Friday, November 7, 2014

တပ်စွဲထားသည့်အစိုးရစစ်တပ်မှ စစ်အင်အားအနည်းငယ်ဆုတ်ခွာ

(Kachin Waves)

ဖားကန့်ဒေသ ကေအိုင်အေ တပ်ရင်း(၆) တပ်ဆွဲထား သည့် ဒေသ အနီးအောင်ဘာလေမှော် တွင် ထိုးစစ်ဆင် ထားသည့် အစိုးရ တပ်မတော် အင်အား တစ်ဝက်ခန့် ပြန်ခေါက် သွားပြီးဖြစ်ကြောင်း ကေအိုင်အေ တပ် ရင်း(၆) ဒုတပ်ရင်းမှူး ဗိုလ်မှူး တန်ဆန့်ကပြောသည်။

တပ်မ (၆၆) သည် ထိုတပ်ရင်းအားဖယ်ပေးရန် အောက်တိုဘာ ၁၄ ရက်နေ့မှ စတင်ပြောဆိုနေခြင်းဖြစ်ပြီး အဆက်မပြတ်ဆိုသလို ဒေသခံ ဘာသာရေးခေါင်းဆောင်များ ကျေးရွာလူကြီးများမှ တစ်ဆင့် ဖယ်ရှားပေးရန် ပြောဆိုခိုင်းလျှက်ရှိသည်။


“အချို့ကပြန်သွားကြတယ်။ အခုက သူတို့အင်အား ၂၀၀ ကျော်ကျော်လောက်တော့ကျန်သေးတယ်။ စစ်ဆင်ရေးကို ရပ်နားလိုက်တာတော့မဟုတ်ဘူး။ ယာယီရပ်ဆိုင်းထားတာပဲ။ အာဆီယံအစည်းအဝေးတွေနဲ့ အိုဘားမားလည်း လာမှာဆိုတော့ အခုလိုလုပ်လိုက်တယ်ထင်တယ်။”ဟု ဗိုလ်မှူးတန်ဆန့်မှဆိုသည်။

ယခင်ကထိုဒေသတွင် အစိုးရတပ်ရင်း ခလရ (၁)၊ ခမရ (၄၊၁၄၊၁၀) စသည့် တပ်ရင်း (၄)ခုတပ်စွဲထားပြီး အင်အား (၆၀၀)ခန့်ရှိကြောင်းလည်း ဗိုလ်မှူးတန်ဆန့်မှဆိုသည်။

ဆုတ်သွားကြသည်ဆိုသော်လည်း တပ်ရင်းလိုက်ဆုတ်သွားခြင်းမဟုတ်ပဲ လူအင်အားသာ ဆုတ်ထားခြင်း ဖြစ်ကြောင်းလည်းဆိုသည်။
ယခုအချိန်ထိ အောင်ဘာလေ ကျေးရွာမှ ဖားကန့်ဘက်သို့ အိတ်ကြီးများဖြင့် သွားလာခွင့် မရှိသေး ကြောင်း လည်းသိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။