Monday, November 17, 2014

၂၀၁၄ အတွင်း အပစ်ရပ် လက်မှတ်ထိုးနိုင်မည်ဟု ဦးအောင်မင်း ပြော

(DVB)

၂၀၁၄ ခုနှစ်​အတွင်း အပစ်​အခတ်​ရပ်​ဆဲ​ရေး လက်​မှတ်​​ ရေးထိုးနိုင်​မယ်လို့ ယုံကြည်ပြီး​​ ၂၀၁၅ ခုနှစ်မှာ နိုင်​ငံ​ရေး​ဆွေး​နွေးပွဲ​​ဆော​င်​ရွက်​နိုင်​မယ်​လို့ ​မျှော်​မှန်းထား​ကြောင်း ပြည်​​ထောင်​စုဝန်​ကြီး ဦး​အောင်​မင်းက​ ပြောပါတယ်​။

နိုဝင်ဘာ ၁၆ ရက်​​နေ့က ပုသိမ်​မြို့ မှာကျင်းပ​နေတဲ့ MPC ရဲ့ လူငယ်​ ငြိမ်းချမ်း​ရေးဖိုရမ်​ပွဲမှာ ​ပြောကြားသွားခဲ့တာပါ။ ဒါ့အပြင်​ ငြိမ်းချမ်း​​ရေးဖြစ်​စဉ်​ဟာ မခက်​​ပေမဲ့ ခက်​​အောင်​လုပ်​​နေသူ​ တွေ​ကြောင့်​ ခက်​တာဖြစ်​ပြီး ​ငြိမ်းချမ်း​ရေးကို အောင်မြင်အောင် လုပ်မယ်လို့လည်း ပြောပါတယ်။ 

 
ဒီလအစောပိုင်းမှာ NCCT က တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့  ငြိမ်းချမ်းရေးအတွက် အလွတ်သဘော နေပြည်တော်မှာ ဆွေးနွေးခဲ့ပြီး နိုဝင်ဘာလကုန်းပိုင်းမှာ အပစ်ရပ်ရေး ဆွေးနွေးပွဲတွေ ပြန်စဖို့ သဘောတူ ထားပါတယ်။  

ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေပုဒ်​မ ၄၃၆ မပြင်​ဆင်​ဘဲနဲ့ ငြိမ်းချမ်း​ရေးရနိုင်​ပါ့မလားဆိုတဲ့ ဖိုရမ်​ကို တက်​​ရောက်​သူ လူငယ်​တ​ဦးက ​မေးမြန်းရာမှာ​တော့ ဖွဲ့စည်းပုံအခြခံဥပ​ဒေပုဒ်​မ ပြင်​ဆင်​ဖို့ ဆိုရင်​ လွှတ်​​တော်​နဲ့သာ သက်​ဆိုင်​​ကြောင်း​ပြောကြားခဲ့ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။