Tuesday, December 2, 2014

ကချင်ပြည်နယ်အစိုးရမှ မနောင်ပွဲကျင်းပခြင်းအား ထောက်ခံပေးရန် လူငယ်အဖွဲ့အားတောင်းဆို

(Kachin Waves)

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ မနောင်ပွဲကိစ္စနှင့် ပတ်သက်၍ (Signalture Campaign) ပြုလုပ်သည့် ကချင် ပြည်နယ်လူငယ်အဖွဲ့အား ဒီဇင်ဘာလ ၁ ၂၀၁၄၌ ပြည်နယ်အစိုးရရုံးတွင် ၂နာရီကြာခေါ်ယူတွေ့ဆုံ ဆွေးနွေး မှုများပြုလုပ်ခဲ့ကြသည်။

အစိုးရအဖွဲ့မှ ၆၇ ကြိမ်မြောက်ကချင်ပြည်နယ်နေ့အထိမ်းအမှတ်မနောင်ပွဲတော်ကြီးအားကျင်းပပြုလုပ်သွားရန် ယခင်ကကန့်ကွက်မည့်သူမရှိခြင်းကြောင့် ပြင်ဆင်ထားသည်မှာ အရမ်းများနေပြီဖြစ်သည့်အတွက် ဒါကိုထောက်ခံပေးဖို့ နှင့် ပါဝင်သွားရန် လူငယ်အဖွဲ့ အားတောင်းဆိုလိုက်သည်။ 


ကချင်ပြည်နယ်လူငယ်အဖွဲ့မှလည်း ယခုအချိန်မှာ ပြည်တွင်းအခြေနေ မတည်မငြိမ်ဖြစ်နေသည့်အတွက် မနောင်ပွဲကျင်းပပြုလုပ်ရန် မသင့်တော်သေးကြောင်း၊ ကျင်းပပြုလုပ်သွားပါက နိုင်ငံရေးအမြတ်ထုတ်ခြင်းသာ သက်သက်ဖြစ်သွားမည်ဖြစ်ကြောင်းပြောဆိုသည်။ 

မနောင်ပွဲကျင်းပရန် ပွဲဖြစ်မြောက်ရေးကော်မတီမှဆပ်ကော်မတီများဖွဲ့ထားသည်ဖြစ်ရာ အနုပညာဆပ်ကော်မတီ မှာ နုတ်ထွက်သွားပြီဖြစ်ကြောင်းလည်းသိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် လဂျွန်ငန်ဆိုင်းမှာ အိန္ဒယနိုင်ငံသို့ရောက်ရှိနေ သည့်အ တွက် ပါဝင်နိုင်ခြင်းမရှိပဲ အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီးဒေါ်ဘောက်ဂျာ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ စည်ပင်ဝန်ကြီး နှင့် ကချင်ပြည်နယ်လူငယ်အဖွဲ့တို့ ဆွေးနွေးခဲ့ကြောင်းသတင်းရရှိ သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။