Friday, November 7, 2014

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှတ်ပုံတင်ဌာနမှ မှတ်ပုံတင်လုပ်ကိုင်ရာတွင် ငွေကြေးတောင်းမှုများရှိနေဆဲ

(Kachin Waves)

မှတ်ပုံတင်လုပ်ဆောင်ရာတွင် ငွေကြေးပေးဆောင်ရန် မလိုတော့သည်ဖြစ်သော်လည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မှတ်ပုံတင်ဌာတွင် မှတ်ပုံတင်လုပ်ကိုင်ရာတွင် ငွေကြေး ကျပ်းသောင်းကြီးဂဏန်းအထိ တောင်းခံမှုများရှိနေကြောင်း သတင်းရရှိသည်။

ငွေးကြေးမပေးဆောင်သော် တစ်ပတ်ဖြင့်ရနိုင်သော်လည်း ၃ လလောက်ကြာမှ ရအောင်လုပ်ဆောင်ပေးကြောင်းလည်းသိရသည်။ 


လွန်ခဲ့သည့် နှစ်ရက်က မှတ်ပုံတင်သွားရောက်လုပ်ကိုင်ခဲ့သူတစ်ဦးအားလည်းကျပ်ငွေ ၆ သောင်းထောင်ခံမှုများရှိနေကြောင်းလည်းဆိုသည်။

မြစ်ကြီးနားမြို့နယ် လ၀က ညွန်မှူးမှလည်း အောက်ခြေ၀န်ထမ်းများ ငွေတောင်းမှုများရှိလာပါက တိုင်းကြားနိုင်ကြောင်းလည်းပြောဆိုထားသည်။ 

လွန်ခဲ့သည် တစ်ပတ်ခန့်က သွားရောက်လုပ်ကိုင်ခဲ့သည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးမှလည်း သူမှတ်ပုံတင်သွားလုပ်စဉ် ငွေကျပ် ၂ သောင်းအထိ တောင်းခဲ့ကြောင်းလည်းဆိုသည်။

“ကျွန်တော်လာလုပ်တဲ့နေ့ မှာပဲ ရံပုံငွေထည့်ရမယ်လို့ပြောပြီးပိုက်ဆံတောင်းတယ်။ ဘာအတွက် ရံပုံငွေလည်းတော့မသိဘူး။ ပိုက်ဆံမပေးရဘူးသာပြောတယ် အခုအချိန်ထိ ပေးနေရတုန်းပဲ။ ဒီကချင်ပြည်နယ်ရဲ့ မြို့တော်မှာ တောင် ဒီလိုဖြစ်နေတော့ အခြား ပူတာအိုတို့၊ ခေါင်းလန်းဖူးတို့လို ဝေးလံ အသိအမြင်မရှိသူများကိုဆို ဘယ်လောက်ထိ တောင်းကြမလဲတောင်မသိဘူ။”ဟု ငွေကြေးငွေးတောင်ခဲ့ရသူ မှဆိုသည်။

ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင်သာမက မှတ်ပုံတင်လုပ်ဆောင်ရာတွေလည်း ငွေကြေး မပေးရင်း မလုပ်ဆောင်ပေးသည်သာမက လုပ်ဆောင်ပေးရင်လည်း ရက် လ ကြာမ ရရှိနိုင်ကြောင်း လည်း ဒေသခံများမှဆိုသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။