Friday, December 12, 2014

မြန်မာအစိုးရ တပ်မတော်မှ တပ်ကြပ်တစ်ဦး ယောကျာ်းချင်း လိင်အကြမ်းဖက်မှု ကျူးလွန်။

(Kachin Waves)

မြန်မာအစိုးရ တပ်မတော် ခ.လ.ရ (၅၀) မှ ဒုတပ်ကြပ် ကျော်ကျော်ဝင်း က ၄င်း၏ လိင်တံကို ပါးစပ်ဖြင့် စုပ်ခိုင်းပြီး ယောကျာ်းချင်း လိင်အကြမ်း ဖက်မှု နှစ်ကြိမ် ပြုလုပ် ခိုင်းကြောင်း ကျူးလွန်ခံရ သည့် ပြည်သူ့စစ် ကိုလဆိုင်း(အမည်လွှဲ) ၂၉နှစ် ကပြောသည်။

ဝိုင်းမော်မြို့ နယ် ဒိန်ဂျန် ယန်ကျေးရွာ လီဆူးနှစ်ခြင်းခရစ်ယာန်ကျောင်း ၀င်း မူကြိုကျောင်း အနောက် ဘက် တွင် ရှိသည့် ဒိန်ဂျန်ယန်ပြည်သူ့ စစ်စခန်း တွင် ဒီဇင်ဘာ  ၉ ရက်နေ့ တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


ဦးလဆိုင်း(အမည်လွှဲ)က “ ကျွန်တော် မနက် ခြောက်နာရီမှာ ထမင်းချက်နေတဲ့အခါ သူ့ပုဆိုးချွတ်ပြီး ပါစပ်နဲ့ စုပ်ခိုင်းတယ်။ ပြီးတော့ ရှစ်နာရီမှာ ကျွန်တော် ကင်းစောင့်နေတာ လက်ကနေဆွဲခေါ်သွားတယ်။ သူက အိပ်ရာပေါ်မှာလှဲနေပြီး ကျွန်တော်ကို သူ ပြီးသွား တဲ့အထိ သူ့ဟာကို ပါးစပ်နဲ့စုပ်ခိုင်းတယ်” ဟုပြောသည်။

လိင်အကြမ်းဖက် ကျူးလွန်ခံရသည့် ဦးလဆိုင်း(အမည်လွှဲ) က နားသိပ်မကြားရသည့် ရွာသားတစ်ဦး ဖြစ်ကြောင်း ဒေသခံ ဦးပျာတာကပြောသည်။

အဆိုပါ ယောကျာ်းချင်း လိင်အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် ကျူးလွန်သည့် ဒုတပ်ကြပ် ကျော်ကျော်ဝင်းအား အစိုးရ စစ်တပ်မှ ရွာသားများ မသိအောင် ပြောင်းရွေ့ထားပြီး ၄င်း၏နေရာတွင် ဒုတပ်ကြပ် စည်ဝိုင်းကို အစားထိုးထားကြောင်း ရွာသားများ ကပြောသည်။

ဒိန်ဂျန်ယန်ရွာသား ဦးပျာတာက “ ရွာသားတွေက လုံးဝပြည်သူ့စစ် မလုပ်ချင်ဘူး။ သက်ဆိုင်ရာကို မနှစ်ကတည်းက အကြောင်းကြားထား တယ် အရေးယူဆောင်ရွက်ပေးတာ မရှိဘူး။ အခုက သူတို့ကို ယောကျာ်းချင်းလိင်ဆက်ဆံ ရတဲ့ အဆင့်ကို ရောက်နေပြီ” ဟုပြောသည်။

ဒိန်ဂျန်ယန်ကျေးရွာ ပြည်သူ့စစ်စခန်းတွင် အစိုးရစစ်တပ်မှ စစ်သားတစ်ဦး၊ဒုတပ်ကြပ်၊ တပ်ကြပ် စုစုပေါင်း (၃)ဦးနှင့် ဒိန်ဂျန်ယန် ရွာသားပြည်သူ့စစ်များ တပ်စွဲသည့် ပြည်သူ့စစ် စခန်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

အစိုးရစစ်တပ်မှ ရွာသားများကို ပြည်သူ့စစ်မထမ်းမနေရ စနစ်ဖြင့် တာဝန်ထမ်းဆောင်ခိုင်းကြောင်း၊ တစ်လလျှင် အိမ်တစ်အိမ်မှ ဆန်(၁)ပြည်၊ပိုက်ဆံ နှစ်ထောင်ကျပ် ပေးရကြောင်းလည်း ဒေသခံများ
ကပြောသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။