Saturday, December 20, 2014

မနောင်ကွင်းဆိုတာ ၀န်ကြီးချုပ်ပိုင်လား? ရိုးရာအဖွဲ့ပိုင်လား? မနောင်ကွင်းဆိုတာ ပြည်သူပိုင်လား?

(Kachin Waves)


လိုင်ဇာဗိုလ်လောင်းသင်တန်းကျောင်းတွင် အစိုးရ၏ပစ်ခတ်မှုကြောင့် ကျဆုံးသွားသည့် ဗိုလ်လောင်များအား သတိရအောက်မေ့ ဂုဏ်ပြုသည့်အနေဖြင့် ကချင်ပြည်နယ်ရှိလူမှုအဖွဲ့အစည်းများမှ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ဆိုင်းဘုတ်ထောင်ပြီး ပန်းခွေများချခြင်း အစီအစဉ်များပြုလုပ်ခဲ့ကြသည်။

ထိုပြုလုပ်သူများအားမြို့နယ်အုပ်ချုပ်ရေးမှူးများမှခေါ်ယူတွေ့ဆုံရန်ပြောဆိုပြီး ကချင်ရိုးရာနှင့် စာပေယဉ်ကျေးမှုကော်မတီမှ နောက်တစ်ကြိမ်ပြုလုပ်ပါက ခွင့်တောင်းပါရန်နှင့် ထိုဆိုင်းဘုတ်အားဖြုတ်ပေးရန်တောင်းဆိုခဲ့သည်။
အစိုးရမှ စုံစမ်းစစ်ဆေးသူများအား တစ်နေကုန် ပြုလုပ်ခဲ့သည် လူမှုအဖွဲ့အစည်းခေါင်းဆောင်များအား လိုက်လံစောင့်ကြည့်ခဲ့ကြသည်။

မနောင်ကွင်းသည် အများပြည်သူပိုင်သည့်နေရာဖြစ်သည်။ သို့သော် ကချင်စစ်ပွဲ သုံးနှစ်ပြီးအထိမ်းအမှတ်နေဖြင့် ကချင်ပြည်နယ်ရှိ လူမှုအဖွဲ့အစည်းများနှင့် ဒေသခံလူထုများမှ ပြည်သူများအတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အခွင့်အရးများ တန်းတူရဖို့လိုကြောင်း ဆိုင်းဘုတ်များ စတစ်ကာများ စိုက်ထူပြီး ပြည်သူလုပ်ရှားမှုများပြုလုပ်ခဲ့စဉ်ကလည်း ထိုဆိုင်းဘုတ်အားရုတ်သိမ်းပေးရန် ကချင်ပြည်နယ်ဝန်ကြီးချုပ်မှ ပြောဆိုခဲ့သည်။

ယခုတစ်ကြိမ်လည်း ထိုနည်းတူ။

သို့သော်လည်း အရက်ကြော်ငြာဖြစ်သည့် HIGH CLASS ဆိုင်းဘုတ်များကို လွတ်လွတ်လပ်လပ် ထောင်ခွင့်ပြုထားသည်။ မနောင်ကွင်းအတွင်း အမိုက်များကြိုက်သလိုပစ်ခွင့်ပေးထားသည်။ အတွဲများ လူမြင်မတော်အောင် ကြိုက်သလို ပွေ့ဖက်နှမ်းခွင့်ပေးထားသည်။ ၀န်ကြီးချုပ်လည်း ဘာမှပြောကြားခြင်းမရှိ။ မြို့နယ်အုပ်ချုပ်ရေးမှလည်း ဘာမှပြောကြားခြင်းမရှိ။ ရိုးရာအဖွဲ့လည်း ထိုကိစ္စတွေနှင့်ပတ်သက်ပြီး ပါစပ်မဖွင့်ခဲ့။

ကချင်ပြည်နယ်အစိုးရမှ ဒေသခံများကန့်ကွက်သည့်ကြားများ သူတို့ကြိုက်သလို မနောင်ပွဲကျင်းပရန် စီစဉ်နေဆဲ။ သူစိတ်ကြိုက်အကောင်အထည်ဖော်နေဆဲ။ သို့သော် အများအတွက်အကျိုးရှိသည့်အရာများ ပြည်သူပိုင်သည့်

မနောင်ကွင်းအနီးတ၀ိုက်တွင် လုပ်ခွင့်မရှိပါ။

ပုံအညွန်းများ။။။။

(၁) မနောင်ကွင်းအတွင်း တွေ့ရသည့် HIGH CLASS အရက်ကြော်ငြာ ဆိုင်းဘုတ်။

(၂) ဒီဇင်ဘာ ၁၉ ဗိုလ်လောင်များသေဆုံးမှု တစ်လပြည့် အထိမ်းအမှတ် လူမှုအဖွဲ့အစည်းများလှုပ်ရှားမှု

(၃) ကချင်စစ်ပွဲသုံးနှစ်ပြည့် လူမှုအဖွဲ့အစည်းများမှ ဆိုင်းဘုတ်ထောင်လှုပ်ရှားစဉ်။

(၄) မနောင်ကွင်းတွင် ပုံနေသည့် အမိုက်များ

(၅) ဒီဇင်ဘာ ၁၉ ဗိုလ်လောင်များသေဆုံးမှု တစ်လပြည့် အထိမ်းအမှတ် လူမှုအဖွဲ့အစည်းများလှုပ်ရှားမှု ပြုလုပ်ခဲ့သည့် အဖွဲ့အစည်းမျာဲးအား ရိုးရာအဖွဲ့နှင့် အစိုးရကိုယ်စားလှယ်များတွေ့ဆုံ
 
 




No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။