Tuesday, November 25, 2014

ဖားကန့်တွင် မူးယစ်ဆေးဝါးသုံးစွဲသူအားအကြိမ်ကြိမ်ဖမ်းမိပါက နယ်နှင်ဒဏ်ပေး

(Kachin Waves)

ဖားကန့်မြို့ ပြည်သူလူထုအခြေပြုမူးယစ်အန္တရာယ်တားဆီးရေးအဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူများအား လိုက်လံ ဖမ်းဆီးလျက်ရှိရာ အကြိမ်ကြိမ်ဖမ်းဆီးရမိသူများအား ကြိမ်ဒဏ်သာမက နယ်နှင်ဒဏ်ပေးသည်အထိ ပြစ်ဒဏ်ချ မှတ်ထားပြီယခုအချိန်ထိနယ်နှင်ပေးခံရသူ ငါးဦး ရှိပြီဖြစ်ကြောင်းသတင်းရရှိသည်။

“ မိရင်ကောင်းကောင်းဆုံးမတယ်။ ထပ်ခါထပ်ခါမိရင် ကြိမ်ဒဏ်ပေးတယ်။ ကြိမ်ဒဏ်ပေးရင်လည်းထပ်မိ တယ်ဆိုရင်တော့ နယ်နှင်ဒဏ်ပေးတယ်။” ဟုဖားကန့်ဒေသမူးယစ်အန္တရာယ်တားဆီးရေးအဖွဲ့ ဥက္ကဌ ဦးမရန်ဂျာလမှဆို သည်။


နယ်နှင်ဒဏ်ပေးခံရသူများမှ မြို့နယ်၊ ကျေးရွာတွင်ပြန်လည်ဝင်ရောက်လာပါက မြို့နယ်ရဲတပ်ဖွဲ့ထံအပ်နှံသွား မည်ဖြစ်ကြောင်းလည်းဆိုသည်။

ဖားကန့်ဥရုဆိုင်းမော်တွင် ပြည်သူလူထုအခြေပြုမူးယစ်အန္တရာယ်တားဆီးရေးမြို့ကော်မတီ ၇ဖွဲ့ ဖွဲ့ထားပြီး၎င်း၏ လက်အောက်ရှိကျေးရွာတိုင်းတွင်လည်း မူးယစ်တိုက်ဖျက်ရေးအဖွဲ့များ ဖွဲ့ထားပြီဖြစ်ကြောင်းသိရသည်။ဖားကန့် မြို့တွင် မူးယစ်အန္တရာယ်တားဆီးရေးအဖွဲ့လုပ်ဆောင်သည့် လုပ်ငန်းများအောင်မြင်လျက်ရှိသည်ဟု ဦးမရန်ဂျာ လမှပြောသည်။

“ ကျွန်တော်တို့ရဲ့စီမံကိန်းကတော်တော်အောင်မြင်တယ်။ မူးယစ်ဆေးဝါးတော်တော်လေး ကင်းစင်တဲ့နယ် မြေဖြစ်လာပြီ။” ဟုဆိုသည်။

၂၀၁၄ ခုနှစ်အတွင်းဖမ်းမိပြီးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ အရေးယူထားလျက်ရှိသည့်လူဦးရေ၊ ဖမ်းမိရရှိသည့် မူးယစ်ဆေးဝါး နှင့် မူးယစ်ဆေးဝါးသုံးစွဲသည့်သူများ အချက်အလက်စာရင်းအတိအကျအား ယခုနှစ် ကုန်လျှင်ထုတ်ပြန်ကြော်ငြာသွားမည်ဖြစ်ပြီး ၂၀၁၅ အတွက်စီမံကိန်းအားကော်မတီအတွင်းအစည်း အဝေးပြုလုပ်ပြီးပြန်လည်ချမှတ်သွားမည်ဖြစ် ကြောင်းသတင်းရရှိသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။