Friday, November 21, 2014

ကေအိုင်အေ ဗိုလ်လောင်းများ သေဆုံးမှုအပေါ် ရခိုင်အမျိုးသမီးများ အစည်းအရုံး ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

မဇ္ဈိမသတင်းဌာန 
 
အစိုးရတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းမှ ဗိုလ်လောင်း ၂၃ ဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိမှုအ အပေါ် ရခိုင်အမျိုးသမီးများအစည်းအရုံးက နိုဝင်ဘာ ၂၁ ရက်တွင် ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့လိုက်သည်။

ရခိုင်အမျိုးသမီးများအစည်းအရုံးအနေဖြင့် တစ်ဦးကို တစ်ဦးသတ်ဖြတ်နေခြင်း၊ သွေးချောင်းစီးတိုက်ပွဲများဖြစ်ေ ပ်ါခြင်းကို မလိုလားဘဲ မြန်မာနိုင်ငံငြိမ်းချမ်း၍ ဖွံ့ဖြိုးတိုးတက်သော လူ့ဘောင်တစ်ရပ်ဖြစ်ပေါ်ရေးကို မြင်တွေ့လို သည်ဟု သဝဏ်လွှာတွင် ရေးသားထားသည်။


ကေအိုင်အေဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးရှိ ဗိုလ်လောင်းသင်တန်းကျောင်းကို အစိုးရတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိခဲ့မှုဖြစ်စဉ်ကို ရခိုင်အမျိုးသမီးများအစည်းအရုံးက သဝဏ်လွှာပေးပို့ လိုက် ခြင်းဖြစ်သည်။

ထိုသို့ မပြေမလည်ရှိနေသော နိုင်ငံရေးကိစ္စဟူသမျှတို့ကို နိုင်ငံရေးစားပွဲခုံ၌ အတူတကွထိုင်၍ ဖြေရှင်းရန် အထူး အရေးကြီးနေကြောင်းနှင့် တစ်ဆို့မှုများ ရှိနေသည်များကို ဖြေရှင်းနိုင်သည့် နည်းလမ်းရှာဖွေကြရန် လည်း နှစ်ဖ က်ခေါင်းဆောင်များကို သဝဏ်လွှာတွင် တိုက်တွန်းထားသည်။

အစိုးရတပ်၏ လက်နက်ကြီးကျရောက်မှုမှာ စစ်တပ်က တမင်ရည်ရွယ်ကာ ပစ်ခတ်ခဲ့ခြင်းမဟုတ်ဟု ကချင်ပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက နိုဝင်ဘာ ၂၀ ရက်က သတင်းစာရှင်းလင်းပွဲတွင် ကာကွယ်ပြောဆိုခဲ့သည်။

သို့သော် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)ကမူ အစိုးရတပ်က ကေအိုင်အေ ၏ ဗိုလ်လောင်းသင်တန်းကျောင်းကို ပစ်ခတ်မှုနှင့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား လာမည့် ၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်းမှသာ အပြီးသတ်ပြင်ဆင် မည်ဟု ပြောဆိုမှု မှာ တိုက်ဆိုက်နေသဖြင့် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းကြံစည်မှုဟု ယူဆကြောင်း နိုဝင်ဘာ ၂၀ ရက်တွင်ပင် ကြေ ငြာချက် ထုတ်ပြန်ထားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။