Saturday, December 20, 2014

သက်ဆိုင်ရာအဏာပိုင်များ မူးယစ်ဆေးဝါးရောင်းဝယ်သူများအား ထိရောက်စွာ အရေးယူပေးရန် ဆန္ဒပြတောင်းဆို

(Kachin Waves)

ကချင်ပြည်နယ် မိုးညှင်းမြို့ရှိ ဒေသခံများ အယောက် ၃၀၀ ကျော်သည် မူးယစ်ဆေးဝါးရောင်းဝယ်သူများအား သက်ဆိုင်ရာ အာဏာပိုင်များမှ ထိရောက်စွာ အရေးယူခြင်းမရှိသည့်အတွက် ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် တိုက်တွန်း အသိပေးသည့် အနေဖြင့် ယနေ့မိုးညှင်းမြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။


“ အစိုးရအာဏပိုင်တွေလုပ်တာကိုအားမရဘူး။ သူတို့လုပ်တာတွေ လိုအပ်မှုတွေများကြီးရှိနေတယ်လို့မြင်တယ်။ ပြီးတော့ နည်းနည်းပါးသောက်တဲ့လူတွေပဲဖမ်းတယ်။ အကြီးမကြီးရောင်းစားသူလူတွေကတော့ မဖမ်းဘူး။ ”ဟု ယနေ့ဆန္ဒပြလမ်းလျှောက်ခဲ့သည့် ဦးဆောင်ကော်မတီ အဖွဲ့ဝင် ဦးဆိုင်းနော်မှဆိုသည်။

မိုးညှင်းမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူများ အမြောက်အများရှိနေဆဲဖြစ်ကြောင်းလည်းဦးဆိုင်းနော်မှဆိုသည်။

ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲများ များပြားလာသည့်အတွက် ဒေသခံများမှ ပူပေါင်းပြီး ဖမ်းဆီးခြင်း၊ အသိပညာပေးခြင်း၊ မူးယစ်ဆေးဝါးဖြတ်ပေးသည့်စခန်းများပြုလုပ်ပေးခြင်း များ နေရာအနံ့ လုပ်ဆောင်လျှက်ရှိသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။