Saturday, December 20, 2014

လူ(၅)ဦး သာ ရှိသော KIA ရှေ့တန်းပို့စ် တခုအား အစိုးရစစ်ကြောင်း မှ ၀င်ရောက် တိုက်ခိုက် KIA ရဲဘော် (၂)ဦးကျ

(by-Lachid Kachin)


လူ (၅)ဦးသာ ရှိ သောKIA, ရှေ့တန်း ကင်းစခန်း (၁) ခု အား အစိုးရ စစ်ကြောင်းမှ ၀င်ရောက် တိုက်ခိုက် ခြင်းကြောင့် KIA, ရဲဘော် (၂)ဦး ကျဆုံးကြောင်းသတင်း
ရရှိပါသည်။


၂၀၁၄ ဒီဇင်ဘာ (၁၉)ရက်နေ့ မွန်းလွှဲ (၂)နာရီ အချိန် KIA, တပ်မဟာ (၅)ဒေသ၊
ဖြစ်သော ဒေါ့ဖုန်ယာန် အနောက်ဘက် နမ့်ငေါင်းချောင်း အနီးရှိ KIA, ရှေ့တန်း
ပို့စ် (ရှေ့တန်း လုံခြုံရေး ကင်းစခန်း ငယ်) တစ်ခု မှ KIA, ရဲ သော်(၃)ဦးသည်
၎င်းတို့ ၏ စခန်းအနီးတွင် ငါးဖမ်းနေစဉ် ဗမာ အစိုးရ စစ်ကြောင်း တခု( တပ်ရင်း
အမည် စုံစမ်းဆဲ)ကျူးကျော် ၀င်ရောက်လာပြီး ၄င်းတို့ (၃)ဦးအား ပိတ်ဆို့ တိုက်ခိုက် ခဲ့ကြောင်းသိရှိရပါသည်။



ထိုသို့ ဗမာစစ်ကြောင်း၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် KIA, ရဲဘော် (၂)ဦးကျဆုံး
ကာ ကျန်(၁)ဦးမှာ ဒဏ်ရာဖြင့် လွတ်မြောက် လာခဲ့ကြောင်း သတင်းရရှိ ပါသည်။

ထို့ အပြင် ဗမာ စစ်ကြောင်းသည် ၄င်း KIA, ရှေ့တန်း လုံခြုံရေးကင်းစခန်း ကို
လည်း ဗမာ စစ်ကြောင်းမှ ၀င်ရောက် ဖျက်ဆီးသွားကြောင်းသိရှိရပါသည်။

ထို ကင်းစခန်း အတွင်း ၌ ကျန်ရစ်သော သက်ကြီးပိုင်း (၂)ဦးကိုလည်း ယခု အချိန်ထိအဆက်အသွယ် မရရှိသေး ကြောင်း ပျောက် ဆုံးနေဆဲ ဖြစ်ကြောင်း
KIA, ရှေ့တန်း သတင်းရပ်ကွက် မှ သတင်းရရှိပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။