Saturday, December 20, 2014

ကျဆုံးသွားသောကေအိုင်အေဗိုလ်လောင်း ၂၃ဦးအတွက် (၁)လပြည့်အောက်မေ့သတိရလွမ်းဆွတ်ခြင်းအထိမ်းအမှတ်မြစ်ကြီးနားတွင်ပြုလုပ်

(Kachin Waves)

အစိုးရ စစ်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျဆုံးသွားသော တိုင်းရင်းသား ညီနောင် လူငယ် ဗိုလ်လောင်း များ အတွက် ၁ လပြည့် အောက်မေ့ သတိရ လွမ်းဆွတ်ခြင်းအ ထိမ်းအမှတ် ဆိုင်း ဘုတ်ထောင် ပန်းခြင်း ချ အစီအစဉ် အား ၂၀၁၄ ဒီဇင်ဘာလ ၁၉ တွင်မြစ်ကြီးနားမြို့  မနောင်ကွင်းရှေ့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအစီအစဉ်အား မြစ်ကြီးနားမြို့ရှိ အရပ်ဖက်လူ့ အဖွဲ့အစည်း တို့မှပူးပေါင်းပြုလုပ်ခြင်းဖြစ်သည်။


`` ပြည်သူလုထုကလည်း ဒီလိုကျဆုံးသွားတဲ့သူတွေကိုသတိ ရနေဖို့ မြငိယောင်နေဖို့ ပြီတော့ကျဆုံးသွားတဲ့ဗိုလ်လောင်း တွေကိုလည်း ဂုဏ်ပြုတဲ့အနေနဲ့ဒါကိုလုပ်တာပါ" ဟုရည်ရွယ်ချက်အား အရပ်ဖက်လူ့အဖွဲ့အစည်းမှ အဖွဲ့ဝင် တစ်ဦးကဆိုသည်။

ထိုသို့ပြုလုပ်ရခြင်းအား သက်ဆိုင်ရာဌာနထံခွင့်ပြုမိန့်ခြင်း ကြောင့် စစ်ဆေးမေးမြန်းမှုများရှိကြောင်းသိရသည်။သို့ သော် အများပြည်သူနှင့် သက်ဆိုင်သည့်နေရာတွင်ပြုလုပ် သည့်အတွက် စိုးရိမ်မှုမရှိကြောင်း၎င်းကဆိုသည်။

`` မနောင်ကွငိးမှာရှိတဲ့ တာဝန်ခံတွေကိုတော့ ဌာနဆိုင်ရာ ကနေလာပြောတယ်။ ဖိအားပေးတာပေါ့။ အဲဒီတော့ သူတို့ ကနေ ကျွန်တော်တို့ကိုလာပြောတယ်။ သူတို့ဆီကနေခွင့်ပြု မိန့်တောင်းရင်ပေးမှာမဟုတ်ဘူး။ ဒါကြောင့်အများပြည်သူ နဲ့ သက်ဆိုင်တဲ့နေရာလည်းဖြစ်တဲ့အတွက် ကျွန်တော်တို့ဆီမှာ အခွင့်အရေးရှိမယ် ထင်လို့လုပ်လိုက်တာ"ဟု အဖွဲ့ဝင်တစ်ဦး မှဆိုသည်။

သို့သော်အစိုးရအဖွဲ့မှ ကချင်ရိုးရာ နှင့် ယဉ်ကျေးမျှုကာင်မတီ အားခေါ်ယူတွေ့ဆုံပြီး ဆိုင်းဘုတ်အား အမြန်ရုတ်သိမ်းပေး ရန် နှင့် နောက်တစ်ကြိမ်ပြုလုပ်ပါက ခွင့်ပြုချက်တောင်းရန် ပြောဆိုသည်။

လွန်ခဲ့သည့် နိုင်ဝင်ဘာ ၁၉ တွင်အစိုးရစစ်တပ်မှ လက်နက် ကြီးဖြင့် ပစ်ခတ်လိုက်မှုကြောင့် ကေအိုင်အေဗဟိုလ်ဌာနချူပ် အနီးရှိ ဗိုလ်လောင်းသင်တန်းကျောင်းမှ သင်တန်းသားဗိုလ် လောင်း ၂၃ဦးသေဆုံးပြီး အယောက် ၂၀ကျော်ဒဏ်ရာရရှိခဲ့ သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။