Thursday, January 16, 2014

တအာင်း အမျိုးသား တော်လှန်ရေး နေ့ နှင့်အတူ တိုက်ပွဲဆက်လက် ဖြစ်ပွားနေ

(ရွှေဟင်္သာသတင်းဌာန)

တော်လှန်ရေး နေ့အခမ်း အနားပြီးလုံခြုံရေး တာဝန် ယူ ထားသော တအာင်း လွတ်မြောက် ရေး တပ်မတော် (TNLA) တပ်ရင်း (၂၅၆) တပ်ဖွဲ့နှင့် အစိုးရ တပ်တို့ ယမာန်နေ့  ဇန္နာဝါရီ (၁၅) ရက်နေ့ နေ့လည် တနာရီ တွင် ရှမ်းပြည် မြောက်ပိုင်း နမ့်ဆန် မြို့နယ် ဟိုနမ့် ကျေးရွာ တွင် တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း (PSLF/TNLA) ဥက္ကဌ တာအိုက် ဖုန်းက ဆိုပါသည်။
 
ရွှေရတု တော်လှန်ရေး နေ့ အခမ်းအနား ကို တာဝန် ယူတဲ့ တပ်တွေပေါ့။ အဲဒါ လုံခြုံရေး တာဝန်ကနေ မိမိတို့ ရဲ့ လှုပ်ရှား ရာဒေသကို  အပြန်မှာ အစိုးရ တပ်တွေ နဲ့ ရင် ဆိုင် တိုးတော့ (၄၅)မိနစ် လောက် တိုက်ပွဲဖြစ် ခဲ့တယ်။ အထိ အခိုက် ကတော့ အစိုးရ ဖက်က ()ဦးကျ တယ်လို့ မျက်မြင် ရွာသားတွေ ကပြောပြ တယ်။ဟုဆို ပါသည်။

ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ် ??????????????

(Lachid Kachin)

ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၏ သဘောထားထုတ်ပြန်ချက်


ကချင်ပြည်နယ်ဒီမိုကရေစီပါတီမှ ပထမဆုံး အကြိမ် ညီလာခံကျင်းပ

(Kachin Waves)

နိုင်ငံတော်မှ ၂၀၁၄ ခုနှစ်၊ သန်းကောင်စာရင်းကောက်ခံရာ၌ ကာယကံရှင်တိုင်းရင်းသားများ၏ ဆန္ဒသဘောထားကို အလေးထားပြီး အရှိကို အရှိအတိုင်း မှန်မှန်ကန်ကန်လုပ်ဆောင်သွားရန် လိုအပ်သည်ဟု မြင်သည် ဆိုသည့် အချက်အပါအ၀င် စုစုပေါင်း (၁၀) ချက်ပါသည့် သဘောထာားထုတ်ပြန်ချက်အား ကချင်ပြည်နယ်ဒီမိုကရေစီပါတီမှ နန်န၀ါရီ (၁၅) ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုပါတီ၏ ပထမဆုံး အကြိမ်ပါတီညီလာခံအား ဇန်န၀ါရီ ၁၄၊ ၁၅ ရက်တွင် ကျင်းပခဲ့ပြီး ဗဟိုကော်မတီနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ဖွဲ့စည်းပြီး ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကချင်ဒုက္ခသည် စခန်းတွင် ကလေးငယ်များ ၀မ်းရောဂါ ဖြစ်ပွား

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ဗန်းမော် ခရိုင် အတွင်းရှိ မိုင်းခေါင် (Mung Hkawng) ကချင် ဒုက္ခသည် စခန်းတွင် ဇန္န၀ါရီ လဆန်းမှ စတင်၍ ၅ နှစ်အောက် ကလေးငယ် များ ၀မ်းပျက် ၀မ်းလျှောရောဂါ ဖြစ်ပွား လျက်ရှိကြောင်း ဒုက္ခသည်များ ကို အကူအညီပေးနေ သည့် ခရစ်ယာန် အသင်းတော် က ပြောသည်။

ယခုချိန် ကလေးငယ် အယောက် ၅၀ ကျော်တွင် ကူးစက်ပျံ့ပွားနေပြီး နေ့စဉ် ဒုက္ခသည်စခန်းအတွင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC (Shamai Shatsai) ဆေးပေးခန်းနှင့် အပြင် ဆေးပေးခန်းသို့ ပြသနေကြောင်း သိရသည်။

KIA တပ်ရင်း (၁၂) နယ်မြေရှိ နမ့်လင်းပါနှင့် မုန်းဒိန်ပါ ရွာအား အစိုးရ တပ်များ ဖျက်ဆီး

(ရွှေဟင်္သာသတင်းဌာန)



ကချင် ပြည်နယ် ဗန်းဗော် ခရိုင် မန်စီ မြို့နယ်ရှိ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့နှင့် အစိုးရ တပ်တို့ အကြား တိုက်ပွဲ အပြင်း အထန် ဖြစ်ပွား ခဲ့သည့် နမ့်လင်းပါ ကျေးရွာ မုန်းဒိန်ပါ ကျေးရွာ များအား အစိုးရ တပ်များ ဆုတ်ခွာ သွားပြီးနောက် ရွာအား ဖျက်ဆီး ခဲ့ကြောင်း ကချင် ငြိမ်းချမ်းရေး ကွန်ယက်နှင့် ယင်းဒေသ အခြေစိုက် KIA တပ်ရင်း (၁၂) တပ်ရင်းမှူး ဗိုလ်မှူး ဂျွှန်းအောင်တို့က ပြောသည်။

စစ်ပြေး ဒုက္ခသည် စခန်းစာသင် ကျောင်းများ ၊ ဘုရားကျောင်း တွေကို ပစ်ခတ် ဖျက်ဆီး သွားတယ်၊ ရွာသား တွေရဲ့အိမ်၊ ဒုက္ခသည် တွေအတွက် အလှူရှင်တွေ လှူဒါန်း ထားတဲ့ စားနပ် ရိက္ခာ တွေရောပဲ၊ သယ်လို့ ရတာ သယ်တယ်၊ သယ်လို့ မရတာ ဖျက်ဆီး ခဲ့တယ်” ဟု ကချင် ငြိမ်းချမ်းရေး ကွန်ယက်မှ ဆရာမ ခွန်ဂျာက ပြောသည်။

Wednesday, January 15, 2014

ဘားအံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရွှေ့ဆိုင်း

(Irrawaddy)

လက်နက် ကိုင် တိုင်းရင်း သား ခေါင်းဆောင်တွေ နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ တို့ ကရင်ပြည်နယ် ဘားအံမြို့ မှာ ပြုလုပ် မယ့် တပြည်လုံး အပစ်အခတ် ရပ်စဲရေး တွေ့ဆုံညှိနှိုင်းပွဲ မူလ အစီအစဉ် ကို ရက်ရွှေ့ ဆိုင်းလိုက်ပြီ ဖြစ်တယ်လို့ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) က ဇန်န၀ါရီ ၁၄ ရက်နေ့မှာ ပြော ဆို လိုက်ပါ တယ်။

တပြည်လုံး အပစ် အခတ် ရပ်စဲရေး လက်မှတ်ထိုးနိုင် ဖို့ နှစ်ဘက် တာဝန်ရှိသူတွေ ထိပ်တိုက် ဆွေးနွေးကြမှာဖြစ်တဲ့ အဲဒီဆွေးနွေးပွဲကို ဒီဇန်နဝါရီ လ နောက်ဆုံး ပတ်မှာ ဆွေးနွေးကြဖို့ မူလက သဘောထား ရှိခဲ့ကြပေမယ့် ပိုမို ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်ရှိဖို့အတွက် တွေ့မယ့်ရက်ကို ရွှေ့ဆိုင်းလိုက်တာ ဖြစ်တယ်လို့ NCCT အဖွဲ့ ခေါင်းဆောင် နိုင်ဟံသာက ပြောပါတယ်။

Tuesday, January 14, 2014

အညိုရောင် စည်းမျဉ်းအောက်က ဒုစရိုက်မြို့တော်

(ဧရာဝတီ)

နေပူပူမှာ ချွေးတပြိုက်ပြိုက် ကျရင်း၊ ကျောက်သား မာမာတွေကို ထိုးခွဲရင်း ရလာ တဲ့ ကျောက်ခဲတလုံးကို ကိုင်ကြည့်နေ တဲ့ မှော်ဒေသ အခေါ် ကောက်ရိုးသမား ကိုသာဉာဏ် ဟာ နဖူးကချွေးသီးတွေ ကိုသုတ်၊ သူ့ခေါင်း ကို မိုးထား တဲ့ တောင် ကို ကြည့်နေရာက ပုဆစ်ဒူးတုတ် ထိုင်ချ လိုက်ပါတယ်။

“ဘိုးဘိုးကြီးကို ပူဇော်ပါ တယ်၊ ပသပါတယ်။ ပြစရာရှိ တဲ့ ဂျေးတုံးတွေ ကို သားတော် အတွက် ပြသပေးပါ” လို့ ဆိုပြီး အမွေးတိုင် ၃ တိုင် ပူးကာ ကျောက်စိုင် အကြား ထွန်းညှိပူဇော် နေပါတော့တယ်။
အစိမ်းရောင် လွင်ပြင် လို့ခေါ်တဲ့ ဒီဖားကန့် ဒေသကို ရောက်နေတာ အခုဆို ၃ နှစ်ပြည့် ပါတော့ မယ်။ သီချင်းတွေထဲကလို ကျောက်တူး သမားတဦးရဲ့ ဘဝ ဟာ လော်ပန်လောင်း တယောက် ဟုတ်မဟုတ်တော့ သေချာမသိပေမယ့် လက်တွေ့ သူပိုင်ဆိုင်ရခဲ့တာ ကတော့ နီမြန်းနေတဲ့ သူ့အသားအရေ၊ ၂ ပေပတ်လည် မြေစိုင်တွေပေါ်က သူ့ရဲ့ အကာအရံမရှိတဲ့ အိမ်ယာ၊ လက်ဆွဲတော် သံတိုင်တွေပါပဲ။

ဖားကန့်မှာ အစိုးရတပ်အချင်းချင်း ပစ်ခတ်မှု ၆ ဦးသေ

(ဧရာဝတီ)

အစိုးရ စစ်တပ် တပ်သားအချင်းချင်း ပစ်ခတ်မှုကြောင့် ၆ ဦးသေဆုံးမှု တခု ကချင်ပြည်နယ် ဖားကန့်မြို့ရှိ နမ့်ယားရွာ တွင် စနေနေ့ မနက်လင်း အားကြီးတွင် ဖြစ်ပွား ခဲ့ကြောင်း ဒေသခံများ အဆို အရ သိရသည်။

အဆိုပါ သတင်းကို ဧရာဝတီ အင်္ဂလိပ် ပိုင်းမှာ သတင်းထောက် ငြိမ်းငြိမ်း က Six Burma Army Troops Killed in ‘Friendly Fire’ Incident သတင်းပို့ခဲ့ တာကို ပြန် လည် ဘာသာပြန် တင်ပြလိုက်ပါ တယ်။ 

ဖားကန့်မြို့ အရှေ့ဘက် မိုင် ၂၀ ခန့်အကွာရှိ နမ့်ယားရွာလည် ဘုန်းကြီးကျောင်းတွင် တပ်စခန်းချထားသော အစိုးရတပ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

အစိုးရ တပ်အချို့ ဒုတိယ အကြိမ် တပ်ပြန်ဆုတ်

(ကချင်သတင်းဌာန)

ဒီဇင်ဘာ လကုန်ပိုင်း က တပ်ရုတ် သွားပြီး ပြန်လည် တပ်စွဲလာသော အစိုးရ တပ်ရင်း အချို့ ကချင်ပြည်နယ် တောင်ပိုင်း မန်စီမြို့နယ် အတွင်းမှ ပြန်လည် ထွက်ခွာသွား သည်။

ကချင်ပြည်နယ် တောင် ပိုင်း ဗန်းမော်ခရိုင် မန်စီမြို့နယ် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ရင်း ၁၂ ဒေသ မုန်းဒိန်ပါရွာ (Mung Ding Pa) တွင် တပ်စွဲထားသော အစိုးရတပ် ခြေမြန်တပ်ရင်း ခမရ ၄၃၈ စစ်ကြောင်းသည် ယမန်နေ့ ၁၂ ရက်နေ့ မီးမလင်းမီအချိန်တွင် ရွာမှ တပ်ဆုတ်သွားကြောင်း ယင်းဒေသရှိ KIA တပ်ဖွဲ့မှ ပြောသည်။

KIA ဌာနချုပ် ဒုက္ခသည် စခန်းများသို့ ကုလ အကူအညီများ ထပ်မံရောက်ရှိ

(ကချင်သတင်းဌာန)

ယခုနှစ် အတွင်း ပထမဆုံး အကြိမ်အဖြစ် ကုလသမဂ္ဂ ကူညီထောက်ပံ့ မှုများ လိုင်ဇာ အနီးရှိ ကချင် ဒုက္ခသည် စခန်းများ သို့ ရောက်ရှိ လာသည်။

ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဗဟိုဌာနချုပ် နယ်မြေ အတွင်းရှိ ဒုက္ခသည် စခန်းလေးခု သို့ ဆား၊ ပဲအမျိုးမျိုးနှင့် အဟာရမှုန့်များ ကို ယနေ့ ဇန္န၀ါရီ ၁၃ ရက် တနင်္လာနေ့တွင် ကုလသမဂ္ဂ အကူ အညီပေးရေး အဖွဲ့များက လာရောက် ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဒုက္ခ သည် စခန်း တာဝန်ခံများ က ပြောသည်။

Monday, January 13, 2014

ဖားကန့်ပစ်ခတ်မှုနဲ့ ဆက်နွယ်မှု မရှိကြောင်း KIA ငြင်းဆို

(VOA)

ဒီရက်ပိုင်း အတွင်းဖြစ်ပွား ခဲ့တဲ့ ဖားကန့်မြို့နယ် အတွင်း ပစ်ခတ်မှုဟာ ကချင် လွတ်လပ်ရေး အဖွဲ့ KIA နဲ့ ပတ်သက်မှု မရှိဘူးလို့ ဒီဒေသတွင်း မှာ အခြေစိုက်တဲ့ အရင် KIA တပ်ရင်း၆ တပ်ရင်းမှူးဟောင်း က ပြောပါတယ်။ စနေနေ့ မနက် အစောပိုင်း က ဖြစ်ပွားတဲ့ ပစ်ခတ်မှုမှာ အစိုးရတပ် က အရာရှိတဦး အပါအ၀င် ၆ ယောက် သေဆုံးပြီး ဒါဟာ အချင်းချင်း မှားယွင်းပစ်ခတ်တာ လို့ ဒေသခံတွေက ပြောဆိုတာတွေ ရှိပေမယ့် အခုချိန်ထိတော့ ဘယ်သူလက်ချက် ဆိုတာ အတည် မပြုနိုင်သေးပါဘူး။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဖားကန့်မြို့နယ်တွင်း ပစ်ခတ်မှု အစိုးရတပ်သားများ သေဆုံး

(RFA)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့နယ်ခွဲ နန့်ယားကျေးရွာ အောင်သုခ ဘုန်းကြီးကျောင်းမှာ အနောက်မြောက်တိုင်း စစ်ဋ္ဌာနချုပ် လက်အောက်ခံ ခလရ ၁၄၀ တပ်စွဲထားချိန် မနေ့က  မနက် လင်းအား ကြီးချိန်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ရွာသားတွေက RFA ကို ပြောပါတယ်။

အဲဒီ ပစ်ခတ်မှုကြောင့်  ဗိုလ်ကြီးအဆင့် တစ်ဦးနဲ့ တပ်သား ၅ ဦး စုစုပေါင်း ၆ ယောက် သေဆုံးခဲ့ပြီး၊ ဒဏ်ရာရတပ်သား၃ ဦးကို မြစ်ကြီးနားမြို့ တပ်မတော် စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။

ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး နန့်ယားကျေးရွာသားတစ်ဦးက RFA ကို အခုလိုပြောပါတယ်။