Thursday, November 20, 2014

ဖားကန့်မြို့ဒေသခံများ လုံခြုံမှုရရှိစေရန်နှင့် တောက်ပသောကြယ်အလင်းကုမ္ပဏီအား ရုတ်သိမ်းပေးပါရန် ဆန္ဒပြတောင်းဆို

(Kachin Waves)

ကုမ္ပဏီ လုပ်ကွက် အတွင်း မှ လူငယ် တစ်ဦး၏ အပိုင်းပိုင်းဖြစ် သွားသည့် လူသေ အလောင်း တွေ့ရပြီးနောက် ဖားကန့်မြို့ ရှိဒေသခံများ မှ ၎င်းတို့ဒေသခံ များ အတွက် လုံခြုံမှုမရှိလာသလို ခံစားနေမှုများ ကို သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူ များသိစေရန် နှင့် လူသေ အလောင်းတွေ့ သည့် ကုမ္ပဏီအား ရုတ်သိမ်းပေးပါရန် ယနေ့ နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ဆန္ဒ ထုတ်ဖော်သွား ခဲ့ကြကြောင်း သတင်းရရှိသည်။


အဆိုပါဆန္ဒပြပွဲတွင် ဖားကန့်မြို့တ၀ိုက်ရှိ ဒေသခံများ အယောက် (၃၀၀) ခန့် ပါဝင်ခဲ့ကြကြောင်းလည်းသိရသည်။

“ဘာကြောင့်လုံခြုံမှုမရှိသလိုခံစားလာရလည်းဆိုတော့ ကျွန်တော်တို့ ဒေသမှာ ဟိုအရင်က ကုမ္ပဏီတွေမရှိဘူး။ တောင်ယာတွေခုတ်တယ်။ အားတဲ့အချိန်ကျောက်တူးတယ်။ အခုကုမ္ပဏီတွေဝင်လာပြီးနောက်ပိုင်း တောင်ယာခုတ်စားဖို့နေရာလည်းမရှိတော့ဘူး။ ကျောက်တူးစားဖို့အခွင့်အရေးလည်းမရဘူး။ ပြီးရင် ကုမ္ပဏီတွေကို သူတို့လုပ်ချင်သလိုလုပ်နေတယ်။ ”ဟု ဦးလမောင်လတောင်မှဆိုသည်။

ယခုဆန္ဒထုတ်ဖော်မည့်အစီအစဉ်သည် ဖားကန့်မြို့နယ် သက်ဆိုင်ရာအစိုးရများမှ တရားဝင်ခွင့်ပြုထားပြီဖြစ်ကြောင်းလည်းဆိုသည်။

ယခုဆန္ဒပြသည့်အစီအစဉ်တွင် နောက်နောင်ယခုလူသေမှုကိစ္စကဲ့သို့သော အဖြစ်ဆိုးများထပ်မံမဖြစ်ပွားစေရန်၊ လူသတ်သည့်ကုမ္ပဏီအား ပိတ်ပင်ပေးပါရန်၊ ကုမ္ပဏီရှိသည့်အတွက် ဒေသခံများအတွက် မည့်သည့်အကျိုးစီးပွားမှမရှိကြောင်း၊ ဖားကန့်ကျောက်စိမ်းများအား ဒေသခံများနှင့် ပြည်နယ်အစိုးရများမှ တာဝန်ယူပြီး စီမံခန့်ခွဲမှုရရှိစေရန် စသည့် အချက်များကိုလည်းတောင်းဆိုသွားကြကြောင်းလည်း သတင်းရရှိသည်။

အသက် (၂၀) ကျော်အရွယ်ရှိ လမုန်ဂွမ်ဂျာအောင်သည် သူငယ်ချင်းများနှင့်အတူ ရေမအေးသွားကောက်စဉ် အောက်တိုဘာလ (၃၁) ရက်နေ့တွင် ပျေက်ဆုံးခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ (၂) ရက်နေ့တွင် အဆိုပါကုမ္ပဏီမှ မြေစာများသွားတွန်းစဉ် လက်၊ ကိုယ်၊ ခြေထောက် တစ်ခြားစီတွေ့ပြန်လည်တွေ့ရှိခဲ့ပြီးနောက် ခေါင်းကိုမှု ညနေပိုင်းမှ တောက်ပသောကြယ်အလင်းကုမ္ပဏီ လုပ်ငန်ခွင်မှပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စအား ဖားကန့်မြို့နယ် ကချင်ရိုးရာ စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ အမှုဖြေရှင်းပေးခဲ့ကြပြီး ၂၀၁၄ နိုဝင်ဘာ (၁၇) ရက်နေ့တွင် နှစ်ဖက်အဖွဲ့ လျှော်ကြေးငွေသိန်း (၄)ရာဖြင့် ကြေအေးလိုက်ကြပြီဖြစ်ကြောင်းလည်း ဖားကန့်မြို့နယ်ရိုးရာ စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌ ဒါရှီလဆိုင်းမှဆိုသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။