Thursday, November 20, 2014

ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းကို တပ်မတော်က တမင်တည်ရွယ် ပစ်ခတ်ခြင်းမဟုတ်ဟု ကချင်နယ်လုံဝန်ကြီးပြော

(Mizzima)

ကချင်အမျိုးသား လွတ်မြောက်ရေးတပ် (ကေအိုင်အေ) ဗိုလ်လောင်းသင်တန်းကျောင်းပေါ်သို့ တပ်မတော်၏ လက်နက်ကြီး ကျရောက်မှုနှင့် တပ်သက်၍ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်က နိုဝင်ဘာ ၂၀ ရက် ညနေ ၄ နာရီခွဲက မြစ်ကြီးနားမြို့ ရဲတပ်ဖွဲ့ရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

 
ဗိုလ်မှူးကြီး သန်းအောင်က ယခုဖြစ်စဉ်အပေါ် တပ်မတော်က စိတ်မကောင်းကြောင်းနှင့် တမင်ရည်ရွယ် ပစ်ခတ်ခဲ့ခြင်း မဟုတ်ဟု မဇ္ဈိမကို ပြောသည်။

ယခုဖြစ်ရပ်ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးနေသည့် ဖြစ်စဉ်အပေါ် မည်သို့မျှ အကျိုးသက်ရောက်မည် မဟုတ်ဘဲ ဆက်လက်ဆွေးနွေးသွား မည်ဟုလည်း ၎င်းက မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။