင်းပ

(ရွှေဟင်္သာသတင်းဌာန)

လက်နက် ကိုင် တိုင်းရင်း သား အဖွဲ့ (၁၇)ဖွဲ့မှ ကိုယ်စားလှယ် များနှင့် လေ့ လာ သူပေါင်း တရာ ခန့်ရှိသည့် ကိုယ်စား လှယ် များသည် ကရင် အမျိုး သား အစည်း အရုံး (KNU) တပ်မဟာ () စခန်း ဌာနချုပ် လေးဝါး (ခေါ်) လောခီးလာ စခန်း ၌ ဒုတိယ အကြိမ် သမိုင်းဝင် ညီလာခံ ကို ယနေ့ စတင် ကျင်းပ လိုက်ခြင်း ဖြစ်သည်ဟု  အခမ်း အနားသို့ ရောက် ရှိနေ သော ရွှေဟင်္သာ သတင်း ထောက်မှ ဆိုပါသည်။
 
ရှေးဦးစွာ သဘာပတိ အဖြစ် (KNU) ဥက္ကဌမှ တာဝန်ယူပြီး အရန် သဘာပတိ အဖြစ်ပအိုဝ့် အမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO) မှ ဥက္ကဌ ခွန်မြင့် ထွန်း နှင့် ပလောင်ပြည် လွတ်မြောက် ရေး တပ်ဦး (PSLF) မှ ဥက္ကဌ  ဗိုလ်မှူး ကြီး တာ့အိုက်ဖုန်း တို့က တာဝန် ယူပြီး  အခမ်း အနား စတင် ကြခြင်း ဖြစ်ပြီး ညီလာခံ အကျိုးဆောင် များအဖြစ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ နှင့် (ALP) မှ စောမြ ရာဇာ လင်း တို့က ဆောင်ရွက် ကြ ပါသည်။

Monday, January 20, 2014

ငြိမ်းချမ်းရေး စစ်တမ်း (၃) - “အစိုးရအဆိုပြု တနိုင်ငံလုံး အပစ်ရပ်ရေးစာချုပ် အပေါ် သုံးသပ်ချက်”

(ရှေ့နေအောင်ထူး) (ရွှေဟင်္သာသတင်းဌာန)
 

နိဒါန်း

၂၀၁၃ ခုနှစ် နိုဝင်္ဘာလ (၂) ရက်နေ့ ကချင်ပြည်နယ် လိုင်ဇာမြို့ တွင်ကျင်းပခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ ၏ ညီလာခံ အပြီး နိုဝင်္ဘာလ (၄) ရက်နေ့ မြစ်ကြီးနား ၌ အစိုးရ ကိုယ်စား လှယ်များ နှင့်တွေ့ဆုံကြ ရာ အ မျိုးသား ကာကွယ် ရေး နှင့် လုံခြုံရေး ကောင်စီ (ကာ၊ လုံ) ကရေးဆွဲထား သည့် စာချုပ်ကို အစိုးရ ဘက်က တင်သွင်း ခဲ့ ကြောင်း သိရသည်။

အစိုးရ အဆိုပြု စာချုပ်သည် မည်မျှ အရေးကြီး သဖြင့် ယင်းကို အခြေပြုလျက် စာတမ်းငယ် တစောင်မျှ ဖြစ်အောင် သုံးသပ် ရသည်ကို ရှေးဦးစွာ ရှင်းရန် လိုပါ မည်။ ၆၅ နှစ်ကြာ ခဲ့ပြီးသည့် ပြည်တွင်း စစ် သမိုင်းတွင် တိုင်းရင်း သားလက်နက် ကိုင် အဖွဲ့ အစည်း အားလုံး လွှမ်းခြုံ ပါဝင်လက်မှတ် ရေးထိုး ခွင့်ရ အောင် အာဏာရ အစိုးရက အဆိုပြု တင် သွင်းသော စာချုပ် ဟူ၍ဤသည်မှာ ပထမ ဆုံးဖြစ်သည်။ ထို့အပြင် ၁၉၈၉ ခုနှစ်မှ စတင်၍စစ်အစိုးရ ဟောင်း များနှင့် တိုင်းရင်း သားလက်နက် ကိုင်အဖွဲ့ အစည်း များချုပ် ဆိုခဲ့ကြ သည့် သဘော တူညီချက် များအနက်ဥပဒေ သဘော ဆန်စွာ ပုံစံ တကျ ရေးသား အဆိုပြု ထားရာ တွင် လည်း ဤစာချုပ် မှာပထမဆုံးဖြစ် သည်။

မြစ်ဆုံဆက်လုပ်မလုပ်ဖြေဆိုနိုင်သူမှာ သမ္မတဦးသိန်းစိန်သာဖြစ်ဟု ဒေါ်စုပြော

(Mizzima)

ဧရာဝတီမြစ်ဆုံ ဆည်စီမံကိန်းကို ပြန်လည်စတင်မည်ဆိုလျှင် မည်သည့် ပြဿနာတက်နိုင်မည်နည်း ဆိုသည့် မေးခွန်းကို ဖြေဆိုနိုင်သည်မှာ သမ္မတ ဦးသိန်းစိန်သာဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ကရင်ပြည်နယ်ခရီးစဉ်အတွင်း သံဃာတော်တစ်ပါး၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာ၌ ပြောဆို လိုက်သည်။

သန်းခေါင်စာရင်းတွင် လူမျိုးအမည်များ ကွဲပြားနေသော်လည်း ရှမ်းပြည်နယ်ရှိ ကချင်လူမျိုးများ ကချင်တစ်မျိုးတည်းသာ ထည့်သွင်းမည်

(Mizzima)

၂၀၁၄ တွင် တစ်နိုင်ငံလုံး ကောက်ယူတော့မည့် သန်းခေါင်စာရင်းတွင် ကချင်လူမျိုးအမည်များ ကွဲပြား နေသော်လည်း ရှမ်းပြည်နယ်တွင်နေထိုင်သည့် ကချင်လူမျိုးများက လူမျိုးနေရာတွင် ကချင်တစ်မျိုး တည်းသာ ထည့်သွင်းသွားမည်ဟု ရှမ်းပြည်နယ်လွှတ်တော် ကချင်တိုင်းရင်းသားရေးရာဝန်ကြီး ဒူးဝါး ဆုန်ယောင်က ဒီဇင်ဘာ ၁၉ ရက်တွင် မဇ္ဈိမကို ပြောကြားသည်။

ရှမ်းပြည်နယ်ရှိ ကချင်လူမျိုးများနှင့်ပတ်သက်၍ ဇန်န၀ါရီ ၁၇၊ ၁၈ ရက်က လူမျိုးစုကိုယ်စားလှယ်များ ဆွေးနွေးခဲ့ပြီး လူမျိုးစုများ ကွဲပြားနေသော်လည်း ကချင်ဟူသည့် လူမျိုးဘုံနာမည်တစ်ခုတည်းသာ ထည့် သွင်းသွားရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။

အသတ် ခံထားရသည်ဟု ယူဆသည့် အလောင်း ၆ လောင်း မန်စီမြို့နယ်အတွင်း တွေ့ရှိ

(ဧရာဝတီ)

ကချင်ပြည်နယ် ဗန်းမော် ခရိုင် မန်စီမြို့နယ် မုန်းဒိန်ပါရွာအနီး နမ့်လင်းပါရွာ တွင် မြှုပ်နှံ ထားသော အလောင်း ၆ လောင်း ကို တွေ့ရှိခဲ့ရ သည်ဟု ကချင် ဒုက္ခသည် ကူညီပေးရေး အဖွဲ့ တဖွဲ့က ဆိုသည်။

လွန်ခဲ့သည့် ၃ လခန့်က မန်စီမြို့နယ် မုန်းဒိန်ပါ ကျေးရွာအနီး နမ့်လင်းပါရွာ၌ ၀င်ရောက် စီးနင်းခဲ့သည့် အစိုးရတပ်၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည့် အလောင်း ၆ လောင်း ဖြစ်သည်ဟု ယူဆရကြောင်း အထက်ပါ ကူညီပေးရေး အဖွဲ့က ပြောသည်။

TNLA နယ်မြေ ထဲမှ အရပ်သား များအပေါ် အစိုးရ တပ်ဖွဲ့များ၏ အကြမ်း ဖက်မှုများ

(ရွှေဟင်္သာသတင်းဌာန)

အစိုးရ တပ်များ သည် ပြီးခဲ့သည့် ဇန္နာဝါရီ (၁၆)ရက်နေ့   () နာရီတွင် တအာင်း အမျိုးသား လွတ်မြောက် ရေး တပ်မ တော် (TNLA) (၅၁) ကြိမ်မြောက် တော် လှန် ရေး နေ့အခမ်း အနား ကျင်းပသော ကျေးရွာ ဖြစ်သည့် ရှမ်းပြည် မြောက် ပိုင်း နမ့်ဆန်မြို့နယ် ဟိုး နမ့်ကျေးရွာ အပေါ် ပေါ်တာဆွဲပြီး ရိုက်နှက်မှု များ ပြုလုပ်ခဲ့သည် ဟု ဒေသခံ ဟိုမိန်း ကျေးရွာ သူ တဦးက ဆိုပါသည်။
 
ပြီးခဲ့တဲ့ (၁၂) ရက်နေ့က ဒီဟိုမိန်း ကျေးရွာ မှာဘဲ (TNLA) တွေက တော်လှန်ရေး နေ့ လုပ်ခဲ့တယ်။ အဲဒါ တမာန်နေ့ ည က ရောက်လာ ပြီးတော့ လူဖမ်းတယ်။ လူ (၁၃)ဦး ကိုခေါ်သွား တယ်။ လက်နက်ခဲ ယမ်းတွေ ကို ထမ်းခိုင်းတယ်။ လိုအပ် ရင် မိုင်းရှင်း ကိရိယာ သုံးဦးမယ် ထင်တယ်။ ပြီးတော့ ကျေးရွာ ဥက္ကဌနဲ့ အ တွင်း ရေးမှူး နှစ်ဦးလုံး ကိုလည်း ရိုက်နှက်ပြီး တော့ စစ်ဆေးခဲ့ ကြတယ်။ဟု မျက်မြင် ကျေးရွာသူ တဦးက ဆိုပါသည်။