Wednesday, December 10, 2014

CPI မှ တာဝန် ယူဆောက်လုပ်ထားပေးသည့် အိမ်များ၏ အိမ်ခြေ တိုင်များ ခြစားမှု တို့ကြောင့်နေထိုင်ရန် အခက်အခဲ ဖြစ်နေ

(Kachinwaves)

အောင်မြင် စံပြကျေးရွာ ရှိ CPI မှ တာဝန်ယူဆောက် လုပ်ပေးထား သည့် ဒုက္ခသည်များနေ ထိုင်ရာအိမ်များ၏ခြေ တိုင်များမှာ ခြစားမှု တို့ကြောင့်နေအိမ် ယိမ်းယိုင် လာခြင်း၊ အိမ်ထရံ များပေါက်ပြဲမှုကြောင့် လုံခြုံမှုမရှိခြင်း တို့ ကြောင့်နေထိုင်ရန် ဒုက္ခအခက်အခဲ ဖြစ်ပေါ်နေကြောင်းသိရသည်။

“ တိုင်တွေလည်း ခြစားနေပြီ။ထရံကမလုံဘူး။ သစ်ခုတ်ပြီးပြန်လုပ်ရမယ့်အခြေအနေဖြစ်နေပြီ။ အိမ်ကပြိုလဲ တော့မယ်။” ဟု အောင်မြင်သာစံပြကျေးရွာတွင်နေထိုင်သူ ဒုက္ခသည်တစ်ဦးမှဆိုသည်။


ထိုသို့ဖြစ်ပေါ်မှုတို့ကြောင့် လေတိုက်လျှင်ပင် အိမ်မှာ ယိမ်းယိုင်နေပြီးလဲပြိုရန်မတတ်ဖြစ်နေခြင်းကြောင့် နေထိုင်ရန်မသင့်တော်ကြောင်း နှင့် ပြင်ဆင်ပေးရန် CPI အားတင်ပြထားသော်လည်း မည်သည့်တာဝန်ယူ လုပ်ဆောင်ပေးခြင်းမရှိခြင်းသာမက မိမိတို့ဖာသာ ပြင်ဆင်ရန်ပြန်လည်ပြောကြားကြောင်း ဒုက္ခသည်များမှ ဆိုသည်။

“ ၄လပိုင်းဆိုရင် လေအရမ်းတိုက်တယ်။ နေလို့တောင်မရဘူး။ မနေဘူးတဲ့သူဆိုရင်နေရဲမှ မဟုတ်ဘူး။ CPI ကိုပြောတော့ ကိုယ့်ဖာသာကိုယ့်ပြင်တဲ့။” ဟု ဒုက္ခသည်တစ်ဦးမှဆိုသည်။

ယခုနေထိုင်သည့်အောင်မြင်သာစံပြကျေးရွာတွင်နေထိုင်သည့်သူများမှာ မြစ်ဆုံရေကာတာစီမံကိန်းကြောင့် ၂၀၁၃ ခုနစ်မှစတင် ပြောင်းရွှေ့သူများဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။