Wednesday, October 29, 2014

နမ့်ခမ်းမြို့နယ် မိုင်းဝီးအခြေစိုက် မြန်မာတပ်ကို TNLA တပ်မတော်မှ ၀င်ရောက်ပစ်ခတ်

အောက်တိုဘာလ ၂၈ ရက် ၂၀၁၄


နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာ တွင် အခြေစိုက် လှုပ်ရှားသည့် မြန်မာ စစ်တပ် အား TNLA တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၄၇၈)မှ ယနေ့ နံနက် ၀၆း၁၅ မှ ၀၆း၄၅ အထိ မိနစ် သုံးဆယ်ကြာ ဝင်ရောက် ပစ် ခတ်ခဲ့ကြောင်း သိရသည်။


ဝင်ရောက် ပစ်ခတ်ရာတွင် လက်နက်ငယ်များအပြင် လက်နက်ကြီး ၅ လုံးကျော်ဖြင့် ပစ်ခတ်ခဲ့ပြီး မြန်မာတပ်မှ ထိခိုက်မှု အခြေအနေကိုမူ အတိအကျ မသိရသေးကြောင်း TNLA တပ်ရင်းအရာရှိမှ တိုက်ပွဲအစီအရင်ခံသည်။


နမ့်ခမ်းမြို့နယ်အတွင်းရှိ ဖဒဲန်အုပ်စု၊ မန်လုံအုပ်စု၊ ကောင်းဝိုင်းအုပ်စုရှိ ရွာများအတွင်း မြန်မာစစ်တပ်မှ နေရာယူထား သည့်အပြင် ကျရာမ်းရွာဘက်သို့လည်း စစ်အင်အားများ ဖြည့်တင်းထား သည်။ မြန်မာစစ်တပ်တို့သည် TNLA တပ်ဖွဲ့များ ရှိမည်ဟုထင်သည့် တောထဲသို့ ပတ်စိပ်တိုက် ရှာဖွေလျက်ရှိကြောင်း ရွာသားများကိုလည်း ဖိနှိပ်အနိုင်ကျင့်မှုများ လုပ်နေသည်ကို တွေ့ရသည်။


သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁၄၉၅၁၊ ၀၉ ၂၅၆၄၆၅၆၈၁၊ ၀၉ ၄၇၁၃၂၁၁၈၊ ၀၆၉၂ ၆၂၂၄၈၅၈

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။