Wednesday, November 5, 2014

အစိုးရတပ်မတော်များ ဖားကန့်ကေအိုင်အေတပ်ရင်း(၆)အား ထိုးစစ်ဆင်မှု အနည်းငယ်ရပ်ဆိုင်းပြီး တနိုင်းဘက်ပြန်လည် ထိုးစစ်ဆင်

(Kachin Waves)

အစိုးရတပ်မတော် သည် ကချင်ပြည်နယ် တနိုင်းဘက်သို့ လွန်ခဲ့သည့် (၅)ရက်ခန့်မှစတင်ပြီး ယခုအ ချိန်ထိ အင်အားတိုးချဲ့နေကြောင်းသတင်းရရှိသည်။

တနိုင်းဒေသသည် ကေအိုင်အေ တပ်မဟာ(၂)ရှိသည့် နယ်မြေလည်းဖြစ်သည်။
နိုဝင်ဘာလ (၃) ရက်နေ့က ဂျထိုးဇွပ်ကျေးရွာအနီးရှိ နမ်ဆန် ချောင်းနှင့် လဆီချောင်းဆုံအနီးရှိ ကျေးရွာသို့ ရောက်ရှိလာပြီး ဒေသခံများ၏ ဖုန်းများကိုလည်း သိမ်းဆည်းယူလိုက်ကြောင်းသတင်းရရှိသည်။ ရွှေမှော်ရှိ ရွှေကျင်စက်များကိုလည်း ယူဆောင်သွားခြင်း စက်များအား ဖျက်ဆီးခြင်းများလည်း ပြုလုပ်ခဲ့ကြောင်းလည်း ဒေသခံများမှဆိုသည်။


ခလရ (၂၉၇) တပ်ရင်းဖြစ်ပြီး ထိုတပ်ရင်းများသည် အကယ်၍ ယခုရောက်နေသည့် ကျေးရွာမှ မုန်လန်ကျေးရွာဘက်သို့ ဆက်လာမည်ဆိုပါက တိုက်ပွဲဖြစ်လာနိုင်ကြောင်း ကေအိုင်အေ ပဋိပက္ခညှိနိုင်းဖြေရှင်းရေးအဖွဲ့က PCG မှတဆင့် မြောက်ပိုင်းတိုင်းသို့ ပြောဆိုထား ပြီဖြစ် ကြောင်းလည်းသိရသည်။

မြောက်ပိုင်းတိုင်းမှလည်း ပြန်လည်ရုတ်သိမ်းပေးမည်ဖြစ်ကြောင်း ပြန်လည်အကြောင်းကြားခဲ့ပြီး အခုချက်ခြင်းပြန်လည် နောက်ဆုတ်ခိုင်းဖို့က မဖြစ်နိုင်ကြောင်း ပြန်လည်သတင်းပို့ခဲ့ကြောင်းဆိုသည်။

ဖားကန့် တပ်ရင်း (၆)ကို ထိုးစစ်ဆင်ထားသည့် တပ်အင်အားသည်ကာ အစက အယောက် (၆၀၀)ခန့်ရှိရာ ယခုအချိန်တွင် တပ်သားအင်အား (၃၀၀) ကျော်သာရှိတော့သည်ဖြစ်ကြောင်းလည်းသိရသည်။

ပဋိပက္ခညှိနိုင်းဖြေရှင်းရေးအဖွဲ့သည် ယနေ့မြစ်ကြီးနားမြို့တွင် တွေ့ဆုံလျှက်ရှိသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။