Monday, December 22, 2014

မန္တလေး-မြစ်ကြီးနား မီးရထားခရီးစဉ် ပုဂ္ဂလိက ကုမ္ပဏီ တာဝန်ယူပြေးဆွဲ

(DVB)

မန္တလေး-မြစ်ကြီးနား မီးရထား ခရီးကို ပုဂ္ဂလိက ကုမ္ပဏီတခုဖြစ်တဲ့ မင်္ဂလာရှုခင်း ခရီးသွားကုမ္ပဏီ တခုက ဒီဇင်ဘာလ ၂၂ ဒီနေ့ကစပြီး တာဝန်ယူပြေး ဆွဲနေပြီ ဖြစ်ပါတယ်။

မြန်မာ့ မီးရထားရဲ့ ပထမဆုံး ပုဂ္ဂလိက လွှဲပြောင်းပေး လိုက်တဲ့ မီးရထား ခရီးစဉ်ဖြစ်ပြီး လက်မှတ်ခနှုန်း ထားတွေက အရင်နှုန်းထားတွေ ထက် ၁၀ ရာခိုင်နှုန်း တိုးမြှင့်သွားပါတယ်။ 


မီးရထားပေါ်မှာ ရေ၊ မီးရရှိပြီး သန့်စင်ခန်းများ သန့်ရှင်းသပ်ရပ်လို့ ရထားပေါ်မှာ နေ့လယ်စာကျွေးမယ့် အစီအစဉ်လည်း ပါရှိတယ်လို့ အဲ့ဒီကုမ္ပဏီက ကြေညာထားပါတယ်။

မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းမှာ ရထားတွဲဆိုင်းနှစ်ဆိုင်းနဲ့ အစုန်အဆန် ပြေးဆွဲသွားမှာဖြစ်ပြီး ရိုးရိုးတန်းရထားလက်မှတ် ကျပ် ၈၃၀၀၊ အထူးတန်း ၁၆၅၀၀ ကျပ် ဖြစ်ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။