Thursday, December 25, 2014

ကချင် ဒုက္ခသည် များကို အကူ အညီပေးမည့် ပစ္စည်းများ မူဆည် ၁၀၅မိုင်တွင် တားဆီးခံရ

(Mizzima)

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဒုက္ခသည် စခန်း၁၅ခုမှ ကချင်စစ်ပြေး ဒုက္ခသည်များကို သွားရောက် အကူအညီရန် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) ဖွဲ့က အကူ အညီပေးရေး ပစ္စည်း များဖြစ် သည့်စောင်နှင့် အဝတ် အထည် များကို မန္တလေးမှ သည်ဆောင် လာရာ မူဆယ် (၁၀၅) မိုင်ကုန် သွယ်ရေးဂိတ် အရောက်တွင် ဖြတ်သန်းခွင့် ပိတ်ပင်ထားသည်ဟု မူဆယ်မြို့ မုန်မောင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရ ဆရာတော် ဦးဇော်ရာ က မဇ္ဈိမကို ပြောသည်။

 
KBCက ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်း၊ မန်တုံ၊ မန်ဝင်းကြီး၊ ကွတ်ခိုင်၊ နမ်ဖတ်ကာ၊ မိုင်းယုလေး၊ မုန်ဂျီ အပါအဝင် ဒုက္ခသည်စခန်း ၁၅ ခုတွင် ခိုလှုံနေသည့် ဒုက္ခသည် များကို သယ်ဆောင် လာသည့် ပစ္စည်းများကို မူဆည် ၁၀၅မိုင် ဂိတ်မှ ညွန်ကြားရေးမှူး ဗိုလ်မှူး တင်ရဲဝင်းက ပြီးခဲ့သည့် ရက်သတ္တ ပတ်ခန့်မှ စတင် ၍ ဖြတ်သန်းခွင့် ပိတ်ထားခဲ့ခြင်း ဖြစ်သည်။ ၎င်းက ရှမ်းပြည်နယ် ဝန်ကြီးချုပ်၏ ခွင့်ပြုချက် ပါမှသာ ဖြတ်သန်းခွင့် ရမည်ဟု ဆိုကာ ယခုထိ ပိတ်ပင် ထားဆဲဖြစ် သည်ဟု ၎င်းက ပြောသည်။

“ကေဘီစီကနေရော သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ကနေလည်း ထောက်ခံစာနဲ့ အကြောင်းကြား ထားတယ်။ အဲဒါကို နကတ ညွန်မှူးက ဝန်ကြီး ချုပ်ထောက်ခံ စာလိုတယ် ဆိုပြီး ဒုက္ခပေးနေတယ်။ အရင်ကတော့ ဘာမှ မလိုဘူးလို့ ပြောတော့ အရင်တုန်းကကိစ္စ ပြီးသွားပြီ ဘာမှမဆိုင်ဘူး။ အခု ငါ့အလှည့် ငါ့လက်ထက် မှာ လိုတယ်ဆိုပြီးတော့ ပြောတယ်”ဟု ဆရာတော် ဦးဇော်ရာက ပြောသည်။ ဗိုလ်မှူး တင်ရဲဝင်းသည် ၁၀၅ မိုင်ဂိတ်သို့ ပြောင်းရွှေ့လာသည်မှာ တစ်လခန့် ရှိပြီဖြစ်သည်။

ပြီးခဲ့သည့်လကလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ KBC ကို ပေးပို့ လိုက်သော အထောက်အပံ့ ပစ္စည်းများ သယ်လာေ သာ ကားကြီး နှစ်စီးကိုလည်း ၁၀၅ မိုင်ဂိတ်တွင် ၁၀ ရက်ခန့်ကြာ ဖြတ်သန်း ခွင့်မပြုခဲ့ သဖြင့် ကားတစ် စီးလျှင် ကျပ် ၂ သိန်းပေး၍ ဖြတ်သန်းကာ ဒုက္ခသည် စခန်း များသို့ သွားလှူခဲ့ ရသည်ဟု ဦးဇော်ရာက ပြောသည်။

လက်ရှိတွင် ဒုက္ခသည်များ အနေဖြင့် ကုလသမဂ္ဂ အကူ အညီများ မရတော့ သဖြင့် KBC မှ တတ်နိုင် သည့်ဘက်မှ ကူညီထောက် ပံ့နိုင်ရန် ကြိုးစားနေခြင်းဖြစ် သည်။ ယင်းသို့ အကူ အညီ မပေးနိုင်ပါက ဒုက္ခသည် များ၏ ကျန်းမာရေး လိုအပ် ချက်များ ရှိလာနိုင်သလို ဆောင်းတွင်းဖြစ်၍ စောင်နှင့် အဝတ် အထည်များ လည်း လိုအပ်နေသည်ဟု ၎င်းက ပြောသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက် ကိုင်တပ် များအကြား တိုက်ပွဲများ ဖြစ်ပွား ခဲ့၍ အိုးအိမ်စွန့် ခွာခဲ့ရသည့် စစ်ပြေးဒုက္ခသည်များအတွက် စားနပ်ရိက္ခာနှင့် အဝတ်အထည်များ ပို့ဆောင်ခွင့် မရခဲ့သည်မှာ နှစ်လခန့် ကြာမြင့်ပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ လူသား ချင်းစာ နာထောက်ထားမှု အကူအညီပေးရေး ညှိနှိုင်းဆောင်ရွက်ရေးရုံး (UNOCHA) က ဒီဇင်ဘာလ ၁၆ ရက်က ထုတ်ပြန်ခဲ့သည်။

ယင်းသို့ ကုလသမဂ္ဂ အကူအညီများ မရရှိသဖြင့် စစ်ပြေး ဒုက္ခသည် များအတွက် အရေးပေါ် အကူ အညီပေးနိုင်ရန် KBC အပါ အဝင် ဒေသတွင်း အစိုးရ မဟုတ်သော အဖွဲ့အစည်းများက အကူအညီပေးနေသော်လည်း ယင်းအဖွဲ့များ၏ ကူညီမှု များကို အစိုးရက တားမြစ်မှုများ ရှိနေသည်ဟု ကေအိုင်အို၏ စစ်ပြေး ဒုက္ခသည်များ ကူညီရေးကော်မတီ၏ တာဝန်ခံ ဦးဒွဲပီဆာက မဇ္ဈိမကို ပြောသည်။

“အရင်တုန်းကတော့ အဲဒီလမ်းဘက် ဘာမှတားမြစ် တာမရှိဘူး။ အခုအဲဒီလို ပြောလာ ရင်တော့ တရားဝင် ခွင့်တောင်း ရင်လည်း သွားခွင့်ပေး မှာမဟုတ်ဘူး။ အရင်လို ပို့မရရင်လည်း တခြားနည်းလမ်း ရှာရမှာပေါ့။ အဝတ် အထည်တွေ ဆိုရင်တော့ နီးတဲ့နေရာမှာ ပြန်ဝယ်ပေး လို့ရတယ်”ဟု သူက မဇ္ဈိမ ကိုပြောသည်။

KIO ထိန်းချုပ်နယ်မြေအတွင်းရှိ ဒုက္ခသည်ပေါင်း ၆၀,၀၀၀ ကျော်ရှိနေသည်ဟု ဆလန်ကဘာဒွဲပီဆာက ပြောသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။