Saturday, January 11, 2014

ဘယ်လိုနည်းနဲ့မှ ပြန်စဖို့ လက်မခံသင့်တဲ့ မြစ်ဆုံစီမံကိန်း

(Irrawaddy)

ဧရာဝတီမြစ်ကြီး ဟာ ကျမတို့ မြန်မာနိုင်ငံ ရဲ့ အသက်သွေးကြော မြစ်ကြီးဖြစ် သလို၊ ဒီမြစ်ကြီးကို အမှီပြုပြီး မြို့တွေ ထွန်းကားခဲ့၊ ကူးသန်း ရောင်း ၀ယ်ရေးတွေ လုပ်ဆောင် ခဲ့ကြတာပါ။ မြစ်ကြီး အစပြု စီးဆင်း တဲ့ မြစ်ဆုံ ဒေသ ဟာ သာယာ လှပ သလို၊ ဇီဝ မျိုးစိတ်တွေ စုံလင် တဲ့ ဒေသလည်း ဖြစ်ပါတယ်။

မြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်းဟာ ဧရာဝတီရဲ့ အသက် ဇာတိကို ခြိမ်းခြောက်နေ တာ အမှန်ပါ၊ နဂိုကမှ ရွှေကျင်တာတွေ၊ ရာသီဥတု ဖောက်ပြန်တာတွေကြောင့် ဧရာဝတီမြစ်ဟာ သဲသောင် ဖြစ်ထွန်းမှုတွေ ပိုများလာပြီး ရေကြောင်းကျပ်နေတဲ့ အခြေအနေမှာ ရှိနေပါတယ်။ 
ဧရာဝတီမြစ်ဟာ တနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ မြစ်ဖြစ်တာကြောင့် မြစ်ကြောင်း ထိန်းသိမ်းရေး လုပ်ငန်းတွေကို စနစ်တကျ လုပ်ဆောင်ဖို့ လိုအပ်နေတဲ့ အချိန်မှာ China Power Investment Coorporation (CPI) ကနေ မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းထားရတဲ့အတွက် နစ်နာနေပါတယ်လို့ ထုတ်ဖော် ပြောကြားလာတာဟာ အလွန်စိုးရိမ်ဖို့ ကောင်းတဲ့ ပြောကြားချက်ပါ။

ကေအိုင်အိုအစိုးရမှ (၃) နှစ်အတွင် မူးယစ်ဆေးဝါး တရားခံ (၃၀၀၀) ကျော်ဖမ်းဆီးနိုင်

(Jinghpawkasa)

ကေအိုင်အို အဖွဲ့အစည်းမှ (၃) နှစ်အတွင်း မူးယစ်ဆေး ၀ါးနှင့် ပတ်သက် သည့် တရားခံ (၃၀၀၀) သုံးထောင်ကျော် ဖမ်းစီးအရေး ယူခဲ့ပြီး ဘိန်းစိုက်ခင်း ဧကပေါင်း ၁၉၇၆.၄ ဧက ဖျက်ဆီး ခဲ့ကြောင်း ကေအိုင်အို မူးယစ် တိုက်ဖျက်ရေး အဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူး ဂမ်ဘာက ဆိုသည်။

လယ်ယာ သိမ်း၊ ထိုးကြိတ်မှုအတွက် သင်းထောက်ဆရာအား ပြည်သူ့စစ် တောင်းပန်

(ကချင်သတင်းဌာန)

ခရစ်ယာန် သင်းထောက် ဆရာတစ်ဦး လယ်ယာ သိမ်းပိုက်ခံရကြောင်း သတင်းများ မီဒီယာ တွင် ထွက်ပေါ် လာပြီးနောက် ပြည်သူ့ စစ်တပ်ဖွဲ့က သင်းထောက် ဆရာအား ပြန် လည် တောင်းပန်ခဲ့သော်လည်း လယ်ယာမြေများ ကိုမူ ပြန် လည် ပေးအပ်ခြင်း မရှိသေးကြောင်း လယ်သိမ်း ခံရသည့် သင်းထောက် ဆရာက KNG ကချင် သတင်း ဌာန ကို ပြောပြသည်။

လဆန်အောင်ဝါ ဦးဆောင် သည့် ပြည်သူ့စစ် အဖွဲ့မှာ ဗိုလ်ကြီးတဦးက သင်းထောက် ဆရာ လဆန်လရော် (Hpungtau Lasan La Raw) ၏ လယ်ယာမြေကို သိမ်းယူ သည့် သတင်းကို RFA ကချင် အစီအစဉ်က လွှင့် ထုတ်ပြီးနောက်ပိုင်း ဇန္န၀ါရီ ၈ ရက်နေ့ က ပြည်သူ့စစ်အဖွဲ့က ကိုယ်စားလှယ်လွှတ် ၍ တောင်းပန်ခဲ့ခြင်းဖြစ်သည်။

ကချင်အမျိုးသား အလံကိုင်ဆောင်၍ ကချင်ပြည်နယ်နေ့ အခန်းအနား ကျင်းပ

(ကချင်သတင်းဌာန)

ယနေ့ ကျရောက် သည့် ၆၆ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ ကို မြစ်ကြီးနားမြို့ စီတာ ပူ မနောကွင်း တွင် ကချင် အမျိုးသား အလံကို ကိုင်ဆောင် ၍ ကချင် အမျိုးသားများ က လက်တွဲ ဆုတောင်း ကာ ကျင်းပခဲ့ကြသည်။

“ဒီကနေ့ ဘုရားသခင်ပေးထားတဲ့ ကချင်ပြည်နယ် Kachin State ကို ပိုမိုတာဝန်ယူ ကြည့်ရှုတတ်သူများဖြစ်ဖို့ သက်သေကောင်းများဖြစ်ဖို့ ဒီမှာနေထိုင်ပြီး ပိုမိုပြီးတော့ ကချင်အမျိုးသားများအားလုံး ကချင်ပြည်သူများ ပြည်နယ်သားများအားလုံး ပိုမိုဖွံ့ဖြိုးတိုးတက်လာဖို့ ဆုတောင်းတယ်” ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) လူငယ်တာဝန်ခံ ဆရာတန်ဂွန်း KNG ကချင်သတင်းဌာန သို့ပြောသည်။

Friday, January 10, 2014

MPC အထူး အဖွဲ့ မှ လမ်းပြ မြေပုံ အချော ရသည် အထိ NCCT နှင့် ညှိနှိုင်းမည်

(ရွှေဟင်္သာသတင်းဌာန)

တနိုင်ငံ လုံး အတိုင်း အတာဖြင့် အား လုံး ပါဝင်နိုင်သော နိုင်ငံရေး အခင်း အကျဉ်း ပုံစံ ရ ရှိရေး အတွက် လက် နက် ကိုင် တိုင်းရင်း သားများ ၏  တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆိုင်ရာညှိ နှိုင်းရေး အဖွဲ့ (NCCT) နှင့် အသေးစိပ် ညှိနှိုင်း ရန် မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ အထူး အဖွဲ့သည် ယမာန်နေ့ ဇန္နာဝါရီ ()ရက်နေ့ တွင် ထိုင်းနိုင်ငံ ဇင်းမယ်မြို့  သို့ရောက် ရှိနေကြောင်း ပြောခွင့် ရသူ ဦးညိုအုန်းမြင့် ကဆိုပါသည်။
 
ဒီတပတ် ကတော့ နှစ်ဖွဲ့ဆိုတာ မျိုးထက် တဖွဲ့တည်း ဖြစ်အောင်နဲ့ နှစ်ဖက် လက်ခံနိုင် မဲ့မူချော ကိုရတဲ့ အထိ ညှိနှိုင်းဖို့ ရောက် လာ တာဖြစ်တယ်။ ကျနော် တို့ ကတော့ နည်းပညာ အဖွဲ့ဖြစ် တယ်။ အဆုံးအဖြတ် မပေးနိုင်ပေ မဲ့ ဒီတခေါက် မှာတော့ နှစ်ဖက်လက် ခံနိုင် မဲ့မူချော တခုရတဲ့ အထိ ညှိနှိုင်း ခွင့်ရခဲ့ပါ တယ်။ဟုဆိုပါသည်။ 

မြစ်ဆုံစီမံကိန်းပြန်စရန် ကြိုးစားခြင်းက စစ်ပွဲနယ်မြေအတွင်း ပဋိပက္ခများ ပိုမိုကြီးထွားအောင် တွန်းအားပေးနေဟုဆို

(Mizzima)

ရပ်ဆိုင်းထားသည့် ဧရာဝတီမြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး ဧရာဝတီမြစ်ညာ-မြစ်ဆုံရေအားလျှပ်စစ်စီမံ ကိန်းကုမ္ပဏီ(ACHC)က လူမှုရေးဆိုင်ရာ တာဝန်ယူမှု အစီရင်ခံစာ ထုတ်ပြန်လိုက်ရာ ကချင်လူမှုဖွံ့ဖြိုး ရေးကွန်ရက်အဖွဲ့ (KDNG)က ကန့်ကွက်လိုက်ပြီး မြစ်ဆုံရေကာတာ ပြန်လည်စတင်ရန် ကြိုးစားခြင်း သည် စစ်ပွဲနယ်မြေအတွင်း ပဋိပက္ခ ပိုမိုကြီးထွားစေကြောင်း ဇန်န၀ါရီလ ၈ ရက်တွင် ကြေညာချက်ထုတ် ကာ ပြန်လည်တုံ့ပြန်လိုက်သည်။

China Power Investment (CPI) မှ ပါဝင်ပတ်သက်နေသော ဧရာဝတီမြစ်ညာ-မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကုမ္ပဏီ (ACHC)က စာမျက်နှာ ၆၀ ပါ ပူးပေါင်းတာဝန်ယူမှုဆိုင်ရာ အစီရင်ခံစာကို ရန်ကုန်မြို့ တွင် ပြီးခဲ့သည့် ဒီဇင်ဘာလက ထုတ်ဝေဖြန့်ချိခဲ့ခြင်းအပေါ် ကန့်ကွက်လိုက်ခြင်း ဖြစ်သည်။

ဆွမ်ပရာဘွမ်ကားလမ်းပိုင်းတွင် ဗမာစစ်တပ်မှ ကချင်အမျိုးသမီး တစ်ဦး အားထပ်မံမုဒိန်းကျင့်ခံရ

(Lachid Kachin)

9 Jan 2014 by eedy

မြစ်ကြီးနား-ဆွမ်ပရာဘွမ် ကားလမ်းပိုင်း ဒါ့ရူကျေးရွာတွင် စခန်းထိုင်နေသော မြန်မာအစိုးရတပ် ခလရ(၂၉၈)တပ်မှ ဇန်န၀ါရီလ (၄)ရက်နေ့ က မြစ်ကြီးနားမှ တက်လာသော ခရီးသည်တင်ကားများအား ဟန့် တားကာ ကားပေါ်တွင်လိုက်ပါလာသော ကချင်အမျိုးသမီး သုံးဦးအား စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ဖမ်းဆီးခေါ်ဆောင်သွားကာ ထိုအမျိုးသမီး သုံးဦးအနက်မှ တစ်ဦးအား တပ်စခန်းမှ စစ်သားများ ၀ိုင်းဝန်း မုဒိန်းကျင့်ခြင်းခံခဲ့ရကြောင်းသိရသည်။

သျှမ်း- ကချင် နယ်စပ် ဒေသခံများ ဆက်ကြေး အမျိုးမျိုး ပေးရ- မဟုတ်မှန်ကြောင်း KIO ငြင်း



သျှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် နယ်စပ်ရှိ  မန်စီမြို့နယ်အတွင်း နေထိုင်သော ဒေသခံများ ကချင် တပ်မတော် KIO/KIA ထံငွေနှင့်ဆန် အပါအဝင် ဆက်ကြေး အမျိုးမျိုး ပေးဆောင်နေရသည် ဟူသည့် အပေါ် KIO ပြောခွင့်ရ ဦးလာနန်က မဟုတ်မှန်ကြောင်း တုန့်ပြန်ပြောဆိုလိုက်ပါသည်။


KIA ကချင်လွတ်လပ်ရေးတပ်မတော်က ကချင်ပြည်နယ် မန့်ဝိန်းကြီး ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာ (၁၈) ရွာ ထံမှ ငွေ နှင့် ဆန် အပါဝင် ဆက်ကြေးအမျိုးမျိုးကောက်ယူနေသည့်အပြင် ချက်ပြုတ်ကျွေးမွေးရေးအတွက်ပါ အလှည့်ကျ လုပ်အားပေးခိုင်းသည်ဟု မန့်ဝိန်းကြီးဒေသခံ အကြီးအကဲတဦးက ပြောသည်။ ထို့အပြင် KIA တပ် မတော်သားများနှင့်အတူ အလှည့်ကျ ကင်းစောင့်ရန် တစ်ရွာနှစ်ယောက် စေလွှတ်ရသည်ဟုလည်း ဆိုပါ သည်။

ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား

(ကချင်သတင်းဌာန)

ရှမ်းပြည်နယ် မြောက်ပိုင်း တွင် တိုင်းရင်းသား တပ်ဖွဲ့ များနှင့် မြန်မာ အစိုးရ တပ်များ အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွား လျက်ရှိကြောင်း ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်မှူးများ က ပြောသည်။

ဇန္န၀ါရီလ ၄ ရက်နေ့ မနက်ပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တအောင်းဝ် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ပြည်သူ့ စစ်များ ပူးပေါင်းထားသော တပ်ပေါင်းစု တပ်ဖွဲ့သည် မြန်မာအစိုးရ တပ်ဖွဲ့ အင်အား ၁၅၀ ကျော်နှင့် နှစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA က ပြောသည်။

Thursday, January 9, 2014

ဧရာဝတီမြစ် ဆည်များ၏ တရုတ်အစီရင်ခံစာ ကချင်အဖွဲ့ ဝေဖန်

(DVB)


ဧရာဝတီမြစ်ပေါ် မှာ တည်ဆောက်နေ တဲ့ မြစ်ဆုံ စီမံကိန်း အပါအ၀င် ဆည်ကြီး ၇ ခု ဟာ ကချင်ပြည်နယ်အတွက် သာမက မြန်မာ တနိုင်ငံလုံး အတွက် အကျိုးရှိတဲ့ စီမံကိန်းအဖြစ် တရုတ် ကုမ္ပဏီရဲ့ အစီရင်ခံစာ ကို ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်အဖွဲ့က (KDNG) ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

တရုတ်နိုင်ငံပိုင် စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ China Power Investment (CPI) ပါဝင်ပတ်သတ်နေတဲ့ ဧရာဝတီမြစ်ဆုံ အထက်ပိုင်း ရေအားလျှပ်စစ်ထုတ်လုပ်ရေးကုမ္ပဏီ (ACHC) က ဒီဇင်ဘာလမှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတွေကို ပြန်လည်တုံ့ပြန်လိုက်ပါတယ်။

ဧရာဝတီဆည်များနှင့်ပတ်သက်၍ တရုတ်၏ CSR အစီရင်ခံစာ အသစ်အပေါ် ကချင်အဖွဲ့မှ ပြင်းထန်စွာရှုတ်ချ


by ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့-KDNG


အငြင်းပွား ဖွယ်ဖြစ်နေ သည့် ဧရာဝတီဆည်များနှင့်ပတ်သက်၍ တရုတ်ပြည် တပြည်တည်း အတွက်သာ အကျိုးအမြတ် ရရှိစေမည့် နည်းလမ်း မဟုတ်ပဲ နယ်မြေဒေသခံ များ ဦးဆောင်သည့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ် လုပ်ဆောင်ရန် တိုက် တွန်းထားသော လူမှုရေး ဆိုင်ရာ တာဝန်ယူမှု အစီရင်ခံစာ အသစ်အပေါ် ကချင် အဖွဲ့မှ ပြင်းပြင်း ထန်ထန် ကန့်ကွက် ရှုတ်ချ လိုက်သည်။

ကချင်ပြည်တောင်ပိုင်း အစိုးရ တပ်အချို့ နောက်တစ်ကြိမ် ပြန်လည် ဆုတ်ခွာ

(ကချင်သတင်းဌာန)

ကချင်ပြည် နယ် တောင်ပိုင်း တွင် လွန်ခဲ့ သည့် ၂ ရက်က တိုက်ပွဲ ဖြစ်ပွား ခဲ့သော အစိုးရ တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာ သွားပြီဖြစ်ကြောင်း ကချင်လွတ် လပ်ရေး တပ်မတော် (KIA) က ပြော သည်။

ဇန်န၀ါရီ လ ၆ ရက်နေ့ က တိုက်ပွဲ ဖြစ်ခဲ့ပြီး အထိအခိုက် အဆုံးအရှုံး များခဲ့သည့် တပ်ရင်း မှူး ကျော်သူရ ဦးဆောင်သည့် ခလရ ၅၆ စစ်ကြောင်း သည် ယမန်နေ့ ညနေ၂ နာရီချိန် တွင် အခြေပြုရာ မုန်းဒိန်ပါရွာ မှ တပ်ဆုတ်ပြီဖြစ်ကြောင်း သိရသည်။

ပွင့်လင်းမြင်သာမှုရှိရေး ဆွေးနွေး ပွဲ မြစ်ကြီးနားမှာကျင်းပ

(RFA)

သဘာဝ တွင်းထွက် သယံ ဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းတွေဆောင် ရွက်ရာမှာ  ပွင့်လင်းမြင်သာစွာ လုပ်ကိုင်နိုင်ဖို့နဲ့ ပတ်သက်တဲ့ EITI အလုပ်ရုံဆွေးနွေးပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ သီတာရပ်ကွက်၊ အင်္ဂလီကန်အသင်းတော် ဘုရားရှိခိုးကျောင်းမှာ ဒီနေ့ပြုလုပ်ခဲ့ပါတယ်။

မြစ်ကြီးနားမြို့အခြေစိုက် Humanity Institute လူမှုအဖွဲ့အစည်းက ဦးမုန်ဒန်က ဆွေးနွေးပွဲပြု လုပ်ရတာနဲ့ ပတ်သက်ပြီး RFA ကို အခုလိုပြောပါတယ်။

Wednesday, January 8, 2014

မြစ်ကြီးနားမြို့တွင် နိုင်ငံကူးလက်မှတ်စတင် ပြုလုပ်ပေး

(Kachin Waves)

မြန်မာတနိုင်ငံလုံးရှိ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် နေထိုင်သည့် တိုင်းရင်းသား ပြည်သူများ နိုင်ငံကူးလက်မှတ် ပြုလုပ်ရန် ရန်ကုန် မန္တလေးသို့ သွားရောက်ရန် မလိုအပ်တော့ပဲ ၂၀၁၄ ဇန်န၀ါရီ ၂ ရက်နေ့မှ စ၍ သက်ဆိုင်ရာ ပြည်နယ် တိုင်းဒေသကြီး မြို့များတွင် ပြုလုပ်နိုင်တော့မည်ဖြစ်သည်။

မြစ်ကြီးနားတွင် EITI ပထမဆုံး အလုပ်ရုံးဆွေးနွေးပွဲ ပြုလုပ်

(Kachin waves)

လူမှုအဖွဲ့အစည်းများကို ကိုယ်စားပြုသော ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် ကချင်ပြည်နယ်မှ လူမှုအဖွဲ့အစည်းများမှလည်း ပါဝင်နိုင်ရန် ကချင်ပြည်နယ်ကို ကိုယ်စားပြုသော EITI ဆိုင်ရာ ကိုယ်စားလှယ် ရွေးချယ်နိုင်ရန် ဇန်န၀ါရီလ ၈ ရက်နေ့မှစပြီး မြစ်ကြီးနားတွင် EITI ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပလျှက်ရှိသည်။

ကချင်ပြည်နယ်တွင်းရှိ လူထုအခြေပြု အဖွဲ့အစည်းများမှ ပြုလုပ်ကျင်းပခြင်းဖြစ်ပြီး မြစ်ကြီးနားမြို့ သီသာရပ်ကွက်ရှိ အင်္ဂလီကန်ခန်းမဆောင်တွင် နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအထိ ၈ ရက်နှင့် ၉ ရက် ( ၂ )ရက်သာ ကျင်းပသွားမည်ဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲနိုင်ရေးပြင်ဆင်နေချိန် KIA တပ်ရင်း(၁၂)တွင်တိုက်ပွဲ ဖြစ်နေဆဲ

(BBC)


တစ်နိုင်ငံ လုံး အပစ်အခတ် ရပ်စဲနိုင်ရေး ကို မကြာခင်မှာ ကြေညာ နိုင်လိမ့် မယ်လို့ အစိုးရက ပြောနေ တဲ့ အချိန်မှာပဲ ကေအိုင်အေ ကချင် လွတ် လပ်ရေး တပ်တွေ နဲ့ အစိုးရ တပ် တို့ကြား တိုက်ပွဲ ထပ်မံ ဖြစ်ပွား ခဲ့ ပါတယ်။

ဇန်နဝါရီလ ၆ ရက်နေ့ ညနေ ၃ နာရီခွဲကာနီးလောက်က ခြေလျင်တပ်ရင်း ခလရ ၅၆ က တပ်သားတွေနဲ့ ကေအိုင်အေ တပ်တို့ မန်စီမြို့နယ် မုန်းဒိန်ပါရွာနဲ့ သံတံတား ကြားမှာ နာရီဝက်ကြာ တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ကေအိုင်အေ တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူး ဂျွန်အောင်က ဘီဘီစီကို ပြောပါတယ်။

ခလရ (၅၆) တပ်ရင်းမှူး တောင်းပန်ပုံနှင့် မုန်ဒိန်ပါ တိုက်ပွဲ နောက်ဆက် တွဲသတင်း

(ရွှေဟင်္သာသတင်းဌာန)

ကျနော်တို့ ကတော့ သူ တောင်းပန်လို့ သုံ့ပန်းရော သိမ်းရတဲ့ ပစ္စည်းတွေ ပါ ပြန်ပေး လိုက်တာပေါ့။
 
ယမာန်နေ့ ညနေ ()နာရီ ခွဲခန့် တွင် ဖြစ် ခဲ့သော  (KIA) တပ်ရင်း တပ်ဖွဲ့နှင့် အစိုး ရ ခလ၇ (၅၆) စစ်ကြောင်း တို့၏  ဗန်းမော်ခရိုင် မန်စီမြို့နယ် မုန်းဒိန် ပါ ကျေး ရွာ အနီး တိုက်ပွဲ ၌အစိုးရ ဖက်က () ဦးဖမ်းမိပြီး၊ လက်နက်ကြီး ()လက် အပါဝင် ကျည်ဆံ အမြောက် အမြားနှင့် ရိက္ခာ တင်ဆောင် လာသော အရပ်ကားတစီး ဖမ်းဆီး ရမိသည်ဟု တပ်ရင်း (၁၂) မှူး ဗိုလ်မှူး လဘိုင်ဂျွမ်း အောင်က ဆိုပါသည်။

Tuesday, January 7, 2014

မုန်ဒိန်ပါ တိုက်ပွဲနှင့် အစိုးရ နည်းဗျူဟာ သစ်များ

(ရွှေဟင်္သာသတင်းဌာန)

ယမာန်နေ့ ဇန်န၀ါရီ (၆)ရက် ညနေ ()နာရီ  ခွဲခန့်တွင် ကချင်ပြည် နယ် မံစီမြို့နယ် မုန်ဒိန်ပါ ကျေးရွာ အနီး ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်မ ဟာ () တပ်ရင်း (၁၂) တပ်ဖွဲ့များ စခန်းချ နေသော နေရာသို့ အမှတ် (၂၁) စစ်ဆင်ရေး  ကွပ်ကဲမှု ဌာနချုပ်  ဗန်းမော်မြို့  အခြေစိုက် ခလရ (၅၆) စစ်ကြောင်း တကြောင်း က ၀င်ရောက် ပစ်ခတ်ရာ နာရီဝက် ကျော် တိုက်ပွဲဖြစ် ပွားခဲ့ သည်ဟု တပ်ရင်း (၁၂)မှူး ဗိုလ်မှူး လဘိုင် ဂျွမ်းအောင် က ဆိုပါသည်။

စစ်ကြောင်း အင်အားက (၁၃၀) ကျော်မယ်။  အခုသူတို့ အားဖြည့် မဲ့နေရာက  ခမရ (၆၀၂) ကတကြောင်း ဘဲရှိတယ် ဆိုတော့လေ။ သူတို့က အင်အား လာဖြည့် တဲ့သဘော အနေနဲ့   အဲဒီ နေရာကို ၀င်ရှင်းတဲ့ သဘောပါဘဲ။ ဒါပေမဲ့ သူတို့ပြန် ဆုတ်သွားတယ်။ တိုက်ပွဲတော့ ဆက်ဖြစ် မယ်ထင်ရ တာဘဲလေ။ဟုဆိုပါသည်။

ပြည်သူ့စစ် အဖွဲ့က သင်းထောက် ဆရာ တဦး ထံမှ မြေသိမ်းသည့် အပြင် ရိုက်နှက် ထိုးကြိတ်

(ကချင်သတင်းဌာန)

လဆန်အောင်ဝါ ပြည်သူ့စစ် အဖွဲ့မှ ဗိုလ်ကြီး တဦးက ကချင်နှစ်ခြင်း ခရစ်ယာန် (KBC) အသင်းတော် မှ သင်းထောက် တဦး ၏ လယ်ယာမြေ ကို သိမ်းယူရုံ မက လူကို လည်း ထိုးကြိတ် ရိုက်နှက်ခဲ့ သည်။

လယ်သိမ်းထားသည် ကို ပြန်တောင်းရာမှ ထိုးကြိတ် ရိုက်နှက်မှုခံရခြင်း ဖြစ်ကြောင်း သင်းထောက် ဦးလဆန်လရော် (Hpungtau Lasan La Raw) က KNG ကချင် သတင်းဌာန ကို ပြောပြသည်။

ရှမ်း၂၁ ဦးကို ကေအိုင်အေ ဖမ်းဆီးထားဆဲဟု ဆို

(Mizzima)

ကချင်ပြည်နယ်၊ မြစ်ကြီးနားရှိ မန်စီမြို့နယ်အတွင်း နေထိုင်သည့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်းက တည်းက ဖမ်းဆီးထားသည့် ရှမ်းလူမျိုး ၂၁ ဦးကို ပြန်လည်လွှတ်ပေးခြင်း မရှိသေးဟု ရှမ်းမျိုးနွယ်စုရေး ရာအဖွဲ့ (ကချင်ပြည်နယ်) ခေါင်းဆောင် ဦးစိုင်းထိန်လင်းက ဒီဇင်ဘာ ၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

“ကေအိုင်အေနဲ့ တွေ့ပြီးတော့မှ အခု ဖမ်းဆီးထားတာတွေရယ် ကချင်ပြည်နယ်တွင်းမှာ ဒီလိုဆောင်ရွက် နေမှုတွေအတွက် တွေ့ပြီးတော့ ဆွေးနွေးချင်လို့ အခု ဦးအောင်မင်းဆီကို မေးလ်ကတစ်ဆင့် ဒီဇင်ဘာ ၃၀ မှာ စာပို့ထားတယ် ဘာအကြောင်းမှတော့ မထူးသေးဘူး”ဟု ဦးစိုင်းထိန်းလင်းက ပြောသည်။

ကချင်ပြည်တောင်ပိုင်း တိုက်ပွဲပြန်ဖြစ်၊ ဘဇူကာ ၁ လက်၊ ရိက္ခာကား ၁ စီး KIAမှ သိမ်းဆည်း

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် တောင် ပိုင်းတွင် မြန်မာ အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့တိုက်ပွဲ ဖြစ်ပွားရာ ရိက္ခာကား ၁ စင်းနှင့် ကျည် လက်နက်များ သိမ်းဆည်း ရမိကြောင်း KIA က ပြော သည်။

ဗန်းမော်ခရိုင် မန်စီမြို့နယ် မုန်းဒိန်ပါရွာတွင် ယမန်နေ့ ၆ ရက် တနင်္လာနေ့ ညနေတွင် ဖြစ်ပွားသည့် တိုက်ပွဲတွင် ရိက္ခာကား ၁ စင်း၊ ကျည်ဆံ ၁၀၀၀ ကျော်၊ ဘဇူကာ ၁ လက်၊ MA သေနတ် ၂ လက်နှင့် ဒုတပ်ကြပ် ခင်ဇော်ဦး၊ တပ်သား အောင်ကျော်မှူးတို့အား ဖမ်းဆီးနိုင်ခဲ့ကြောင်း KIA တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူး လဘန်ဂျွန်အောင်က ပြောသည်။

KIA ဗိုလ်ချုပ်ဂွန်မော် (2013 in Review)



(မိုးမခ)

၂၀၁၃ ထဲမှာ ကချင်အရေးမှာ ပြောစရာ အများဆုံး လူတစ်ယောက် အကြောင်း ဆိုရင်တော့ KIA/KIO ဗိုလ်ချုပ် ဂွန်မော်ကို ညွှန်းရမယ် ထင့်။ သူဟာ စကားပြောရင် တိုးတိုးညင်သာ ပြောတတ်တဲ့ သူ့ကို  ကချင်ဒေသ သေနတ်သံတွေပြန်ပြီး ဆူညံခဲ့တဲ့ ၂၀၁၁ ဇွန် ၉ ရက် မတိုင်ခင်ကတည်းက သူနဲ့ဆုံဖူးသူတစ်ယောက်ကတော့ သူ့ကို စစ်ဗိုလ်ချုပ်တစ်ယောက်လို့တောင် သိပ်မမြင်ဘဲ နိုင်ငံရေးစကားပြောရာမှာ ပိုမို ပါးနပ်သူ၊ စကားစစ်ထိုးရာမှာ လိမ္မာသူ အဖြစ်  မြင်မိတယ်လို့ ဆိုတယ်။

သို့သော်.. နှစ်ကုန်ခါနီးမှာ သူဖြေခဲ့တဲ့ စာနယ်ဇင်းအင်တာဗျုးများထဲကတစ်ခုမှာ.. တိုက်ပွဲတွေကလည်း တိုက်ပွဲတွေပဲပေါ့.. ငြိမ်းချမ်းရေးဆွေးနွေးပွဲကလည်း ဆက် ဆွေးနွေးသွားရမှာပဲ ဆိုတဲ့စကားကို သူ ပြောခဲ့တယ်။ သူ ဘယ်လိုရည်ရွယ်ချက်နဲ့ ပြောခဲ့ပါလိမ့်။
ဒီစကားက ကချင်လူထုကို ကိုယ်စားမပြုသလိုဘဲ လို့ တချို့က ယူဆကြတယ်။

KIA တပ်မဟာ (၃) ဧရိယာ မှ စစ်ဆင်ရေး အပြောင်း အလဲ များ

(ရွှေဟင်္သာသတင်းဌာန)

ကချင်ပြည် နယ် ဗန်းမော် ခရိုင်   မံစီမြို့နယ် ထဲမှ နန်းလင်းပါ  ကျေး ရွာ နှင့် ဂေါင်ကြာ ကျေးရွာ  များမှ  အစိုးရ စစ်ကြောင်းများ သည် ယနေ့ မနက်ပိုင်း တွင်  ထို နေရာမှ () မိုင်ခန့်ဝေးသော ဗန်းမော်  မဘိန်း ကားလမ်း ရှိ ဆင်ကမ်း ချောင်း သံတံတား ဖက်သို့ဆုတ်ခွာ သွားခဲ့ကြောင်း ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ရင်း (၁၂)မှူး ဗိုလ်မှူး လဘိုင် ဂျွမ်းအောင် ကဆိုပါသည်။

စစ်ဆင်ရေး သစ်ကို စက စားနေတာပေါ့နော် ။ပြီးခဲ့တဲ့ ()ရက် ကဆုတ် သွားတဲ့ မုန်ဒိန်ပါ ကျေးရွာ ကစစ်ကြောင်း တွေလည်း အခုပြန် ရောက် လာပြန်ပြီး။ အခု လည်း ဘာပရိယာယ်  သစ်လည်းတော့  မသိဘူး ။ နောက်ဆုတ် တယ်။ ဒါပေမဲ့ သူတို့ ဆုတ်ပေးရင် ကျနော်တို့ တော့ နေရာ တိုးမှာဘဲ။ဟုဆိုပါသည်။

ရှမ်းပြည် မြောက်ပိုင်းမှာ တိုက်ပွဲ ဆက်ဖြစ်နေဆဲ

(ရွှေဟင်္သာသတင်းဌာန)

ကချင်လွတ် လပ်ရေး တပ်မတော် (KIA) တပ်မဟာ (လက်အောက် ခံတပ်ရင်း (၃၄) တပ်ဖွဲ့နှင့် တအာင်း လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ပူးပေါင်း ထားသည့် စစ်ကြောင်း သည် ရှမ်းပြည် မြောက်ပိုင်း  နမ့်ဆန် နှင့် မန်တုံမြို့ နယ်ကြား၌ လှုပ်ရှား နေစဉ် အစိုးရ   ခမရ (၅၀၆) စစ်ကြောင်း တပ်ဖွဲ့နှင့် ဘန်ကျ လို့ ကျေးရွာ အနီးတွင် ယမာန့်နေ့ မွန်းလွဲ တနာရီခန့်  တွင်မိနစ် (၃၀)ခန့် တိုက်ပွဲဖြစ် ပွားခဲ့ သည်ဟု (KIA) တပ်မဟာ ()မှူး ဗိုလ်မှူးကြီး ဇောင်လီက ဆိုပါ သည်။

ဒီနှစ်ရက် သုံးရက် တလောမှာ တော့ အစိုးရစစ်ကြောင်း တွေမြို့ပေါ်ကို ရောက် ကုန်ကြ တယ်လေ။ တိုက်ပွဲက တော့ သွားရင်း လာရင်း ဆိုဒီလို ဘဲဖြစ်တာ ဘဲ လေ။ အခုလည်း သူတို့ နမ့်ဆမ် ကို အသွားလမ်း မှာဆုံတော့ဖြစ် တာပေါ့။ တိုက်ပွဲဖြစ် သွားပြီး ဆိုရင်တော့ အနည်းဆုံး ကမိနစ် (၃၀) လောက် တော့ ကြာ မှာဘဲ။ဟုဆိုပါသည်။